Thursday, May 15, 2014

ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးမှု အဖြေမထွက်


  ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ဖို့ရှိတဲ့ မဲဆွယ် စည်းရုံးရေး ညွန်ကြားချက် နဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီတွေနဲ့  ပြည်ထောင် စုရွေးကောက်ပွဲကော် မရှင်တို့ ဒီကနေ့ အကြိတ် အနယ်ဆွေးနွေး ခဲ့ကြပေမဲ့ သဘောတူညီချက်မရပဲ ပြီးဆုံး သွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို တလတကြိမ်ပြုလုပ်ပေးဖို့ နိုင်ငံရေးပါတီတွေ ဘက်က တင်ပြထားတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်ကပြောပြမှာပါ။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်မယ့်  မဲဆွယ်စည်းရုံးရေး ညွန်ကြားချက်ဟာ ဥပဒေနဲ့ မညီတဲ့အပြင် ထုတ်ခဲ့ရင်လည်း ပြည်ထောင်စု လွှတ်တော်ရဲ့ ဥပဒေပြု အာဏာကို ထိခိုက်ရာရောက်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

" ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီးတော့ ဘယ်ဥပဒေမှာပါ အခွင့်အာဏာပေး မထားဘူး။ ဒါကြောင့် တရားမဝင်ဘူး။ နောက်တစ်ချက်က အကယ်လို့ လုပ်ခဲ့ရင် ဥပဒေသဘောအရ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ရယူသုံးစွဲတာဖြစ်မယ်။"

ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်လို့ ပြောဆို ချက်တွေ ထဲမှာ  ပါတီ ကိုယ်စားလှယ်လောင်းတွေပဲ သူတို့ရဲ့ မဲဆန္ဒနယ်မြေမှာ ဟောပြောစည်းရုံးခွင့်ရှိတယ်၊ အခြားသူတွေ မပြောပါစေနဲ့ ဆိုတာမျိုးနဲ့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးခွင့်ကို ကန့်သတ် ထားတယ်လို့  ပြည်တွင်းနိုင်ငံရေးလေ့လာသူတွေက ထောက်ပြထားတာပါ။

ဒါကြောင့်ဒီဆွေးနွေးပွဲမှာ ကော်မရှင် ဥက္ကဋ္ဌ ဘက်က ဘယ်လို တုန့်ပြန်ချက်တွေရှိသလဲလို့ ဦးဉာဏ်ဝင်းကို မေးကြည့်တော့-

"အန်ကယ်တို့ အခုတင်ပြတာနဲ့ပတ်သက်ပြီးတော့ အခုအချိန်အထိ ဘာမှ ပြန်လည်ပြောကြားတာ မရှိသေးဘူး။"

မေး။    ။ အဲ့ဒီ့တော့ အန်ကယ်ကိုယ်တိုင် ဒီအစည်းအဝေးကို တက်ရောက်တဲ့ အခါကျတော့ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေဘက်က အပြန်အလှန် ဆွေးနွေးမှုတွေကို ကြည့်ရင် အန်ကယ် ဘယ်လိုသုံးသပ်မိလဲရှင့်။

"အဲဒီ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မဲဆွယ်စည်းရုံးခြင်းနဲ့ပတ်သက်ပြီးတော့ အန်ကယ်တို့က အန်ကယ်တို့ ဥပဒေအမြင်ကို ပြောတယ်။ ကျန်တဲ့သူတွေကလည်း သူ့အမြင်နဲ့သူ ဒါကို လက်မခံတဲ့ အမြင်ရှိတဲ့ နိုင်ငံရေးပါတီတွေ  အများကြီးတွေ့ရတယ်။"

မေး။    ။ အဲ့ဒီ့တော့ အန်ကယ်တို့ နိုင်ငံရေးပါတီတွေဘက်ကလည်း ဒီအချက်တွေဟာ ဥပဒေကြောင်း အရမှာလဲ မရှိဘူးလို့ ထောက်ပြနိုင်တဲ့အခါမှာ ဒီလိုရွေးကောက်ပွဲ ရော တကယ်တမ်း ဖြစ်လာနိုင်ပါ့မလား။

"ဒီကြေညာချက်က မထုတ်လည်း ရွေးကောက်ပွဲက လုပ်လို့ရနေတာပဲ။ တကယ်လို့ အဲ့ဒီ့အတိုင်း လုပ်ခဲ့မယ်ဆိုရင်လည်း လက်ခံဖို့မရှိဘူး။ အဲ့ မလုပ်ဘူးဆိုရင်တော့ သာမာန်အတိုင်း၊ အရင်အတိုင်း ရွေးကောက်ပွဲက သူ့ဘာသာသူ ရှောရှောရူရူ သွားနေမှာပဲ။"

အခုလိုမျိုး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲ ကို တစ်လတစ်ကြိမ် ပြုလုပ်ပေးဖို့ သူ့အနေနဲ့ အဆိုပြုထားတယ်လို့လည်း ဦးဉာဏ်ဝင်းကပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်နဲ့ ပတ်သက်လို့ အတိအကျ ထုတ်ပြန်ပေးဖို့ နိုင်ငံရေးပါတီတွေက မျှော်လင့်ထားကြပေမယ့် ဒီနေ့ဆွေးနွေးပွဲ မှာလည်း ၂၀၁၄ခုနှစ် အကုန်ပိုင်းလောက်မှာ ကျင်းပဖို့ လျာထားတယ် လို့ပဲ ကော်မရှင်ဘက်ကတုန့်ပြန်ပြောဆိုခဲ့တယ်လို့ ဦးဉာဏ်ဝင်းကပြောပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နဲ့ ဆွေးနွေးပွဲ မှာ နိုင်ငံရေးပါတီ(၄၀)ကျော်က ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။

အင်ကြင်းနိုင် (ဗွီအိုအေ မြန်မာပိုင်း)

{ ဆရာမလေးနှင့်အင်တာဗျူးခြင်း }



{ ဆရာမလေးနှင့်အင်တာဗျူးခြင်း }      မူလတန်းဆရာမနှင့် အင်တာဗျူးနေစဉ်           မေးသူ ။    ။ ဆရာမလေးနဲ့ သမ္မတနဲ့ ဘယ်သူက                         ပိုပြီး အရေးပါသလဲ ...?    ဆရာမ။     ။ ရှင့်မေးခွန်းကြီးက တစ်မျိုးပဲနော် ....                        ရှင်လည်း ဒီမြေပေါ်မှာနေတယ်၊ဒီ                        ရေကိုသောက်တယ်၊ဒီလေကိုရှူ                        တယ်....သမ္မတလည်း ဒီမြေပေါ်မှာ                        နေတယ်၊ဒီရေကို သောက်တယ်၊                        ဒီလေကိုရှူတယ်....ကျွန်မလည်း                        ဒီမြေကြီးပေါ်မှာနေတယ်၊ဒီရေကို                        သောက်တယ်၊ဒီလေကိုရှူတယ်....                        ဒီမြေပေါ်မှာနေ၊ဒီရေကိုသောက်                        တာချင်းအတူတူ အားလုံးဟာ                        အတူတူပဲ....အားလုံး အရေးပါတဲ့                        လူတွေကြီးပဲ....။      မေးသူ ။      ။ အဖြေကိုတော့ ကြိုက်သွားပြီ....                            နောက်ဆုံး မေးခွန်းတစ်ခုမေး                            မယ်....                           သမ္မတကြီးနဲ့ ဆရာမလေးနဲ့                            ဘယ်သူက တာဝန်ပိုရှိသလဲ...။    ဆရာမ ။      ။ ဒါက ရှင်းရှင်းလေးပါ....ကျွန်မက                           တာဝန်ပိုရှိတာပေါ့....။     မေးသူ ။      ။ ဘယ်လို......ရှင်းပြပါဦး....။    ဆရာမ ။      ။ ဟုတ်တယ်လေ....သမ္မတဆိုတာ                           ပြည်သူတွေနဲ့ အမတ်တွေတင်                           မြောက်လို့ သမ္မတဖြစ်လာတာ...                           သမ္မတသက်တမ်းက အနည်းဆုံး                           လေးနှစ်ပဲရှိတယ်....ကျွန်မတို့                            ဆရာမတွေက ပင်စင် မယူမချင်း                           နှစ်ပေါင်းခြောက်ဆယ်အထိ အ                            လုပ် လုပ်နေရဦးမှာ...ဒီတော့                            သမ္မတထက် အလုပ်ပိုလုပ်တဲ့                           ကျောင်းဆရာ/ဆရာမတွေက                          တာဝန်ပိုရှိတာပေါ့.....။     မေးသူ ။      ။ ဟုတ်ကဲ့....ဆရာမလေးရဲ့                           အဖြေတွေ အရမ်းနားထောင်                           လို့ကောင်းပါတယ်....အခုလို                           ဖြေကြားပေးတဲ့အတွက်လည်း                           ဆရာမလေးကို ကျေးဇူးတင်ပါ                           တယ်....။     ဆရာမ ။      ။ ကျွန်မကလည်း ဆရာမတွေ                             ကိုယ်စား ဖြေကြားခွင့်ရတဲ့                             အတွက် ကျေးဇူးတင်ပါ                             တယ်.....။      ( စာရေးဆရာ ဦးဘုန်း ဓာတု မန္တလေး၏         စာအုပ်မှ ကောက်နုတ်တင်ပြသည်)
မူလတန်းဆရာမနှင့် အင်တာဗျူးနေစဉ်
မေးသူ ။ ။ ဆရာမလေးနဲ့ သမ္မတနဲ့ ဘယ်သူက
ပိုပြီး အရေးပါသလဲ ...?
ဆရာမ။ ။ ရှင့်မေးခွန်းကြီးက တစ်မျိုးပဲနော် ....

ရှင်လည်း ဒီမြေပေါ်မှာနေတယ်၊ဒီ
ရေကိုသောက်တယ်၊ဒီလေကိုရှူ
တယ်....သမ္မတလည်း ဒီမြေပေါ်မှာ
နေတယ်၊ဒီရေကို သောက်တယ်၊
ဒီလေကိုရှူတယ်....ကျွန်မလည်း
ဒီမြေကြီးပေါ်မှာနေတယ်၊ဒီရေကို
သောက်တယ်၊ဒီလေကိုရှူတယ်....
ဒီမြေပေါ်မှာနေ၊ဒီရေကိုသောက်
တာချင်းအတူတူ အားလုံးဟာ
အတူတူပဲ....အားလုံး အရေးပါတဲ့
လူတွေကြီးပဲ....။
မေးသူ ။ ။ အဖြေကိုတော့ ကြိုက်သွားပြီ....
နောက်ဆုံး မေးခွန်းတစ်ခုမေး
မယ်....
သမ္မတကြီးနဲ့ ဆရာမလေးနဲ့
ဘယ်သူက တာဝန်ပိုရှိသလဲ...။
ဆရာမ ။ ။ ဒါက ရှင်းရှင်းလေးပါ....ကျွန်မက
တာဝန်ပိုရှိတာပေါ့....။
မေးသူ ။ ။ ဘယ်လို......ရှင်းပြပါဦး....။
ဆရာမ ။ ။ ဟုတ်တယ်လေ....သမ္မတဆိုတာ
ပြည်သူတွေနဲ့ အမတ်တွေတင်
မြောက်လို့ သမ္မတဖြစ်လာတာ...
သမ္မတသက်တမ်းက အနည်းဆုံး
လေးနှစ်ပဲရှိတယ်....ကျွန်မတို့
ဆရာမတွေက ပင်စင် မယူမချင်း
နှစ်ပေါင်းခြောက်ဆယ်အထိ အ
လုပ် လုပ်နေရဦးမှာ...ဒီတော့
သမ္မတထက် အလုပ်ပိုလုပ်တဲ့
ကျောင်းဆရာ/ဆရာမတွေက
တာဝန်ပိုရှိတာပေါ့.....။
မေးသူ ။ ။ ဟုတ်ကဲ့....ဆရာမလေးရဲ့
အဖြေတွေ အရမ်းနားထောင်
လို့ကောင်းပါတယ်....အခုလို
ဖြေကြားပေးတဲ့အတွက်လည်း
ဆရာမလေးကို ကျေးဇူးတင်ပါ
တယ်....။
ဆရာမ ။ ။ ကျွန်မကလည်း ဆရာမတွေ
ကိုယ်စား ဖြေကြားခွင့်ရတဲ့
အတွက် ကျေးဇူးတင်ပါ
တယ်.....။
( စာရေးဆရာ ဦးဘုန်း ဓာတု မန္တလေး၏
စာအုပ်မှ ကောက်နုတ်တင်ပြသည်)

တရုတ်လူမျိုး အမျိုးသားများနှင့် အတူလိုက်ပါလာသည့် မြန်မာမိန်းကလေးတစ်ဦးအား အရေးယူ၍မရဟုဆို


မုံရွာ၊ မေ ၁၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ကူးတံ
တားထိပ် တန်ပိုစစ်ဆေးရေးဂိတ်နေရာတွင်
 မေလ ၁၄ ရက်နေ့ ည ၈ နာရီက တရုတ်
လူမျိုး အမျိုးသား(၇)ဦးနှင့် အတူလိုက်ပါလာ


ခဲ့သည့် နိုင်ငံသား စီစစ်ရေးကဒ်ပြားမရှိ သည့် မြန်မာအမျိုးသမီးလေးတစ်ဦးအား အရေးယူ၍မရနိုင်ကြောင်း မုံရွာမြို့နယ် လ၀က ဒုတိယ လ၀ကမှူး ဦးသိန်းမောင် ဆိုသူက ပြောပြသည်။

“ ကောင်မလေးက အသက်(၁၈)နှစ်တောင် မပြည့်သေးဘူးဆိုတော့ ကလေးသူငယ် ဥပဒေအရဘဲဖြစ်မှာပါ ..။ ကျွန်တော်တို့အနေနဲ့ အရေးယူလို့မဖြစ်ပါဘူး ..” ဟု ဒုတိယ လ၀ကမှူး ဦးသိန်းမောင် ဆိုသူမှ မုံရွာမြို့မ ရဲစခန်းမှူးရုံးရှေ့တွင် ထိုကဲသို့ ပြောပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာအမျိုးသမီးလေးသည် မော်လိုက်မြို့နယ်၊ ဖာတင်းကျေးရွာနေ (အဖ) ဦးမျိုး၏ သမီး မမျိုး ကြည်ကြည် အသက်(၁၇)နှစ်၊ ဆိုသူဖြစ်သည်။ သူမသည် ကိုးကန့် နဂါးသတ္တုစမ်းသပ်တူးဖော်ရေး ကုမ္မဏီ မိုင်းဆိုဒ်တွင် စာရေးလုပ်ကိုင်ကြောင်း သိရသည်။

“ မမျိုးကြည်ကြည်က ပညာအရည်အချင်း နှစ်တန်း၊ သုံးတန်းဘဲဖြစ်ပါတယ်..။ သူ့အမျိုးတွေနဲ့ တွေ့ချင်တယ် လို့ပြောတယ်..။ နောက်ပြီး မန္တလေးကို မရောက်ဘူးလို့အလည်လိုက်တာပါ..” ဟု ကိုးကန့် ရွှေနဂါး သတ္တု စမ်းသပ်တူးဖော်ရေးကုမ္မဏီ၏ တရုတ်စကားပြန် ကျန်တာချန်း(ခ) ကိုကျော်ထွေး မှ ပြောပြသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်းနင်းရေးအဖွဲ့၏ မှတ်တမ်းများအရ လူကုန်ကူးခြင်းခံရသည့် ဥင်္ီးတည်ရာနိုင်ငံများတွင် တရုတ်နိုင်ငံ(၈၀)ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ (၁၀)ရာခိုင်နှုန်း၊ မလေးရှာားနိုင်ငံ (၆)ရာခိုင်နှုန်း၊နှင့် ပြည်တွင်း(၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လူကုန်ကူးခြင်း အများဆုံးခံရသည့် ပုံးစံများအား မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီး ကာကွယ်နှိမ်းနင်း ရေးအဖွဲ့မှ စစ်တမ်းကောက်၍ မှတ်တမ်းတင်ရာတွင် အဓမ္မထိမ်းမြားလက်ထပ်ခြင်း (၆၉ ဒသမ ၇ ) ရာခိုင် နှုန်း၊ ပြည့်တန်ဆာ (၁၃ ဒသမ ၆) ရာခိုင်နှုန်း၊ အဓမ္မစေခိုင်းခြင်း (၁၀ ဒသမ ၀ ) ရာခိုင်နှုန်း၊ ကလေးသူငယ် (၄ ဒသမ ၈ ) ရာခိုင်နှုန်း၊ အဓမ္မတောင်းရမ်းစေခိုင်းခြင်း (၁ ဒသမ ၄ ) ရာခိုင်နှုန်း၊ အဓမ္မမွေးစားခြင်း (၀ ဒသမ ၃) ရာခိုင်နှုန်း၊ လိင်မှုဆိုင်ရာ ခေါင်းပုံဖြတ်ခံခြင်း(၀ ဒသမ ၂) ရာခိုင်နှုန်း၊တို့ဖြစ်ကြောင်း လေ့လာသိရှိ ရသည်။

အဆိုပါ အသက်(၁၈)မပြည့်သေးသည့် နိုင်ငံသားမှတ်ပုံတင်မရှိသော မြန်မာအမျိုးသမီးလေးတစ်ဦးသည် စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ပလူစ၀ကျေးရွာ ၊ ပလူစ၀ချောင်းဆုံအနီးရှိ ကျောက်မီးသွေး စမ်းသပ်တူးဖော်လျက်ရှိသော တရုတ်နိုင်ငံသား(၂၀)ဦးအား မေလ ၁၄ ရက်နေ့တွင် နောက်ဆုံးထား၍ နေရပ်သို့ပြန်လည်ထွက်ခွားသွားရန် ကလေးဝမြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ အကြောင်းကြားချက်များ အရ နေရပ်သို့ပြန်လည်ထွက်ခွာလာသည့် တရုတ်နိုင်ငံသားများနှင့် အတူလိုက်ပါလာခဲ့ခြင်းဖြစ်သည်။

“ ဘာဘဲဖြစ်ဖြစ် တရုတ်နိုင်ငံသားတွေရဲ့အတူလိုက်ပါလာတယ်ဆိုတော့ စီစစ်မေးမြန်းသင့်ပါတယ်..။ မြန်မာ မိန်းကလေးတစ်ယောက်အနေနဲ့ လူမျိုးခြားတွေကြားမှာ အခုလိုလိုက်ပါလာတာဟာ အလွန်အန္တရာယ်ကြီး ပါတယ်..နှမချင်းစာနာထောက်ထားစွာနဲ့ အခြေအနေမှန်သိရအောင် သူမရဲ့မိဘတွေထံဆက်သွယ်ပြီးမှ ခရီး ဆက်ခွင့်ပြုသင့်တာပေါ့..” ဟု လူကုန်ကူးမှု ကိစ္စရပ်များအား မျက်ချေမပြတ်လေ့လာစောင့်ကြည့်နေသူ မုံရွာ မြို့ခံ မြို့မိ၊မြို့ဖ တစ်ဦးက ပြောပြသည်။

ကိုတိုး ချင်းတွင်း

Wednesday, May 14, 2014

တစ်မိုင် တစ်ဦး အမြန်လမ်း




  “ကို...ရောဟင်...” ဟု ခုတင်ပေါ်မှ တောင့်တောင့်ကြီး ဆန့်နေရသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးက မပွင့်တပွင့် လေသံဖြင့် ခပ်တိုးတိုးလေး မေးရှာသည်။

သူမ၏ မျက်နှာအနှံ့တွင် ပွန်းရှထားသည့် ဒဏ်ရာဒဏ်ချက်တို့က ပြည့်လုနီးပါး။ မေးစေ့တစ်ခုလုံးမှာ မိုးကျ သပြေသီးပမာ ညိုပြောင်ပြောင် အရောင်တောက်နေသည်။ ပြင်းထန်သော အတွင်းပိုင်း ဒဏ်ရာတို့ကို သူမက ခေတ္တမေ့ထားဟန် တူသော်လည်း ဦးခေါင်း အနည်းငယ် စောင်းရုံဖြင့် သူမထံမှ အော်ညည်းသံ ထွက်လာသည်။

အော်ညည်းသံကြားမှပင် မေလ ၁၂ ညနေပိုင်းက နေပြည်တော်-ရန်ကုန်သွား ရာဇာမင်း အဝေးပြေးကားပေါ်မှ သူမနှင့် ပူးတွဲထိုင်လိုက်လာသော ခင်ပွန်းကို သူမက မေးခြင်းဖြစ်သည်။

အထိတ်တလန့်ဖြစ်ဖွယ် မော်တော်ယာဉ် တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်တွင် အကျွတ်အလွတ်ပွဲ ကျင်းပအပြီး တစ်ရက်ခန့်အကြာ မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီက နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာသွားသော ရာဇာမင်း ခရီးသည်တင်ယာဉ်မှာ အမြန်လမ်းတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ကျန်ရှိ ခရီးသည် ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူ ၁၄ ဦးတွင် သူမ၏ ခင်ပွန်းသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ယခုနှစ်အတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သော ဒုတိယမြောက် အမြန်လမ်း ယာဉ်တိမ်းမှောက်မှုလည်း ဖြစ်သည်။

အမြန်လမ်း ၁၁၆ မိုင်တွင် ဧပြီလ ၁၂ ရက် ည ၂ နာရီခွဲအချိန် ဖြစ်ပွားခဲ့သော အဝေးပြေးယာဉ်နှင့် မတ်တူးယာဉ် တိုက်မိအပြီး ၁၃ ဦး သေဆုံးပြီးနောက် တစ်လခန့်အကြာ ရာဇာမင်း ယာဉ်တိုက်မှု ထပ်ဖြစ်ပွားခြင်း ဖြစ်သည်။
“ဟိုဘက်အဆောင်မှာပါ။ ညီမလေး စိတ်မပူနဲ့နော်” ဟု ရာဇာမင်းယာဉ်ပေါ်ပါ ခင်ပွန်းသည်အကြောင်း မေးနေသူကို လူနာစောင့် အမျိုးသမီးက ပြန်အဖြေ ပေးလိုက်သည်။

သို့သော် ဘေးမှ လူနာသတင်းမေးများကို မြင်သာရန် လူနာစောင့်က မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။ ထိုလူနာစောင့်၏ မျက်နှာက တစ်ချက်တစ်ချက် ငိုမဲ့မဲ့။ ဆုံးပါးသွားသူ ခင်ပွန်း ရှိနေသေးကြောင်း လိမ်နေရသည့်အပြင် မချိတင်ကဲ ပြုံးရသည့် အလုပ်ကိုပါ လူနာစောင့်က ပူးတွဲလုပ်နေရသည်။
“ဘာမှမဖြစ်ဘူးနော်။ ကောင်းသွားကြမှာပါ” ဟူသော အားပေး စကားလုံးတို့က သွေးညီနံ့၊ သွေးပုပ်နံ့တို့က ပျံ့နှံ့နေသော ခွဲစိတ်ဆောင်အမှတ် (၁) နှင့်(၂) တို့တွင် ရောပြွမ်းနေ၏။

တိမ်းမှောက်သွားသော ရာဇာမင်း ယာဉ်သည် ညနေ ၆ နာရီ ၄၅ ဝန်းကျင်၌ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ မိုင်ဝန်းကျင်ရှိ တံတားပေါ် အတက်တွင် လမ်းချော်၍ ချောက်အတွင်း ပြုတ်ကျခြင်း ဖြစ်ကြောင်း ယင်းကားမှောက်သည်ကို ဝင်ရောက်ကူညီ ကယ်ဆယ်ခဲ့သည့် မကွေးမြို့မှ ရန်ကုန်မြို့သို့ အမြန်လမ်းမှ ပြန်လာသူ ဦးစိုးမင်းလွင်က ပြောကြားသည်။

ဦးစိုးမင်းလွင်မှာ ထိုးကျသွားသော ယာဉ်ပေါ်မှ ခရီးသည်များကို ပထမဆုံး ကူညီခဲ့သူ။

အခြား ယာဉ်တိမ်းမှောက်၊ တိုက်မှုများကဲ့သို့ပင် အမြန်လမ်း သမိုင်းတစ်လျှောက် လူအများဆုံး သေဆုံးခဲ့သော ယခုယာဉ်တိုက်မှုကိုလည်း လူ့အပြစ်လော၊ လမ်းအပြစ်လော အငြင်းပွားကြဦးမည်။ လမ်းအပြစ် ဖြစ်ကြောင်း ပြောသူတို့တွင်လည်း သက်သေများရှိသည်။

လမ်းတည်ဆောက်မှုအတွက် ကျွမ်းကျင် ပညာရှင်များကို အသုံးပြု၍ အမှန်တကယ် အရည်အသွေး ပြည့်ဝသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို အသုံးပြုခဲ့ကြောင်း သေချာသည့် သက်သေသာဓက မတွေ့ရသေးကြောင်း လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးအဖြစ် ၁၅ နှစ်နီးပါး လုပ်သက်ရှိသူ တောင်ငူမြို့ခံ အင်ဂျင်နီယာတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ကွန်ကရစ်လမ်း ခင်းမယ်ဆိုရင် အောက်ခံမြေသားက အနည်းဆုံး အသားသေလောက်တဲ့  အတိုင်းအတာ ပမာဏလောက် ထားရှိရပါမယ်။ ဒါပေမဲ့ အမြန်လမ်းမကြီးက နှစ်တိုတိုအတွင်း ပြီးစီးပြီး နှစ်တိုတို အတွင်းမှာပဲ ဖြတ်သန်း သွားလာခွင့် ပြုခဲ့တာကို ကျွန်တော် ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ယခုနှစ် သင်္ကြန်လေးရက်တာ ကာလအတွင်းမှာပင် အဆိုပါ အမြန်လမ်းမကြီးပေါ်၌ ယာဉ်မတော်မဆ ဖြစ်ပွားမှုပေါင်း ၂၂ ခု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ၁၆ ဦး အထိရှိခဲ့ကာ လူပေါင်း ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာ၏ ပြောဆိုချက်ကို ထောက်ရှုပါက အမြန်လမ်း၏ အနေအထားမှာ စိုးရွံ့စရာပင်။

ထိုနည်းတူ ယာဉ်မောင်းအပြစ် (လူ့အပြစ်) ဟုဆိုရန်လည်း အကြောင်းခြင်းရာများ ရှိနေသည်။

မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီတွင် နေပြည်တော် မြို့မဈေးကားဂိတ်မှ ထွက်ခဲ့သော ရာဇာမင်းကားသည် နေပြည်တော် စစ်ဆေးရေးဂိတ်အထွက် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းပေါ် စရောက်ကတည်းကပင် ဘယ်ညာယိမ်းနေပြီဟု ခရီးသည်အဖြစ် လိုက်ပါသွားသည့် အစိုးရဝန်ထမ်း အမျိုးသမီးက ဆိုသည်။
“မြန်တာကလည်း မြန်တယ်။ ထိန်းမရဖြစ်တာ သိသာတယ်” ဟု ၎င်းက ခုတင်ပေါ်မှ ပက်လက် အနေအထားဖြင့် ပြောသည်။

ကားပေါ်လိုက်ပါခဲ့သည့် မန္တလေးမြို့နေ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကမူ ကားမောင်းသူမှာ မူမမှန်ဟု ပြောသည်။
“ကားမောင်းတဲ့သူက မူးနေတာလေကွာ” ဟု ဘယ်လက်မောင်းရိုးနှင့် နံရိုးနှစ်ချောင်း ကျိုးသွားသောသူက မကျေနပ်သော လေသံဖြင့် ဆိုသည်။

ကားမှောက်ရခြင်းမှာ လမ်းချောနေသဖြင့်ဟု ပြောဆိုနေသော်လည်း အခင်းဖြစ်ပွားပြီး မကြာမီ အဆိုပါ နေရာသို့ ရောက်သွားချိန်တွင် လမ်းမှာ ခြောက်နေပြီ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ကွန်ပျုတာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာဦးဘဆွေက ပြောကြားခဲ့သည်။
“ဒီတော့ လူအမှားတွေလည်း မကင်းဘူးလို့ ပြောရမှာပါ” ဟု ၎င်းကဆိုသည်။

လူအပြစ်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ လမ်းအပြစ်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ နှစ်ခုစလုံးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ယင်းကြောင့်ပင် အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဝင်းက ယာဉ်မတော်တဆမှုများသည်  ကားကြံ့ခိုင်ရေး ကောင်းမွန်ခြင်း မရှိသည့် အမှားများ ရှိသကဲ့သို လူသားအမှားကြောင့် အများဆုံး  ဖြစ်ပွားရခြင်းကြောင့် အမြန်လမ်းမကြီး တစ်လျှောက်ရှိ အချို့လမ်းပိုင်း နေရာများသည် တစ်ဖြောင့်တည်းရှိပြီး အကွေ့အကောက် နည်းပါးသောကြောင့် ယာဉ်မောင်းများအနေဖြင့် ဂရုစိုက် မောင်းနှင်ရန် လိုအပ်ကြောင်း သတိပေး ပြောဆိုထားသည်။

ယာဉ်တိုက်၊ တိမ်းမှောက်မှုများ များပြားလာကတည်းက အမြန်လမ်းမကြီး ပုံမှန်ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ထိန်းသိမ်းကွပ်ကဲမှုရုံးမှ အထက်မြန်မာပြည် အင်ဂျင်နီယာမှူး ဦးပြည်ဖြိုးဆယ်က ပြောကြားသည်။

“ရာဇာမင်း ယာဉ်တိမ်းမှောက်မှုမှာ ယာဉ်မောင်းအနေနဲ့ ပေါ့ဆမှုလေးတွေကို တွေ့ရှိထားပြီး ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရာဇာမင်း ယာဉ်တိုက်မှုဖြစ်စဉ်တွင် ၄၄ ဦးအနက် ၁၄ ဦး ဆုံးပါးသွားခဲ့ပြီး ကျန်ရှိသူများမှာ အနည်းနှင့်အများ ဒဏ်ရာရကြသည်။ အားလုံး နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင်။

နံရိုးကျိုးခြင်း၊ အရိုးအက်ခြင်း၊ ခေါင်းကွဲခြင်း၊ ခါးမလှုပ်နိုင်ခြင်း၊ မျက်နှာဖူးရောင်ခြင်းနှင့် မမြင်နိုင်သည့် ကိုယ်တွင်းပိုင်း ဝေဒနာတို့က အသက်ရှင် ကျန်ခဲ့သူတိုင်းတွင် ဖြစ်နေဆဲ။ ထူးခြားသည်မှာ ခေါင်းကွဲ၊ ခြေပေါက်ဒဏ်ရာတို့က သုံးမြှောင့်ပါ စကေဘာခေါ် အချွန်လက်နက်ဖြင့်  ထိုးခံရသကဲ့သို့ ဖြစ်နေသည်။ (ဥပမာ-မာစီဒီးကားတံဆိပ်နှင့် ခပ်ဆင်ဆင်တူသည်)။ ထို့အပြင် ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာကြောင့် ကွက်၍ရိပ်ထားရသော ကတုံးကွက်တို့က လူနာအများစုတွင် ရှိပြန်သည်။

“ကားရှေ့ပိုင်းနဲ့ အရင်ကျတာ။ ရှေ့မှန်ကွဲသွားတော့ ကျော်ခွပြီး အပြင်ထွက်လိုက်တယ်။ ဘေးမှာက သွေးတွေနဲ့ အကုန်သေနေပြီလို့တောင် ထင်ထားတာ” ဟု နေပြည်တော်မှ ပြန်လာသော အစိုးရဝန်ထမ်းက သူမ၏ လုပ်ဆောင်ချက်နှင့် အတွေ့အကြုံကို ပြန်ပြောပြသည်။

အဆိုပါကား ပြုတ်မကျမီကပင် ခရီးသည်တို့က အော်ဟစ်ခြင်း မရှိသလို၊ အခင်းဖြစ်ပြီး ချိန်တွင်လည်း ကျယ်လောင်သော အော်ဟစ်သံမထွက်ဟု သူမက ထပ်လောင်းဆိုသည်။

ခရီးသည်များ၏ အော်ဟစ် ညည်းတွားသံက လူနာဆောင်တစ်ခုလုံး ခပ်သဲ့သဲ့ ထွက်နေသည်။ ယမန်နေ့ ညပိုင်းကတည်းက တာဝန်ကျနေသော ဆရာဝန်နှင့် သူနာပြုများက လူနာ၏ ဒဏ်ရာများကို ချုပ်ပေးရသည့် အလုပ်က မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင် အချိန်အထိ မပြီးသေး။ မစိုးရိမ်ရသည့် အသေးစား ပေါက်ပြဲဒဏ်ရာတို့ကို ချုပ်ပေးနေရသည့် အလုပ်က တစ်ခုတင်ဝင် တစ်ခုတင်ထွက် ။

“ညတည်းက မအိပ်ရသေးဘူး။ စိတ်ချရလောက်မှ ပြန်ရမှာ” ဟု  အသက် ၃၀ ဝန်းကျင်ခန့်ရှိ သူနာပြု ဆရာမလေးတစ်ဦးက ဆိုသည်။ သူမ စွပ်ထားသော လက်အိတ်နှင့် ဆေးတွန်းလှည်းပေါ်တွင် သွေးစတို့က မြင်မကောင်း။

ခေါင်းတွင် ဆယ်ပြားစေ့ခန့် ဟောင်းလောင်း ပေါက်နေသည့် လူနာ၊ အပြင်းအထန် ညည်းတွားနေပြီး နာလွန်းသဖြင့် အောက်ပိုင်းအဝတ်ပင် မကပ်နိုင်အောင် ရုန်းနေသော လူနာ စသည်ဖြင့် . . . ။

ထိုလူနာများတွင် အစာစားနိုင်သည့် လူနာဟူ၍ အနည်းအကျဉ်းသာ ရှိသည်။ ရာဇာမင်းကားကို မောင်းနှင်သည့် ဒရိုင်ဘာက အတွင်းလူနာအဖြစ် ကုသနေရသည်။ ယာဉ်အကူကား အခြားခရီးသည် ၁၃ ဦးနှင့်အတူ လူ့လောကကို စွန့်ခွာသွားပြီ ဖြစ်သည်။

လူနာတချို့သူတို့မှာ စိုးရိမ်ရသေးသည်ဟု နေပြည်တော်ကောင်စီမှ သတင်းထွက်သည်။ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးနှင့် ပြည်ထဲရေး ဝန်ကြီးတို့ ရောက်လာသည်။ လူနာ တစ်ဦးစီအတွက် ထောက့်ပံ့ငွေများ ပေးသည်။ သတိရသူကို အားပေးစကား ပြောသည်ကို တွေ့ရသည်။ ထောက်ပံ့ငွေ အရေအတွက် မသိရ။
“စာအိတ်လေးနဲ့ ထည့်ပေးသွားတယ်။ ဘယ်လောက်မှန်း မသိပါဘူး” ဟု လူနာစောင့် အမျိုးသမီးတစ်ဦးက ပြောသည်။

သူမစောင့်နေသော လူနာအမျိုးသမီးမှာ အသက် ၅၀ ခန့်အရွယ် ရှိသည်။ လူနာ သတိမရသေး၍ ဆရာဝန်နှစ်ဦး နံဘေးတွင် ရပ်စောင့်နေသည်။ ကျန်လူနာစောင့် တစ်ယောက်က သတိမေ့နေသူ၏ နှာခေါင်းပေါ်တွင် သံပုရာသီး တစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။ အငိုတစ်ဝက် မျက်ဝန်းတို့က ပူလောင်နေသည့်ဟန်ပြ၏။

ဝန်ကြီးတို့က လူနာများကို ကြည့်၍ စိတ်မကောင်း ဖြစ်သည့်ဟန်။
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတွင် နေ့စဉ် ဖြတ်သန်း သွားလာနေသော ကားအစီးရေမှာ ၃၀၀ နီးပါး ရှိနေပြီး ယာဉ်လိုင်းပေါင်း ၅၀ ကျော်အနက် ယာဉ်မတော်တဆမှု မဖြစ်ပွားသေးသော ကားလိုင်းမှာ မရှိသလောက်ပင် ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်ယာဉ်လိုင်းတစ်လိုင်းမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ပြောကြားသည်။ မှောက်သည့် ယာဉ်များမှောက် နေသည်။ လမ်းပြင်သူများကလည်း ဆက်ပြင်နေသည်။

၂၀၁၄ ခုနှစ် မကုန်မီ လမ်းတိုးချဲ့ မှုများအပြင် ၂၅ မိုင် အရှည်ထိ ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ စတီးလက်ရမ်းများ တပ်ဆင်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အမြန်လမ်း အင်ဂျင်နီယာမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကားသမား ပေါ့ဆမှုကြောင့် ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားခဲ့ရင်တောင်မှ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေနိုင်တဲ့အထိ ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယာဉ်တိမ်းမှောက်မှု များလာသဖြင့် သေမင်းတမန်လမ်းဟုပင် သမုတ်ခံလာရသော ရန်ကုန်-မန္တလေး အမြန်လမ်း၏ အရှည်ကား ၃၆၆ မိုင် ၃ ဖာလုံ ရှိသည်။

လမ်းစဖွင့်သည့် ၂၀၀၉ မှ ယနေ့အထိ ယာဉ်တိမ်းမှောက်မူကြောင့် ၃၆၇ ဦး သေဆုံးခဲ့သည်။
သေဆုံးမှုသည် တစ်မိုင်တစ်ဦးနှုန်း ရှိခဲ့ပြီဖြစ်သော အမြန်လမ်း ဖြစ်နေပြီ။

Written by  အောင်ထက်၊ ဇေယျာကို (တောင်ငူ)
The Voice Weekly

ရာဇာမင်းကား မှောက်ပြီးနောက် ရန်ကုန်-နေပြည်တော် အမြန်လမ်း တိုးချဲ့ရန် အစိုးရ ဆုံးဖြတ်


ရာဇာမင်း, ရန်ကုန်-နေပြည်တော် အမြန်လမ်း, ကားတိုက်မှု, ကားမှောက်မှု, အဝေးပြေး
မတော်တဆမှု မကြာခဏ ဖြစ်နေသည့် ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး မြင်ကွင်း
ခရီးသည် ၁၄ ဦးသေဆုံးစေခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာ တိုးချဲ့သွားရန် အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အပါအဝင် အစိုးရ၀န်ကြီးဌာနများ စုံညီစွာ တက်ရောက်သော အမြန်လမ်း အဆင့်မြှင့်တင်ရေး အစည်းအဝေးကို မေလ ၁၃ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာကို တိုးချဲ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ မိုင် ၂၀၀ ရှည်လျားသော ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ခြောက်လမ်းသွား သို့မဟုတ် ရှစ်လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်လိုက်မည် ဆိုပါက လက်ရှိဖြစ်ပွားနေသည့် မတော်တဆ ထိခိုက်မှုများ နည်းပါးသွားနိုင်သဖြင့် ယခု ၂၀၁၄ ခုနှစ်မှ စ၍ အဆင့်မြှင့်ရန် အစိုးရက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
“တခြားဦးစားပေး ကိစ္စတွေလည်း ရှိခဲ့တော့ အမြန်လမ်းမကြီး အဆင့်မြှင့်ဖို့ကို စောင့်နေခဲ့ရတယ်။ မတော်တဆမှုတွေလည်း ဖြစ်လာတော့ ဒီနှစ်ထဲမှာတင် ခြောက်လမ်း၊ ရှစ်လမ်းသွား လမ်းအဖြစ် ဖောက်ဖို့လူကြီးတွေက သဘောတူလိုက်ကြပြီ။ အဆင့်မြှင့်လိုက်ရင်တော့ မတော်တဆမှုတွေ နည်းသွားမယ်” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ရှင်းပြသည်။
ရန်ကုန်-နေပြည်တော် လမ်းမကြီးဧရိယာ တိုးချဲ့ရန်အတွက် မြန်မာကျပ်ငွေ ဘီလီယံ ထောင်ချီ ကုန်ကျခံ သုံးစွဲမည်ဖြစ်ပြီး အမြန်လမ်းမကြီးဆိုင်ရာ ဥပဒေကိုလည်း လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။
လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားနေသည့် အမြန်လမ်းမ ပြဿနာ ဖြေရှင်းနိုင်ရေး ဝန်ကြီးဌာန ပေါင်းစုံမှ တာဝန်ရှိသူများစုပေါင်း အဖြေရှာ ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေဝင်းက “အရင်တုန်းကတော့ ယာဉ်မောင်းတွေနဲ့ ယာဉ်တွေအပေါ် စစ်ဆေးမှု၊ အရေးယူမှုတွေ မရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရေးယူမှုတွေ ရှိလာတော့မယ်။ ရာဇာမင်းကား တိမ်းမှောက်မှုဖြစ်စဉ်က ယာဉ်မောင်းကိုတော့ အချုပ်နဲ့ ဆေးရုံမှာထားထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမြန်လမ်းတွင် မတော်တဆမှုများ တားဆီးနိုင်ရန် ဒုတိယ သမ္မတ ၂ ဦးဥာဏ်ထွန်း ဦးဆောင်၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်၊ အမြန်လမ်းရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် အဝေးပြေးမော်တော်ယာဉ် ထိန်းသိမ်းရေးလုပ်ငန်းတို့ ပါဝင်သော အမြန်လမ်း မတော်တဆမှု လျော့နည်းရေးစီမံချက် အကောင်အထည်ဖော် မည်ဖြစ်ကြောင်း သိရှိရသည်။
“အဝေးပြေးလမ်းတွေမှာလည်း ထိခိုက်မှုတွေ ဖြစ်တာတွေက အမြန်လမ်းထက် များနေပေမယ့် ကြီးကြီးမားမား ဆိုရင် အမြန်လမ်းမှာ လာဖြစ်နေတာ တွေ့နေရတယ်” ဟု အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့် က သုံးသပ်သည်။
မေလ ၁၂ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် ရာဇာမင်းကားသည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် ည ၆ နာရီ ၄၅ မိနစ် မိုးရွာသွန်းနေချိန် မိုင်တိုင် ၁၉၇ အနီး လမ်းပေါ်တွင် တင်နေသော ရေအိုင်ကို ဖြတ်သန်းစဉ် ကားသည် အရှိန်လွန် စလစ်ဖြစ်ကာ တပတ်လည်၍ မီးရထား ခုံးကျာ် တံတား အောက်သို့ ပြုတ်ကျသွားခဲ့သည်။
ကားပြုတ်ကျမှုကြောင့် ကားပေါ်မှ အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးသွားခဲ့ပြီး ၃၀ ဦးဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၃ ဦးမှာ အသက်အန္တရာယ် စိုးရိမ် ရသည့် အခြေ အနေရှိသည်။
မေ ၁၄ ရက်နေ့ နေပြည်တော်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသော ခရီးသည် ၁၄ ဦး အတွက် အလုံးစုံ အာမခံ ကျပ် ၁၀သိန်း၊ အထူးခရီးသွား အာမခံ ကျပ် သိန်း ၃၀၊ သူတပါးထိခိုက်မှု အာမခံ ကျပ် ၅ သိန်း စုစုပေါင်း ၄၅ သိန်းပေးအပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဒဏ်ရာရသည့် အခြေအနေပေါ်မူတည်၍ ငွေကျပ် ၁ သောင်းမှ ၂၄ သိန်း အထိ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရာဇာမင်းယာဉ်လိုင်းကလည်း သေဆုံးထိခိုက်သော ခရီးသည်များအတွက် ထောက်ပံ့ကြေး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးတွင် ဧပြီလ ၁ ရက်မှ မေလ ၁၃ ရက်အထိ ထိခိုက်မှုပေါင်း ၇၆ မှု၊ ဒဏ်ရာရသူ ၁၆၉ ဦးနှင့် သေဆုံးခဲ့သူ ၄၈ ဦးရှိခဲ့ပြီး သေဆုံးမှု စံချိန်တင်ခဲ့သည့် လများ ဖြစ်ခဲ့ပြီး အမြန်လမ်းမကြီး စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ဧပြီ ၂၂ ရက်အထိသေဆုံးသူ ၃၅၃ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၈၄ ဦး ရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရှိရသည်

နိုင်ငံခြားသားအဖြစ် ခံယူထားသူ မြန်မာတစ်ရာကျော်အနက် ခြောက်ဦးကို နိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြု


အခြားနိုင်ငံသားအဖြစ် ခံယူထားသူ မြန်မာနိုင်ငံ
သား တစ်ရာကျော်အနက် ခြောက်ဦး ကို နိုင်ငံ
သားအဖြစ် ပြန်လည်ခွင့် ပြုခဲ့ကြောင်း လူဝင်မှု
ကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေး
ဦး စီးဌာနမှ သတင်းရရှိသည်။



မြန်မာနိုင်ငံသားအဖြစ် ပြန် လည်ခံယူရန် လျှောက်ထားသည့် အခြားနိုင်ငံသားခံယူထားသူ ၁၃၈ ဦးအနက် ၇၀ ကျော်ကို စစ် ဆေးနေပြီး ၄၀ ကျော်ကို နိုင်ငံ သားအဖြစ် ပြန်လည်ခံယူခွင့် ပြု ခဲ့သည်။ ခွင့်ပြုခဲ့သည့် ၄၀ ကျော် အနက် ခြောက်ဦးကို ယခုနှစ်ဆန်း ပိုင်းတွင် အစိုးရက နိုင်ငံသားစိစစ် ရေးကတ်ပြားများ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ‘‘ခြောက်ဦးက လုံးဝ တရားဝင်နိုင်ငံသားဖြစ်သွားပါပြီ။ ကျန်တဲ့၃၀က အစိုးရက မင်းတို့ နိုင်ငံသားဖြစ်ခွင့်လျှောက်လို့  ရ တယ်လို့ဆိုပေမယ့်  တစ်ဖက် နိုင်ငံက နိုင်ငံသားမပယ်ဖျက်သေး လို့ ဒီခြောက်ယောက်ကိုပဲ  လော လောဆယ် ထုတ်ပေးနိုင်တာပါ’’ ဟု အဆိုပါ ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသားအဖြစ် ပြန် လည်ခွင့်ပြုချက်ရရှိသည့် စာရင်း တွင် အမေရိကန်နိုင်ငံနှင့် သြစ တြေးလျနိုင်ငံသားအဖြစ် ခံယူ ထားသူ အများအပြားပါဝင်သည် ဟုသတင်းရရှိသည်။

ယခင်က မှတ်ပုံတင်ရှိပြီး နိုင်ငံခြားတွင်နေထိုင်စဉ် ပတ်စ်ပို့ သက်တမ်းကုန်ဆုံးသူများ၊ ပတ်စ် ပို့မရှိသူများနှင့် နိုင်ငံခြားတွင် Travel Document ကိုင်ဆောင် ထားသူများသည် အခြားနိုင်ငံ သားအဖြစ် မခံယူထားသော် လည်း အလိုအလျောက်မြန်မာ နိုင်ငံသားအဖြစ် ပျက်ပြယ်ပြီး မူ လကိုင်ဆောင်ထားသော မှတ်ပုံ တင်များ တရားမ၀င်ကြောင်း၊ ထို သူများသည်လည်း လျှောက်ထား နိုင်သည့်အပြင် နိုင်ငံသားအဖြစ် ခံယူထားသူများ နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားနိုင်သည် ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဇွန်လ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မှတ်ပုံတင်လျှောက်ထားသူ များကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံ တော်သမ္မတရုံး၊ အစိုးရအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ စိစစ်မည် ဖြစ်သည်။

လျှောက်ထားသူများကို ၀န် ကြီးဌာနငါးခုက ပုံစံနှစ်မျိုးဖြင့် စိစစ်မည်ဖြစ်သည်။ ပထမတစ် မျိုးမှာ လူဝင်မှုကြီးကြပ်ရေးက ရပ်/ကျေး၊ မြို့နယ်ခရိုင် တိုင်းဒေ သကြီး၊  ပြည်နယ်အဆင့်ဆင့်ရှိ လ၀ကရုံးများတွင် လျှောက်ထား သူသည် မြန်မာနိုင်ငံတွင်နေထိုင် စဉ်က မွေးဖွားသည်မှ ထွက်ခွာ သွားသည့်အချိန်အထိ ဘယ်အ ရပ်ဒေသတွင်နေထိုင်သည့် သန်း ခေါင်စာရင်း၊ ပုံစံ (၁၀) လက်ရှိ မှတ်တမ်း/မှတ်တမ်းဟောင်းများ ကို စိစစ်ပြီး အခြားဝန်ကြီးဌာန များသို့ တင်ပြရမည်ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနက လည်း မြန်မာနိုင်ငံတွင် နေထိုင်စဉ် ရာဇ၀တ်မှုမှတ်တမ်းများ စစ်ဆေး ခြင်းနှင့်   အခွန်တိမ်းရှောင်ကာ အစိုးရနှင့် ငွေကြေးကိစ္စမှုခင်းရှိ၊ မရှိ စစ်ဆေးမည်ဖြစ်သည်။ စစ် ဆေးတွေ့ရှိချက်များကို အစိုးရ အဖွဲ့ဝန်ကြီးများက အစည်းအဝေး တွင်တင်ပြပြီး ယင်းအစည်းအ ဝေးဆုံးဖြတ်ချက်သည် ရာဇ၀တ်မှုမရှိသလို အစိုးရနှင့် စီးပွားရေးအရှုပ်အရှင်းကင်းသူများကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြု   နိုင်ငံသားစိစစ်ရေး ကတ် ပြန်လည်ထုတ်ပေးရေး ထောက်ခံ ချက်ပေးပြီး နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြမည်ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ထောက်ခံ ချက်ပေးခြင်းခံရသူများသည် နိုင်ငံခြားတွင်ရှိနေစဉ် ထိုနိုင်ငံ သားအဖြစ် ခံယူထားသည့်လက် မှတ်   (သို့မဟုတ်)   Travel Document ကို သက်ဆိုင်သည့် နိုင်ငံသို့ ပြန်အပ်ရမည်ဖြစ်သည်။ အပ်နှံပြီးစီးကြောင်း စာနှင့်အတူ မြန်မာသံရုံးတွင် ပြည်တော်ပြန် ရန် CI (Certificate of Identifi-cation) ထုတ်ယူပြီး ပြန်ခဲ့ရမည် ဖြစ်သည်။ ထိုမှသာ နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးမည်ဖြစ် သည်။

7Day News

အင်တာနက်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်



အိုင်တီ, အင်တာနက်, ဆက်သွယ်ရေး ဝန်ကြီးဌာန, သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
ယမန်နှစ်က အင်တာနက် သုံးစွဲသူ ၁ သန်းမှ ယခုနှစ်တွင် ၄ သန်းအထိ တိုးလာသည် (ဓာတ်ပုံ – ဟိန်းထက်/ဧရာဝတီ)
မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ တရှိန်ထိုး မြင့်တက်လာသဖြင့် အင်တာနက် ကော်နက်ရှင်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်ဖြစ်ပြီး လိုင်းများ ကောင်းမွန်လာရန် အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။
၂၀၁၃ ခုနှစ်တွင် အင်တာနက် သုံးစွဲသူမှာ ၁ သန်းခန့်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၄ သန်းခန့် အထိ မြင့်တက်လာသဖြင့် အင်တာနက် လိုင်းကောင်းရန် အနည်ဆုံး ၃ နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်း
သုံးစွဲသူအားလုံးနီးပါးမှာ အင်တာနက်လိုင်း သုံးစွဲမှုကြောင့် အင်တာနက် ကော်နက်ရှင် လိုင်းနှေးကွေးနေရခြင်း ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးသောင်းတင်က နေပြည်တော်တွင် မေလ ၁၁ ရက်နေ့က ဧရာဝတီသို့ ပြောကြားခဲ့သည်။
“အရင်တုန်းက မိုဘိုင်းဖုန်း ပေးရင် ၁၀ ရာခိုင်နှုန်းကပဲ အင်တာနက် သုံးတယ်။ အခုက မိုဘိုင်းသုံးစွဲသူ အားလုံးနီးပါးက အင်တာနက်သုံးနေတာ။ ကျနော်တို့ကတော့ ၃ နှစ်အတွင်း အင်တာနက်လိုင်း မြန်အောင် လုပ်ဖို့ ရှိတယ်။ အင်တာနက်ကို ပိုမြန်အောင် လုပ်ချင်တဲ့ ကုမ္ပဏီကို ကန့်သတ်မထားဘူး။ အင်တာနက် လုပ်ချင်တယ်လို့ လာလျှောက်ရင် ခွင့်ပြုပေးမှာ” ဟု ဒု ၀န်ကြီး ဦးသောင်းတင်က ဆိုသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲသူ ၈ သန်းခန့် ရှိပြီး လူဦးရေ ၄ သန်းမှာ အင်တာနက်ကို မိုဘိုင်းဖုန်းဖြင့် သုံးစွဲနေကြောင်း၊ အင်တာနက် မိုဘိုင်းဖုန်း ၀န်ဆောင်ပေးမည့် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ငန်းများ စတင်နိုင်ပါက အင်တာနက် အမြန်နှုန်း ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။
“အင်တာနက်လိုင်းက တဖြည်းဖြည်းချင်းတော့ ပိုကောင်းလာမှာပါ။ အခုက ကျနော်တို့ Supply က လိုက်တက်လာတာနဲ့ အမျှ Demand က လိုက်တက်လာတော့ အင်တာနက် နှုန်းမြန်ဖို့က ခက်တယ်။ အဲဒီနှစ်ခုက ဘယ်အချိန်မှာ ညီမျှသွားမလဲပေါ့။ တချိန်ချိန်မှာတော့ Supply က လိုချင်သလောက် ရသွားရင် အဆင်ပြေသွားမှာပါ ” ဟု ဒု ဝန်ကြီး ဦးသောင်းတင်က ပြောသည်။
အင်တာနက်လိုင်း ပိုမိုမြန်ဆန်လာစေရန် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ကိုင်မည် ဖြစ်သော်လည်း မြန်မာတနိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် အနည်းဆုံး ၅ နှစ်ခန့် အချိန်ယူရမည်ဟု နိုင်ငံတကာ လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။
“ကျနော်ဆို ဖုန်းနဲ့ အင်တာနက် သုံးတာ။ တနေကုန် သုံးလို့ မရဘူး။ ညဦးပိုင်းလည်း သုံးမရဘူး။ အင်တာနက် သုံးမယ်ဆိုရင် သန်းခေါင်ကျော်အောင် စောင့်ရတယ်။ သန်းခေါင်ကျော် လိုင်းကောင်းမှ မေးလ်ပို့စရာရှိတာ ပို့ရတယ်။ ဒါတောင် တခါတလေ လိုင်းမကောင်းလို့ မိုးလင်းတဲ့ ညတွေရှိတယ်” ဟု အင်တာနက် ပုံမှန်သုံးစွဲသူ ရန်ကုန်မြို့မှ ကိုဇေယျာစိုပြေက ပြောသည်။
အင်တာနက် သုံးစွဲရန် ပေးထားရသော ၀န်ဆောင်ခနှင့် ပြန်ရရှိသော ၀န်ဆောင်မှုမှာ လုံးဝ မမျှတဟု သူက ယုံကြည်နေသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ကလည်း Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်ရန် International ပါတနာ ကုမ္ပဏီအား ရှာဖွေလျက်ရှိပြီး မရရှိပါက Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း ဒု ၀န်ကြီး ဦးသောင်းတင်က ပြောသည်။
“MPT အနေနဲ့ ပါတနာ မရရင်တော့ Ooredoo နဲ့ Telenor ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အခု စပြိုင်နေရပြီ။ အပြိုင်အဆိုင် ဖြစ်လာရင် ဘယ်သူ ဘာလုပ်လို့ ပြောစရာ မလိုတော့ဘူး။ Market က ဆုံးဖြတ်ပေးလိမ့်မယ်” ဟု သူက ဆိုသည်။
ဆက်သွယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အစိုးရက အတည်ပြု ပြဌာန်းထားပြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ အပါအ၀င် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများကို ယင်းဥပဒေနှင့် လုပ်ပိုင်ခွင့်များ ချထားပေးလျက်ရှိသည်။
အစိုးရက ခွင့်ပြုထားသည့် ဆက်သွယ်ရေး မိုဘိုင်း အော်ပရေတာ ၄ ခုမှာ MPT, ရတာနာပုံ တယ်လီပို့၊ Ooredoo နှင့် Telenor Myanmar ကုမ္ပဏီတို့ ဖြစ်သည်။

ကိုးဘွဲ့ရဆရာတော်မှ ဦးသန်းရွှေကို တည့်တည့်ပြောပြီ


သေ သေ ချာ ချာ ဆုံး အောင် ဖတ် ကြည့်ပါ အ
လွန် အင် မတန် ကြောက် ဖို့  ကောင်းတဲ့လုပ်
ရပ် ပါသန်းရွှေတို့  နအဖတွေရဲ့  ဘုရား
တရား သံဃာ စော်ကားမှုများ။ နအဖ
သန်းရွှေနဲ့  မိသားစုတွေ၊ နအဖဗိုလ်ချူပ်ကြီးတွေ


ဟာ သူတို့  ရာထူးအာဏာတည်မြဲရေးအတွက်ကို ရူးနေကြတာမို့  အာဏာတည်မြဲရရင် ပြီးရော သံဃာတော်တွေကို ရိုက်ပုတ်သတ်ဖြတ်တာ

မပြောနဲ့  ဘုရားတောင် မချန် သင့်တော်တာတွေ မသင့်တော်တာတွေ မဆုံးဖြတ်နိုင်ဘဲ လုပ်ချင်ရာ စွတ်လုပ်နေကြပါတယ်။

တန်ခိုးကြီးဘုရားတွေကို ပုံစံတူ စေတီတွေ လိုက်တည်တယ်။
ဘုရားဆင်းတုတော်တွေကို အကျဉ်းချထားသလို လုပ်ပြီး ယတြာချေတယ်။
တန်ခိုးကြီးဘုရားစေတီပုထိုးတွေက မူလ ဌာပနာတွေကို ယူဆောင်ပြောင်းရွှေ့ တယ်၊
ဘုရားစေတီပုထိုးတွေ ထီးတင်ပွဲတွေမှာနအဖကတော် အမျိုးသမီးတွေက နေရာတကာမှာ လုပ်ဆောင်တယ်၊

သန်းရွှေမျက်နှာပုံနဲ့  တူအောင် ဘုရားဆင်းတုတော် တည်တယ်။သန်းရွှေနဲ့  သူ့ မိသားစုတွေကို လက်အုပ်ချီ ကန်တော့ခိုင်းတယ်။

သွားလေရာ အဖြူရောင် ရာဇမတ်ကွက်တွေ ကာရံထားပြီး အပူဇော်ခံကြတယ်။
ဘုရားစေတီဝန်း ဘုန်းကြီးကျောင်းဝန်းတွေအတွင်းမှာလည်း လူသတ်လက်နက် သေနတ်တွေ
တကားကားနဲ့  ၀င်ရောက်ကြတာတွေ လုပ်ကြတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်းကဆိုရင် ဘုန်းကြီးကျောင်းတွေထဲမှာ ပူဇော်ထားတဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရိုက်ဖျက် ပျက်စီးစေတယ်။ဘုရားကို ခုတုံးလုပ်ပြီး ယတြာချေတယ်။

ဒီလို ယတြာချေတဲ့အထဲမှာ အဆိုးရွားဆုံးကတော့ သန်းရွှေမျက်နှာနဲ့ ကျောက်ဆင်းတု တည်ပြီး ရွှေတိဂုံဘုရားမှာ ထားတာဘဲ ဖြစ်ပါတယ်။

ဒီအပြင့် ရွှေတိဂုံဘုရားရဲ့  ငှက်မြတ်တော်အောက်နားမှာလည်း “ဗိုလ်ချူပ်မှူးကြီး သန်းရွှေမိသားစုကောင်းမှု” ဆိုပြီး စာတမ်းထိုးခဲ့တာဘဲ ဖြစ်ပါတယ်။

ဒီတော့ကာ ရွှေတိဂုံဘုရားရောက်ရှိကြတဲ့ ဘုရားဖူးပြည်သူတွေ ရွှေတိဂုံဘုရားကို ဦးချကန်တော့တိုင်း သန်းရွှေ စာတန်းကိုပါ ကန်တော့နေရတဲ့အဖြစ်မျိုး ဖန်တီးတာ ဖြစ်ပါတယ်။


နောက်တည်တဲ့ဘုရားစေတီပုထိုးတွေမှာလည်း စေတီရဲ့  အမြင့်ပိုင်းမှာ ဒီလိုစာတမ်းထိုးတာတွေ ကမ္ဗည်းထိုးတာတွေ အလားတူ ပုံသဏ္ဍန်တွေ လုပ်ထားနိုင်ခြေ ရှိပါတယ်။

နေပြည်တော်မှ ဥပ္ပါတသန္တိဘုရားစေတီတည်တဲ့အချိန်မှာ ရွှေတိဂုံဘုရားက မူလဌာပနာတွေကို ပြောင်းရွှေ့ ကြောင်းနဲ့  ရွှေတိဂုံ ဘုရားကုန်းတော် မှာရှိတဲ့ န၀င်းရုပ်ပွားတော် ကိုးဆူထဲက ဘုရားတစ်ဆူဖြစ်တဲ့ အထက်ပစ္စယံ မှာရှိတဲ့ ”ပတ္တမြားမျက်ရှင်ဘုရား” အစစ်

ပျောက်ဆုံးနေတာကို ပြည်သူတွေထဲက သတိပြုမိသူတွေ ရှိကြပါတယ်။
ဆုတောင်းသိပ်ပြည့်တဲ့ဘုရားလို့  ထင်ပေါ်ကျော်ကြားပါတယ်။

ရွှေတိဂုံဘုရားကို ဘုရားဖူးလာကြတဲ့သူတွေဟာ ပတ္တမြားမျက်ရှင်တန်ဆောင်းတွင်ဖြစ်စေ၊ ပတ္တမြားမျက်ရှင် ရုပ်ပွားတော် ရှေ့မှောက်တွင်ဖြစ်စေ (မေတ္တာသုတ်) ကို ကိုးခေါက်ရွတ်ဆိုလေ့ ရှိပြီးဆုတောင်းမှု ပြုလေ့ရှိပါတယ်။

ဒီဟာကို သိတဲ့ သန်းရွှေဟာ သူ့ ရဲ့  အာဏာတည်မြဲဖို့ ၊ မိသားစု ချမ်းသာကြွယ်ဝဖို့ ၊ အာဏာရှင်စနစ်တည်တံ့ဖို့ အတွက် ဆုတောင်းဖို့  အတွက်သာမက၊ ပြည်သူတွေ တောင်းဆဲ့ဆုတွေ ပြည့်မှာ ကြောက်ပြီး မရိုးသားသော လုပ်ရပ်ကြောင့် ယခုဆိုရင်

”ပတ္တမြားမျက်ရှင်ဘုရား” ဟာ ယတြာချေဖို့ အတွက်ဘဲ အကျဉ်းချထားသလား၊ နေပြည်တော်က နောက်တည်တဲ့ ဥပ္ပါတသန္တိဘုရားစေတီတော်မှာဘဲလား၊ သန်းရွှေမိသားစုသာ သီးသန့်  အပိုင်စီးထားသလား ဆိုတာ သံသယ ဖြစ်ဖွယ်ပါဘဲ။

သန်းရွှေဟာ မိမိကိုယ်ကို ဘုရင်ရူး ရူးနေတာကြောင့် ရှေးခေတ်ကလို ဘုရားတည် နန်းတည် ဘုရားဒကာ ကျောင်းဒကာ ရေမြေ့ ရှင် ဘုန်းတန်ခိုးကြီးလှပေသော ဘုရင်မင်းမြတ်တွေလို အောင်းမေ့ ပြီး ထင်ရာလုပ်နေတာက လူသတ်သမားက သွေးစွန်းနေတဲ့လက်နဲ့ 

ဘုရားတည်နေတာဖြစ်နေတာကြောင့် ဘုရားကို ညာနေ ခုတုံးလုပ်နေတဲ့အတွက် အခုဆိုရင် မြန်မာပြည်မှာ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ မုန်တိုင်းတိုက်တာတွေ၊ ဘုရားစေတီပြိုကျတာတွေ ဖြစ်လာရတာပါ။
****အမှန်တရားအတွက် မည် သူ့ ကို မှ စိုးရီမ်စရာမလို *****

(ကိုးဘွဲ့ရဆရာတော်၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)

ဘုရားရင်ပြင်ပေါ် မန်းတိုင်းဝန်ကြီးချုပ် ဖိနပ်စီးပြီး တက်ရောက်ခဲ့ခြင်း မရှိဟုဆို ဖွင့်ပွဲအခမ်းအနားမှာ ဘုရားအပြင်တွင် ကျင်းပခြင်း ဖြစ်ကြောင်း ပြောကြား


မေလ( ၁၄ ) ရက် ၂၀၁၄ ။ မန္တလေးမြိ့။

ကဆုန်လပြည့်နေ့က ဆိုရှယ်မီဒီယာ ပေါ်တွင် မန္တလေးတိုင်း ၀န်ကြီးချုပ်မှ ကုသိုလ်ဘုရား ရင်ပြင်တော်ပေါ် ဖိနပ်စီး သည်ဟု အငြင်းပွား ဖွယ်ဓာတ်ပုံများ ပျံ့နှံ့လာခြင်း ကိစ္စနှင့် ပက်သက်ကာ ရင်ပြင်ပေါ်သို့ တက် ရောက် ခဲ့ခြင်းမရှိကြောင်း ၀န်ကြီးချုပ်ကိုယ်ရေး အရာရှိမှ တဆင့် မေ ၁၄ရက်နေ့က ပြောသည်။

‘ ဘုရားပုရိဝုဏ်အပြင်ဘက်မှာ ဖွင့်ပွဲလုပ်တာ၊ ဂေါပကအဖွဲ့က ဘုရားထဲက ထွက်လာတာမို့ သူတို့က ဖိနပ်မ ပါဘူး၊ ရင်ပြင်ပေါ်ကို ဖိနပ်နဲ့တက်တာ မဟုတ်ဘူး၊ မယုံလို့၊ မရောက်ဘူးလို့ သွားကြည့်ခြင်တယ်ဆိုရင် ၀န်ကြီးချုပ်ဦးရဲမြင့်က စရိတ် ထုတ်ပေးမယ်လို့ ပြောပါတယ်၊ ကတ္တရာ လမ်းပေါ်မှာကောဇော ခင်းထားတာဖြစ်ပါတယ်၊ ပုရ၀ုဒ်အတွင်းမှာ လုံးဝမဟုတ်ပါဘူး ’ ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ဖြေရှင်းချက်များအပြင် အဆိုပါပွဲသို့တက်ရောက်ခဲ့သော မန္တလေးအခြေစိုက်သတင်းသမားတစ်ဦးက ဘုရားပုရိဝုဏ်အပြင်ဘက် မုခ်ဦးအရှေ့တွင် ပြုလုပ်ခြင်းဖြစ်ပြီး ဘုရားဝင်းအတွင်းမဟုတ်ကြောင်း အတည်ပြု ပြောကြားသည်။

အဆိုပါနေ့က ဆိုရှယ်မီဒီယာပေါ် ၀န်ကြီးချုပ်ဦးရဲမြင့် ဘုရားရင်ပြင်ပေါ်တွင် ဖိနပ်စီးသည်ဟူသော ဓာတ်ပုံနှင့် အတူ ပဲခူးရွှေမောဓောဘုရားရင်ပြင်တော်ပေါ်သို့ အစိုးရကားများ တက်ရောက်လာသည့် ဓာတ်ပုံများထွက် ပေါ်လာခဲ့ပြီးနောက် အငြင်းပွားစရာများဖြစ်ပေါ်ခဲ့ရာ Facebook သုံးစွဲသူအချို့က နိုင်ငံရေးထိုးနက်ချက်တစ် ခုဖြစ်နိုင်ကြောင်းဓာတ်ပုံများအောက်များတွင် ၀င်ေ၇ာက်မှတ်ချက်ပေးခဲ့သည်။

ဝန်ကြီးချုပ်ရဲမြင့်၏ ဓာတ်ပုံသည် မေ၈ရက်နေ့က မန္တလေးမြို့မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားအ ပြင်ဘက်တွင် စိုက်ထူသည့် ယူနက်စကိုကမ္ဘာ့မှတ်တမ်းအမွေအနှစ် ပါဝင်သည့် အထိမ်းအမှတ်ကျောက်စာ စိုက် ထူခြင်းအခမ်းအနားပုံဖြစ်ပြီး ပဲခူးမြို့ ရွှေမော်ဓောဘုရားရင်ပြင်ပေါ်သို့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုး ရအဖွဲ့ ယာဉ်တန်းများ တက်ရောက်ခဲ့သည့် ဓာတ်ပုံများလည်း ထွက်ပေါ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်၊ ပြည်ထောင်စုယဉ်ကျေးမှု ဒုဝန်ကြီး ဒေါ်စန္ဒာခင်၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝန်ကြီးများတက်ရောက်ခဲ့သည်။

မင်းမင်းလတ် , အောင်သန့်ခိုင်
Mandalay News Agency

ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ နေပြည်တော်- ရန်ကုန် ခရီးစဉ် ပိတ်သိမ်း


နေပြည်တော် မေ ၁၄

 နေပြည်တော်မှ ရန်ကုန်သို့ မေ၁၂ရက် ညနေ ၆နာရီက နေပြည်တော် မြို့မဈေး ကားဂိတ်မှ ရန်ကုန်မြို့သို့ ခရီးသည် ၄၆ဦး တင်ဆောင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မှန်လုံ မော်တော်ယာဉ်သည် ည ၆နာရီ ၄၅မိနစ်တွင် အရှိန် မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် (၁၉၇/၆)ကို စတင် တိုက်မိပြီး ဝက်လက် မီးရထား ခုံးကျော် တံတားထိပ်ကို ထပ်မံ တိုက်မိကာ တံတားအောက်သို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။ ယာဉ်ပေါ်၌ ယာဉ်မောင်းတစ်ဦး၊ အကူယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး အပါအဝင် ခရီးသည် အမျိုးသား ၂၉ဦး၊ အမျိုးသမီး ၁၇ဦး၊ စုစုပေါင်း ၄၆ဦးပါရှိသည့် အနက် အမျိုးသား ၁ဝ ဦး၊ အမျိုးသမီး လေးဦး၊ စုစု ပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး နေပြည်တော် ခုတင် - ၁ဝဝဝ ဆေးရုံကြီး၌ အမျိုးသား ၁၆ ဦး၊ အမျိုး သမီး ၁၂ ဦး၊ လယ်ဝေး မြို့နယ် ပြည်သူ့ဆေးရုံ၌ အမျိုးသား နှစ်ဦး၊ အမျိုး သမီး တစ်ဦး၊ ပေါင်းအမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၃ဦး၊ စုစုပေါင်း ၃၁ဦး ဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက် ရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး ယာဉ်အား မဆင်မခြင် မောင်းနှင်ခြင်းနှင့် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသည်များ လုံခြုံစွာ သယ်ယူ ပို့ဆောင်ရေး၌ စနစ်တကျ ကြီးကြပ်ရန် အားနည်း ခဲ့ခြင်းကြောင့် ရာဇာမင်း ခရီး သည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ ရန်ကုန်- နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့်အား နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့မှ ၂ဝ၁၄ခုနှစ် မေ ၁၅ရက်မှ စတင်၍ ပိတ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

ရန်ကုန်မြို့၌ ဒိုင်နာယာဉ် ပြေးဆွဲမှုများကို ရပ်ဆိုင်း၍ ဘတ်စ်ကားများကို အစားထိုး ပြေးဆွဲမည်





 ရန်ကုန်မြို့တွင် ဒိုင်နာယာဉ် ပြေးဆွဲမှု များကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောကြားကြောင်း သိရသည်။

တစ်နှစ်လျှင် ဒိုင်နာယာဉ် အစီး ၅၀ ၀န်းကျင် တိမ်းမှောက်မှု ဖြစ်ပွားပြီး သေဆုံးမှု နှင့် ဒဏ်ရာ ရရှိမှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွား နေသည့်အတွက် ပြေးဆွဲမှုကို မကြာမီ ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း ၊ ဒိုင်နာယာဉ် များသည် ထရပ်ကား အမျိုးအစား ဖြစ်သောကြောင့် ကုန်တင်ရာ၌ သင့်လျှော် သော်လည်း လူစီးရာတွင် ဟိုင်းလတ်ယာဉ် များထက် ပိုမို အန္တရာယ် ရှိသည့်အတွက် ဖျက်သိမ်းမှု အစီအစဉ် တွင် ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ၏ သုံးစွဲမှုစရိတ် စစ်တမ်း ကောက်ယူရာ၌ ၃ ရာခိုင်နှုန်းသည် ယာဉ်ကြောင့် ဖြစ်သည့် သေဆုံးမှု စရိတ်များ ဖြစ်နေပြီး တစ်နှစ်လျှင် ငွေကျပ် သန်း ၃၀၀ ခန့်ရှိကြောင်း ၊ အဝေးပြေး ခရီးသည်များ အတွက် မြန်မာ့ အာမခံ လုပ်ငန်းက ခရီးသွား အာမခံ ထားရှိ ပေးသော်လည်း မြို့တွင်း သယ်ယူ ပို့ဆောင်ရေး ခရီးစဉ်အတွက် အာမခံ ဖွင့်လှစ် ထားခြင်း မရှိကြောင်း ၊ ဟိုင်းလတ်ယာဉ် များကို ရန်ကုန်မြို့တွင်း ၀င်ရောက် ပြေးဆွဲခြင်း မရှိစေရန် ညွှန်ကြား ထားပြီး ဖြစ်ပြီး ယခုအခါ ဒိုင်နာယာဉ် ပြေးဆွဲမှု များကိုပါ ရပ်ဆိုင်း၍ လူစီး ဘတ်စ်ကားများ ကိုသာ အစားထိုး ပြေးဆွဲမည် ဖြစ်ကြောင်း ဦးလှသောင်းမြင့် က ဆက်လက် ပြောကြား ခဲ့သည်။

ရန်ကုန်မြို့တွင် ပြေးဆွဲလျက် ရှိသော ဒိုင်နာယာဉ် အစီးရေမှာ ၁၈၆၈ စီးခန့် ရှိကြောင်း မထသ (ဗဟို) ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

(၄၀၁)

Themyawadydaily

မော်တော်ကားတွေပြည့်နေတဲ့ ရွှေမော်ဓောစေတီရင်ပြင်




 ~
 
ဘုးရား ရင်ပြင်ပေါ်အထိ ကားမောင်းသွားလို့ရတာ   ပဲခူးမြို့  ရွှေမော်ဓောစေတီ ဖြစ်ပါတယ်။ 

ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း မနေ့က ရွှေမော်ဓော စေတီကို ညောင်ရေသွန်းဖို့ သွားရောက်တဲ့ ခရီးစဉ်မှာ သူနဲ့ အရာရှိများရဲ့ မော်တော်ကားတွေ ရင်ပြင်ပေါ် ရပ်ထားတဲ့ ဓာတ်ပုံတွေက အွန်လိုင်းထဲ ချက်ချင်းဆိုသလို ရောက်ချလာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပဲခူး ထွေအုပ်ရုံးကို ဖုန်းဆက် မေးကြည့်တော့ ...

ရင်ပြင်တော်အထိ ကားတက်လို့ ရတယ်၊ ၀န်ကြီးချုပ် လမ်းကြောင်း ရှိလို့ ကော်ဇောအနီပါ ခင်းထားပေးတာ လို့ ပဲခူးမြို့ ထွေအုပ် ဦးခင်သိန်းမောင်က ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

ဒါဆို ဝန်ကြီးချုပ်ရဲ့ သတင်းက ဒီရက်ပိုင်း အများတကာ ဆွေးနွေး ပြောဆိုစရာ ဖြစ်လာပါလိမ့်မယ်။

ကားထဲကအထွက်  ရင်ပြင်ပေါ် ဖိနပ်စီးပြီး ရပ်နေကြတဲ့သူတချို့ရဲ့ ဓာတ်ပုံလည်း အွန်လိုင်းထဲ ရောက်လာပါတယ်။
ထူးခြားတဲ့ဓာတ်ပုံ အွန်လိုင်းထဲ ရောက်လာရင်တော့ အင်မတန် ပျံ့လွယ်ပါတယ်။

ဦးဥာဏ်ဝင်း (ယခင် နိုင်ငံခြားရေးဝန်ကြီး) ဘုရားပေါ် ရိုးရိုးတက်ရင် သတင်းထဲ ပါမယ် မဟုတ်ပါဘူး။
ဆန်းဆန်း တက်တဲ့အတွက် သတင်းထဲ ပါလာပါပြီ။

အစိုးရမင်း ခပ်ကြီးကြီးတွေ   ထူးထူးဆန်းဆန်းလုပ်ရင် လူပြောများပါတယ်။

နယ်လှည့်ပါးရိုက်ခဲ့ကြောင်း ဖြောင့်ချက်ပေးသူတဦးလည်း မကြာသေးခင်က ပေါ်ထွက်လာပါတယ်။
သူ့ကို ဘယ်သူကမှ ရာထူး မဖြုတ်ပါဘူး။ ပါးရိုက်ခံရမှာကြောက်လို့ဖြစ်ပါလိမ့်မယ်။

တခြားတခြားသော ကြီးကြီးမားမားတချို့လည်း ပေါက်ကရမျိုးစုံပြောလို့ သတင်းထဲ ပါလာလို့ ဆူညံခဲ့ပြီးပါပြီ။ အဲဒီထဲက အများအပြားအကြောင်း ဒီဘလော့ http://blog.irrawaddy.org မှာ ဖော်ပြခဲ့ပြီးပါပြီ။

နောင်လည်း ဆက်လက်ပြီး ထူးထူးခြားခြား ပြောပြ ဆောင်ရွက်ပြတာတွေ ပေါ်ပေါက်လာမယ်လို့ ယူဆရပါတယ်။
 


ဧရာဝတီ

Tuesday, May 13, 2014

၁၄ ဦးသေဆုံးသော ရာဇာမင်းကား မှောက်မှု မှ ဒဏ်ရာရသူတချို့ အသက်အန္တရာယ် စိုးရိမ်ရ


ရာဇာမင်း , ကားတိုက်မှု, ရန်ကုန်-မန္တလေး အမြန်လမ်း, နေပြည်တော်
ရာဇာမင်းကားကို ကရိန်းနှင့် မယူနေစဉ်။(ဓာတ်ပုံ-စိုးမင်းလွင် Facebook)
ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ တွင် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော ရာဇာမင်း ခရီး သည် တင်ယဉ် မေလ ၁၃ ရက်နေ့ ညပိုင်းက တိမ်းမှောက်ခဲ့ရာ ခရီးသည်၁၄ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများမှာ လည်း အသက်အန္တရာယ် စိုးရိမ်ရကြောင်း သတင်းရရှိသည်။
ခရီးသည် ၄၄ ဦးလိုက်ပါသော ရာဇာမင်း ခရီးသည်တင်ယာဉ်သည် မေလ ၁၃ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်အချိန် မိုးရွာသွန်းချိန် နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် မိုင်တိုင် ၁၉၇/၆ အနီးတွင် ပျဉ်းမနား-တောင်တွင်းကြီး မီးရထားလမ်း ကုန်းကျော်တံတား အောက်သို့ အရှိန်လွန် ထိုးကျခဲ့ကြောင်း၊ မိုးရွာနေချိန် လမ်းပေါ်တွင် တင်နေသော ရေအိုင်ကို ဖြတ်သန်းစဉ် ကားသည် အရှိန်လွန်စလစ်ဖြစ်ကာ တပတ်လည်၍ ပေ ၃၀ ခန့် အနက် ရှိသော မီးရထား ခုံးကျာ် တံတား အောက်သို့ ပြုတ်ကျသွားကြောင်း၊ ကားပြုတ်ကျမှုကြောင့် ကားပေါ်မှ အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးသွားခဲ့ပြီး ၃၀ ဦးဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၃ ဦးမှာ အသက်အန္တရာယ် စိုးရိမ် ရသည့် အခြေအနေရှိကြောင်း နေပြည်တော် မိုင် ၂၀၁/၆ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးနှင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးထံမှ စုံစမ်းသိရသည်။
“ကားပိတဲ့ သူတွေကတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ သေကုန်ကြတယ်။ သေတဲ့သူကိုတောင် အပြင်ဆွဲထုတ်ဖို့ မလွယ်လို့ ကရိန်းကားကြီး ရောက်လာမှ ဆွဲထုတ် လို့ရတယ်။ဒဏ်ရာရတဲ့ လူနာတွေကို ကားမှန်တွေကို ခွဲပြီး ဆွဲထုတ် ရတယ် ။ ဒဏ်ရာ ရတဲ့သူ ထဲမှာ ၃ ယောက်လောက်က ဒဏ်ရာ တော်တော် ပြင်းတယ်။ စိုးရိမ်ရတဲ့ အခြေ အနေ ရှိတယ်။ ယဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာပဲ ရသွားတယ်။ အခြေအနေ သိပ်မဆိုးဘူး။ ယဉ်မောင်း နှစ်ယောက်မှာတယောက်ပဲ ဒဏ်ရာရသွားတာ။ အခုတော့ ဆေးရုံပို့ထားလိုက်ပြီ” ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သူ နေပြည်တော် အခြေစိုက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဦးမျိုးသက်ပိုင်က ဧရာဝတီသို့ ပြောသည်။
ဧပြီလ ၁၂ ရက်နေ့ က နေပြည်တော်မှ ရန်ကုန်သို့ ထွက်လာသော တောင်ပြာတန်း မှန်လုံခရီးသည်တင်ယာဉ် သည် ယာဉ်အမှတ် ၉က/—-၊ ချီဆာ ဆလွန်းအဖြူရောင်ကို ကျော်တက်နေစဉ် နောက်မှဝင်တိုက်မိပြီး လမ်းလယ် ကျွန်း ပေါ်သို့ ယာဉ် ၂ စီးလုံး တရွတ်တိုက်မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ဧပြီလ ၁၄ ရက်နေ့က အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၆ မိုင် အကျော်တွင် တက်လမ်း ခရီးသည်တင် မှန်လုံယာဉ် ၆င/—- နှင့် နေလ ခရီးသည်တင် မှန်လုံယာဉ် ၅ဂ/—- တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လမ်းတည်ဆောက်မှု ညံ့ဖျင်းမှုနှင့် အရည်အသွေး မကောင်းမွန်မှု၊ ယာဉ်မောင်း၏ မဆင်မခြင် မောင်းနှင်မှု၊ မော်တော်ယာဉ် ချို့ယွင်းမှုတို့ကြောင့် ကားတိုက်မှု၊ ကားမှောက်မှု များ ဖြစ်ပွားလေ့ရှိပြီး အရေအတွက် များပြားသော လူထိခိုက်သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လေ့ရှိသည်

Monday, May 12, 2014

မြန်မာနိုင်ငံက တစ်ပိသာကို ကျပ် ၆ သိန်းကျော်တန်တဲ့ အသီး




တစ်ပိသာကို ကျပ် ၆ သိန်ကျော်တန်တဲ့ အသီးတမျိုးလို့ ပြောနိုင်တယ်။
ဗြိတိန်မှာ ဈေးကြီးပေးဝယ်စားရတဲ့ မြန်မာနိုင်ငံက အလေ့ကျပေါက် အသီးပင်ဖြစ်ပါတယ်။ အသီး ၁၀ လုံးကျော်လောက်ကို ၂ ပေါင်(ကျပ်ငွေ၂၇၀၀ ကျော်) ပေးရပါတယ်၊ တပိသာအလေးချိန်ဆိုရင် ကျပ် ၆ သိန်းကျော်တန်မယ်လို့ ခန့် မှန်းရပါတယ်။
...
သယ်ယူပို့ ဆောင်စရိတ်တော့ရှိလိမ့်မယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်
တောနယ်မှာတော့ ဖေါင်ဖေါင်သီးလို့ ခေါ်ပါတယ်။ အဲ့ဒီအသီး မှည့်တဲ့အခါ အခွံက ခြောက်လာပြီး အသီးလေးက အ၀ါနုရောင်ဖြစ်ပြီး ဆီးသီးစေ့ငယ်လောက်အရွယ်ရှိပါတယ်၊ အရသာက ချဉ်ပြုံးဖြစ်ပြီး အတွင်းကအစေ့က မျိုးပျက်ခရမ်း အစေ့လိုဖြစ်ပါတယ်။

တကယ်တန်းဈေးကွက်ဝင်သီးနှံဖြစ်အောင် အသီးရဲ့  ကျန်းမာရေးအာနိသင်ကို ဖေါ်ပြနိုင်မယ်ဆိုရင် ဈေးကွက်ဝင် အသီးအနှံတခုဖြစ်လာနိုင်တယ်၊မြန်မာနိုင်ငံမှာ အလွယ်တကူ
စိုက်ပျိုးနိုင်တဲ့အတွက် မြေကြီးက ရွှေသီးနိုင်တဲ့ သီးနှံဖြစ်နိုင်ပါတယ်။

တစ်ပိသာကို ကျပ် ၆ သိန်ကျော်တန်တဲ့ အသီး

လုံးဝ မရိုးတဲ့ ရိုးရိုးလေး




==================
ဟိုတယ်တော်တော်များများ တည်းခိုခန်း တော်တော်များများက အထမ်းသမားတွေကို ဧည့်သည်တစ်ယောက်ခေါ် လာပေးရင် ငါးထောင်ပေးတယ်တဲ့ ။ အဲဒီတော့ ကော်မရှင်ရတဲ့ တည်းခိုခန်းကလွဲရင် တခြားတည်းခိုခန်းလုံးဝ မကောင်းကြောင်း ဈေးကြီးကြောင်းပြောပြီး ဇွတ်ကို ဆွဲခေါ်သွားတော့တာပါဘဲ ။
ဒီလိုနဲ့ဘဲ ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်က ' ရိုးရိုးလေး ( ၂ ) တည်းခိုခန်း ' မှာ တည်းဖြစ်ခဲ့ပါတယ် ။ နှစ်ယောက်ခန်းတစ်ခန်းကို ရေချိုးခန်းအိမ်သာတွဲ လျက် လေအေးစက်အပါအဝင်နဲ့ က တစ်ရက်ခြောက်သောင်းတဲ့။ လေအေးစက်မပါ ရေချိုးခန်းအိမ်သာတွဲလျက်က ငါးသောင်းတဲ့ ။ ငွေလက်ငင်းရှင်းရမယ်ဆိုလို့ ရှင်းခဲ့ရပါတယ် ။ အခန်းရလို့ ပစ္စည်းနေရာချတော့မှ လေအေးစက်မရလို့ သွားပြောတော့ မီးစက်နဲ့ဆို မရဘူးတဲ့ ။ အခုမီးပျက်နေတယ် မီးလာရင်ရမယ်တဲ့ ။မနက်အထိဒီအတိုင်းပါဘဲ ။ဒါနဲ့လေအေးစက်မရလို့ အဲဒီအတွက်ငွေပြန်အမ်းပါပြောတော့ ရူးချင်ရောင်ဆောင်နေတယ် ။ တစ်ခန်းငါးသောင်းခြောက်သောင်းပေးထားရပေမဲ့ ရေသန့်ပုလင်းတောင် တစ်လုံးမပေးပါဘူး ။ တောင်းတော့ ဝယ်ရင်လာပို့ပေးမယ်တဲ့ ။
ရေချိုးခန်းအိမ်သာတွဲလျက် ဆိုပေမဲ့ မနက် ငါးနာရီ အိပ်ရာထလို့ ကိစ္စရှင်းဘို့ ကြွေအိုးပေါ် ထိုင် အားလုံးပြီးလို့ ရေဆွဲတော့မှ သေပြီဆရာ ။ ရေမလာတော့လို့ ကယ်ပါ ယူပါ တစာစာနဲ့ နောက်ဆုံးတော့ ရေသန့် တစ်လုံး ငါးရာ နဲ့ ရှင်းခဲ့ရတာ ဒီကိစ္စတစ်ခုထဲအတွက် သုံးလုံးကုန်ခဲ့ပါတယ် ။ လူကလည်း အကျင့် မကောင်းဘူး ဒီနေရာကျမှ အသန့်က ကြိုက်နေတော့ ပိုကုန်တာပေါ့ ။ ဒါနဲ့ ဝန်ထမ်းတွေကိုရေမရတဲ့ အကြောင်းသွားပြောတော့ရေမရှိရင် စုပေါင်းသုံးတဲ့ရေကန်မှာ ရေချိုး ပါ စုပေါင်းသုံးတဲ့ အိမ်သာမှာ အိမ်သာတက်ပါတဲ့ ။
ယူတုန်းကတော့ရေချိုးခန်းအိမ်သာပါတယ်ဆိုပြီး မတရားဈေးတွေယူထားပြီး ပြောတာက လူမိုက်စကား လူတွေက ရုပ်ရှင်တွေထဲက လူမိုက်လိုရုပ်မျိုးတွေနဲ့ ။ ဒီလိုလူတွေကို တမင်ခန့် ထားပြီး ဧဓါးပြ တိုက်နေသလိုပါဘဲ ။ ဓါတ်ပုံထဲမှာပါပါတယ်။ဝန်ထမ်းတွေ ကျားရော မ ရော အတူတူပါဘဲ ။ ဘုရားလာဖူးတာ အကုသိုလ်မဖြစ်ချင်လို့ မနည်းသည်းခံခဲ့ရတယ် ။ ဒါနဲ့ကျိုက်ထိုဟိုတယ်နဲ့ Mountain Top ဟိုတယ်တွေမှာမေးကြည့်တော့ အခန်းခက ငါးသောင်းဘဲ မနက်စာပါတယ် service ကလဲကောင်းတယ် ။ တခြားစီပါဘဲ ။ဘယ်တတ်နိုင်ပါ့မလဲ ။ ကိုယ်ညံ့လို့ ခံလိုက်ရတယ်ဘဲထားလိုက်ပါတယ် ။ ပြောချင်တာက' ရိုးရိုးလေး ' ဆိုပေမဲ့ လုံးဝ မရိုးသားတဲ့ တည်းခိုခန်းအကြောင်းကို အားလုံးသိစေချင်လို့ပါ ။ ၁ ၊ ၂ ၊ ၃ ဆိုပြီး သုံးခုရှိပါတယ် ။ ဘယ်တော့မှ မတည်းသင့်တဲ့ နေရာပါ ။
ကျွန်တော်တို့ တည်းခဲ့တာ 3-5-2014 ညပါ ။
( Khin Maung Wai ၏ Status မှ ကောက်နှုတ်ဖေါ်ပြပါသည်။)

ဗောဓိညောင်ပင်အား ကဆုန်လပြည့်နေ့ မြေချ စိုက်ပျိုးမည်


 
အိန္ဒိယဝန်ကြီးချုပ် မာန်မိုဟန်ဆင်း မှ ဒေါ်အောင်ဆန်းစုကြည် အားအမှတ်တရ ထူးခြား မြင့်မြတ်သော လက်ဆောင်မွန် အဖြစ် ပေးအပ်ခဲ့သောမဟာ ဗောဓိညောင်ပင်အား ကျော်သူ ပရဟိတသာသနာပြုအဖွဲ့ မှလာမည့် မေလ (၁၃) ရက်နေ့(ကဆုန်လပြည့်နေ့ )၌ ပြည်မြို့ ရှိ ပရဟိတအောင်တော်မူစေတီတော်ကြီးတည်ထားရန် ဆောင်ရွက်နေသည့် ပရဟိတတောင်ကုန်းတော်ပေါ်၌ မြေချ စိုက်ပျိုးမည်ဖြစ်ကြောင်းသိရသည်။
 
ယင်း ဗောဓိညောင်ပင်မှာအိန္ဒိယနိုင်ငံသို့ မှရန်ကုန်မြို့သို့ ဒေါ်အောင်ဆန်းစုကြည်က ပင့်ဆောင်လာခဲ့ပြီး ပခုက္ကူဆရာတော်ကြီး(အနိစ္စဆရာတော်ကြီး)ထံ လှူဒါန်း ခဲ့ခြင်းဖြစ်ကာ ဆရာတော်ကြီးပျံလွန်တော်မမူမီက"ဟို …နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ လူကြီးကိုသွားပေးလိုက်ပါ" ဟူ၍ မိန့် မှာခဲ့ခြင်းကြောင့်ပရဟိတလုပ်ငန်းများဆောင်ရွက်နေသူ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူထံ ဆရာတော်ကြီး ၏တပည့်ဒါယကာများက ဆရာတော်ကြီး၏ မိန့်ကြားချက်အတိုင်း ဗောဓိညောင်ပင်ပေါက်အား ပင့်ဆောင်အပ်နှံခဲ့ခြင်းဟုသိရသည်။
 
 မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံရှိ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များ အားလုံးကိုယ်စားတည်ထားကိုးကွယ်မည့် "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်"ကြီးအား နာရေး ကူညီမှု အသင်း(ရန်ကုန်)သို့ လှူဒါန်းထားကြသော အလှူရှင်များ၏ အလှူငွေအား လုံးဝ (လုံးဝ) အသုံးပြု မည်မဟုတ်ကြောင်း၊ ပရဟိတစိတ် ဓာတ်ရှိသော၊ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့်သုံးနေကြသော အလှူရှင်များ၊ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များမှ သီးခြားလှူဒါန်းသော သာသနာပြု အလှူ ငွေဖြင့်သာ တည်ထားကိုးကွယ်မည်ဖြစ်ကြောင်းလည်း ဦးကျော်သူကဆိုပါသည်။
အဆိုပါ"မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်"တည်မည့်တောင်ကုန်းတော်မှာပြည်မြို့  ရွှေ ဘုံသာမုနိ ဘုရားနှင့် ဖိုးဦးတောင်စေတီတော်မြတ်အကြား၌တည်ရှိသည်။

Popular Myanmar News Journal

သာသနာဖျက် ဆိုတေး


သာသနာဖျက် ဆိုတေး
**************************
မရေးချင်၊ မပြောချင်လို့ ငြိမ်ငြိမ်နေလေ၊ ရေးစရာ ပြောစရာတွေက တစ်ခုပြီးတစ်ခု တွေ့လေလေပဲ၊ အောက်ကပုံက အဆိုတော် (ဆိုတေး) ဆိုတဲ့သူ၊ ဒုလ္လဘရဟန်းဝတ်ပြီး ဓာတ်ပုံရိုက်တာတဲ့။ ကြည့်ပါဦး။ ဝိနည်းမသိ၊ စည်းကမ်းမသိ၊ လုပ်ချင်တိုင်းလုပ်၊ စော်ကားချင်တိုင်း စော်ကားနေတော့တာပဲ။ သာသနာမှာ ဒီလိုကောင်မျိုးတွေ မထားသင့်ပါ။ မရှိသင့်ပါ။ သာသနာကို နွားခြံလို သဘောထားပြီး ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် လုပ်ချင်တိုင်းလုပ်နေကြတယ်။ ဓာတ်ပုံရိုက်တာကို အပြစ်လို့မပြောချင်ပါ။ 
 
ဒါပေမယ့် အပြစ်ကင်းအောင် ရိုက်ဖို့ပြောချင်ပါတယ်။ အများကြည်ညိုအောင် အများလေးစားအောင်၊ အများ သာဓုခေါ်ဆိုချင်အောင်၊ ရိုက်မယ်ဆိုရင် ဒီစကားပြောစရာမလိုပါ။ လူသိများတဲ့ တစ်ချို့ သူတွေ၊ ရာထူးကြီးသူတွေ၊ ဂုဏ်ကြီးသူတွေ၊ ချမ်းသာတဲ့သူတွေ သာသနာထဲဝင် ရဟန်းတက်တဲ့အခါ ဒါမျိုးတွေလုပ်လေ့လုပ်ထရှိတာ မကြာခဏ တွေ့နေရတယ်။ အားလုံးကိုမဆိုလိုပါ။ တစ်ချို့ကိုပြောတာပါ။

နောက်တစ်ကောင်ရှိသေးတယ်။ ရဲတိုက်၊ ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းပါတယ်ဆိုပြီး လိမ်ညာတဲ့သူ၊ သူ့ကို အင်တာဗျူး လုပ်တော့ ဝေ့လည်ကြောင်ပတ်ပြောသွားတယ်။ အမှန်က ဘာသာကူးပြောင်းတာမဟုတ်ဘူး။ အနုပညာလောကမှာ သူ့ကို အားပေးမှုအားကောင်းလာအောင် သက်သက်မဲ့ ဘာသာကူးပြောင်းတယ်ဆိုပြီး လိမ်ညာသွားတာ။ ဘုမသိ ဘမသိသူတွေကတော့ ရဲတိုက်ကိုအားပေးနေတုန်းပဲ။ ဒါရိုက်တာတွေလည်းပါတယ်။ အဆိုတော်တွေလည်းပါတယ်။ 
 
သရုပ်ဆောင်တွေလည်းပါတယ်။ ပြီးတော့ ခပ်ညံ့ညံ့ပရိတ်သတ်တွေလည်းပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလူထက်တော်တဲ့ ဗုဒ္ဓဘာသာဝင်သရုပ်ဆောင်တွေ၊ ပရဟိတလုပ်ဆောင်နေတဲ့ ဗုဒ္ဓဘာသာဝင် အနုပညာရှင်တွေ အများကြီးပါ။ အမေကျော်ပြီး ဒွေးတော် မလွမ်းစေချင်ပါ။ 
 
ရဲတိုက် ဆေးခြောက်အမှုနဲ့ ထောင်ကျတယ်ဆိုပြီး သတင်းထဲ ဖတ်ရတော့ စိတ်မကောင်းဘူးဆိုပြီးလည်းကောင်း၊ ဆေးခြောက်တစ်ကျပ်သားနဲ့ ထောင် ၆နှစ် ကျတာ မတန်ဘူးလို့ ပြောသူပြော ဝိုင်းပြီး နာနေလိုက်ကြတာ။ ထောင်ကျတာကို ဝမ်းသာလို့ပြောနေခြင်းမဟုတ်ပါ။ အကဲပိုလွန်းလို့ ပြောနေခြင်းပါ။ သူအပြစ်နဲ့ ထိုက်တန်တဲ့ အပြစ်ကိုခံရတာတောင် ဝိုင်းနာနေကြတာ တော်တော်ကို အံ့သြရပါတယ်။
 

မကွေးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် စာရေးသား ဆန္ဒပြမှုများပေါ်ပေါက်


မကွေးမြို့အတွင်းရှိ နေရာအချို့တွင် ၀န်ကြီး
ချုပ်ဦးဘုန်းမော်ရွှေ ရာထူးမှ နုတ်ထွက်ပေးရန် စာရေးသားဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း သတင်း
ရရှိသည်။


မကွေးမြို့အတွင်းရှိ လူစည်ကားရာနေရာများ၊ အဆောက်အအုံအချို့၏ နံရံများနှင့် ကြော်ငြာဆိုင်းဘုတ်များတွင် ‘ဘုန်းမော်ရွှေ မကွေးတိုင်းမှ နုတ်ထွက်ပေး’ဟု ရေးသားထားပြီး ၀န်ကြီးချုပ်အား ရာထူးမှ ဆင်းပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းစာရေးသားဆန္ဒထုတ်ဖော်မှုမှာ မေလ ဒုတိယပတ်အတွင်း စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အာဏာပိုင်များက လိုက်လံဖျက်ပစ်နေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဝန်ကြီးချုပ် နုတ်ထွက်ပေး ရေးစာရေးသား လှုံ့ဆော်သူများသည် အများပိုင်နေရာများတွင်လည်း ရေးသားမှုများ ပြုလုပ်ခဲ့ ကြောင်း၊ စာရေးသားမှုများပြုလုပ်ခဲ့သည့် လက်သည်တရားခံကို စုံစမ်းလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိက 7Day မှ ဖုန်းဖြင့် မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ယောက်ကိုမျှ ဖမ်းဆီးအရေးယူမှုမပြုထားသေးကြောင်း အဆိုပါအရာရှိက ပြောသည်။

ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုအနည်းဆုံး ၀န်ကြီးချုပ်အဖြစ် သတင်းမီဒီယာများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ ဝေဖန်မှုကို တောက်လျှောက်ခံခဲ့ရသူ လည်းဖြစ်သည်။

သူ၏ ၀န်ကြီးချုပ်သက်တမ်းအတွင်း သတင်းမီဒီယာများကို တရားစွဲဆိုခြင်း၊ စာပေဟောပြောပွဲများနှင့် ဆန္ဒထုတ်ဖော်ပွဲများကို ပိတ်ပင်ခြင်းများကြောင့်လည်း ဝေဖန်ခံခဲ့ရသူလည်း ဖြစ်သည်။ ဝေဖန်မှုများရှိနေသော်လည်း ဦးဘုန်းမော်ရွှေလက်ထက်တွင် မကွေးမြို့နယ်သည် နိုင်ငံတော်သမ္မတက ပေးအပ်သည့်  ၂၀၁၄ အတွက် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့နယ်ဆု ရရှိခဲ့သည်။

7DayNews Daily

ပိုက်ဆံမထုတ်ပဲ ရွှေသာ ထုတ်ပေးတဲ့ ဒူဘိုင်းက ATM စက်

ပိုက်ဆံမထုတ်ပဲ ရွှေသာ ထုတ်ပေးတဲ့ ဒူဘိုင်းက ATM စက်   အာရပ်စော်ဘွား သူဌေးများ နေထိုင်ရာ ယူအေအီး နိုင်ငံက ဒူဘိုင်း မြို့မှာ ဖြစ် ပါတယ်။ ပိုက်ဆံ ထုတ်တဲ့ ATM အပြင် ရွှေတွေချည်း သီးသန့် ထုတ်ပေးတဲ့ ATM စက်ပါ ထားရှိထားကြောင်း သိရ ပါတယ်။   ဒါဟာ တိုင်းပြည်က လူချမ်းသာ အရေအတွက် များပြား ကြောင်းကို ထင်အပ် စေတဲ့ ဂုဏ်ပုဒ် တစ်ခု ပါပဲ။ ရွှေထုတ်ပေးတဲ့ ATM စက်ရဲ့ လုံခြုံ ရေး ကိုလည်း အသေအချာ ပြုလုပ်ပေး ထားပါတယ်။ ထုတ်ယူ နိုင်တဲ့ ရွှေက ၂၄ ကာရတ် အရည်အသွေး ရှိပြီး အမျိုးအစားပေါင်း ၃၂၀ ကို ထုတ်ပေး နိုင်တယ် လို့ ဆိုပါတယ်။ တစ်ခါတည်း ဝတ်နိုင်လောက်အောင် ရယ်ဒီမိတ်တွေ ထုတ်ပေး ခြင်း ဖြစ်ကြောင်း ဆို ပါတယ်။   လိုချင်တဲ့ အလေးချိန် ပမာဏနဲ့ ရွှေအမျိုးအစားကို ရွေးချယ်လို့ ရပါတယ်။ ဒီတော့ အတွင်းမှာ အော်တို အလုပ်လုပ်တဲ့ ရွှေစက်ရုံ အသေးစားပဲ ရှိနေ လား၊ အမျိုး ၃၂၀ မကသော ရွှေပစ္စည်းတွေများ ထည့်ထား သလား ဆိုတာ မသိရ ပါဘူး။ လက်ရှိမှာ ယင်းဟာ ကမ္ဘာ့ပထမဆုံး ရွှေထုတ်ပေးတဲ့ ATM စက်အဖြစ် စံချိန်တင်သွားပြီး အလုံးရေ များများ ထုတ်လုပ်လို့ မြို့ အနှံ့ တပ်ဆင် အသုံးပြု သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။ . Ref: dyknow အောင်ခမ်း (ရိုးရာလေး)  http://www.yoyarlay.com/international-news/mid-east/40824-dubai-first-gold-atm-machine.html  .

အာရပ်စော်ဘွား သူဌေးများ နေထိုင်ရာ ယူအေအီး နိုင်ငံက ဒူဘိုင်း မြို့မှာ ဖြစ် ပါတယ်။ ပိုက်ဆံ ထုတ်တဲ့ ATM အပြင် ရွှေတွေချည်း သီးသန့် ထုတ်ပေးတဲ့ ATM စက်ပါ ထားရှိထားကြောင်း သိရ ပါတယ်။
ဒါဟာ တိုင်းပြည်က လူချမ်းသာ အရေအတွက် များပြား ကြောင်းကို ထင်အပ် စေတဲ့ ဂုဏ်ပုဒ် တစ်ခု ပါပဲ။ ရွှေထုတ်ပေးတဲ့ ATM စက်ရဲ့ လုံခြုံ ရေး ကိုလည်း အသေအချာ ပြုလုပ်ပေး ထားပါတယ်။ ထုတ်ယူ နိုင်တဲ့ ရွှေက ၂၄ ကာရတ် အရည်အသွေး ရှိပြီး အမျိုးအစားပေါင်း ၃၂၀ ကို ထုတ်ပေး နိုင်တယ် လို့ ဆိုပါတယ်။ တစ်ခါတည်း ဝတ်နိုင်လောက်အောင် ရယ်ဒီမိတ်တွေ ထုတ်ပေး ခြင်း ဖြစ်ကြောင်း ဆို ပါတယ်။
လိုချင်တဲ့ အလေးချိန် ပမာဏနဲ့ ရွှေအမျိုးအစားကို ရွေးချယ်လို့ ရပါတယ်။ ဒီတော့ အတွင်းမှာ အော်တို အလုပ်လုပ်တဲ့ ရွှေစက်ရုံ အသေးစားပဲ ရှိနေ လား၊ အမျိုး ၃၂၀ မကသော ရွှေပစ္စည်းတွေများ ထည့်ထား သလား ဆိုတာ မသိရ ပါဘူး။ လက်ရှိမှာ ယင်းဟာ ကမ္ဘာ့ပထမဆုံး ရွှေထုတ်ပေးတဲ့ ATM စက်အဖြစ် စံချိန်တင်သွားပြီး အလုံးရေ များများ ထုတ်လုပ်လို့ မြို့ အနှံ့ တပ်ဆင် အသုံးပြု သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

Sunday, May 11, 2014

ကားတွေ မီးလောင်တာ တင်သွင်းခွင့် ပေါ်လစီကြောင့်လား


ကားတင်သွင်းခွင့်, ပေါ်လစီ, မီးလောင်, ကားပါမစ်, ကားဈေး
ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် Probox အမျိုးအစား မော်တော်ယာဉ်တစီး မီးလောင်ကျွမ်းနေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်နေစဉ် (ဓာတ်ပုံ – မြတ်သူ)
ခုရက်ပိုင်း စိတ်ဝင်စားနေတဲ့ သတင်းက ဂျပန်ပြည်က တင်သွင်းလာတဲ့ ပရိုဘောက်စ် ကားတွေ တစ်စီးပြီး တစ်စီး မီးလောင်နေတဲ့ ကိစ္စပါ။  တချို့ကားတွေကတော့ ရှမ်းပြည်နယ် လားရှိုး – မူဆယ် လမ်း လိုနေရာမှာ မီးလောင်တာပါ။ တစီးကတော့ မန္တလေး ကနေ ပြင်ဦးလွင် အတက် ကားလမ်းမှာ လောင်တာပါ။ အခုနောက်ဆုံး မီးလောင်တာကတော့ ကမ္ဘာအေး ဘုရားလမ်းမှာ ကမ္ဘောဒီးယား နိုင်ငံသူ တယောက် မောင်းလာတဲ့ ပရိုဘောက်စ် တစီး မီးလောက်တာပါ။ ဒီလို ပရိုဘောက်စ် ကားတွေ တစီးပြီး တစီး မီးလောင်တယ် ဆိုရင် အဲဒီ ကားထုတ်လုပ်တဲ့ တိုယိုတာ ကုမ္ပဏီက ကြေငြာချက် တခုခု တော့ ထုတ်ပြန်ရပါလိမ့်မယ်။ ဒါမှမဟုတ် မီးလောင် ခံရသူတွေကလည်း တိုယိုတာ ကုမ္ပဏီကို တရားစွဲဖို့ ဘာဖို့ လုပ်ကိုင်ကြရပါတော့မယ်။
ဒါပေမယ့် ဆန္ဒ မစောကြပါနဲ့ဦး။ ပရိုဘောက်စ်တွေ မီးလောင်တာဟာ သူ့ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကားကို သတ်မှတ် စံချိန်စံညွှန်းအတိုင်း မသုံးပဲ၊ ကိုယ့် သုံးစွဲပုံက မှားယွင်းနေရင် တရားစွဲ စရိတ်တောင် ရှုံးနေပါဦးမယ်။ ဒါဆို ပရိုဘောက်စ် တွေ မီးလောင်တာ ဘာကြောင့်ပါလဲ၊ အစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီ မှားယွင်းနေမှုကနေ ပေါ်ပေါက်လာတဲ့ ပြဿနာဆိုရင် လက်ခံနိုင်ကြပါမလား၊ ဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။
သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာတဲ့အခါ ကားတင်သွင်းခွင့် ပေါ်လစီ အပြောင်းအလဲ လုပ်ပါတယ်။ အရင် စစ်အာဏာရှင်တွေ လက်ထက် ကားတင်သွင်းခွင့် ပေါ်လစီ ကတော့ အလွန်ဆိုးရွားပါတယ်။ ပြည်သူတွေကို ကားတင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားပါတယ်။ ဒီလို ပိတ်ပင်ထားတဲ့ အတွက် တိုင်းပြည်စီးပွားရေး နဲ့ လူနေမှု လိုအပ်ချက်ထက် တင်သွင်းတဲ့ကား အရည်အတွက် နည်းနေတဲ့အခါ ကားဈေးနှုန်းတွေ အလွန်အမင်း ကြီးမြင့်သွားပါတယ်။ ဘယ်လောက်အထိ ကြီးမြင့်သွားသလဲဆို နိုင်ငံတကာ ဈေးကွက်မှာ တစ်စီးကို ကျပ် သိန်း ၃၀-၄၀ လောက်ပဲ ပေးရမယ့် တိုယိုတာ ဗင်ကားတစ်စီး ပြည်တွင်းမှာ ကျပ် သိန်း ၁၀၀၀ ကျော် ပေါက်ပါတယ်။ ပြည်ပမှာ ကျပ်ငွေ သိန်း ၃၀၀ ကနေ ၅၀၀ အကြား မော်ဒယ်မြင့် ဆာ့ဖ် လို ပရာဒို လိုကားမျိုး ပြည်တွင်းမှာ ကျပ် သိန်း ၃၀၀၀- ၄၀၀၀ အထိ မြင့်တက်ပါတယ်။
ဒီအတွက် စစ်အာဏာရှင် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ကားပါမစ် တစ်စီး လက်မှတ်ရေးထိုး ထုတ်ပေးလိုက်ရုံနဲ့ ကျပ်ငွေ သိန်း ထောင်နဲ့ချီ အကျိုးအမြတ် ရတာမို့ အတော့်ကို ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းခဲ့ကြပါတယ်။ ပြည်သူတွေ အတွက်ကတော့ ကားစီးရဖို့ အရေး မလိုလားအပ်တဲ့ ငွေအများအပြား အကုန်ခံကြရတာပါ။ ဒီလိုနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် လက်ထက်ရောက်တဲ့အခါ ကားတင်သွင်းခွင့် ပေါ်လစီကို ပထမ ဦးဆုံး ချိုးဖေါက်ပေးခဲ့သူက ရထားဝန်ကြီး ဦးအောင်မင်းပါ။ အနှစ် ၄၀ အထက် ယာဉ်အို ယာဉ်ဟောင်း လာအပ်ရင် တပတ်ရစ် ကားတစ်စီး တင်သွင်းခွင့်ပြုမယ်လို့ ကြေညာပါတယ်။ ဒီလိုနည်းနဲ့ ကားဟောင်းပိုင်ရှင်တွေလည်း အဆင်ပြေ၊ တိုင်းပြည်အတွက်လည်း ကားသစ်တွေ တိုးပွား၊ ကားဈေးတွေလည်း ကျ ဆိုတဲ့ အခြေအနေ စ ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ပိုင်း စီးပွား-ကူးသန်း ၀န်ကြီးဌာနကပါ ပြည်သူတဦးချင်းစီ ကားတင်သွင်းခွင့် ပါမစ်တွေ ထုတ်ပေးလိုက်တဲ့အခါ ကားဈေးတွေ အထိုက်အလျောက် ကျလာပါတယ်။
ကားတင်သွင်းခွင့် ပိတ်ပင်ထားလို့ တိုင်းပြည်ထဲမှာ ကားဈေးတွေ အလွန့်အလွန် မြင့်တက်၊ ကားတွေ ရှား၊ ပြည်သူတွေ ကားမသုံးနိုင်၊ ဆင်းရဲသားတွေလို ဖြစ်နေတဲ့ အခြေအနေ ကနေ အစိုးရသစ် တက်လာပြီးနောက် စီမံကိန်း ၀န်ကြီး ဦးတင်နိုင်သိန်းက ကားတင်သွင်းခွင့်နဲ့ ပတ်သက်တဲ့ စီမံကိန်း တခု အစိုးရနဲ့ တိုင်းပြည်ကို ချပြပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ လူ ၁၀၀၀ မှာ ကား ၆ စီးလောက်ပဲ ပိုင်တာပါ။ ဗီယက်နမ်က ၁၂ စီး၊ ကမ္ဘောဒီးယားက အစီး ၂၀ လောက် ပိုင်နေပါပြီ။ ထိုင်းကိုတော့ နှိုင်းယှဉ်လို့တောင် မရပါဘူး။ ဒီအတွက် လာမယ့် ၂၀၁၅ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ လူ ၁၀၀၀ ကား ၁၂ စီး ပိုင်ဆိုင်နိုင်အောင် အကောင်အထည် ဖော်မယ်လို့ ကြေညာခဲ့ပါတယ်။
တကယ်ဆိုရင် စီးပွား- ကူးသန်း ၀န်ကြီးဌာနဟာ စီမံကိန်း ၀န်ကြီးဌာနရဲ့ စီမံကိန်း လျာထားချက်က တနှစ် ကား ဘယ်နှစ်စီး တင်သွင်းမယ်၊ တိုင်းပြည်မှာ လိုအပ်နေတဲ့ ကားအမျိုးအစား တွေက ဘယ်လိုမျိုးဖြစ်တယ်၊ အဲဒီကားတွေ ပြည်တွင်း ရောက်လာအောင် အခွန်စနစ် ဘယ်လို ချမှတ်ကျင့်သုံးမယ် ဆိုတာမျိုး ပေါ်လစီ ချမှတ်ခဲ့ဖို့ လိုပါတယ်။ ဒါပေမယ့် မလုပ်ခဲ့ပါဘူး။ ဘာ စနစ်ကျတဲ့ ပေါ်လစီ၊ စီမံကိန်းမှ ရှိပုံမရပါဘူး။ ဒီလိုနည်းနဲ့ ကားဟောင်းလဲတာ၊ ကား တင်သွင်းခွင့်ပေးတာ လုပ်ခဲ့ပြီးတဲ့နောက် ဒီနေ့အချိန် ဂျပန်ကနေ တပတ်ရစ် ကား အစီး ၂ သိန်း ၈ သောင်းလောက် တင်သွင်းခဲ့ပြီးပြီလို့ ဆိုပါတယ်။ ကားဟောင်းလဲတာက အစီးရေ ၁ သိန်း ၀န်းကျင် ရှိတဲ့အတွက် တိုးပွားလာတာက ၁ သိန်း ၈ သောင်းလောက်ပါ။ အဲဒီ အထဲမှာ ကားပြခန်းတွေကို အပ်ကုန်စနစ်နဲ့ တင်သွင်းခွင့်ပြုထားတာတွေလည်း ပါတဲ့အတွက် တကယ့်တကယ် ပြည်တွင်းမှာ တိုးပွားလာတာ ကားအစီးရေ ၁ သိန်း ၅ သောင်းလောက်ပဲ ရှိပါတယ်။
ပြောရရင် ဒီနေ့ ရန်ကုန် လမ်းတွေပေါ်မှာ ကားတွေ ကြပ်နေတာကို မြင်နေရပေမယ့် အခြား ပြည်နယ်နဲ့ တိုင်း မြို့နယ်တွေကို ကြည့်ရင်တော့ ကားတွေ မမြင်ရသလောက် နည်းနေပါတယ်။ ရန်ကုန်မှာ ကားတွေ ကြပ်နေတာဟာ စီမံခန့်ခွဲမှု အလွန်ညံ့ဖျင်းလို့ ဖြစ်ပြီး နယ်တွေမှာတော့ ပြည်သူတွေက ကား ၀ယ်မသုံးနိုင်လို့ ကားရှားနေတာပါ။ ဒီလို ဖြစ်ရတာကလည်း အစိုးရဟာ ကားတင်သွင်းခွင့် ပေးလိုက်တယ် ဆိုပေမယ့် အကောက်ခွန်နဲ့ မော်တော်ယာဉ် မှတ်ပုံတင်ကြေး သတ်မှတ်မှု မြှင့်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေ ကားဝယ် မစီးနိုင်သေးတာပါ။ အကောက်အခွန်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ အစိုးရသစ် တက်လာပြီးနောက် ကားအစီးရေ ၂ သိန်း ၈ သောင်း တင်သွင်းခွင့်ပြုတာကနေ အခွန် ကျပ်ငွေ ဘီလျံ ၈၀၀ ကျော်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ကားတစ်စီး အတွက် အခွန် ကျပ် သိန်း ၃၀ နီးပါး ကျသင့်တဲ့ သဘော ဖြစ်နေပါတယ်။ ယာဉ်မှတ်ပုံတင်ကြေးပါ ပေါင်းရင် ကားတစ်စီး အခွန်အခ ကျပ် သိန်း ၅၀ ကနေ ၆၀ ကျသင့်နေရတဲ့ သဘောပါ။ ကားစီးမယ့်သူတွေဟာ ဂျပန်က ကားတန်ဘိုး၊ သယ်ယူပို့ဆောင်စားရိတ်၊ အထွေထွေ အခွန်အခ၊ အကောက်အခွန်၊ မော်တော်ယာဉ် မှတ်ပုံတင်ကြေးနဲ့ ပေါင်းလိုက်ရင် ကားတစ်စီးတန်ဘိုးဟာ အိမ်နီးချင်း နိုင်ငံတွေမှာထက် ၃ ဆကနေ ၅ ဆ ကျော်အထိ မြင့်တက်နေလို့ ကား ၀ယ်မစီးနိုင်ကြသေးတာ ဖြစ်ပါတယ်။
ဒီလို အခွန်အခ တွေ မြင့်မားနေတဲ့ အတွက် ကားတင်သွင်းတဲ့အခါမှာလည်း မူမမှန်တော့ပါဘူး။ ဂျပန် တပတ်ရစ်ကား တင်ပို့မှု စိစစ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ စာရင်းတွေကိုကြည့်ရင် မြန်မာနိုင်ငံကို အရည်အတွက် အများဆုံး တင်ပို့တဲ့ ထိပ်ဆုံး အမျိုးအစား ၅ မျိုးစာရင်းမှာ (၁) တိုယိုတာ ပရိုဘောက်စ်၊ (၂) ဟွန်ဒါဖစ် (၃) တိုယိုတာ ဘယ်လ်တာ (၄) တိုယိုတာ ကယ်ဒီးနား (၅) တိုယိုတာ မတ်တူး အမျိုးအစားတွေ ဖြစ်နေတာ တွေ့နိုင်ပါတယ်။ ပထမ ၃ မျိုးဟာ တဦးချင်း ပါမစ်နဲ့ သွင်းတာတွေဖြစ်ပြီး အင်ဂျင်ပါဝါ ငယ် ဈေးပေါတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ နောက်ဆုံး နှစ်မျိုးကတော့ ကားဟောင်းအပ် စလစ်နဲ့ သွင်းတဲ့ ကားတွေထဲက ဈေးအပေါဆုံး၊ မြန်မာပြည်ရောက်ရင် တွက်ခြေ အကိုက်ဆုံး ကားတွေ ဖြစ်ကြပါတယ်။ ဒီလိုနည်းနဲ့ မြန်မာနိုင်ငံထဲ သွင်းတဲ့ဆီမှာ ပရိုဘောက်စ် ကားတွေ အများဆုံး ဖြစ်နေတာပါ။
တကယ်တော့ နယ်က ပြည်သူတွေလည်း ကား စီးချင်၊ သုံးချင်ကြပါတယ်။ ဒါပေမယ့် နယ်က ချမ်းသာတဲ့ လယ်သမားတွေ လူလတ်တန်းစားတွေဟာ နယ်က လမ်းတွေနဲ့ ကိုက်မယ့် ပစ်ကပ်လို ကားမျိုး၊ ဒပယ်ကက်လို ကားမျိုး ၀ယ်မစီးနိုင်ကြပါဘူး။ အစိုးရက သတ်မှတ်တဲ့ အခွန်အခ တွေက ဈေးကြီးမြင့်နေလို့ပါ။ နောက်ဆုံး နည်းနည်းပါးပါး တတ်နိုင်သူတွေကတော့ ဈေးပေါတဲ့ အင်ဂျင်ပါဝါ ၁၃၀၀ စီစီလောက်ရှိတဲ့ ပရိုဘောက်စ်လို ကားမျိုး ၀ယ်သုံးကြတော့တာပါပဲ။ အဲဒီ ကားတွေဟာ မြို့ပြ လမ်းကောင်းကောင်းမှာ ဟိုနားဒီနား နည်းနည်းပါးပါး သွားဖို့ လာဖို့လောက် ထုတ်လုပ်ထားတဲ့ ဆီစားနည်း ကား အမျိုးအစားတွေပါ။ တောင်ပေါ်ဒေသတွေအတွက်၊ ခရီးဝေး သွားဖို့အတွက်၊ လမ်းကြမ်းကြမ်းတွေ အတွက် ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ အဲကွန်းဖွင့်ပြီး တနေကုန် ပတ်မောင်းနေလို့လည်း မရပါဘူး။ ဒါကြောင့် နယ်ရောက်သွားတဲ့ ပရိုဘောက်စ် ကားတွေဟာ တောင်တက် တောင်ဆင်း မတတ်နိုင်တဲ့အောက်မှာ အင်ဂျင်ပူပြီး မီးလောင်မှုတွေ ဖြစ်ရတော့တာပါပဲ။ တိတိကျကျ ပြောမယ် ဆိုရင် အစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီ၊ ကားအပေါ် ကောက်ခံတဲ့ အကောက်အခွန် နှုန်းထား စတဲ့ ပြသနာတွေကြောင့် ပရိုဘောက်စ် တွေ မီးလောင်မှု ဖြစ်ပွားရတာပါ။
ဒီ ပြသနာကို အစိုးရက ဖြေရှင်းဖို့ နေနေသာသာ စီးပွား-ကူးသန်း ၀န်ကြီး ဦးဝင်းမြင့်က အမျှော်အမြင်မဲ့တဲ့ စကား ပြောလိုက်ပါသေးတယ်။ မေလ ၈ ရက်နေ့ ညက ကျင်းပခဲ့တဲ့ မာစီဒီးစ် ကား အရောင်းပြခန်း ဖွင့်ပွဲမှာ သူက သူ့ဝန်ကြီး သက်တန်းကုန်ဆုံးသည်အထိ ကားတင်သွင်းခွင့် ပေါ်လစီ ပြင်ဖို့ မရှိဘူးလို့ ပြောလိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ ဒီစကားဟာ ကားအရောင်းပြခန်း ဖွင့်ထားသူတွေ၊ ကားတင်သွင်းသူတွေ၊ ကားဝယ်ရောင်းတွေ အကျိုးစီးပွားအတွက် ပြောလိုက်တာပဲ ဖြစ်ပြီး သန်း ၆၀ သော ပြည်သူလူထု၊ တိုင်းပြည်ရဲ့ ရောက်နေတဲ့ စီးပွားရေး အခြေအနေ၊ နယ်မြို့နဲ့ ကျေးလက် အနေအထား ဘာတစ်ခုကိုမှ ထည့်တွက်ပုံ မရပါဘူး။ ဒါကြောင့် နောက်ပိုင်းမှာလည်း ပရိုဘောက်စ် တွေ မြန်မာပြည်ထဲ ဆက် သွင်းနေကြဦးမယ်။ မသင့်တော်တဲ့ နေရာ၊ မသင့်တော်တဲ့ အနေအထားတွေမှာ သုံးနေကြရဦးမယ်။ မီးတွေ ဆက်လောင်နေဦးမယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
 (စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)

ကင်တားနား မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တာဝန်မှာ ဖယ်ရှားခံရ





မတ္ထီလာတွင် ဗုဒ္ဓဘာသာ မျိုးချစ်မြန်မာလူမျိုးများမှ စည်းလုံးညီညွတ်စွာဖြင့် အနီးကပ်ဆန္ဒပြခဲ့ပြီးနောက် ကုလသမ္မဂ္ဂ လူ့အခွင့်အရေး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား အား ရာထူးမှ ဖယ်ရှားကာ ကိုရီးယားနိုင်ငံသူ  ရန်ဟီးလီ (Yang Hee lee) ကို မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင် ရာအထူးကိုယ်စာလှယ်အဖြစ် ခန့် အပ်လိုက်ပြီးဖြစ်ကြောင်းသိရသည်။

 မေ ၉ရက်တွင်ပြုလုပ် သော မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် ရွေးချယ်ပွဲတွင် ရန်ဟီးလီ (Yang Hee lee) အား မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အနေဖြင့် တရားဝန်ခန့် အပ်ရွေး ချယ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ဟီးလီ (Yang Hee lee)အား မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ဇွန် ၁ရက်တွင် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ပထမဦး ဆုံး သော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအမျိုးသမီး ဖြစ်လာ ကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံသူ ရန် ဟီးလီသည် ကလေးသူငယ်ဆိုင်ရာအ ခွင့်အရေးရရှိရေးလုပ်ငန်းများစွာ ပြု လုပ်ခဲ့သူ ဖြစ်ပြီး ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးနှင့်ပတ်သက်ပြီး ကျွမ်း ကျင်သူတစ်ဦးဖြစ်သဖြင့် ၂၀၀၃ခုနှစ် တွင် ကုလသမဂ0x081ဂကလေးသူငယ်အခွင့် အရေးကော်မတီအဖွဲ့ဝင်အဖြစ် ရွေး ချယ်ခြင်း ခံခဲ့ရသည်။

2007 Year of the Woman Award (Korea) and the 2007 Sungkyun Family Award. 2009 Order of Civil Merit  (Suk Ryu Medal),  2011 Hyo Ryung Award  စသည့် တောင်ကိုရီးယားနိုင်ငံမှ ပေး အပ်သည့် စွမ်းဆောင်ရည်ဆိုင် ရာ မြင့်မားသောဆုများရရှိခဲ့သည်။

မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အ ရေးဆိုင်ရာ ကျွမ်းကျင်သူ၊ လှုပ်ရှား ဆောင်ရွက်နေသူ ဦးအောင်မျိုးမင်း (Equality myanmar) က ''သူဟာ မြန်မာနိုင်ငံရဲ့ပထမဦးဆုံးအမျိုးသမီး ကုလသမဂ0x081ဂ  ရဲ့ မြန်မာ့လူ့အခွင့် အ ရေးကိုယ်စားလှယ်ပေါ့။ အာရှတိုက် သူတစ်ဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အကြောင်းကိုပိုသိပြီး မြန်မာနိုင်ငံနဲ့ အဆင်ပြေမယ်။ လူ့အခွင့်အရေးဆောင် ရွက် ချက် တွေနဲ့ ပတ်သက်ပြီး ပြည်သူ တွေလက်ခံနိုင်မှု ပိုမိုကောင်းမွန်အောင် နားလည်အောင် လုပ်ကိုင်နိုင်မယ်ထင် တယ်''ဟု ပြောသည်။

ကုလသမဂ0x081ဂအနေဖြင့် နိုင်ငံတစ် နိုင်ငံ၏ အထူးလူ့အခွင့်အရေးကိုယ် စားလှယ်အား ရွေးချယ်ရာတွင် လူ့ အခွင့်အရေးအကြောင်း နားလည်မှု၊ ကြားနေနိုင်ငံ၊ ကြားနေလူမျိုးဖြစ်မှုနှင့် ကိုယ်စား ပြုမည့် နိုင်ငံနှင့် အဆင်ပြေ နိုင်မည့်သူ စသည့်အချက်အလက် များ ဖြင့်ရွေးချယ်ကြောင်း ဦးအောင်မျိုး မင်းက ပြောသည်။

မန်မာနိုင်ငံဆိုင်ရာအထူးကိုယ် စာလှယ်အဖြစ် ကုလသမဂ္ဂမှ ရန်ဟီးလီ အားခန့်အပ်လိုက်ခြင်းအပေါ် မြန်မာ့အရေးလေ့လာကျွမ်းကျင်သူ ဦးကျော်လင်းဦးက ''ဒီအမျိုးသမီးဟာ တက္ကသိုလ်တွေ မှာ လူ့အခွင့်အရေး ဆိုင်ရာတွေကို သင်ကြားပေးနေတဲ့ ဆရာဆိုတာလောက်ပဲသိတယ်။ လူ့ အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု တွေ၊ စစ်ဆေးသုံးသပ်ခြင်းဆိုင်ရာတွေ မှာ ဘယ်လို ပါဝင် ဆောင် ရွက်ခဲ့တယ် ဆိုတာမသိသေးဘူး''ဟု ပြောသည်။

ယခင်လူ့အခွင့်အရေးကိုယ်စား လှယ်ဖြစ်သည့် ကင်တားနားအနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက် သည့်ဆောင်ရွက်မှု များတွင် ဘက် လိုက်သည်ဟု ဝေဖန်မှုများထွက်ပေါ် ခဲ့သဖြင့် ကင်တာ နားနှင့်နှိုင်းယှဉ်ပါ က တောင်ကိုရီးယားနိုင်ငံသူ ရန်ဟီး လီ မြန်မာနိုင်ငံနှင့်သဟဇာတဖြစ်မည် ဟု ဦးကျော်လင်းဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်သူ ဦးဇော်အေးမောင်က ''အရင်လူ့အ ခွင့်အရေးကိုယ်စားလှယ် ကင်တားနား က အစိုးရလူကြီးတွေ ရခိုင်ပြည်သူ တွေက သူ့အပေါ် ဘယ်လောက်ပဲစေ တနာထားထား သူမကောင်းခဲ့ဘူး။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူမျိုး တစ်မျိုးနဲ့ တစ်မျိုးကြားမှာလဲ ငြိမ်း ချမ်းမှုကို တည်ဆောက်မပေးနိုင်ခဲ့ဘူး။ အခုကိုယ်စားလှယ် က အာရှသား လဲ ဖြစ်တယ်။ အမျိုးသမီးလဲဖြစ်တော့ မိခင်စိတ်လဲပြည့်ဝမယ်။ အာရှတိုက် သားဖြစ်တဲ့အတွက်ကြောင့် ဗြဟ္မာစို တရားလဲရှိနိုင်တဲ့အတွက် တရားကို လက်ကိုင်ထားပြီး ဆောင်ရွက် နိုင်မယ် လို့ထင်တယ်''ဟု ပြောသည်။


ဒါပေမယ့်လည်း ကင်တားနားအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ရခိုင်များကို ဖိနိပ်ပြီး ဘင်္ဂါလီများကို အရေးပေးလာသဖြင့် ရန်ဟီးလီ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး ကင်တားနားလို ဖြစ်သွားမှာကို လူထုက စိုးရိမ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

သတိထားဖို့ပါ


ဒီကနေ့ သတင်းထဲမှာ မြန်မာတယောက် အဖမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေသတွင်း သတင်းဋ္ဌာန တခုမှာ ပါလာတယ်။ အဖမ်းခံရတာကလည်း အမျိုးသမီးတချို့နဲ့ဆိုတော့ မျက်နှာမထားတတ်အောင်ဖြစ်နေ ရှာတယ်။ ဘာပဲဖြစ်ဖြစ် အပြစ်မတင်ပါဘူး။ နိုင်ငံရပ်ခြားမှာ တယောက်တည်းနေ နေရသူတွေအဖို့ အပျော်ရှာရင်း အခန့်မသင့်ရင် အန္တရာယ်နဲ့ကြုံတတ် ရဲဖမ်းခံရတတ်ပါတယ်။
ဒါပေမယ့် လူငယ်တွေအတွက် ရှောင်ရန်၊ ဆောင်ရန်လေးတွေ၊ သိထားစေချင်လို့ မျှဝေကြည့်တာပါ။ Domestic threats ( နိုင်ငံတွင်းမှာရှိတဲ့ အန္တရာယ်များ) နဲ့ Foreign Threats ( နိုင်ငံရပ်ခြားအန္တရာယ်များ) ဆိုတဲ့ ဘာသာရပ်ကို ယူခဲ့ဘူးတယ်။ ဒီဘာသာသာအတွက် နောက်ဆုံးတင်ရမယ့် စာတမ်းကို ရေးတဲ့အခါ ကျနော်က လူကုန်ကူးမှု့ ( Human Trafficking) အကြောင်း သုသေသန လုပ်ခဲ့တယ်။ လူကုန်ကူးတဲ့ စီးပွားရေးလုပ်ငန်းဟာ ကြောက်စရာကောင်းလောက်အောင် အမြတ်ရကြတာကိုး။ အာရပ်ကမ္ဘာက ငနဲတွေဆို ၁၈ နှစ်အောက် အဖြူမလေးတွေကို သိန်းချီပေးဝယ်တယ်။
လူကုန်ကူးမှု နဲ့ အမေရိကန်ပြည်ထောင်စုအတွင်းက ပြည့်တန်ဆာလုပ်ငန်းတွေအကြောင်း အသေးစိတ်လေ့လာဖြစ်သွားတယ်။ ကျောင်းက ချပေးလိုက်တဲ့ assignment မှာ သက်ဆိုင်ရာ ရဲစခန်းတွေဆီသွားပြီး၊ လူကုန်ကူးမှု နဲ့ ပြည့်တန်ဆာလုပ်ငန်း ကွင်းဆက်တွေကို လိုက်နေတဲ့ Undercover police တချို့ နဲ့ အင်တာဗျူးရတယ်။ အဖမ်းခံရတဲ့ ကောင်မလေးတွေနဲ့ အင်တာဗျူးရတယ်။ တရက်တော့ under cover ရဲက ကျနော်တို့ နှစ်ယောက်ကို မေးတယ်။ လက်တွေ့လိုက်လေ့လာကြည့်ပါလား တဲ့။
စိတ်ဝင်စားစရာတော့ အကောင်းသား။
(၃) ညလောက် သူတို့နဲ့ အတူလိုက်လေ့လာလိုက်တာ မြို့လေးမှာရှိတဲ့ တည်းခိုခန်းတွေအကြောင်းကို ကောင်းကောင်းသိသွားတော့တယ်။
ဒီနေရာမှာ escort service တွေအကြောင်း နည်းနည်းရှင်းပြချင်ပါတယ်။
အင်တာနက်မှာ ကောင်မလေးချောချောလေးတွေ ပုံ နဲ့ ဝန်ဆောင်မှုလုပ်ပေးနေတဲ့ Backpage.com လို ဟာမျိုးတွေပေါ့။ ဒီ ဝက်ဆိုဒ်ရဲ့ ကွန်ယက် က တကမ္ဘာလုံးမှာ ရှိတယ်။ ဥပမာ ခင်ဗျားက New York မှာ ဆိုပါစို့။ Newyork.backpage.com ကို ရိုက်ထည့်လိုက်။ escort service တွေ တန်းစီ ထွက်လာလိမ့်မယ်။ လန်ဒန် မှာပဲဖြစ်ဖြစ်၊ မယ်လဘုန်းမှာပဲဖြစ်ဖြစ်၊ အာဂျင်တီးနားမှာ ဖြစ်ဖြစ် ဒီသဘောပဲ။
မြို့နာမည် + backpage.com = အကုန်ရတယ်။
ဒါဖြင့် မေးခွန်းတခုမေးစရာရှိလာတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပြည့်တန်ဆာ လုပ်ငန်းဟာ တရားမဝင်ဖြစ်တယ်။ ငွေကြေးနဲ့ ဝယ်ယူတဲ့ sex ကို လက်ပူးလက်ကြပ်မိရင် ဖမ်းခံရတတ်တယ်။
ဒါဖြင့် escort service တွေကျ ဘာလို့ခွင့်ပြုထားသလဲ။ အကြောင်းနှစ်ခုရှိတယ်။
(၁) escort service က သူတို့ဟာ ပြည့်တန်ဆာလုပ်ငန်းမဟုတ်ဘူး။ ကပြတာတွေ၊ အတူတွဲပြီး ရည်းစားလို ဒင်နာစားတာတွေ၊ နှိပ်ပေးတာတွေပဲ လုပ်တယ် လို့ ပြောထားလို့။ ပြီးမှ ညှိယူကြတာကိုး။
(၂) ရဲတွေကိုယ်တိုင် က escort service ကို လွှတ်ပေးထားရင်း လူကုန်ကူမှု လုပ်ငန်းတွေကို လိုက်ချင် လို့
ဆိုတော့ -- အရပ်သားလို နေထိုင်နေကြတဲ့ under cover ရဲတွေက ဒီအတိုင်းထိုင်နေတာမဟုတ်ဘူး။ အမျိုးသမီး ရဲ တွေ ကိုယ်တိုင်က သူတို့ကိုယ်တိုင် ပြည့်တန်ဆာလုပ်ပြီး၊ လူကုန်ကူးမှု ဂိုဏ်းတွေထဲကို ဝင်ရောက်ဆက်သွယ်တယ်။
ဒီကာလမှာ ဓါးစားခံဖြစ်တာက ခဏတဖြုတ်လာပြီး အပျော်ကြူးတဲ့ လူငယ်တွေ၊
escort service ကို လိုက်ရှာရင်း တကယ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေ နဲ့ တွေ့ရင်တော့ ကံကောင်းတာပေါ့။ အထက်မှာ ပြောတဲ့ ရဲတွေ ရဲ့ စစ်ဆင်ရေးကာလနဲ့တွေ့ရင် အဖမ်းခံမှာ အသေအချာပါ။ အဖမ်းခံရတာက တညလောက်ပါ။ ဒဏ်ငွေဆောင်ပြီးရင် လွတ်ပါတယ်။ ဒါပေမယ့် တီဗွီ သတင်းမှာ ခင်ဗျားမျက်နှာကြီး ကို သေသေချာချာ ရိုက်ပြမှာပါဆိုတော့ စဉ်းစားသာကြည့်ပေတော့။
အဲ့တော့ ရိုးရိုးလေးစဉ်းစားပါ။
အင်တာနက်မှာ တခါတလေ အမေရိကန်ကောင်မလေးတွေ က စက်စက်ယိုအောင်လှတယ်။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ပြောစရာမလိုအောင် လှတယ်။ အဲ့ဒါကို တနာရီ ဒေါ်လာ (၂၀၀) နဲ့ ဈေးခေါ်တယ်။
သတိတော့ ထားပါ။ တခါတလေ ပုံထဲက နီးပါး ရနိုင်ပေမယ့်၊ ကံမကောင်းတတ်တာများပါလိမ့်မယ်။
သုတေသန လုပ်တုံးက ရဲကားပေါ်မှာ (၃) ည လုံးလုံး ထိုင်နေမိရင်း
အဲ့သလို လှလှပပ ကောင်မလေးပုံတွေကို တပုံပြီးတပုံပြောင်း၊ ဖုံးနံပါတ် အမျိုးမျိုးပြောင်း ကြော်ငြာနေတဲ့ ရဲတွေ ကို တွေ့ခဲ့ဘူးတယ်။
လောကကြီးမှာ အတုတွေ သိတ်များပါတယ်။
တချို့အတုတွေက အန္တရာယ်များလွန်းပါတယ်။ သတိထားဖို့ပါ

နို့စိုရင် HIV ပိုး ကူးသလား




မေး။ ။ အနောက်တိုင်းရုပ်ရှင်တွေထဲကလို ပါးစပ်ချင်းနမ်းရင် ကူးနိုင်ပါသလား။

ဖြေ။ ။ သွားဖုံးသွေးယိုလို့ဖြစ်ဖြစ်၊ ကြမ်းကြမ်းတမ်းတမ်းနမ်းလို့ ပွန်းပဲပြီး သွေးထွက်လာရင်ဖြစ်ဖြစ်၊ အဲဒီသွေးကနေတစ်ဆင့် ကူးစက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ပါးစပ်မှာ အနာရှိရင် ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ သာမာန် နမ်းရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။

မေး။ ။ ရောဂါပိုးရှိသူ၊ ရောဂါဖြစ်နေတဲ့သူနဲ့ တစ်အိမ်တည်းအတူတူနေရင် ကူးနိုင်ပါသလား။

ဖြေ။ ။ မကူးနိုင်ပါဘူး။ တစ်အိမ်တည်းနေပြီး လိင်ဆက်ဆံမှုရှိတဲ့ သူတွေအချင်းချင်းပဲ ကူးနိုင်ပါတယ်။ အတူနေတဲ့ အခြားလူတွေကို မကူးနိုင်ပါဘူး။

မေး။ ။ ရောဂါသည် လူမမာကို ပြုစုပေးနေရတဲ့ သူတွေမှာကော ရောဂါဖြစ်လာနိုင်ပါသလား။

ဖြေ။ ။ လူနာရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်တွေ (ဥပမာ- အနာကထွက်တဲ့ သားငံရည်၊ ချွဲ၊ သိလိပ်) ထဲမှာ ရောဂါပိုး အနည်းအကျဉ်း ပါပါတယ်။ ဒါပေမဲ့ လူနာကိုကိုင်တွယ်ပြုစုရလို့ ရောဂါကူး မှာသိပ်စိုးရိမ်စရာ မလိုပါဘူး။ ရောဂါပိုးဟာ ပွန်းပဲ့ဒဏ်ရာမရှိတဲ့ အရေပြားကို ဖောက်ပြီး မဝင်နိုင်ပါဘူး။ လက်မှာ ပွန်းပဲ့ဒဏ်ရာရှိမယ်၊ အနာရှိမယ်ဆိုရင် လူနာရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်တွေ၊ အနာတွေ၊ အဲဒီအရည်တွေ စွန်းပေနေတဲ့ အိပ်ရာခင်းတွေ အဝတ်တွေကို ကိုင်တွယ်တဲ့အခါ ပလပ်စတစ် အိတ်ကိုသုံးပါ။ ကိုင်တွယ်ပြီးရင် လက်အိတ်ကို ချွတ်ပြီး လက်ကိုရေ၊ ဆပ်ပြာနဲ့ စင်အောင်ဆေးပါ။ ဒါဆိုရင် မကူးနိုင်တော့ပါဘူး။

မေး။ ။ အေအိုင်ဒီအက်စ်ရောဂါရှိနေသူရဲ့ အိမ်က ချက်ပြုတ်ရောင်းချတဲ့ အစားအစာကို စားမိရင်ရောဂါ ကူးစက်နိုင်ပါသလား။

ဖြေ။ ။ လုံးဝကို မကူးနိုင်ပါဘူး။ ဒီရောဂါပိုးဟာ လူ့ခန္ဓာကိုယ်အပြင်ဘက်မှာ အသက်ရှင်နိုင်ခွင့်နည်းပါး ပါတယ်။ အပြင်ကစားသောက်ဆိုင်တွေမှာ ဘယ်ဆိုင်မှာဖြင့်ရောဂါပိုးရှိတဲ့ သူရှိတယ်၊ ရောဂါဖြစ်နေတဲ့ သူတွေရှိတယ်ဆိုတာ မသိနိုင်ပါဘူး။ အစားသောက်ကနေ ကူးမယ်ဆိုရင် အပြင်က ထမင်း၊ ဟင်း၊ မုန့်ပဲ သရေစာတွေ ဝယ်စားတဲ့သူတွေ အားလုံးရောဂါ ရကုန်မှာပေါ့။ လူအများဟာ ရောဂါဖြစ်နေတဲ့ သူတွေ ဆီက ရောဂါကူးမှာကိုကြောက်ကြပါတယ်။ တစ်ကယ်တော့ ရောဂါမပေါ်သေးပဲရောဂါပိုးရှိနေတဲ့ သူတွေဆီက ကူးမှာ ပိုတောင်ကြောက်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သာမာန် လူကောင်းတစ်ယောက်လိုပဲ ပုံပန်းမပျက် သန်သန်မာမာ ရှိနေကြသေးလို့ဖြစ်ပါတယ်။

မေး။ ။ ရောဂါရှိတဲ့ မိခင်ဆီကနေ သန္ဓေသားကို ဘယ်လိုကူးစက်တာပါလဲ။

ဖြေ။ ။ ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ရောဂါပိုးဟာ အချင်းကနေတစ်ဆင့် သန္ဓေသားကို ကူးစက် ပါတယ်။ မိခင်ရဲ့သွေးထဲမှာရှိနေတဲ့ အိတ်ခ်ျအိုင်ဗွီပိုး အနည်းအများအပေါ် မူတည်ပြီး သန္ဓေသားကို ကူးစက်ပါတယ်။ မီးဖွားတဲ့ အချိန်မှာ မိခင်ရဲ့သွေး၊ မွေးလမ်းကြောင်းက အရည်တွေနဲ့ ထိတွေ့ပြီးလဲ ရောဂါ ပိုးကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ မိခင်ကနေ ကလေးကို ကူးစက်မှုနှုန်းကတော့ ကလေး ၃ ယောက်မှာ ၁ ယောက်နှုန်းပဲ ကူးစက်ပါတယ်။

မေး။ ။ မိခင်နို့ကနေ ကလေးကို ကူးနိုင်ပါသလား။

ဖြေ။ ။ မိခင်နို့ရည်ထဲမှာ အိတ်ခ်ျအိုင်ဗွီပိုး အနည်းအကျဉ်း ရှိပါတယ်။ ဒါကြောင့်ရောဂါပိုးရှိတဲ့ မိခင်ရဲ့ နို့စို့ရတဲ့ ကလေးခုနစ်ယောက်မှာ တစ်ယောက်ဟာ ရောဂါပိုး ကူးစက်ခံရဖို့ ရှိပါတယ်။ အထူးသဖြင့် မိခင်မှာ ရောဂါပိုး ကူးစက်ဖြစ်ပွားခါစ အချိန်ရယ်၊ အေအိုင်ဒီအက်စ်ရောဂါ လက္ခဏာတွေ စပေါ်တဲ့ အချိန်ရယ်၊ ဒီနှစ်ချိန်မှာ ကလေးကို ကူးစက်မှုနှုန်း ပိုမြန်ပါတယ်။

မေး။ ။ ဒါဆိုရင် ကလေးကို မိခင်နို့တိုက်သင့်ပါသလား။

ဖြေ။ ။ နို့မှုန့်၊ နို့ဘူးကို လုံလုံလောက်လောက်နဲ့ သန့်သန့်ရှင်းရှင်း မတိုက်နိုင်ရင် ကလေးငယ်ဟာ ဝမ်းလျှောရောဂါ၊ အာဟာရချို့တဲ့ ရောဂါတွေဖြစ်ပြီး အသက်ဆုံးရှုံး တတ်ပါတယ်။ အဲဒီလို ဝမ်းလျှော ရောဂါ၊ အာဟာရချို့တဲ့ ရောဂါတွေကြောင့် ကလေးသေပျောက်နှုန်းဟာ မိခင်နို့တိုက်လို့ အိတ်ခ်ျအိုင်ဗွီ ကူးပြီး ကလေးသေနှုန်းထက် ပိုများပါတယ်။ ဒါကြောင့် မိခင်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပြီး နို့မှုန့်၊ နို့ဘူးကို စံချိန်မီ သန့်သန့်ရှင်းရှင်းတိုက်ဖို့ မတတ်နိုင်ရင် မိခင်နို့တစ်မျိုးတည်းကိုပဲ သီးသန့် ၄ လမှ ၆ လ ခန့်အထိ တိုက်သင့်ပါတယ်။ ဒီအပြင် အိတ်ခ်ျအိုင်ဗွီပိုးမရှိသူ မိခင်များကလဲ သံသယစိတ်ဝင်ပြီး မိမိကလေးကို နို့ မတိုက်ဖြစ်မှာလဲစိုးရိမ်ရပါသေးတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက် ဖို့ တိုက်တွန်းသင့်ပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons