Saturday, March 29, 2014

ညီမလေး သဘောပေါက်နိုင်မှာပါ..

ကျွန်တော်အရမ်းခင်တဲ့ ညီမလေးတစ်ယောက်ကပြောပါတယ်. အရင်က အမေစုကို အကုန်လုပ်ပေးနိုင်မယ်လို့ ထင်ခဲ့တယ်. အမေစုမှ အမေစု..တဲ့   .    . အခုကျတော့ အမေစု ကဘာမှမလုပ်နိုင်မှန်း သိသွားပြီတဲ.. သူက..ကုလားတွေဘက်ကလိုက်တယ်.လို့ကြားတယ်..တဲ့ အဲဒါဘယ်လိုလုပ်မလဲ.....တဲ့..__________________ညီမလေးကို..ကျွန်တော် ဒီပိုစ့်ထဲကနေပဲ.. စိတ်ရှည်လက်ရှည်ဖြေကြားပေးလိုက်ပါ့မယ်....၊ဒီမေးခွန်းကြောင့်......ကျွန်တော် သဘောပေါက်မိတာက. သာမန် ကိုယ့်အလုပ်ကိုပဲလုပ်ပြီး နိုင်ငံရေးစိတ်မ၀င်စားတဲ့သူအချို့ဟာ..မီဒီယာအချို့နဲ့ Social မီဒီယာတွေကတက်လာတဲ့ ၀ါဒဖြန့်မှုတွေနောက်ကို မျောပါနိုင်တဲ့အလားအလာရှိတယ်ဆိုတာ သဘောပေါက်လာပါတယ်၊၀ါဒဖြန့်သူတွေနဲ့အာဏာရှင်တွေဟာ... လူထုခေါင်းဆောင်ရဲ့ ထင်ရှားမှုနဲ့ လူအများကအာရုံစူးစိုက်မှုတွေကို အသုံးချပြီး အာဏာရှင်အုပ်စုဘက်ကို.. ပြည်သူတွေက မြားဦးမလှည့်အောင်ပါးနပ်စွာ...

ထောင်ကုတင်နဲ့ ဝတ်စုံတွေ သူ့ အတွက်အရမ်းသေးနေလို့ ထောင်ဒဏ်က လွတ်ခဲ့တဲ့ လူထွားကြီး

Saturday, March 29, 2014အရပ် ၇ပေ နဲ့ ၂ လက်မရှိတဲ့ ရာဇ၀တ်သားတစ်ယောက်ဟာ အကျဉ်းထောင်မှာရှိတဲ့ အိပ်ရာကုတင်ထက် အရမ်းကြီးနေလို့ ထောင်ကနေလွှတ်ပေးခဲ့ရပါတယ်။အသက် ၂၃ နှစ်အရွယ် လူထွားကြီး ဂျုဒ်မက်ဒ်ကက်ဖ် ဟာ အကျဉ်းသားဝတ်စုံတွေနဲ့ လည်း မတော်တဲ့အတွက် ထောင်အပြစ်ဒဏ်ကလွှတ်ပေးဖို့ တရားသူကြီးက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ရာဇ၀တ်မှုအမြောက်အများကို ၀န်ခံထားတဲ့ မက်ဒ်ကက်ဖ်ဟာ Klinefelter လို့ ခေါ်တဲ့ ကြီးထွားမှုဖြစ်စဉ် မမှန်တဲ့ရောဂါကို ခံစားနေရသူပါ။လူထွားကြီးမက်ဒ်ကက်ဖ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက သူ့ ကိုယ်လုံးကြီးနဲ့ ယှဉ်မယ်ဆိုရင် တော်တော်ရယ်စရာပါ။ မက်ဒ်ကက်ဖ်ဟာ အပြစ်မရှိတဲ့အမျိုးသမီးတစ်ယောက်ကို လေသေနတ်နဲ့ ပစ်ပြီး ခြောက်လှန့် ခဲ့တဲ့အမှု၊ ခရစ်စမတ်လက်ဆောင်တွေ ခိုးယူခဲ့မှု နဲ့ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ အစည်းရုံးကို လာဘ်ထိုး ထားတဲ့ငွေတွေကို ခိုးယူခဲ့မှုရယ်ကြောင့်...

အိန္ဒိယသမုဒ္ဒရာအတွင်း အပိုင်းအစတချို့ ရှာဖွေရေးလေယာဉ်တွေ့ရှိ

ပျောက်နေဆဲဖြစ်တဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာရဲ့ မြောက်ဖက်ရွှေ့ပြီး ရှာနေတဲ့နေရာမှာ အရာဝတ္ထုတွေကို ရှာဖွေရေး လေယာဉ်ပေါ်ကနေ တွေ့ရှိခဲ့ပါတယ်။ Perth မြို့ရဲ့ အနောက်ဖက် မိုင် ၁၁၀၀ ကျော်လောက်က အသစ်ပြောင်း ရှာနေတဲ့ နေရာမှာ အရာဝတ္ထုတွေကို နယူးဇီလန် တော်ဝင်လေတပ်က Orion ကင်းထောက်လေယာဉ် ကနေ တွေ့ရှိခဲ့တယ်လို့ (AMSA) သြစတြေးလျ ရေကြောင်းလုံခြုံရေး အာဏာပိုင်တွေက  ပြောပါတယ်။လေယာဉ်ပေါ်ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ကို ပြန်ပို့ပေးပြီး အတည်ပြုနိုင်ဖို့ လုပ်နေပြီလို့ AMSA ရဲ့ Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်၊ အဲဒီ့နေရာဆီကို စနေနေ့ မတိုင်ခင်တော့ သင်္ဘောတွေ ရောက်နိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ပျောက်နေတဲ့ လေယာဉ်ဟာ အရင်ခန့်မှန်းထားထက် ပိုမြန်တဲ့နှုန်း နဲ့ ပျံသန်းခဲ့ပုံရပြီး လောင်စာကလဲ ...

ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့နည်းလမ်းကောင်း

တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီးချိန်မှာ မျက်နှာတွင် သိသိသာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။ ငွေကြေး အကုန်အကျသက်သာပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။ အသုံးပြုပုံကတော့ (၁) သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။ (၂) ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။ (၃) သကြားလက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။ (၃) သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။ ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင်ပါတယ်။ တကယ်အသားဖြူပြီး ထိရောက်တယ်ဆိုမှာသာသင်၏ မျက်နှာပေါ်သို့ လိမ်းလိုက်ပါ။ ရက်အနည်းငယ်လိမ်းရုံမျှဖြင့် မျက်နှာပေါ်မှာ ရှိတဲ့ ဝက်ခြံ အဖုများ အမာရွက်များနှင့်တစ်ခြားအရာများကို သိသာထင်ရှားစွာ ပျောက်ကွယ်သွား ပါလိမ့်မယ်နော်။ ကျန်းမာရေးနှင့်...

ငွေကြေးအလွဲသုံးမှု တသက်တကျွန်း ပြစ်ဒဏ်ချ

ဓာတ်မြေသြဇာဖိုး ကျပ်ငွေ သိန်း ၂၆၀၀ ကျော် အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မကွေးတိုင်း မင်းဘူးခရိုင် တရားရုံးကနေ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးလှဌေးကို တသက်တကျွန်း ထောင်ဒဏ် ချမှတ်လိုက်တယ်လို့ အစိုးရ သတင်းစဉ် ဖော်ပြချက်အရ သိရပါတယ်။သမ္မတ ဦးသိန်းစိန် အစိုးရဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်း၊ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်း တာဝန်ပေးအပ်အပြီးမှာ အများပြည်သူပိုင် ငွေကြေး အလွဲသုံးမှုနဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး ၁ ယောက်ကို ခုလို အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်လိုက်တဲ့ သတင်း ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။DVB...

ရန်ကုန် အပါအဝင် မြို့ကြီးအချို့ နေ့အပူချိန်များ ဆက်လက်မြင့်တက်မည်

ရန်ကုန်၊ မတ် ၂၈ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့တွင် ဧပြီလဆန်းအထိ နေ့အပူချိန်များ ဆက်လက် မြင့်တက်နေပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများပါ လွန်ကဲအဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ရန်ကုန်မြို့တော် အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရက်ပိုင်းအတွင်း ယခုနှစ် နွေရာသီ၏ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်မှ ၄၂ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ခရမ်းလွန်ရောင်ခြည် ကျရောက်မှုမှာလည်း ကော့သောင်းမြို့နှင့် ထားဝယ်မြို့တို့တွင် အန္တရာယ်ရှိ လွန်ကဲအဆင့် အညွှန်းကိန်း ၁၃ အထက်ကို ရောက်ရှိနေပြီး ရန်ကုန်၊ မော်လမြိုင်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အညွှန်းကိန်း ၁၂ ထက် ကျော်လွန် ရောက်ရှိနေသဖြင့် သတိပြုရန်...

သားမယားအဖြစ်ပေါင်းသင်းခဲ့ကြပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းသူများကို အရေးယူပေးရန် တိုင်တန်း

ရန်ကုန်၊ မတ် ၂၉၁၂.၂.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေဒေါ်----၏ သမီးဖြစ်သူသည် ၎င်းအလုပ်လုပ်ကိုင်သော အထည်ချုပ်စက်ရုံသို့ အလုပ်ဆင်းရန်ထွက်သွားရာမှ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် စုံစမ်းရှာဖွေနေခဲ့ပြီး ၂၀.၂.၂၀၁၄ ရက်နေ့တွင် လှိုင်သာယာမြို့မရဲစခန်း၌ လူပျောက် တိုင်တန်းထားရှိခဲ့ကြောင်း သိရှိရပါသည်။ယင်းသို့ ပျောက်ဆုံးနေရာမှ ၁၃.၃.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင်ဒေါ်----ထံသို့ သမီးဖြစ်သူ ပြန်လည်ရောက်ရှိလာသဖြင့် မေးမြန်းခဲ့ရာ သမီးဖြစ်သူသည် အဆိုပါနေ့က လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာဘုရားပွဲသို့သွားရောက်စဉ် လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်နေ ဒေါ်စိုး၏မွေးစားသားဖြစ်သူ ဗိုက်ပူနှင့်တွေ့ရှိပြီး ချစ်ကြိုက်ကြောင်းပြောဆိုကာခေါ်ဆောင်သွားသဖြင့်လိုက်ပါသွားခဲ့ကြောင်း၊ ဗိုက်ပူနှင့် သားမယားအဖြစ်(၄)ရက်ခန့် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ ထို့နောက် ဗိုက်ပူမှဒေါ်စိုးထံတွင်ရောင်းစားခဲ့ကြောင်း၊...

Friday, March 28, 2014

စစ်တွေရုန်းရင်းဆန်ခတ်မှုတွင် မိုးပေါ်ထောင်ပစ်သည့်ကျည် ရေချိုးနေသည့်ကလေးငယ်အား ထိမှန်သေဆုံး

ရေချိုးနေစဉ် ကျည်ထိမှန်၍ သေဆုံးခဲ့သော မညိမ်းမ၏ ရုပ်အလောင်းကိုကြည့်၍ ပူဆွေးစွာငိုကြွေးနေသော မိခင်နှင့် မိသားစုဝင်များကို စစ်တွေဆေးရုံတွင် မတ်လ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ) စစ်တွေမြို့၌ ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားခဲ့စဉ် အသက် (၁၁)နှစ်အရွယ်မိန်း ကလေးတစ်ဦး သေနတ်ကျည် ဆန်ထိမှန်၍ သေဆုံးခဲ့ရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အရာရှိ တစ်ဦးက အတည်ပြုပြောကြား ခဲ့သည်။ ယင်းမိန်းကလေးသည် စစ် တွေမြို့ရွာကြီးမြောက်ရပ်ကွက်မှ မညိမ်းမဆိုသူဖြစ်ပြီး ရုန်းရင်းဆန် ခတ်ဖြစ်သည့်နေရာတွင်မရှိဘဲ နေအိမ်၌ရေချိုးနေစဉ် မလှမ်း မကမ်းရှိရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားရာနေရာမှ မိုးပေါ်ထောင် ခြောက်လှန့်ပစ်ခတ်သောကျည် ဆန် မတော်တဆထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါအရာရှိက ဆိုသည်။ မတ်လ ၂၈ ရက်ညနေ ၃ နာရီကပြုလုပ်ခဲ့သော...

Wednesday, March 26, 2014

သတင်းတစ်ခု ထွက်လိုက်သေးတယ်လေ ချောင်းသာသွားရမလိုလို

မင်္ဂလာပါရှင် ပြောပြစရာတွေလည်း တစ်ပုံကြီးကျန်နေတဲ့ အထဲက လက်ရှိ ဖြစ်နေတာလေးတွေ နည်းနည်းလောက်ပြောပြမယ်နော် သတင်းတစ်ခု ထွက်လိုက်သေးတယ်လေ ချောင်းသာသွားရမလိုလို ကျိုက်ထီးရိုးကို လိုက်ပို့မလိုလိုဆိုပြီးတော့လေ အားလုံးသိလိုက်ကြမှာပါ ခုတော့လဲ ဒါတွေဒါတွေ ပြီးခဲ့ပါပြီ...ပြီးခဲ့ပါပြီ လို့ သီချင်းလေးညဉ်းရမလိုတောင်ဖြစ်သွားတယ် အဆင်မပြေမှုပေါင်း သောင်းခြောက်ထောင်နဲ့လူများပြီးပွဲမစည်ခဲ့ဘူးလေ နောက်ဆုံးတော့ မဲဖောက်တဲ့ Hair Dryer အစုတ်လေးနဲ့ ကျေးနပ်ခဲ့ရတဲ့သူတွေ FB မှာပေါက်ကွဲသံသဲ့သဲ့လေးကြားလိုက်ရတော့တာပါဘဲ။ ကဲ ထားလိုက်ပါတော့... ခုတလော ဘာတွေဖြစ်နေကြတယ်မသိဘူး FB မှာ ပေါက်ကွဲသံစဉ်တွေဖတ်ဖတ်နေရတယ်.. တစ်ခုခုတော့ထူးခြားနေတယ်ဆိုတာအမှန်ဘဲြေေပြောမယ်သာပြောတယ် လစာကြတိုးတောင်းချင်ကြတယ် အလုပ်ကြပြန်တော့လဲ ဟုတ်တိပတ်တိမလုပ်ချင် ဟိုအလုပ်လိုလို ဒီအလုပ်လိုလို လုပ်ပြီး ထမင်းစားချိန်အကြောင်းပြ...

Monday, March 24, 2014

လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း မလေးရှားအစိုးရအတည်ပြု

ခိုင်လုံသောအထောက်အထားမရှိသေးသဖြင့် တရုတ်မိသားစုဝင်များလက်မခံမတ်လ ၂၄ ရက်က ဘေဂျင်းမြို့ လီဒိုဟိုတယ်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ရုပ်သံသတင်းကိုကြည့်ရှုပြီးနောက် မလေးရှားလေကြောင်း MH 370 လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး၏ မိသားစုဝင်တစ်ဦး သတင်း ထောက်များအား အော်ဟစ်ကြိမ်းမောင်းနေသည်ကို တွေ့ရစဉ်။ ယင်းမတိုင်မီတွင် ပျောက်ဆုံးလေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာထဲတွင် ခရီးလမ်းဆုံးသွားခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ်က ကြေညာခဲ့သည်။ (ဓာတ်ပုံ− ရိုက်တာ)မလေးရှားဝန် ကြီးချုပ်နာဂျစ်ရာဇာတ်က လေ ယာဉ်သည် အိန္ဒိယသမုဒ္ဒရာတွင်း သို့ပျက်ကျခဲ့ ခြင်းဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပြီး နောက် အသက်ရှင်ကျန်ရစ်သူ ရှိလေဦးမလားဆိုသည့် မိသားစု ၀င်တို့၏ မျှော်လင့်ချက်များ ကုန်ဆုံးသွားခဲ့ရသည်။ဗြိတိသျှ ဂြိုဟ်တုကုမ္ပဏီ နှင့် မတော်တဆမှုလေ့လာ စုံစမ်း ရေးမှ ဂြိုဟ်တုအချက်အလက် များအပေါ် သုံးသပ်ချက်များ...

အစိုးရဝန်ထမ်းတွေ လစာထပ်တိုးရေး လွှတ်တော် ဆုံးဖြတ်မည်

မြန်မာအစိုးရက အခြေခံဝန်ထမ်းလစာတွေ တလကို ၂ သောင်းစီတိုးမြှင့်ပေးမယ့် အဆိုပြုချက်ကို အစိုးရက လွှတ်တော်ကို တင်သွင်းထားပြီ ဖြစ်ပြီး မနက်ဖြန်မှာ ဆုံးဖြတ်ချက်ကျနိုင်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အခုလို ဝန်ထမ်းလစာတွေ တိုးမြင့်ပေးမယ့် တချိန်တည်းမှာပဲ တခြား ဝန်ထမ်းမဟုတ်တဲ့ အပြင်အလုပ်သမားတွေရဲ့ အခြေခံလစာ တိုးမြှင့်ပေးနိုင်ဖို့အတွက်လည်း အစိုးရက ကော်မီတီဖွဲ့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။နိုင်ငံတော် အစိုးရက ၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အခြေခံ ဝန်ထမ်းလစာတွေ တိုးမြှင့်ပေးဖို့ အစိုးရ ဘတ်ဂျက်ကော်မီတီက ရေးဆွဲထားတဲ့ အဆိုပြုချက်ကို လွှတ်တော်ကို တင်သွင်းထားတာဖြစ်ပါတယ်။ ဒီအဆိုပြုချက်အပေါ် လွှတ်တော်အမတ်အများစုက ကန့်ကွက်ဖို့ အလားအလာ မရှိတဲ့ အပြင် လွှတ်တော်မှာ လက်ရှိအာဏာရပါတီက အမတ်နေရာအများစု...

လိင်နဲ့ ကျန်းမာရေး

1. Sex Relieves Stress စိတ်ဖိအားကျစေတယ်လိင်ဆက်ဆံမှုပြုရင် Stress စိတ်ဖိအား နည်းပါးစေတယ်။ Blood pressure သွေးတိုးကိုလည်း ကျစေတယ်။ စကော့တလန် သုတေသန လုပ်သူတွေက ယောက်ျား ၂၂ ယောက်နဲ့ မိန်းမ ၂၄ ယောက်ကို လေ့လာခဲ့တဲ့ ရလဒ်တွေအရ ပြောတာ ဖြစ်ပါတယ်။ သွေးဖိအားမှာ ပိုအရေးပါတဲ့ Diastolic blood pressure အောက်ဂဏန်း ကျတာဖြစ်တယ်။ ပွေ့ဖက်မှုကနေတောင်မှ အမျိုးသမီးတွေမှာ သွေးတိုးကျတယ်လို့ဆိုတဲ့ လေ့လာမှုလဲ ရှိပါသေးတယ်။ 2. Sex Boosts Immunity ခုခံအားတက်စေတယ်Good sexual health ကောင်းမွန်တဲ့ လိင်ကျန်းမာရေးကနေ ကိုယ်ကာယ ကျန်းမာရေးကိုပါ တိုးတက်စေတယ်။ တပါတ် ၁-၂ ကြိမ် ဆက်ဆံမှုကနေ Antibody (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံအားမှာ အသုံးကျတာတွေ များလာတာကို တွေ့ရတယ်။ Immunoglobulin A (IgA) လို့ ခေါ်ပြီး ရောဂါပိုးဝင်ရင် ထွက်လာတယ်။ Wilkes University (ဝေါ်လကီစ်) တက္ကသိုလ်က ပညာရှင်တွေကနေ ကျောင်းသူ-ကျောင်းသား ၁၁၂ ယောက်ကို သူတို့...

အိန္ဒိယအမျိုးသမီးများအတွက် မုဒိမ်းမှုမှ ကာကွယ်ပေးမည့် သေနတ်

အိန္ဒိယနိုင်ငံဟာ လတ်တလောကာလအတွင်း အမျိုးသမီးတွေအတွက် လက်ကိုင်သေနတ် အသစ်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ဒီသေနတ်ရဲ့ နာမည်ကိုတော့ ၂၀၁၂ ဒီဇင်ဘာလက ဒေလီမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီး သေဆုံးသွားတဲ့ ကျောင်းသူရဲ့အမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားပါတယ်။ခုတော့ ဒီသေနတ်ကို အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုကနေ ကာကွယ်ဖို့ ဈေးကွက်တင် ရောင်းချနေ ပါတယ်။နိုင်ငံပိုင် သေနတ်ထုတ်စက်ရုံ အိန္ဒိယ အော်ဒီနန့်စ်စက်ရုံရဲ့ အထွေထွေမန်နေဂျာ အဗ္ဗဒူလ် ဟာမိဒ်က “ဒါက ပေါ့ပေါ့ပါးပါးလေးပါပဲ။ ၅၀၀ ဂရမ်ပဲ လေးပြီး လုပ်ဆောင်ချက်ကလည်း သိပ်လွယ်ပါတယ်။ ကြာရှည်သုံးလို့ ရပြီးတော့ ပြောင်းဝကိုလည်း သိပ်မထိခိုက်ဘဲ ကျည်ဆန် ၅၀၀ လောက်ထိကို ပစ်နိုင်ပါတယ်။ ဒါလေးကို အမျိုးသမီးတွေ ဘယ်နေရာကို မဆို သယ်သွားလို့ ရပါတယ်။ ဒါလေးကို ပိုက်ဆံအိတ်ထဲတောင် ထည့်လို့ရတဲ့ အနေတော်လောက်ကို အရွယ်အစား ငယ်ပါတယ်” လို့ ပြောပါတယ်။ဒီသေနတ်ကို...

ဦးသိန်းစိန်ဖတ်ဖို့ CPJ အိတ်ဖွင့်ပေးစာ

   - CPJ လို့ ခေါ်တဲ့  စာနယ်သမားများ အကာအကွယ်ပေးရေးကော်မတီက သမ္မတဦးသိန်းစိန်ကို တနင်္လာနေ့ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ထားပါတယ်။စာထဲမှာ အဖမ်းခံထားရတဲ့ ယူနတီဂျာနယ်ဝိုင်းတော်သားတွေအကြောင်းလည်း ဖော်ပြထားတာ တွေ့ရမှာပါ။သူတို့တွေဟာ ထောင်ဒဏ် ၁၄ နှစ်စီ ကျခံရနိုင်တဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကို  ပြည်သူ့ လွှတ်တော်က အတည်ပြု ထားပြီးပြီ၊ သမ္မတ လက်မှတ်ထိုးဖို့ ကျန်နေတယ်၊ ဒီဥပဒေကို လက်မှတ်မထိုးဖို့လည်း သမ္မတကို တိုက်တွန်းထားပါတယ်။Committee to Protect Journalistshttps://cpj.orgအစိုးရ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အများရဲ့ ယုံကြည်မှုရဖို့ ဆိုရင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကို အတည်မပြုဖို့ လိုအပ်မယ်လို့ စာရဲ့ အဆုံးသတ်မှာ တိုက်တွန်းထားပါတယ်။စာနယ်ဇင်းသမားတွေကို...

ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ စာအုပ် အင်တာဗျုး

ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ စာအုပ် အင်တာဗျုးဆရာအောင်သင်းအမေး၊ ဆရာဦးအေးမောင် အဖြေသင်း။ ။ ကဲ- ဆရာရေ၊ ဒီတစ်ခါတော.ဖြင်. “ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ” စာအုပ်ကြောင်းကို လှည်.ပါရစေတော.။အေး။ ။ မေးပါ ကိုအောင်သင်း မေးပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ပြောချင်ပါတယ်။သင်း။ ။ ပထမဆုံး မေးလိုက်ချင်တဲ. မေးခွန်းကတော. ဆရာဒီစာအုပ်ကို ဘာကြောင်.ရေးခဲ.သလဲ။ ဆိုလိုတာက ဆရာရယ်၊ တစ်ယောက်ယောက်က တိုက်တွန်းလို. ရေးခဲ.တာလား၊ ကိုယ်.သဘောကိုယ်.ဆန္ဒ အရရေးခဲ.တာ ဆိုရင်လည်း ဘာကြောင်. ရေးချင်စိတ်ပေါက်လာခဲ.သလဲဆိုတဲ.မေးခွန်းပါပဲ။အေး။ ။ဒီဗုဒ္ဓနှင်.ဗုဒ္ဓဝါဒ စာအုပ်ကို ရေးဖို. ဘယ်သူကမှ မတိုက်တွန်းခဲ.ပါဘူး။ မတိုက်တွန်းတဲ. အပြင်တစ်ချို.ကဆိုရင် ဒီစာအုပ်ကို မရေးဖို.တောင်သတိပေးခဲ.ဖူးပါသေးတယ်။ ဒါပေမဲ. ကျွန်တော်ရေးခဲ.တယ်။ ရေးပြီးတော. စာရေးဆရာတစ်ယောက်ဆီကို ဖတ်ပြီးထင်မြင်ချက်ပေးဖို. စာမူကိုပေးလိုက်ပါတယ်။ တကတဲ ကိုအောင်သင်းရယ်၊ စာမူကို ပြန်မပေးတော.ပါဘူး။...

တောင်းရမ်းစားသောက်မှုများ ဆက်လက်တည်ရှိဆဲ

တောင်းရမ်းစားသောက်သူများရဲ့အပြုအမူများဟာ စာရိတ္တမဏ္ဍိုင် ပျက်ြပားစေခြင်း၊ မြို့အဂါင်္ရပ်ကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်စေပါတယ်။ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးများမှာ တောင်းရမ်း စားသောက်သူများ ပပျောက်ရေးကို သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီများကလည်းကောင်း၊ အခြားမြို့ကြီးတွေမှာ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့များကလည်းကောင်း၊ စီမံချက်များဖြင့် ဆောင်ရွက်လျက်ရှိနေပါတယ်။ ရန်ကုန်မြို့မှာဆိုရင် အခြေအနေမဲ့များနဲ့ မိဘမဲ့လေလွင့် ကလေးသူငယ်များ ပပျောက်ရေးအဖွဲ့ကို ၂၀၁၁ ခုနှစ် ဇွန်လ ၆ ရက်က အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။ အခြေအနေမဲ့ ကလေးသူငယ်များကို တွေ့ရှိပါက သက်ဆိုင်တဲ့ သင်တန်းကျောင်းများသို့ ပို့ဆောင် ထိန်းသိမ်း စောင့်ရှောက်ပေးနေတယ်။ ကိုယ်လက်အဂါင်္ မသန်စွမ်းသူများကို လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး...

မြ နဲ့ မောင်

သည်နေ့ညကျမှ မြကို ထူးထူးခြားခြား သူ သတိရမိနေသည်။ အဝေးဆီမှ သဲ့သဲ့ပျံ့လွင့်လာသော အငြိမ့်ဆိုင်းကြောင့် ဖြစ်မည်ထင်သည်။ တကယ်တော့ သည်ညမှ မဟုတ်။ ယခုလို အကြောင်းတိုက်ဆိုင်တိုင်း မြကို လွမ်းရပါသည်။ အကြောင်းတိုက်ဆိုင်မှုတွေကလည်း ရံဖန်ရံခါ ရှိနေတတ်ပြန်တော့ မြကို အောက်မေ့သည့်စိတ်က လောင်စာနှင့် မပြတ်သော မီးပမာ တညီးညီးတောက်လောင်လွန်းလှသည်။ ညှင်းသွဲ့သွဲ့မြူးနေသော ဆောင်းမပီ့တပီ လေစိမ့်စိမ့်နှင့်အတူ မြ ခေါင်းမှ စံပယ်ပန်းရနံ့များကို ခုတစ်မုဟုတ်ချင်း နမ်းရှိုက်လိုက်ရသလိုလို၊ စည်းဝါးတကျ ချိုအေးစွာ သီဆိုလိုက်သော သီချင်းသံသည်ပင်လျှင် မြ နှုတ်ဖျားမှ ထွက်ကျလာသလိုလို မရေရာသော စိတ်အစဉ်သည် သူ့ကို လှည့်စားလျက်ရှိသည်။လွန်ခဲ့သည့် ၁၅ နှစ်က မြနှင့် သူ တရားဝင်နှုတ်ဆက် လမ်းခွဲခဲ့ကြသည်။ အင်း .. သည်လိုတော့လည်း မဟုတ်သေး။ တရားဝင်နှုတ်ဆက်သည်ဟု သုံးနှုန်းရန်အတွက် သူသည် မြ၏ ...

အဆင့်အတန်း နှင့် ရင့်ကျက်မှု ခွဲခြားခြင်းနည်းလမ်း

လူ တစ်ယောက်ရဲ့ အဆင့် အတန်းကို သူ့ရဲ့ ပညာ အရည်အချင်း နဲ့ မခွဲသလို ရင့်ကျက်မှုကိုလည်း အသက်အရွယ်နဲ့ မခွဲခြား ပါ။ သူတစ်ဦး တစ်ယောက်၏ ဆင်ခြင်တုံ၊ ကိုယ်ချင်းစာတရား တရားနှင့် သဘောထား ကြီးမြတ်မှု တို့က သာ အဆင့်အတန်းကို ခွဲခြား သွားပေးခြင်း ဖြစ်သည်။ ငွေကြေးဖြင့် ရရှိသော ဂုဏ်ပကာသန ကို ပိုင်ဆိုင် သူ ဝန်းကျင် တွင် ယင်း ငွေ နှင့် ဂုဏ်ကို လိုချင်သူ၊ အထင်ကြီး သူများသာ ဝန်းရံပြီး ယင်း အရာများ မရှိတော့ သည့် အခါ ထိုသူ အားလုံး ပျောက်ကုန် လိမ့် မည်။ ခိုးဖွက် ဖျက်စီး၍ မရသော အတတ်ပညာ မြင့်မားမှု၊ ကောင်း မွန် မြင့်မြတ်သော အကျင့် စာရိတ္တနှင့် စိတ်ထား၊ သဘောထား ကြီးခြင်း တို့က မည်သည့် အခြေ အနေ ရောက်ရောက် ပျက်ဆီး မသွား တတ်သော ဂုဏ်နှင့် ဝါ ဖြစ်ပြီး ရွှေငွေ၊ စည်းစိမ် အစရှိသဖြင့်တို့က အလိုအလျောက် ခြံရံ ကုန်သည်။ ဖိုးသူတော်(www.phothutaw.com)Credit : innewsmyanmar...

ဥက္ကလာပ စေတီတော်ပေါ်တွင် စိတ်ကြွဆေး ရောင်းချသည့် ပန်းထိမ်ဆရာကို ဖမ်းမိ

တောင်ဥက္ကလာပမြို့နယ် ဥက္ကလာပ စေတီတော်တွင် မတ်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က စိတ်ကြွဆေးပြားများ ရောင်းချနေသော ပန်းထိမ်ဆရာ တစ်ဦးထံမှ တန်ဖိုးငွေကျပ် ၆၂ သိန်းခွဲခန့်ရှိ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။ လှိုင်သာယာမြို့နယ် (၁၈) ရပ်ကွက် ဗိုလ်တာရာလမ်းတွင် နေထိုင်သူ ပန်းထိမ်ဆရာ ဦးမြင့်လှကို ဥက္ကလာပ ဘုရားရင်ပြင် မြောက်ဘက်မုခ် အနီးတွင် နယ်မြေခံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကြိုတင်သတင်း ရရှိထားသဖြင့် ကြိုတင် စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ “တောင်ဥက္ကလာ (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူ စစ်ဆေးခဲ့တာ။ WY ဆေးပြား တစ်ထောင်ကျော်ကို သူ့လွယ်အိတ်ထဲက ဖမ်းဆီးရမိခဲ့တယ်။ လတ်တလော သူနဲ့ပတ်သက်ပြီး စိတ်ကြွဆေးပြား...

ရှေ့တန်း စစ်စခန်းတစ်နေရာ.

ဘယ်လို အကြောင်းတရားတွေကြောင့် စစ်ထဲဝင်ဝင် သူတို့ကိုယ် သူတို့ မပိုင်တော့ပါဘူး၊ တစ်သွေးတစ်သံ တစ်မိန့်အရ ထားရာနေ စေရာသွားပါပဲ။ သူတို့တွေရဲ့ စိတ်ထဲမှာ အခြေခံဥပဒေ ပြင်ဖို့၊ မျိုးစောင့်ဥပဒေ ဆိုတာတွေထက် နယ်မြေအေးချမ်းဖို့၊ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ မိသားစုနဲ့ ပြန်ဆုံဖို့ကိုသာ စိတ်ကူးယဉ်နေကြတာပါ၊သေချာတာကတော့ ဘယ်အချိန် ပြန်ရမလဲဆိုတာ --- သူတို့ကိုယ်တိုင် မသိနိုင်ပါဘူး။   ရှေ့တန်း စစ်စခန်းတွေ ရောက်လာတဲ့ ဓာတ်ပုံ သတင်းထောက်တွေရဲ့ အကူအညီ တောင်းမှုကြောင့် သေနတ်အစား ကင်မရာကို ပြောင်းကိုင်ပေးနေရတာပါ။ တခြားသူတွေကိုပဲ ရိုက်လာတဲ့ ဓာတ်ပုံ သတင်းထောက်တွေခမျာ တစ်နှစ်တစ်ခါ ရောက်ဖို့ မလွယ်ကူတဲ့ ရှေ့တန်းစခန်းမှာ ကိုယ်တိုင် ဓာတ်ပုံ အရိုက်ခံချင်ကြပါတယ်။   ရှေ့တန်း စခန်းတွေအတွက် အသက်တမျှ အရေးအကြီးဆုံးက ဆက်သွယ်ရေး စက်ပါပဲ။ ကွပ်ကဲဗျုဟာနဲ့ အဆက်အသွယ်...

"ကျွန်မ အဖေက ကျွန်မရဲ့ အပျိုရည်ကို ရောင်းစားခဲ့ပါတယ်"

"ကျွန်မ အဖေက ကျွန်မရဲ့ အပျိုရည်ကို ရောင်းစားခဲ့ပါတယ်" ဟု ၁၆ နှစ် အရွယ် ဒူဘိုင်းသူလေးမှ တရားရုံး၌ သက်သေခံ ထွက်ဆိုခဲ့ဒူဘိုင်းတရားရုံးတစ်ခု၌ အသက် ၁၆ နှစ် အရွယ် မိန်းမပျိုသည် သူမ၏ မိဘနှစ်ပါးနှင့် ရင်ဆိုင်တွေ့သောအခါ သူမ၏ မိဘနှစ်ပါးမှ သူမ၏ ခန္ဓာကိုယ်အား Dh ၁၆၀၀၀၀ ဖြင့် ရောင်းချကာ သူမ၏ အပျိုရည်အား ဖျက်ဆီးခဲ့သည့်အကြောင်း တရားရုံးတော်အား ရှိုက်ကြီးတငင် ဖွင့်ချလိုက်သည်။ "ကျွန်မအဖေက နောက်မဆင်းရဲချင်တော့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်မရဲ့ အပျိုရည်ကို ရောင်း စားခဲ့ပါတယ်။ အဖေရော အမေရောက ကျွန်မကို ဖာလုပ်ခိုင်းတယ်။ ကျွန်မလည်း ကြောက်ကြောက်နဲ့ လုပ်ခဲ့ရတယ်။ ကြောက်ရဆို မလုပ်နိုင်ဘူးလို့ ကျွန်မ ပထမငြင်းတော့ အဖေက ခုပဲထသတ်တော့ မယ့်အတိုင်း စိတ်ဆိုးတယ်လေ" ပါကစ္စတန် မိန်းမပျိုမှ သူမ၏ မိဘများအား တရားရုံးတော်မှ စစ်ဆေးစဉ် ဤသို့ သက်သေခံ ထွက်ဆိုခဲ့သည်။ အသက်...

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons