Friday, April 4, 2014

မွန်ဘိုင်းသတင်းထောက် မုဒိန်းမှု ၃ ဦး သေဒဏ်ပေး



Saturday, April 05, 2014

အုပ်စုလိုက် နှစ်ကြိမ်မုဒိမ်းကျင့်ခဲ့သူ တရားခံတစ်ဦးကို တရားရုံးထုတ်လာစဉ်။ (ဧပြီ ၄၊ ၂၀၁၄)


အိန္ဒိယနိုင်ငံ မွန်ဘိုင်း မြို့က တရားရုံးတခုက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ၂ခုထက် မနည်းမှာ ပါဝင်ခဲ့သူ ၃ ယောက်ကို သေဒဏ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက စက်ရုံဟောင်းတခုမှာ ဓါတ်ပုံသတင်းထောက် အမျိုးသမီးကို အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့မှု နဲ့ သူတို့ သေဒဏ်ချခံခဲ့ရတာဖြစ်ပါတယ်၊ အဲဒီ့လူတွေဟာ ဒီအဆောက်အဦးမှာပဲ နောက်ထပ်အမျိုးသမီးတယောက်ကိုလဲ အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့ကြတဲ့အတွက်လဲ အပြစ်ပေးခံရတာပါပါတယ်။

၂၀၁၂ ဒီဇင်ဘာတုန်းက ဘတ်စ် ကားတစီးပေါ်မှာ အမျိုးသမီးတယောက်အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ခံခဲ့ရပြီးထဲက မုဒိမ်းမှုတွေအပေါ် ပြစ်ဒဏ်တွေ တိုးမြှင့်ခဲ့ပြီးနောက်မှာ ပထမဆုံး သေဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

တခါ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက ဆယ်ကျော်သက် တယောက်ကို သီတင်းပါတ်နဲ့ချီ အဓမ္မပြုကျင့်ခဲ့မှုမှာ ပါဝင်သူ ၂၄ ယောက်ကို တရားသေလွှတ်ထားတာကို အိန္ဒိယတောင်ပိုင်း တရားရုံးတခုကလဲ ဒီကနေ့သောကြာနေ့မှာပဲ အမိန့်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

အမျိုးသားတယောက်ကို ထောင်ဒဏ် တစ်သက်နဲ့ ကျန်တဲ့ ၂၃ ယောက်ကို ထောင်ဒဏ် ၇ နှစ်ကနေ ၁၁ နှစ်အထိ Kerala  ပြည်နယ်အဆင့်မြင့်တရားရုံးက ထောင်ဒဏ်တွေ
ချမှတ်ခဲ့ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးဟာ Kerala နဲ့ Tamil Nadu
ပြည်နယ်တွေထဲက နေရာစုံမှ ရက်ပေါင်း ၄၀ အတွင်း အမျိုးသား ၄၀ ထက်မနည်းရဲ့မုဒိမ်းကျင့်မှုကို ခံခဲ့ရပါတယ်။  ဒီမိန်းကလေးကို အဓမ္မပြုသူတွေထဲမှာပါမောက္ခတွေ၊ ရှေ့နေတွေ၊ စီးပွားရေးသမားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်တယ်လို့ တရားရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

၁၉၉၆ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက် အတွက် ၂၀၀၅ ခုနှစ်မှာ မသင်္ကာသူတွေ တရားသေလွတ်ခဲ့ပေမဲ့ အိန္ဒိယ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တရားရုံးက အမှုကိုပြန်လည် စစ်ဆေးဖို့ မနှစ်တုန်းက အမိန့်ချခဲ့တာဖြစ်ပါတယ်

ဗွီအိုအေ (မြန်မာပိုင်း)

ပျောက်ဆုံးလေယာဉ် Black Box ရေအောက်မှာ စတင်ရှာဖွေ



Saturday, April 05, 2014

Australia က မလေးရှားလေယာဉ်ပျောက်ရှာဖွေနေကြ။

မတ်လ(၈)ရက်နေ့ကတည်း က ပျောက်ဆုံးနေတဲ့ မလေးရှားဂျက်လေယာဉ်မှာ ပါသွားတဲ့ ပျံသန်းမှု အချက်အလက်မှတ်သားတဲ့ စက် Black Box ကို အိန္ဒိယ သမုဒ္ဒရာထဲ ရောက်နေတဲ့ ရှာဖွေရေးအဖွဲ့တွေက ရေအောက်မှာ စတင် ရှာဖွေနေပြီဖြစ်ပါတယ်။ Black Box ကနေ အချက်ပေးစနစ် ထုတ်ပေးဖို့အတွက် သုံးတဲ့ ဘက်ထရီအားက တစ်လလောက် ခံတာမို့ ဒီဘက်ထရီ အားမကုန်ခင် ပြန်ပြီး တွေ့အောင် ကြိုးစားနေကြတာပါ။

Black Box က အချက်ပေးတဲ့နေရာကို လိုက်လံပြီး ထောက်လှမ်းတဲ့ အမေရိကန်ရေတပ်က မိုင်တစ်ရာ့ငါးဆယ် အတွင်း ရှာဖွေနိုင်တဲ့ Pinger Locatorနဲ့ ရှာဖွေပေးနေတယ်လို့ Australia လေတပ်ရဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး  Angus Huston က သောကြာနေ့မှာ ပြောပါတယ်။

Black Box ရဲ့ ဘက်ထရီဟာ တနင်္လာနေ့မှာ အားကုန်သွားနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းနေကြတာပါ။ Boeing 777 ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းစဉ် လမ်းမှာ ပျောက်ဆုံး သွားတာမို့ နိုင်ငံတကာက ဝိုင်းဝန်းရှာဖွေနေကြတာဖြစ်ပါတယ်။

သောကြာနေ့မှာလည်း လေယာဉ် ၁၄စင်းနဲ့ သင်္ဘောကိုးစီး က ကောင်းကင်ဂြိုလ်တု မှာ အပျက်အစီး အပိုင်းအစတွေ တွေ့နေရတဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ ဆက်လက်ရှာဖွေနေတာပါ။ ရှာဖွေရေးကို ဦးဆောင်နေတဲ့ Australia အဖွဲ့က Huston ကတော့ ဒီရှာဖွေရေးအဖွဲ့တွေဟာ ရှာဖွေဖို့ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Monday, March 31, 2014

ဓားစာခံများကို ကယ်တင်ခြင်း





ဒီတစ်လအတွက် ငိုစရာအကောင်းဆုံးဟာသတစ်ခုကိုပြောပြပါမည်။
ဒီမိုကရေစီရေချိန်ဘယ် လောက်မြင့်သလဲအပေါ်မူတည် ပြီးမှ တပ်မတော်သားများ လွှတ် တော်တွင်းမှ ထွက်ခွာသွားမည် ဆိုသည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ (ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း) ဦးတင်အေး၏ စကား ဖြစ်ပါသည်။ တပ်မတော်က မြန်မာ့နိုင်ငံရေးအာဏာကို သိမ်း ယူချုပ်ကိုင်ပြီး ၅၂ နှစ်နီးပါး အကြာမှာ ဗိုလ်ချုပ်ဟောင်းတစ် ဦးက ပြောလိုက်သည့် စကား လည်းဖြစ်သည်။
မရယ်ပါနှင့်။ ငိုရမည့်အချိန် ဖြစ်ပါသည်။ ငိုရမည့်အကြောင်း ကတော့ ဒီမိုကရေစီ၏ အသက် သွေးကြောဖြစ်သည့် ရွေးကောက် ပွဲများကို ဦးဆောင်ကြီးကြပ်ရသူ က ရွေးကောက်ပွဲမလိုဘဲ အော် တိုမက်တစ် ခန့်အပ်ခံရသူများ ဘက်က ကာကွယ်ပြောဆိုခြင်း ကြောင့်ဖြစ်ပါသည်။ ဒီမိုကရေစီ ရေချိန်မြင့်လာဖို့ တပ်မတော်သား များ လွှတ်တော်အတွင်းမှာ လို အပ်နေဟု ပြောခြင်းဖြစ်သည်။
ဒီမိုကရေစီမြင့်မားလာမှုနှင့် လွှတ်တော်အတွင်းမှ စစ်သားများ နေရာယူမှုအကြားက ဆက်စပ်မှု ကို ကြိုးစားတွေးခေါ်ကြည့်ကြရ အောင်ပါ။ ဒီနေရာမှာ မေးခွန်း သုံးခုကို ကျွန်တော်တို့အဖြေထုတ် ကြည့်မည်။
မေးခွန်းအမှတ်(၁)က လွှတ် တော်အတွင်းမှာ တပ်မတော်သား များရှိနေခြင်းက ဒီမိုကရေစီမြင့် မားလာမှုကို ဘယ်လိုအထောက် အကူပြုသလဲဆိုသည့် မေးခွန်း ဖြစ်သည်။
ဂရိဘာသာစကားက ဆင်း သက်လာသည့် ‘ဒီမိုကရေစီ’ဆို သည့်စကားသည် Demos နှင့် Kratos ဆိုသည့်စကားလုံးနှစ်လုံး ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ Demos ကို ‘ပြည်သူ’ (People) ဟုအနက်ဖွင့်ပြီး Kratos ကို ‘အုပ် ချုပ်မှု’(Rule)ဟု အဓိပ္ပာယ်ဖွင့်ကြ သည်။ နှစ်ခုပေါင်းလိုက်လျှင် ဒီမို ကရေစီကို ‘ပြည်သူလူထု၏ အုပ် ချုပ်မှု’ဟု ဆိုရမည်။
သို့ဆိုလျှင် ဒီမိုကရေစီစနစ် မှာ ပြည်သူလူထုကိုယ်တိုင်က တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ပါ သလဲ။ ရှင်းပါသည်။ ပြည်သူလူ ထုက ရွေးကောက်ပွဲများမှတစ် ဆင့် သူတို့နှစ်သက်ရာကိုယ်စား လှယ်များကိုရွေးချယ်ပြီး အုပ်ချုပ် စေခြင်းဖြစ်ပါသည်။ ဒီလိုနဲ့ ရွေး ကောက်ပွဲများသည် ဒီမိုကရေစီ၏ အခြေခံယန္တရားများဖြစ်လာကြ သည်။ ရွေးကောက်ပွဲများ လွတ် လပ်ပြီးတရားမျှတလာလေ လွှတ် တော်အတွင်းမှာ စစ်မှန်သည့် ပြည်သူ့ကိုယ်စားလှယ်များ နေရာ ရလာလေ ဒီမိုကရေစီထွန်းကား လာလေဖြစ်သည်။
ဒီမိုကရေစီထွန်းကားလာဖို့ အတွက် ပြည်သူ့ကိုယ်စားလှယ် များကို ရွေးကောက်တင်မြှောက် ပေးဖို့ တာဝန်ရှိသူက ပြည်သူ့ မဲဆန္ဒမလိုအပ်ဘဲ ရီမုတ်ကွန်ထရိုး ဖြင့် ခန့်အပ်သည့် တပ်မတော် သားကိုယ်စားလှယ်များဘက်က ကာကွယ်ပြောဆိုခြင်းသည် မြန်မာ့နိုင်ငံရေးတစ်စုံတစ်ရာ မှားယွင်းနေသည်ကို ပြသလိုက် ခြင်းဖြစ်သည်။
ဒီမိုကရေစီမြင့်မားမှ တပ် မတော်သားကိုယ်စားလှယ်များ လွှတ်တော်အတွင်းမှ ထွက်ပေးရ မှာလား။ (သို့မဟုတ်) ဒီမိုကရေစီ မြင့်မားဖို့အတွက် လွှတ်တော် အတွင်းမှ တပ်မတော်သားကိုယ် စားလှယ်များထွက်ပေးရမှာလား ဆိုသည်ကို ဗိုလ်ချုပ်ကြီးဟောင်း များ ဖြေဖို့လိုပါသည်။
မေးခွန်းအမှတ်(၂)က ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ စကားသည် သူ၏ ‘ကြားနေမှု’ကို ဘယ်လောက်ထိပါးစေသလဲဆို သည့် မေးခွန်းဖြစ်သည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က သူရီမုတ်ကွန်ထရိုးဖြင့် ညွှန်ကြား သည့် တပ်မတော်သားကိုယ်စား လှယ်များဘက်က ကာကွယ်ပြော ဆိုနိုင်သည်။ သို့မဟုတ် ‘ဗိုလ်ချုပ် ဟောင်းများကလပ်’ ဖြစ်သည့် ကြံ့ခိုင်ရေးပါတီက တပ်မတော်သားကိုယ်စားလှယ်များဘက်က ထောက်ခံနိုင်သည်။ နိုင်ငံရေး သမား (သို့မဟုတ်) လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးကလည်း အလားတူမှတ်ချက်မျိုးပြုကောင်း ပြုနိုင်သည်။
သို့သော် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတစ်ဦးအနေနှင့် တော့ အခြေခံဥပဒေပြင်ဆင်ဖို့ စောနေသေးကြောင်းနှင့် လွှတ် တော်တွင်း တပ်မတော်သားကိုယ် စားလှယ်များလိုအပ်နေသေး ကြောင်းကို မပြောမီနောက်တစ် ကြိမ် ပြန်စဉ်းစားသင့်သည်။
မေးခွန်းအမှတ်(၃)က ပြီးခဲ့ သည့် ၅၂ နှစ်သည် တပ်မတော် အတွက် တိုင်းပြည်ကို အုပ်ချုပ် ခွင့်နှင့် ဥပဒေရေးဆွဲခွင့်အာဏာ ကို ချုပ်ကိုင်ဖို့ မလုံလောက်သေးဘူးလားဆိုသည့် မေးခွန်းဖြစ်သည်။
တက္ကသိုလ်မှာတော့ ၂ နှစ် ဆက်တိုက်ကျလျှင် အပြင်ဖြေဆို ခွင့်လျှောက်ထားရပြီး သုံးနှစ်ဆက် တိုက်ကျလျှင် ကျောင်းမှထွက်ရ သည်။ ၅၂ နှစ်သည် တစ်စုံတစ် ယောက်၏ မအောင်မြင်မှုကို သက်သေပြဖို့ ကောင်းကောင်း ကြီးလုံလောက်သော အချိန် အတိုင်းအတာဖြစ်သည်။
၅၂  နှစ်အတွင်း ဒီမိုကရေစီ ဇီးရိုးဖြစ်ခဲ့သည်။ စီးပွားရေးချွတ် ခြုံကျသွားသည်။ ဗိုလ်ချုပ်ကြီး များ၏ အိတ်ကပ်ဖောင်းကား ပေါက်ကွဲထွက်လာသည်။ မြန်မာ့ မူးယစ်ဆေးဝါးကမ္ဘာကို လွှမ်းစေ ခဲ့သည်။ တိုင်းရင်းသားအချင်း ချင်း စိတ်ဝမ်းကွဲမှု အစိတ်စိတ် အမြွှာမြွှာဖြာသွားသည်။ အဆိုး ဆုံးကတော့ တပ်မတော်ကို လူ တစ်စုက ၅၂ နှစ်ကြာ ပြန်ပေး ဆွဲသွားခဲ့ခြင်းဖြစ်သည်။
စာမေးပွဲစကားနှင့်ပြောရ လျှင် ဒီမိုကရေစီ၊ စီးပွားရေး၊ ခြစားမှု၊ ရာဇဝတ်မှု၊ ပြည်ထောင် စုစိတ်ဓာတ်နှင့် လုံခြုံရေးဆိုသည့် ခြောက်ဘာသာလုံးမှာ ဘာသာစုံ ကျသည်ဟု ပြောရမည်။
တပ်မတော်၏ ဂုဏ်သိက္ခာ အကြောင်းပြောရသည့်အခါများ မှာ တိုင်းပြည်ကို အမှန်တကယ် ချစ်သည့် တပ်မတော်သားများ၏ ဂုဏ်သိက္ခာနှင့် စိတ်ဓာတ်များကို တွေးမိပြီး ရင်နာရပါသည်။ တပ်မတော်ကို ပြန်ပေးဆွဲသွားသူ များနှင့် ပြန်ပေးဆွဲခံရသူ တပ် မတော်သားများဟု ခွဲခြားရှုမြင်ပါ သည်။
တပ်မတော်ကို နိုင်ငံရေး နယ်ပယ်မှ လွတ်ကင်းအောင် ပြုလုပ်ဖို့ကြိုးစားခြင်းသည် တပ် မတော်သားများကို ၎င်းတို့နှင့် ထိုက်တန်သည့်ဂုဏ်သိက္ခာပြန် လည်ရရှိရန်အတွက် အားထုတ် ခြင်းဖြစ်ပါသည်။
တပ်မတော်ကို ပြန်ပေးဆွဲ သွားခဲ့သူများက ဓားစာခံများကို နေရာတော်တော်များများမှာ ဖြန့် ကြက်ချုပ်နှောင်ထားခဲ့ကြသည်။ ပထမဦးဆုံး ကယ်တင်ကြရမည့် ဓားစာခံများကတော့ လွှတ်တော် အတွင်းမှာ ချုပ်နှောင်ထားခံကြရ သည့် တပ်မတော်သားများဖြစ်ပါ သည်။
ဓားစာခံများကို ကယ်တင်ဖို့ အတွက် ပြည်သူလူထု၏ ဆန္ဒကို အမှန်တကယ်ဖော်ထုတ်နိုင်ဖို့ လိုအပ်ပါသည်။ ပြည်သူ့ဆန္ဒကို အမှန်တကယ်ဖော်ထုတ်နိုင်ဖို့ အတွက် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲများလိုအပ် သည်။ ရွေးကောက်ပွဲများ လွတ် လပ်ပြီး တရားမျှတဖို့အတွက် ဘက်မလိုက်သန့်ရှင်းသည့် ရွေး ကောက်ပွဲကော်မရှင်တစ်ခုလို အပ်သည်။
သို့မဟုတ်လျှင်တော့ ထင် ရှားသည့် အမေရိကန်သတင်းစာ ဆရာကြီး အိတ်ခ်ျအယ်လ်မန်ကန် ပြောခဲ့သလိုသာဖြစ်လိမ့်မည်။
‘‘ရွေးကောက်ပွဲဆိုတာ ခိုးရာ ပါပစ္စည်းတွေ လေလံတင်တဲ့ပွဲ ပါပဲ’’။။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons