ခမာဘာသာစကားနဲ့ ရေးထားတဲ့ သူ့ဆိုင်နာမည်ကို ဘာသာပြန်လိုက်ရင်
“ရွေ့လျားလက်သည်းအလှပြင် ဆိုင်”လို့ ဆိုနိုင်ပါလိမ့်မယ်။ အသက် ၄၂
နှစ်ရှိနေပြီဖြစ်တဲ့ ဗန်းနစ်အိုင်းဟာ ဒီဆိုင်ရဲ့ ပိုင်ရှင်ပါပဲ။ သူ့ဆိုင်က
သိပ်ကြီးကြီးမားမားမဟုတ်။ စက်ဘီးတစ်စီးနောက်မှာ လက်သည်းအလှပြင်
ပစ္စည်းတွေနဲ့၊ အသားလှ ဆီဘူးတွေထည့်ထားတဲ့ အိတ်တစ်လုံး၊ ဒါပါပဲ။
ဖနွမ်းပင်မြို့ရဲ့ လမ်းကြိုလမ်းကြားနဲ့ မြစ်ကမ်းဘေးက ရပ် ကွက်တွေထဲ
စက်ဘီးနဲ့လျှောက်ပတ်ပြီး လက်သည်းအလှပြင်မယ့် ဖောက်သည်ရှာရတာပါ။

လွန်ခဲ့တဲ့သုံးနှစ် ဗန်းနစ်အိုင်း ရွာကတက်လာတုန်းက ဖနွမ်းပင်မြို့ပေါ်မှာ
ဆံပင်နဲ့ မိတ်ကပ်အလှပြင်ဆိုင် တစ်ဆိုင်ဖွင့်မယ်ဆိုတဲ့ အိပ်မက်တစ်ခု
ရှိခဲ့ပါတယ်။
“ဒါပေမဲ့ ကျွန်မအိပ်မက်ကို ကျွန်မမိသားစုက
အကောင်အထည်ဖော်ခွင့်မပေးနိုင်ပါဘူး။ ရှာလိုက်ရင် ညစ် ညစ်ပတ်ပတ်