Friday, May 2, 2014

မြစ်ဆုံကို တရုတ် စွန့်လွှတ်ဖွယ်ရှိ

စီးပွားရေး, မြစ်ဆုံ, တရုတ်, သမ္မတဦးသိန်းစိန်, ချေးငွေ
သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ၏ ဖိအားကြောင့် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းကို ၂၀၁၁ ခုနှစ် ကတည်းက ရပ်နားထားခဲ့သည် (ဓာတ်ပုံ – internationalrivers.org)
တရုတ်နိုင်ငံ၏ ဖောင်းပွနေသည့် စီးပွားရေးကို ဖြေရှင်းရန်အတွက် တရုတ်အာဏာပိုင်များက ဘဏ္ဍာရေးဆိုင်ရာ တင်းကျပ် ကန့်သတ်မှု အသစ်များ ချမှတ်လာခြင်းကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည် စီမံကိန်းကို တိတ်ဆိတ်စွာ စွန့်လွှတ်ရန် အကြောင်းများဖြစ်လာနေသည်။
China Power Investment Corporation (CPI) က ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည် တည်ဆောက် ခြင်းကို ရပ်နားရန်ဆုံးဖြတ်လိုက်ခြင်းအား ပယ်ဖျက်ပေးရန် မြန်မာ အစိုးရအား ဖိအားပေးခဲ့သော်လည်း တရုတ်အစိုးရ၏ ဘဏ္ဍာရေး ဦစားပေးချက် အသစ်များအရ မြစ်ဆုံဆည်စီမံကိန်းသည် ပျက်စီးသွားဖွယ်ရှိကြောင်း လေ့လာအကဲခတ်သူ များက ပြောကြသည်။
“မကြာသေးခင်ကာလအထိ တရုတ်ဖွံ့ဖြိုးရေးဘဏ် နဲ့ သူ့လောက် မကြီးတဲ့ တရုတ် ထုတ်ကုန်သွင်းကုန်ဘဏ် တို့ဟာ ကြီး ထွားလာတဲ့ ဈေးကွက်တွေအတွက် အမြဲတမ်း မိတ်ဆွေကောင်းဖြစ်ခဲ့ပါတယ်။ အရင်းအနှီး နည်းနေတဲ့ နေရာတွေအတွက် သူတို့က အစိုးရကိုရော ကုမ္ပဏီတွေကိုပါ အတိုးနှုန်းမြင့်မြင့်နဲ့ ကာလတိုချေးငွေ ထုတ်ချေးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီ တရုတ်နိုင်ငံပိုင် ဘဏ်ကြီးတွေ နောက်ပြန်ဆုတ်သွားကြပါပြီ” ဟု လန်ဒန်မြို့မှ Financial Times သတင်းစာက ရေး သားခဲ့သည်။
“တရုတ်အစိုးရက ဘဏ်တွေကို မှန်မှန်ဖိအားပေးလာတာနဲ့ အမျှ ပြည်မကြီးရဲ့ချေးငွေက ပြည်တွင်းမှာရော ပြည်ပမှာပါ ခက်ခဲ လာပါတယ်။ အမေရိကန်မှာ ချေးငွေထိန်းချုပ်မှု  ဆက်လက်ရှိနေမယ်လို့ ခန့်မှန်းချက်တွေ  ထွက်ပေါ်နေချိန်မှာ တရုတ်နိုင်ငံမှာတော့ အကြီးအကျယ်ကို ဖြစ်ပေါ်နေပါပြီ” ဟု Financial Times ကဆိုသည်။
မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူ ပညာရှင်တဦးဖြစ်သော Sean Turnell က တရုတ်အစိုးရ၏ ချေးငွေ အတားအဆီး များကြောင့် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိသည့် မြစ်ဆုံဆည် စီမံကိန်းသည် တိတ်တဆိတ် အဆုံးသတ်သွား နိုင်သည်ဟု ဆိုသည်။
“မြစ်ဆုံဆည် စီမံကိန်းက ၂ ဘက်လုံးအတွက် စိတ်ကသိကအောင့်ဖြစ်စရာတခု ဖြစ်ပါတယ်။ ဒီတိုင်းဆက်သွားမယ် ဆိုရင်လည်း တဘက်ဘက်က မျက်နှာပျက်ရမယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ဘဏ်တွေရဲ့ ချေးငွေကို ထိန်းချုပ်လိုက်ခြင်းက ရှုပ်ထွေးနေတဲ့ အခြေအနေတခုအတွက် အဖြေဖြစ်လာမှာ သေချာပါတယ်” ဟု သူကပြောသည်။
သမ္မတဦးသိန်းစိန်က သူ၏ သမ္မတသက်တမ်းပြီးဆုံးသည့် ၂၀၁၅ ခုနှစ်အထိ ဆည်တည်ဆောက်ရေး လုပ်ငန်းများကို ရပ်တန့်ထားရန် အမိန့်ထုတ်လိုက်ပြီး များမကြာမီမှာပင် CPI က လုပ်ငန်းများကို အမြန်ဆုံးပြန်လည် စတင်နိုင်ရေး အတွက် ဆူဆူညံညံတောင်းဆိုခဲ့သည်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ Macquarie တက္ကသိုလ်၏ ပါမောက္ခဖြစ်၍ Burma Economic Watch ၏ ပူးတွဲ အယ်ဒီတာလည်းဖြစ်သူ Sean Turnell က အစိုးရပိုင် လုပ်ငန်းကြီးများ၏ ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုများအတွက် ချေးငွေကို တရုတ်အစိုးရက ထိန်းချုပ်လိုက်ခြင်းသည် ပြဿနာအတွက် အလွန်မှန်ကန်သည့် ထွက်ပေါက်ဗျူဟာ တခုဖြစ်သည်ဟု ဆိုသည်။
“ပြုပြင်ပြောင်းလဲရေးအတွက် အထင်ရှားဆုံးသာဓက ဖြစ်တဲ့ မြစ်ဆုံဆည် စီမံကိန်းရပ်တန့်ထားခြင်းကို ဆက်ထိန်းလိုက်နိုင်တဲ့ အတွက် မြန်မာအစိုးရအနေနဲ့လည်း အသက်ရှူချောင်ပြီး သက်သာရာ ရသွားနိုင်ပါတယ်။ တရုတ်နိုင်ငံလည်း ဣနြေ္ဒ မပျက် စီမံကိန်းကနေ ပြန်ထွက်သွားလို့ရပါပြီ။ ၂ ဘက်လုံးအတွက် အကျိုးရှိမယ်လို့ ကျနော်မြင်ပါတယ်” ဟု သူကပြော သည်။
မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးကျဆင်း သွား ရခြင်းမှာ တရုတ်အစိုးရ၏ ဘဏ္ဍာရေးမူဝါဒ ပြင်းထန် တင်းကျပ် လာမှုကြောင့်ဟုလည်း ဆိုနိုင်ပါသည်။
ဧပြီလ အစောပိုင်းတွင် China Radio International အသံလွှင့်ဌာနက ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှု အမေရိကန် ဒေါ်လာ သန်း ၂၀ သာရှိခဲ့ပြီး ၂၀၁၂ အတွင်း ရင်းနှီးမြှုပ်နှံခဲ့မှု၏ ၅ ရာခိုင်နှုန်း၊ တရုတ် ရင်းနှီး မြှုပ်နှံမှု အများဆုံး ဖြစ်သည့် ၂၀၁၀ ခုနှစ်၏ ၁ ရာခိုင်နှုန်းသာ ဖြစ်သည်ဟု ထုတ်လွှင့်ခဲ့သည်။
The China Business News သတင်းစာကလည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထဲတွင် ၄ နှစ် အတွင်း ပထမဆုံးအနေဖြင့် အဆင့် ၁၀ ၀န်းကျင်သို့ ကျသွားကြောင်းရေးသားခဲ့သည်။
“ဖြစ်ပေါ်နေတဲ့ ဈေးကွက်အခြေအနေတွေကို ရင်ဆိုင်တဲ့နေရာမှာ လက်တွေ့ကျဖို့ အရေးကြီးပါတယ်။ အခုအချိန်မှာ တရုတ် နိုင်ငံက သူရဲ့ ပြည်တွင်းပြဿနာတွေနဲ့ လိုအပ်ချက်တွေ အပေါ်မှာ အရမ်းကို ပိုပြီး အာရုံစိုက်နေပါတယ်” ဟု စွမ်းအင် ဆိုင်ရာပညာရှင် တဦးဖြစ်သော John Richardson က ICIS မဂ္ဂဇင်းတွင် မှတ်ချက်ပြုရေးသားခဲ့သည်။
ထိုသို့ ချေးငွေ ဖြတ်တောက် ထိန်းချုပ်လိုက်ခြင်းကြောင့် တရုတ်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသည့် အခြေခံ အဆောက်အဦး ဖွံ့ဖြိုးရေး စီမံကိန်းများ အပေါ်သို့သက်ရောက် မှုများရှိနိုင်ပြီး အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံများမှ ရေအားလျှပ်စစ် စီမံကိန်းများ ဖြစ်သည်ဟု သူကပြောသည်။
တရုတ် အစိုးရပိုင် ကုမ္ပဏီကြီး ၃ခုဖြစ်သည့် Sinohydro Corporation၊ China Three Gorges Corporation နှင့် China Southern Power Grid တို့က ငွေကြေးစိုက်ထုတ်၍ မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်ထုတ် ယူနိုင်မည့် ဆည် အမြောက်အများတည်ဆောက်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ၎င်းတို့ထဲမှ မည်သည့် စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည် ဆိုခြင်းကို သေချာစွာ မသိရပေ။
ဝါရှင်တန် အခြေစိုက် Stimson Center မှ ပညာရှင်တဦး ဖြစ်သော Yun Sun က မြစ်ဆုံစီမံကိန်းကို ရွှေ့ဆိုင်းလိုက်ပြီး ကထဲက မြန်မာနိုင်ငံအတွင်းမှ အဓိက ရင်းနှီးမြှုပ်နှဲမှု အသစ်များ အားလုံးကို တရုတ်နိုင်ငံက ရွှေ့ဆိုင်းခဲ့သည်ဟု ဖေဖော် ၀ါရီ လ အတွင်းတွင်ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ စီးပွားရေး စီမံကိန်းတခုကို ကံတရားက ပြောင်းလဲပေးတဲ့ အတိုင်းပဲ ထားလိုက်မှာလား၊ တရုတ်-မြန်မာဆက်ဆံရေးရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု အဖြစ်ခံ မှာလား ဆိုတာကို အမျှော်အမြင် ရှိရှိနဲ့ ပြန်လည် ဆင်ခြင်စဉ်းစားဖို့ လိုပါတယ်” သူကရေး သားခဲ့သည်။
သို့သော်လည်း တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေးပြဿနာများက ပိုမိုကြီးမားနေသဖြင့် မြစ်ဆုံဆည် စီမံကိန်း မှေးမှိန်သွား ရခြင်းလည်း ဖြစ်နိုင်ပါသည်။
“တရုတ်နိုင်ငံရဲ့ GDP ဖွံ့ဖြိုးမှုနှုန်းက ပြီးခဲ့တဲ့ မတ်လကုန်အထိ ၃ လပတ် ကာလတွေတိုင်းမှာ ၁.၄ ရာခိုင်နှုန်း အထိ နှေးကွေး သွားပါတယ်။ နိုင်ငံခြားကုန်ပစ္စည်းတင်သွင်းမှုက ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ်ရင် ၁.၆ ရာခိုင်နှုန်း တိုးလာပါတယ်” ဟု Financial Times သတင်းစာက ဆိုသည်။
“ပြီးခဲ့တဲ့ မတ်လအတွင်းမှာ နိုင်ငံခြား နိုင်ငံခြားကုန်ပစ္စည်းတင်သွင်းမှုက ၂၀၁၃ ခုနှစ် မတ်လနဲ့ နှိုင်းယှဉ်ရင် ၁၁.၃ ရာခိုင် နှုန်းကျဆင်းသွားပါတယ်။ ဒါတွေအားလုံးက ကမ္ဘာ့ဖွံ့ဖြိုးမှုရဲ့ မောင်းနှင် အားအဖြစ်ရှိနေတဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ (အထူးသဖြင့် ပေါ်ထွက်လာနေတဲ့ ဈေးကွက်တွေ အတွက်) က အနာဂတ်ကာလမှာ မှေးမှိန်သွားမယ် ဆိုတာကို ဖော် ပြနေပါတယ်” ဟုလည်း Financial Times ကရေးသားခဲ့သည်။

ပဲပြုတ်ထမင်းကြော်တွင် ဆားနှင့်ယမ်းစိမ်း မှားထည့်ရာမှ လူ ၃၀ ကျော်ဆေးရုံရောက်



လှည်းကူးမြို့နယ် သားရေစက်ရုံမှ အလုပ်သမားများ စားသုံးမည့် ထမင်းကြော်နှင့် ပဲပြုတ်ထဲတွင် ဆားနှင့်ယမ်းစိမ်း မှားထည့်မိရာမှလူ ၃၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ ကြောင်းသတင်း ရရှိသည်။

မေလ ၂ ရက်တွင် လှည်းကူး မြို့နယ် ညောင်နှစ်ပင်ကျေးရွာရှိ သားရေစက်ရုံမှ အလုပ်သမား တစ်ဦးသည် စက်ရုံရှိ အလုပ် သမားများ နံနက်စာစားမည့် ထမင်းကြော်နှင့် ပဲပြုတ်ထဲတွင် ဆားနှင့် ယမ်းစိမ်း မှားထည့်မိ၍ ထိုနံနက်စာ စားသုံးသော အလုပ် သမား ၃၃ ဦးသည် အစာအဆိပ် သင့်မှုဖြစ်ပွားကာ မြောက်ဥက္က လာပဆေးရုံကြီးတွင် ကုသမှုခံ ယူနေရခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပွားသောကြောင့် အစာအဆိပ်သင့် လူနာများ အတွက် မြောက်ဥက္ကလာပဆေးရုံ မှဆရာဝန် ၃၀ ကျော်ဖြင့် အရေး ပေါ်ကုသပေးခဲ့ကြောင်း မြောက် ဥက္ကလာဆေးရုံအုပ်

ဒေါက်တာသန်းလှက ပြောသည်။

‘‘အလုပ်သမားတွေစုနေကြ တာ။ မနက်စာကိုနေ့တိုင်းကျွေးတယ်လို့ပြောတယ်။ ဒီနေ့မှာ လည်း မနက်စာကို ပဲပြုတ်နဲ့ ထမင်းကြော်စားကြတယ်။ စားပြီး ခဏနေကျတော့ မူးလာတယ်။ အော့အန်တယ်လို့ ပြောတယ်။ ဘာဖြစ်တာလဲမသိဘူး။ စားဖို ချောင်က ပဲပြုတ်ထဲကိုထည့်တဲ့ ဆားကိုပြန်ကြည့်တဲ့အခါမှာ ဆား ဘူးနဲ့ယမ်းစိမ်းဘူးနဲ့ မှားနေတာ တွေ့ရတယ်လို့ပြောပါတယ်’’ဟု ဒေါက်တာသန်းလှကပြောသည်။

အစာအဆိပ်သင့်သောလူ နာများကို အနီ၊ အဝါ၊ အစိမ်းသုံး မျိုးခွဲခြား၍ အနီအဖြစ်သတ်မှတ် ထားသောလူနာရှစ်ဦးရှိပြီး ထိုလူ နာများကို အထူကြပ်မတ်ဆောင် တွင်ထားရှိကာ ကျန်လူနာများကို အရေးပေါ်အဆောင်နှင့် ကလေး ကုသဆောင်များတွင် ထား၍ ကုသနေသည်ကိုတွေ့ခဲ့ရသည်။

‘‘ဒီကို  ရောက်လာတော့ သွေးပေါင်တွေကျနေပြီ။ တက် နေတဲ့သူတွေလည်းရှိတယ်။ အဓိ ကကတော့ ပြာတာပဲ။ ဒီလူတွေ ပြာနေတော့ ဘယ်ကဖြစ်တယ်ဆို တာမသိဘူး။ အောက်ဆီဂျင် လယ်ဗယ်တွေတိုင်းကြည့်တော့ နိုက်ထရိုက်ပွိုင်စင်တွေဖြစ်တယ် လို့ ယူဆတယ်ပေါ့။ မြို့ထဲကနေ အဆိပ်ဌာနက ဒေါက်တာစော အောင်တို့လည်း ရောက်လာပါ တယ်။ ဆေးရုံမှာရှိသမျှအောက်ဆီဂျင်ဘူးတွေနဲ့ကုသပေးနေပါ တယ်’’ဟု အစာအဆိပ်သင့်လူနာ များအား ကြီးကြပ်ကုသပေးနေ သောပါမောက္ခဒေါက်တာကိုကို ကပြောသည်။

 အစာ အဆိပ်သင့်သော လူနာများကို အနည်းဆုံးလေးရက် စောင့်ကြည့်ရမည်ဖြစ်ပြီး စိုးရိမ် စရာမရှိတော့ကြောင်း ပါမောက္ခ ဒေါက်တာကိုကိုက ပြောကြားသည်။

လူနာများအတွက် အောက် ဆီဂျင်ဘူးများ လိုအပ်သော ကြောင့် ရန်ကုန် နာရေးကူညီမှု အသင်းနှင့် အခြားလူမှုကူညီရေး အသင်းများက မြောက်ဥက္ကလာ ဆေးရုံကြီးသို့ အောက်ဆီဂျင်ဘူး များလာရောက်ပေးပို့ခဲ့ကြသည်။ အစာအဆိပ်သင့်လူနာများနှင့်ပါ လာသောသားရေစက်ရုံမှအလုပ် သမားများနှင့် လူနာစောင့်များ အား ၎င်းတို့၏အလုပ်အကိုင်၊ အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်း မရှိပေ။

Author: ငြိမ်းချမ်း
7DAY DAILY
အစာအဆိပ်သင့်လူနာများ မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

မိတ္ထီလာမှာ အသလွတ် ဓါးခုတ်ခံရသည့် ဦးသော ဘိတ ကို သတ်သည့် ကုလားတွေကို NLD ပါတီ ရှေ့နေကြီး မွတ်ဆလင် ဦးကိုနီက အခမဲ့ အမှုလိုက်




လတ်တလော အရေးကြီးကိစ္စ များ နှင့် နိုင်ငံရေးကို ချိန်ဆက်ခြင်း
နိုင်ငံရေးဟုဆိုလျှင် ပါတီများကိုပြေးမြင်သည် - ရွေးကောက်ပွဲကိုပြေးမြင်သည် - အုပ်ချုပ်ရေး ရာထူးအာဏာများကို ပြေးမြင်နေခြင်းသည် အမှတ်သညာဖြစ်ခဲ့ပြီ ။ ထိုအမြင်ကို ဖြေရှင်းခြင်းမပြုလုပ်တော့ပဲ ထိုအမြင် ထိုခွင်ထဲမှ ဆွေးနွေးမည် ။ 


၂၀၁၅ ရွေးကောက်ပွဲကြီး နီးလာပြီဖြစ်သည် ။ အာဏာလုမည့် ပါတီကြီးကား နှစ်ခုသာ ရှိသည် NLD ပါတီ နှင့် ကြံ့ခိုင်ရေးပါတီဖြစ်သည် ။ ကျန်ပါတီများက ဒေသဆိုင်ရာ ထိန်းကျောင်းခွင့် ရရှိမည် ဆိုယုံမျှနှင့်သော် လည်း ကောင်း - ဒေသတွင်း သြဇာ ရရှိ ယုံမျှ နှင့်သော်လည်းကောင် ကျေနပ်ကြမည်ဖြစ်သည် ။
အဆိုပါ ပါတီ ကြီး နှစ်ခု ရှိ ပါတီ ခေါင်းဆောင်တွေ အနေဖြင့် လူမြင်ကွင်းတွင် ထွက်ပြပြီး လက်ဆွဲ သည် အပြန်အလှန်ပြုံးသည် ။ တရားမျှတစွာ ယှဉ်ပြိုင်မည်ဟု ဆိုသည် ။ ယှဉ်ပြိုင် ဟု ဆိုသဖြင့် ရသလောက် လိုချင်နေသည်ကိုကား ငြင်းမရ ။

ဒီလိုအချိန်တွင် လူထုကို နည်းမျိုးစုံ နှင့် ချဉ်းကပ်ရန်လိုလာသည် ။
ရခိုင်ကိစ္စ မှ စတင်ခဲ့သော မွတ်ဆလင် နှင့် ကျန်ဘာသာများကြား အပြန်အလှန် စိုးရိမ်မှု ကြီးထွားနေသည် ။
ဒါကို ငြင်းချင်လို့မရ - ကျနော် ကိုယ်တိုင် စိုးရိမ်သည် ။
မွတ်ဆလင်တွေက ကမ္ဘာ အနှံ့ လုပ်ရပ်တွေပေါ်လာသည် ။ ပြည်တွင်းမွတ်ဆလင်တွေက ဖွဲ့စည်းပုံ ပုဒ်မ ၅၉ ပြုပြင်ရေးမှာလည်းပါသည် ။ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ကို ပြုပြင်ဖို့လည်း လှုံ့ဆော်သည် ။
နိုင်ငံခြားက မွတ်ဆလင် တွေကလည်း မြန်မာ နိုင်ငံကို ဘာသာရေးစစ်ပြုဖို့ လှုံ့ဆော်သည် ။
ပြည်တွင်းကို ခိုးဝင်သည့် မွတ်ဆလင်တွေကို ပြည်တွင်း မွတ်ဆလင်တွေက ဖွက်ပေးသည် ။ ဖမ်းမိလို့ ထောင်ကျနေလျှင် ထောက်ပံ့သည် ။


ယုတ်စွအဆုံး မိတ္ထီလာမှာ အသလွတ် ဓါးခုတ်ခံရသည့် ဦးသော ဘိတ ကို သတ်သည့် ကုလားတွေကို NLD ပါတီ ရှေ့နေကြီး မွတ်ဆလင် ဦးကိုနီက အခမဲ့ အမှုလိုက်သည် ။


မန္တလေးမှာ ဂျီးဟဒ် လက် နက် တွေ မိ သည် ။ တောင် ဒဂုံ မှာ ဂျီးဟဒ် လုပ်ဖို့ စာရွက် ဝေသည် ။
ငြိမ်းချမ်းရေးစကား တဖွဖွ ပြော နေသည့် ပြည်တွင်း မွတ်ဆလင်အဖွဲ့ အစည်းတွေက ဆန့်ကျင်ကြောင်း ကြေညာချက် မထုတ် ။


ဒီကြားထဲ မွတ်ဆလင်တွေက ဗုဒ္ဓဘာသာအမျိုးသမီးတွေကို ဓါးထောက် မုဒိန်းကျင့်တာတွေ ခနခန ပေါ်လာသည် ။
ဗလီဆရာတွေက တရားဝင် ကြေညာချက် ထုတ်ပြန် ဆုံးမတာမျိုးမလုပ်ပဲ မုဒိန်းကုလားကို လူစုလူဝေး နှင့်ပင် အားပေးသလို လုပ်သေးသည် ။


ဒါတွေကို သိနေသော မျိုးချစ်တွေမခံချင် - တန်ပြန် လှုံ့ဆော်မှုတွေလုပ်သည် မွတ်ဆလင် ဆိုးသမျှ ဗီနိုင်းတွေထုတ်ပြသည်။


ဒီနေရာမှာ မျိုးချစ်တွေလုပ်တာ ထိရောက်သည် ။ မျိုးချစ်တွေ ကို ပါတီ တွေ နှင့် ပေးစားလာသည် ။
ကြံ့ခိုင်ရေး ပါတီ နှင့် ပေးစားလျှင် မျိုးချစ်များ အရှက်ရမည်ဟု ထင်မြင်ပြီး ပေးစားလာသည် ။
အမှန်က မိမိတို့ ပါတီများအနေဖြင့် မိမိတို့ဘာသာ ဆင်ခြင်တွက်ဆရမည် ။ လူထု စိုးရိမ်မှုကို တွက်ဆပြီး ဖြေလျှော့အာမခံပေးနိုင်ရမည် ။


လူထုသည် ဗိုလ်ဖြစ်သည် ။
ကျနော်တို့အနေဖြင့် လူထုကြားထဲ သတင်းမှန်တွေဖြန့်နေပေဦးမည်ဖြစ်သည် ။
လူထုကြီးနိုးကြားမှုကို မဟုတ်တမ်းတရား ၀ါဒဖြန့် ယုံမျှဖြင့် လူထု ရဲ့ အမျိုးသားရေးသွေးအေးမည် မဟုတ် ။
ကျနော် တို့ကလည်း အမျိုးသားရေးသွေးထိုးနေပေဦးမည်
အာဏာ လိုချင်သူ ပါတီကြီး နှစ်ခု ဗြောင်ထွက် ရပ်လိုက်ပါ - - -
မွတ်ဆလင် ကုလား မဲ နှင့် အမျိုးသားရေးမဲ ခွဲ ခြားလိုက်ပါ - - -
တိုင်းရင်းသားမဲ နှင့် နိုင်ငံခြားသားမဲ ခွဲခြားလိုက်ပါ -- -
မျိုးချစ်စိတ် နှင့် အာဏာ ကို ခွဲခြားလိုက်ပါ - - -
လတ်တလော အခြေအနေကတော့ မျိုးချစ်စိတ် နည်းလျှင် မဲ နည်းမည်
ပြည့်အင်အားသည် ပြည် တွင်း မှာသာ ရှိသည် 


Wednesday, April 30, 2014

လက်ပံတောင်းတောင် စီမံကိန်းရှိ လယ်တီသိမ်ကို အပြီးဖြိုဖျက်




လယ်တီ သာသနိက အဆောက်အအုံများကို မြင်တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ်ကို ဧပြီ ၂၉ ရက်နေ့က အပြီးတိုင် ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း ၀က်မှေး ကျေးရွာသူ ဒေါ်သွဲ့သွဲ့ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“အပြီးဖျက်လိုက်တာ တမှုန်မှတောင် မကျန်တော့ဘူး။ အပဲ့တွေ ပျက်စီးတဲ့ဟာ မှန်သမျှကို ကျင်းကြီးတူးပြီး ထည့်ပစ်လိုက်တယ်။”
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာအရ လယ်တီသိမ်ကို မူလ အနေအထားမပျက် ပြောင်းရွှေ့ရန် ဒေသခံများအားလုံးရဲ့ သဘောတူညီချက်နဲ့ တခြားနေရာကို ပြောင်းရွှေ့ရန် ပါရှိခဲ့ပေမယ့် ဧပြီ ၂၉ ရက်နေ့က လယ်တီသိမ်ကို အပြီး ဖြိုဖျက်ပြီး ပြောင်းရွှေ့ပေးခြင်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ရဟန်းသံဃာတွေက သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေနဲ့ အင်အားသုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် ရဟန်းရှင်လူ ၇၀ ကျော်ထိခိုက် ဒဏ်ရာရခဲ့ဖူးပါတယ်။ အခုချိန်အထိလည်း ဒီစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပါတယ်။

DVB Burmese

ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲ ကန့်ကွက်ခံထားရ




“အမှန်တရား မကြာခင်အတွင်း ပေါ်လာပါလိမ့်မယ်။ သူငယ်ချင်းများ အားလုံး
ကို ကျေးဇူးတင်ပါတယ်”အဲဒီလို ပြောလိုက်သူက နာမည်ကြီး သရုပ်ဆောင်

မင်းသမီး ဆုပန်ထွာနဲ့ မကြာသေးခင်က လူသိ ရှင်ကြား စေ့စပ်ပွဲလေး လုပ်ခဲ့တဲ့ ကိုဥက္ကာကျော်ဖြစ်ပါတယ်။



အဲဒီလို ဘာကြောင့်ပြောရတာလည်းဆိုတော့ ဧပြီလ ၂၉ ရက်နေ့ ကြေးမုံသတင်းစာပါ ခင်ပွန်းဖြစ်သူ ရဲ့ စေ့စပ်ကြောင်း လမ်းခြင်းအပေါ် ကန့်ကွက် ကြေညာခြင်း ဆိုတဲ့ ကိုဥက္ကာကျော်ရဲ့ ဇနီးဟောင်း ဖြစ် သူ ဒေါ်မဉ္စူအောင်ရဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာမှုပါဘဲ။

အမေရိကန်ပြည်ထောင်စုမှာ သားတဦးမိခင် ဒေါ်မဉ္စူအောင်ရဲ့ အီးမေးလ်၊ တယ်လီဖုန်းတို့နဲ့ လွှဲအပ်ညွှန် ကြား ချက်အရ ရှေ့နေကြီး ဦးရောဘတ်ဆန်းအောင်က အဲဒီကြေညာချက်ကို ထည့်ခဲ့တာဖြစ်ပါတယ်။

ကြေညာချက်အရ ကိုဥက္ကာကျော်နဲ့ မမဉ္စူအောင်တို့ဟာ ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ၂ ဖက်မိ ဘတွေရဲ့ သဘောတူညီချက်တွေနဲ့ တရားဝင် ထိမ်းမြားလက်ထပ်ခဲ့ကြပြီး သား တဦးထွန်းကားခဲ့ပါတယ် တဲ့။

အခုအခါ အသက် ၁၁ နှစ် ရှိပြီဖြစ်တဲ့ သားဖြစ်သူဟာ မွေးရာပါ ရောဂါ စွဲကပ်နေလို့ ဆေးကုသဖို့ အမေရိကန် ပြည်ထောင် စုကို ရောက်နေတာဖြစ်တယ်လို့ ရေးထားပါတယ်။

ဒေါ်မဉ္စူအောင်က ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင်ုပန်ထွာတို့ရဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ က လူသိရှင် ကြား စေ့စပ်ကြောင်းလမ်းတာကို အင်တာနက်အွန်လိုင်းတွေမှာတွေ့လို့ ကိုဥက္ကာကျော်ရဲ့ မိဘများကို ဆက်သွယ်ခဲ့ရာမှာ မိဘတွေကလည်း ပါဝင်ပတ်သက်တာမရှိသလို သဘောတူမှုလည်း မရှိဘူး လို့ ဆိုတဲ့အကြောင်း ကြေညာချက်မှာ ရေးပါတယ်။

တဖက်ကလည်း ဒေါ်မဉ္စူအောင်နဲ့ ကိုဥက္ကာကျော်တို့ဟာ မြန်မာ့ဓလေ့ထုံးစံ အတိုင်း တရားဝင် လက်ထပ် ထားတာဖြစ်သလို တရားဝင်ကွာရှင်း ထားခြင်း လည်း မရှိလို့ ဆုပန်ထွာနဲ့ စေ့စပ်ကြောင်းလမ်းခြင်းအပေါ် ကန့်ကွက်တယ်လို့ ကြေညာထားပါတယ်။



အိမ့်သံစဉ်
(ဧရာဝတီ)

Sunday, April 27, 2014

အပူချိန် မြင့်တက်လို့ လူသေဆုံးမှုတွေ ရှိနေ


မြန်မာနိုင်ငံမှာ အပူချိန် မြင့်တက်လို့ လူတွေ သေဆုံးရတဲ့အထိ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

မြန်မာပြည်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်အောင် ပူနေတဲ့ နေရာတွေ ရှိနေပြီး အပူဒဏ် ကို နေရာအတော်များများမှာ ခံနေရပါတယ်။

ဒီနှစ် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းတွေမှာ ပုံမှန် အပူချိန်ရဲ့ အထက် ၆၀ ရာနှုန်းလောက်အထိ တိုးမယ်လို့ ခန့်မှန်းထားကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ဘီဘီစီကို ပြောပါတယ်။

မော်လိုက်မြို့မှာဆို အပူချိန်ဟာ နှစ်၅၀ အတွင်း အမြင့်ဆုံး စံချိန်ကိုတောင် ချိုးထားပြီ လို့ ဆိုပါတယ်။

လေထဲမှာ ရေငွေ့ပါလာမယ်၊ အပူချိန်ကလည်း ရှိမယ်၊ စိုထိုင်းဆ များပြီး မိုးလည်း မရွာဘူး ဆိုရင်တော့ လူသေဆုံးနိုင်လောက်တဲ့အထိ အပူချိန် တက်သွားနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဒီလို အပူချိန်မျိုးဟာ တိုင်းလို့ ရတဲ့ အပူချိန် မဟုတ်ပဲ "ခံစားရတဲ့ အပူချိန်" လို့ ခေါ်ပြီး အပူလျှပ်တဲ့ ဒဏ်ကို ကြုံရနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဒီနှစ် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ပုံမှန် အပူချိန်ရဲ့ အထက် ၆၀ ရာနှုန်းလောက်အထိ တိုးမယ်လို့ ခန့်မှန်းထား

ဦးဝင်းတင် ရက်လည်ဆွမ်းကပ်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်


ကွယ်လွန်သွားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင်အတွက် ၇-ရက်ပြည့် ရက်လည်ဆွမ်းကျွေး အခမ်းအနားတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၊ ရန်ကင်းမြို့ နယ် နေအိမ်နဲ့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက် နေအိမ်တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ရန်ကင်းမြို့နယ်က ဆရာကြီး ဦးဝင်းတင် နေအိမ်မှာ ပြုလုပ်တဲ့ ဆွမ်းကျွေး အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ဆရာကြီးရဲ့မိသားစုဝင်တွေ၊ ဦးဝင်းတင်ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့တာတွေနဲ့ပတ်သက်ပြီး ဆရာကြီး မိသားစု ဝင်တစ်ဦးဖြစ်တဲ့ ဦးပေါက်က အခုလိုပြောပါတယ်။
"ဘဘရဲ့အခုအိမ်နဲ့ပတ်သက်လို့ ပြောတာကတော့ လောလောဆယ်ဒီမိသားစုက ဆက်လက်ထိန်းသိမ်းထားပါ သူအရင်တခေါက်ပြောခဲ့သလိုပဲ အခွင့်အခါ သင့်တဲ့အချိန်မှာ ဒီအိမ်အလုံး လိုက်ရွေ့ပြီးတော့ ပြတိုက်သဘောမျိုး လုပ်ပါ မယ်၊အခုဖွဲ့ထားတဲ့ ကော်မတီကဘဘနဲ့ ပတ်သက်တဲ့ကော်မတီဆိုတဲ့ဟာက ဘဘရဲ့လက္ခံရရှိထားတဲ့ အချို့သောဆုတံဆိပ်တွေ နိုင်ငံရပ်ခြားမှာပြန့်နှံ့နေ တဲ့ တံဆိပ်တွေကို ပြန်လည်ယူပြီးတော့ ထိန်းသိမ်းဖို့ သူတို့ကိုတာဝန်ပေး မယ်လို့ပြောတယ် "

ဆရာကြီး ဦးဝင်းတင် အသက်ရှိစဉ်က နေထိုင်ခဲ့တဲ့ ရန်ကင်းမြို့နယ်က အခန်းကို သတင်းသမားတွေ မှတ်တမ်းယူနိုင်ဖို့အတွက် ဒီနေ့ နေ့လည် ပိုင်းမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပျဉ်းမနား၊ ဘိုကလေး၊ ပုသိမ်၊ လှည်းကူး စတဲ့ မြို့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေမှာလည်း ကွယ်လွန်သွားတဲ့ ဆရာကြီး ဦးဝင်းတင်အတွက် ရည်စူးပြီး ဆွမ်းကျွေးတရားနာ အခမ်း အနားတွေကို ဒီနေ့ ကျင်းပကြတယ်လို့ သိရပါတယ်။

အလားတူပဲ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော် နဲ့ ဆက်စပ်နေတဲ့ Maryland ပြည်နယ် က မြန်မာ မိသားစုတွေကလဲ Gaithersburg မြို့အ နီးက အောင်ရတနာ ဘုန်းကြီးကျောင်းမှာ ဆရာ ဦးဝင်းတင်အတွက် ရက်လည်ဆွမ်း ဆက်ကပ်ပွဲ ကျင်းပခဲ့ကြပါတယ်။

RFA Burmese

မန္တလေးတိုင်း ဒေသကြီး အတွင်း အပူချိန်လွန်ကဲ မှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူရှပ်လူနာ များပြား


မန္တလေးတိုင်း ဒေသကြီးမှာ အပူချိန်လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာသော အပူရှပ်လူနာ အရေအတွက်မှာ ဧပြီ ၂၀ ရက်မှ ၂၅ ရက်အထိ ၄၉ ဦးရှိ နေပြီလို့ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနနဲ့ မန္တလေး အထွေထွေရောဂါ ကုဆေးရုံကြီးရဲ့ စာရင်းတွေကို ကိုးကားပြီး အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒီလူနာတွေထဲက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးမှာ သေဆုံး သွားသလို ၃၉ ဦးဟာ ဆေးကုသမှုခံယူနေရတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ အများစုဟာ ဆင်းရဲနွမ်းပါးသူတွေဖြစ်ပြီး နေပူဒဏ်ခံပြီး အလုပ်လုပ်ကိုင်သူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်းမှာ အပူရှိန်မြင့်မားတာကြောင့် အပူလျှပ်လူနာ အရေအတွက်တွေ တိုးပွားလာသလို အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိတဲ့ ၁၁ ထက်ကျော်လွန်နေသောတန်ဘိုးများကို မြန်မာတနိုင်ငံလုံး ကျရောက်နိုင်တယ်လို့လည်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

By ဒီဗွီဘီ
မန္တလေးဆေးရုံကြီး လူနာဆောင်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ကိုဝမ်း)

စီမံခန့်ခွဲမှုစရိတ် ရာခိုင်နှုန်း ၇၀ အထိရှိနေ

ကူညီတယ်ဆိုပြီး အလွဲသုံးစားလုပ်နေတဲ့ NGO အချို့ကို ဝေဖန်ကြပြီ၊ အချို့ NGO နှင့် INGO များ



စစ်တွေမြို့တွင် INGO များနှင့် ဒေသခံများအကြား ပဋိပက္ခတွင် ဖျက်ဆီးခံခဲ့ရသည် INGO မှ ငှားရမ်းထားသည့် အဆောက်အအုံတစ်ခု

မြန်မာနိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိသော အချို့ NGO များနှင့် INGO အဖွဲ့အစည်းများသည် ၎င်းတို့၏ စီမံခန့်ခန်မှုစရိတ်ကို ၎င်းတို့ရရှိသော ငွေကြေး၏ ရာခိုင်နှုန်း ၇၀ အထိ အသုံးပြုနေပြီး အများပြည်သူသို့ လက်တွေ့ကူညီမှုမှာမူ ရာခိုင်နှုန်း ၃၀ ခန့်သာ သုံးစွဲလျက်ရှိကြောင်း NGO အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ၊ ပညာရှင်များက ပြောကြားသည်။




“တိုင်းပြည်ကို စေတနာနဲ့၊ တိုင်းပြည်ကောင်းအောင်၊ လူမျိုးကောင်းအောင်ဆိုပြီး လုပ်တဲ့သူတွေ နည်းတယ်။ ငွေ ၁၀၀ ရတယ်ဆိုရင် သူတို့ အိပ်ထောင်ထဲမှာ ၅၀၊ ၇၀ ထည့်တယ်။ ၁၀၊ ၁၅ လောက်ပဲ သုံးတယ်။ ပြည်သူလူထုလက်ထဲ မရောက်ဘူး” ဟု FREDA ဥက္ကဋ္ဌ ဦးအုန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော နိုင်ငံတကာ INGO အဖွဲ့ပေါင်း ၁၀၀ ကျော်ရှိနေပြီး ထိုအထဲတွင် အဖွဲ့ ၆၀ က ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre) နှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

ပြည်တွင်းမှ ပညာရှင်များ၊ ကျွမ်းကျင်သူများဖြင့် လုပ်ကိုင်နေသည့် ပြည်တွင်း NGO အရေအတွက်မှာ ၁၅၀ ခန့်ရှိပါသည်။

ထို့ပြင် ကုလသမဂ္ဂ (UN) နှင့် စပ်ဆက်နေသော INGO အဖွဲ့ ၁၂ ဖွဲ့ခန့်ရှိနေပြီး မကြာသေးမီက လုပ်ငန်းဆောင်ရွက်မှု ပိုမိုမြှင့်တင်လာသည့် USAID နှင့် World Bank ကဲ့သို့သော ခိုင်မာသည့် INGO အဖွဲ့အစည်းများလည်း ရှိနေသည်။

ပြည်တွင်းပြည်ပ NGO နှင့် INGO အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ခန့်ရှိနေပြီး ၎င်းတို့အနက် အရေအတွက် ၁၀၀ ကျော်ခန့်ရှိပြီး နိုင်ငံခြားသား ပညာရှင်များဖြင့် လည်ပတ်နေသည့် INGO များ၏ စီမံခန့်ခွဲမှု အသုံးစရိတ်များအပေါ် ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။

“ပြည်တွင်း NGO တွေက ဘာမှရတာ မဟုတ်ဘူး။ အလွန်ဆုံး သူတို့ရရင် ဒေါ်လာ သောင်းဂဏန်းပဲရှိတာ။ ခြစားမှုရှိနိုင်တယ်။ ဒါပေမဲ့ မများဘူး။ သို့သော် ဒေါ်လာသန်းချီပြီး အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေတဲ့ INGO တွေရဲ့ စီမံခန့်ခွဲမှုအတွက် ကုန်ကျစရိတ်တွေက လက်တွေ့ကူညီမှုပြုလုပ်တဲ့ ငွေကြေးထက် များနေတယ်” ဟု မြန်မာနိုင်ငံမှ INGO လောကနှင့် နီးစပ်သည့် နိုင်ငံရေးသိပ္ပံ ပညာရှင်တစ်ဦးက ဆိုသည်။

ပရောဂျက်တွေကို သတိထားကြည့်တဲ့အခါ onsite ထဲ မရောက်ဘူး။ သူတို့ရဲ့ လစာတင်ပဲ ပရောဂျက်တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၃၀၊ ရာခိုင်နှုန်း ၄၀ ဖြစ်နေတယ်။ သူတို့ရဲ့ ခရီးသွားလာစရိတ်နဲ့ နေထိုင်စားသောက်စရိတ်က ရာခိုင်နှုန်း ၂၀ ဖြစ်တယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းက အိမ်ငှားခတွေ၊ ကားစီးတဲ့စရိတ်တွေ ဖြစ်နေတယ်။ ပြည်တွင်းက ပညာရှင်တွေကို ငှားတဲ့စရိတ်က ရာခိုင်နှုန်း ၂၀ လောက် ဖြစ်နေတယ်။ တကယ်လုပ်ငန်းထဲကို ရောက်တာက ရာခိုင်နှုန်း ၂၀ ကနေ ရာခိုင်နှုန်း ၃၀ ပဲရှိတယ် . . . . .

“နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းတွေက ပြည်တွင်းကပညာရှင်တွေကို အသုံးပြုပြီး ပိုက်ဆံတွေ ယူနေတယ်။ NGO နဲ့ INGO တွေ လုပ်စားနေတာက အဖွဲ့တိုင်းတော့ မဟုတ်ဘူး။ တကယ်အလုပ်လုပ်နေတဲ့ အဖွဲ့တွေ ရှိတယ်။ ကိုယ်ကျိုးလုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒီလိုအလုပ်တွေကို စီးပွားရှာသလို လုပ်နေကြတယ်” ဟု BANCA ဥက္ကဋ္ဌ ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။

၂၀၀၈ ခုနှစ် မတိုင်မီကာလက မြန်မာနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်သော INGO အဖွဲ့အစည်း အရေအတွက်မှာ အနည်းငယ်သာရှိပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်အပြီးတွင် ပိုမိုများပြားလာခဲ့သည်။ သို့သော် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဒေါ်လာသန်းချီကုန်ကျသော ပရောဂျက်များကို ကိုင်တွယ်ဆောင်ရွက်သည့် UN နှင့်ဆက်စပ်သော INGO အဖွဲ့အစည်းများမှာ ၂၀၀၈ ခုနှစ်မတိုင်မီ ကာလကပင် ရှိနေခဲ့သည်။

NGO နှင့် INGO များအား ညွှန်းဆိုရာ၌ ယေဘုယျအားဖြင့် အမျိုးအစားသုံးမျိုး ခွဲခြားနိုင်ပြီး ပထမအမျိုးအစားမှာ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လုပ်ကိုင်နေသော အဖွဲ့များ၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့နေသော အဖွဲ့များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်စဉ်များ၌ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စများ၌ ကူညီနေသော အဖွဲ့များဟူ၍ ခွဲခြားနိုင်ပါသည်။

စီမံခန့်ခွဲမှုဆိုင်ရာ ကုန်ကျစရိတ်ကို ရရှိသော ဘတ်ဂျက်၏ရာခိုင်နှုန်း ၇၀ ခန့် အသုံးပြုပြီး ဆောင်ရွက်နေသော INGO များမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လုပ်ကိုင်နေသော အဖွဲ့များဖြစ်ကြသည်။ ထိုအဖွဲ့များသည် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဒေါ်လာသန်းချီသည့် ပရောဂျက်များကို လုပ်ကိုင်နေသည့် အဖွဲ့များဖြစ်ကြသည်။ ထိုသို့ လုပ်ဆောင်နေသည့် အဖွဲ့များထဲတွင် UN နှင့် ဆက်စပ်နေသော အဖွဲ့များ၊ USAID နှင့် World Bank ကဲ့သို့ အဖွဲ့များ ပါဝင်ကြောင်း သိရသည်။

NGO နှင့် INGO အဖွဲ့အစည်းအချို့ အနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၌ မလိုလားအပ်သော အသုံးစရိတ်များ ပြားမှုများရှိနေပြီး လက်တွေ့ဆောင်ရွက်မှုအပိုင်း၌ ထိရောက်မှု အားနည်းနေခြင်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။

“ပရောဂျက်တွေကို သတိထားကြည့်တဲ့အခါ onsite ထဲ မရောက်ဘူး။ သူတို့ရဲ့ လစာတင်ပဲ ပရောဂျက်တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၃၀၊ ရာခိုင်နှုန်း ၄၀ ဖြစ်နေတယ်။ သူတို့ရဲ့ ခရီးသွားလာစရိတ်နဲ့ နေထိုင်စားသောက်စရိတ်က ရာခိုင်နှုန်း ၂၀ ဖြစ်တယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းက အိမ်ငှားခတွေ၊ ကားစီးတဲ့စရိတ်တွေ ဖြစ်နေတယ်။ ပြည်တွင်းက ပညာရှင်တွေကို ငှားတဲ့စရိတ်က ရာခိုင်နှုန်း ၂၀ လောက် ဖြစ်နေတယ်။ တကယ်လုပ်ငန်းထဲကို ရောက်တာက ရာခိုင်နှုန်း ၂၀ ကနေ ရာခိုင်နှုန်း ၃၀ ပဲရှိတယ်” ဟု ဒေါက်တာစောမွန်သိမ့်က ဆိုသည်။

စစ်တွေမြို့တွင် မတ်လနောက်ဆုံးပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း အပျက်အစီးများနှင့်တွေ့ရသော INGO က ငှားရမ်းထားသည့် အဆောက်အအုံတစ်လုံး

အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေသော INGO များမှ နိုင်ငံခြားသား ပညာရှင်များ၊ အရာရှိများ၏ အခြေခံအသုံးစရိတ်များသည် များပြားသောငွေကြေးများ ဖြစ်နေပြီး ၎င်းတို့၏ အိမ်ငှားစရိတ်၊ ယာဉ်အသုံးပြုစရိတ်များမှာ လစဉ်အမေရိကန်ဒေါ်လာ သောင်းနှင့်ချီ၍ သုံးစွဲနေကြောင်း သိရသည်။

INGO လောကနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ USAID အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ နိုင်ငံခြားသား ပညာရှင်တစ်ဦးသည် ရန်ကုန်မြို့၌ ၎င်းနေထိုင်သည့် အိမ်အတွက် ငှားရမ်းခကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀၀ ခန့် အသုံးပြုခြင်း ရှိခဲ့သည်။

ထို့အပြင် UN နှင့် ဆက်နွှယ်သော အဖွဲ့အစည်းတစ်ခုက မီးစက်အသုံးပြုမှု တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀၀ တင်ပြတောင်းခံခဲ့ခြင်းလည်း ရှိခဲ့သည်။

“UN အခြေစိုက် အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေက ခရီးတစ်ခုသွားရင် တစ်နေ့ကို ဒေါ်လာ ၁၀၀ လောက်ရတယ်။ စာတမ်းတွေရေးတဲ့အခါ နိုင်ငံတကာ အဆင့်အတန်း မီအောင်ဆိုပြီး ကြွေရည်လောင်းထားတဲ့ စာရွက်တွေကို အသုံးပြုတယ်။ အဲဒီမှာလုပ်ရင် တကယ့်အခွင့်ထူးခံ လူတန်းစားလို နေလို့ရတယ်” ဟု INGO ၀န်ထမ်းဟောင်းတစ်ဦးက ပြောကြားသည်။

အခြေခံ အသုံးစရိတ်များနှင့် နေထိုင်ငှားရမ်း စရိတ်များမှာပင် လစဉ် အမေရိကန်ဒေါ်လာ သောင်းချီသုံးစွဲနေသော အချို့ INGO များ၌ လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၀န်ထမ်းများနှင့် အဆင့်မြင့်ရာထူး မြန်မာဝန်ထမ်းများသည် မြန်မာနိုင်ငံတွင် ၀င်ငွေအကောင်းဆုံးသူများ ဖြစ်နေကြောင်း သိရသည်။

“ရန်ကုန်မြို့က ဈေးအကြီးဆုံး ကော်ဖီဆိုင်တွေ၊ ဘားတွေကို သွားကြည့်လိုက်ရင် INGO မှာ လုပ်နေတဲ့သူတွေနဲ့ ခရိုနီတွေ၊ ခရိုနီတွေနဲ့ ဆက်နွှယ်နေသူတွေ၊ သံရုံးအရာရှိတွေကိုပဲ တွေ့ရလိမ့်မယ်။ နောက်ပြီး ရန်ကုန်က ဈေးအကြီးဆုံး KTV၊ အနှိပ်ခန်းတွေမှာလည်း သူတို့ကို တွေ့ရလိမ့်မယ်။ တစ်ညတစ်ညကို မြန်မာငွေသိန်းချီ သုံးနေတဲ့ သူတို့ရဲ့ ငွေကြေးတွေက အလှူရှင်တွေဆီက ရထားတဲ့ ငွေကြေးတွေပါပဲ” ဟု INGO လောကနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း အစီရင်ခံစာကောင်း ရေးသားတတ်ခြင်းနှင့် အလှူရှင်များစိတ်ကြိုက် လုပ်ပြခြင်းဖြင့် ရရှိနေသော ငွေကြေးများကို NGO နှင့် INGO အဖွဲ့အစည်းများက ၎င်းတို့ကိုယ်ကျိုးအတွက် အသုံးပြုနေသည်မှာ မှန်မှန်ကန်ကန် လုပ်ကိုင်နေသူများအတွက် မျက်နှာပျက်စရာ ဖြစ်နေပါသည်။

“INGO တွေရဲ့ အသုံးစရိတ် များတယ်ဆိုတာ အမှန်ပဲ။ ပြည်တွင်းအဖွဲ့အစည်းတွေက အဲဒီလို အခွင့်အရေး မရှိဘူး။ INGO တွေက အစီရင်ခံစာ ရေးသားခြင်းနဲ့ အလှူရှင်တွေစိတ်ကြိုက် လုပ်နိုင်ရင် တကယ်ထိရောက်တဲ့ နေရာတွေ၊ ပြည်သူပြည်သားတွေဆီ ရောက်တာနည်းတယ်။ Budget Line ဆွဲကတည်းက Overall Charges တွေက တော်တော်ယူထားပြီး ဖြစ်နေတယ်” ဟု ရွှေမင်းသားဖောင်ဒေးရှင်းကို တည်ထောင်သူ ဦးမြတ်သူဝင်းက ပြောသည်။

“မြန်မာနိုင်ငံက အဖွဲ့အစည်း တော်တော်များများမှာ လုပ်နေတဲ့ မြန်မာနိုင်ငံက ပညာတတ်တွေက ပြောသင့်ပြောထိုက်တာကို မပြောဘဲ နေသာသလို နေနေကြတဲ့သူတွေ အများကြီးရှိတယ်။ ငွေကြေးလှူဒါန်းကြတဲ့ အဖွဲ့တွေက မကျွမ်းကျင်ကြဘူး ဆိုပြီးတော့ အစီရင်ခံစာ ကောင်းကောင်းရေးနိုင်ရင် ပိုက်ဆံရတယ်ဆိုပြီး လုပ်ချင်သလို လုပ်နေကြတယ်။ တချို့ INGO တွေက နိုင်ငံတကာ ပညာရှင်တွေကိုခေါ်ပြီး တစ်ပတ်၊ နှစ်ပတ်လောက် ခိုင်းတယ်။ နိုင်ငံတကာပညာရှင်တွေ လာကူညီတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ပြတယ်။ အဲဒီလို လုပ်ပြတဲ့အတွက် အစီရင်ခံစာရေးလို့ ကောင်းသွားတယ်။ အဲဒီလိုလုပ်နေတဲ့ ပြည်တွင်းအဖွဲ့တွေရော၊ ပြည်ပအဖွဲ့တွေ ပါရှိနေတယ်” ဟု ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။

NGO၊ INGO တွေအားလုံး မကောင်းဘူးလို့ပြောတာ မဟုတ်ဘူး။ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့တည်းက လုပ်ချင်ရာ လုပ်နေလို့တော့ မဖြစ်ဘူး။ NGO တွေ၊ Civil Society တွေက ရှိကိုရှိနေရမယ်။ အခုဖြစ်နေတဲ့ အလွဲသုံးစားမှုတွေ၊ စီမံခန့်ခွဲမှုစရိတ် အများဆုံးသုံးနေတာတွေက အစိုးရနဲ့ bilateral လုပ်ထားတဲ့ INGO တွေမှာ အများဆုံး ဖြစ်နေတာ . . . . .

သို့သော် အချို့သော INGO များက ပြည်တွင်း NGO များ၏ လုပ်ဆောင်မှုအပေါ် နိုင်ငံတကာ အလှူရှင်များ၏ အမြင်မှားစေရန် သတင်းမှားပေးမှုများလည်း ရှိနေကြောင်း သိရသည်။

“ပြည်တွင်း NGO တွေရဲ့ လုပ်ဆောင်နိုင်မှု အရည်အချင်း မပြည့်ဝဘူး ဆိုပြီးတော့ နိုင်ငံတကာ အလှူ ရှင်တွေ အမြင်မှားအောင် လုပ်ထားတယ်။ သူတို့က တစ်ဆင့်ပဲလှူ အောင် လုပ်တာများတယ်” ဟု ဦးမြတ်သူဝင်းက ဆိုသည်။

NGO နှင့် INGO အချို့တွင် စီမံခန့်ခွဲမှုစရိတ်ကို အကြောင်းပြုပြီး ငွေကြေးအလွဲသုံးစားမှုများ ရှိနိုင်သဖြင့် ပြည်တွင်း NGO များအနေဖြင့် စာရင်းဇယားများကို တိကျစွာဖြင့် လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း အကြံပြုချက်များ ရှိသည်။

“စီးပွားရေး အဖွဲ့အစည်း၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ အစိုးရ အဖွဲ့အစည်းပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေမှာ ခုတ်ရာတခြား၊ ရှရာတစ်လွဲ လုပ်နေတာတွေရှိတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက စာရင်းစစ်တွေနဲ့ စနစ်တကျ လုပ်ထားတဲ့အတွက် အဲဒီလိုလုပ်လို့ မရဘူးလို့တော့ ထင်တာပဲ။ ဒါပေမဲ့ ထိုင်းတို့လို ဒေသတွင်းနိုင်ငံတွေကလာတဲ့ အဖွဲ့အစည်းတွေကိုတော့ မပြောတတ်ဘူး။ ဒါတွေက မရှိဘူးလို့ ပြောလို့မရသလို၊ ရှိတယ်လို့လည်း တပ်အပ်မပြောနိုင်ဘူး” ဟု ပြည်တွင်း NGO အဖွဲ့တစ်ခုဖြစ်သော EcoDev ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားသည်။

အစီရင်ခံစာကောင်းပြီး အလှူ ရှင်စိတ်ကြိုက် ပရောဂျက်လုပ်ဆောင်နေသည့် INGO အဖွဲ့အစည်းအချို့၏ လက်တွေ့ပြည်သူ့အကျိုးပြု လုပ်ဆောင်မှုများမှာ အားရစရာမရှိကြောင်း ပြောဆိုမှုများ ရှိပါသည်။

ဥပမာအားဖြင့် လတ်တလော ကာလအတွင်း ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ထားဝယ်တို့၌ ပရောဂျက် လုပ်ဆောင်ခဲ့သော World Bank ၏ ဆောင်ရွက်မှုများအပေါ် ဝေဖန်မှုများ ရှိနေသည်။

“World Bank က လုပ်တဲ့ကိစ္စက ဘာလဲဆိုတော့ ငွေချေးတယ်။ သူတို့အဖွဲ့တွေ ရွာကိုရောက်လာတယ်။ သူတို့လိုချင်တဲ့ အချက်အလက်နဲ့ ကိုက်ညီသလား ဆန်းစစ်တယ်။ အဲဒီဒေသအကြောင်း၊ ဘာတွေလိုအပ်ချက် ရှိလဲဆိုတာ မသိဘူး။ ဒါပေမဲ့ သူတို့ရဲ့ Check List နဲ့ ကိုက်တယ်ဆိုပြီး အကူအညီပေးတယ်။ အဲဒီအတွက် ပြင်ဆင်မှုက နေ့တစ်ဝက်ပဲရှိတယ်။ သူတို့ပြန်တော့ ဘဏ်မှာ ပိုက်ဆံထည့်ပေးခဲ့တယ်။ သူတို့ပြန်သွားတဲ့အခါ အဲဒီဒေသမှာ ပြဿနာတွေ ကျန်ခဲ့တယ်” ဟု နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးက ပြောကြားသည်။

စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း အပျက်အစီးများနှင့် တွေ့ရသော INGO က ငှားရမ်းထားသည့် အဆောက်အအုံတစ်လုံး

လက်ရှိအချိန်တွင် NGO နှင့် INGO များအနေဖြင့် မိမိတို့လုပ်ဆောင်မည့်ဒေသ အခြေအနေကို မသိဘဲ ပရောဂျက်တွင် ပါရှိသော Check List အတိုင်းသာ လုပ်ဆောင်နေသဖြင့် ထိရောက်မှုအတိုင်းအတာ မရှိခြင်းဖြစ်ကြောင်း INGO ၀န်ထမ်းဟောင်းတစ်ဦးက ဆိုသည်။

“သူတို့ကို စစ်လို့မရဘူး။ စစ်တဲ့အခါ သူတို့က ပြန်ပြောလိမ့်မယ်။ ငါတို့ကပေးထားတဲ့ Check List အတိုင်း လုပ်တယ်ပေါ့။ ငါတို့ တာဝန်ကျေတယ်ပေါ့။ Check List အတိုင်းလုပ်တာတော့ မှန်တယ်။ အဲဒီဒေသမှာ ဘာလိုနေလဲ။ ဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိတော့ သူတို့လုပ်တာတွေက သဲထဲရေသွန် ဖြစ်နေတာပေါ့။ ဥပမာ-အိမ်သာပရောဂျက်ဆိုပြီး အိမ်သာကိစ္စတွေ လုပ်ကြတယ်။ အိမ်သာတော့ ပြီးသွားတယ်။ ဒါပေမဲ့ အိမ်ကစုတ်ပြတ်နေပြီး အိမ်သာက အရမ်းကောင်းနေတာမျိုးတွေ ဖြစ်ကုန်တယ်” ဟု INGO ၀န်ထမ်းဟောင်းက ပြောကြားသည်။

ထိုကဲ့သို့ Check List တစ်ခုတည်းအပေါ်ကို အားထားပြီး ဒေသအခြေအနေမှန်နှင့် ပတ်ဝန်းကျင်၏ အမှန်တကယ် လိုအပ်ခြင်းများကို ရှာဖွေနိုင်စွမ်း မရှိသောကြောင့် IRI စစ်တမ်း ရလဒ်ကဲ့သို့သော လွဲမှားသည့်ရလဒ်များ ထွက်ပေါ်နေရခြင်း ဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်က ပြောကြားသည်။

လက်ရှိအစိုးရလက်ထက်၌ NGO နှင့် INGO များ ပိုမိုများပြားနေပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိနေသည်။ ထိုသို့ ရှိနေသည့်အနက် ရခိုင်ပြည်နယ် စစ်တွေမြို့ တစ်ခုတည်းတွင် NGO နှင့် INGO အဖွဲ့အစည်းပေါင်း ၆၈ ဖွဲ့ရှိပြီး ထိုအထဲတွင် ၁၉ ဖွဲ့မှာ တရားဝင် မှတ်ပုံတင်မရှိသော အဖွဲ့များဖြစ်သည်။

လူဦးရေ သုံးသန်းရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၅ ဒသမ ၅၃ ရာခိုင်နှုန်းရှိသော ရခိုင်ပြည်နယ်တွင် NGO နှင့် INGO အရေအတွက်မှာ ပြည်နယ်လူဦးရေနှင့် မလိုက်အောင် များပြားနေပြီး ထိုအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုမှာလည်း ဒေသခံ ရခိုင်တိုင်းရင်းသားများအပေါ် သက်ရောက်မှုနည်းပါးကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် INGO အဖွဲ့အစည်းအချို့၏ မလျော်ကန်သော လုပ်ရပ်များနှင့် ဆက်နွှယ်နေကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။

“NGO၊ INGO တွေအားလုံး မကောင်းဘူးလို့ပြောတာ မဟုတ်ဘူး။ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့တည်းက လုပ်ချင်ရာ လုပ်နေလို့တော့ မဖြစ်ဘူး။ NGO တွေ၊ Civil Society တွေက ရှိကိုရှိနေရမယ်။ အခုဖြစ်နေတဲ့ အလွဲသုံးစားမှုတွေ၊ စီမံခန့်ခွဲမှုစရိတ် အများဆုံးသုံးနေတာတွေက အစိုးရနဲ့ bilateral လုပ်ထားတဲ့ INGO တွေမှာ အများဆုံး ဖြစ်နေတာ။ ပြည်တွင်းကလူတွေ လုပ်နေတဲ့ NGO သေးသေးတွေက ဘာမှရတာမဟုတ်ဘူး။ အလွဲသုံးစားမှုတွေ ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဖွဲ့ကြီးတွေလောက် မများဘူး။ အစိုးရနဲ့ ပေါင်းလုပ်နေတဲ့ အဖွဲ့ကြီးတွေမှာပဲ ဖြစ်နေတယ်။ သူတို့ရဲ့ အလွဲသုံးစားမှုတွေကို ဖော်ထုတ်ရေးသားဖို့တော့ လိုအပ်မယ်” ဟု နိုင်ငံရေးသိပ္ပံပညာရှင်က ပြောကြားသည်။

Eleven Media

ပဋိပက္ခများကြောင့် မြန်မာ့အပြောင်းအလဲ အလွန်ဆိုးသည့်ဘက် ဦးတည်သွားနိုင်ကြောင်း အိုဘားမား သတိပေး






ရန်ကုန်၊ ဧပြီ ၂၇

မြန်မာနိုင်ငံ၌ ကျေနပ်အားရစရာ ကောင်းသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း လူမျိုး/ဘာသာကွဲ အုပ်စုများအကြား မြင်တွေ့နေရသည့် ပဋိပက္ခများကြောင့် မြန်မာ့အပြောင်းအလဲမှာ အလွန်ဆိုးရွားသည့်ဘက်သို့ ဦးတည်သွားနိုင်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက သတိပေး ပြောကြားလိုက်သည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမားနှင့် အာဆီယံနိုင်ငံ အသီးသီးမှ လူငယ်များ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံစဉ် လူမှုကွန်ရက်မှတစ်ဆင့် မြန်မာလူငယ်တစ်ဦးက ဘာသာ/လူမျိုး မတူသူများအကြား ခေါင်းဆောင်မှုဆိုင်ရာနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ခုမြင်တွေ့နေရတဲ့ မြန်မာပြည်က ဘာသာ၊ လူမျိုးမတူ အုပ်စုတွေ အကြားက ပဋိပက္ခတွေဟာ မြန်မာ့အပြောင်းအလဲကို အလွန်ဆိုးရွားတဲ့ လားရာဆီကို ဦးတည်သွားနိုင်တယ်” ဟု သမ္မတအိုဘားမားက ပြောဆိုသည်။

ထို့အတူ နိုင်ငံအတွင်းရှိ မူဆလင်များအပေါ် ဖိနှိပ်ကန့်သတ်မှုများ ရှိနေမည်ဆိုပါက မြန်မာ့အပြောင်းအလဲ အောင်မြင်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း သတိပေးသည်။

သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များမှာ အမေရိကန်ပြည်ထောင်စု၊ မလေးရှားနိုင်ငံတို့ အပါအဝင် ကမ္ဘာပေါ်၌ ဖြစ်လေ့ဖြစ်ထ ရှိသော ပြဿနာများ ဖြစ်ပြီး လူများစုက လူနည်းစုအပေါ် အထင်အမြင်သေးခြင်း၊ အခွင့်အရေးများကို တားမြစ်ပိတ်ပင်ခြင်းများ သမိုင်းတွင်သာမက လက်ရှိ အချိန်၌ပါ မြင်တွေ့နိုင်သေးကြောင်း သမ္မတအိုဘားမားက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှ အစပြုသည့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများနှင့် ဗမာနှင့် အခြားတိုင်းရင်းသား လူမျိုးစုများအကြား အုပ်ချုပ်မှုစနစ် အလွဲများကြောင့် တင်းမာမှုများ ရှိခဲ့သဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နောက်ပြန်သွားနိုင်ကြောင်း နိုင်ငံရေး ခေါင်းဆောင်များက သတိပေးထားသည်။

နိုင်ငံတစ်ဝန်း အမုန်းစကား ဟောပြော ပြောဆိုမှုများ ပြုလုပ်နေသော်လည်း အစိုးရက လျစ်လျူရှုထားသည့် အပေါ် ဝေဖန်ခံနေရပြီး လူငယ်များ ဦးဆောင်ကာ အမုန်းစကားရပ်ရေး လှုပ်ရှားမှုများ နိုင်ငံတဝန်း စတင် လုပ်ဆောင်လျက် ရှိသည်။

မြန်မာ့အပြောင်းအလဲမှာ အရေးကြီးသော အနေအထားသို့ ရောက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ပြောဆိုခဲ့သည်။

The Voice Weekly

ရထားလမ်းတစ်လျှောက် ဖိုင်ဘာဆက်ကြောင်းနဲ့ တာဝါတိုင်အတွက် ကုမ္ပဏီတွေကို တင်ဒါခေါ်




ရန်ကုန်-မန္တလေး မီးရထားလမ်းတစ်လျှောက်မှာရှိတဲ့ ဖိုင်ဘာဆက်ကြောင်းကို ပြုပြင်ထိန်းသိမ်းပြီး ဆက်သွယ်ရေး အော်ပရေတာတွေကို ငှားရမ်းဖို့အတွက် အပြီးအစီးတာဝန်ယူလုပ်ကိုင်မယ့် ကုမ္ပဏီကို ရထားပို့ဆောင်ရေးဝန်ကြီးဌာနက တင်ဒါခေါ်လိုက်ပါပြီ။ ဆက်သွယ်ရေးကဏ္ဍရဲ့ အဓိကအသက်သွေးကြောကို မီးရထားဌာနက ဘယ်လိုတာဝန်ယူလုပ်ကိုင်မှာလဲ။

လာမယ့် မေလ ၂၇ရက်နေ့ နောက်ဆုံးထား ခေါ်ယူမယ့် တင်ဒါဟာ အဆင့် ၃ဆင့်ပါဝင်ပြီး ပထမအဆင့်ကတော့ လက်ရှိရှိပြီးသား Fiber Optic Cable ဆက်ကြောင်းကို ပြုပြင်ပြီး ငှားရမ်းမှာဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ ဆက်သွယ်ရေး အော်ပရေတာတွေအတွက် တာဝါတိုင်ထောင်ဖို့ မြေယာအရှုပ်ရှင်းပြဿနာကို ဖြေရှင်းဖို့ ရထားလမ်းပိုင်မြေတွေမှာ တာဝါတိုင်ထောင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအဆင့်ကတော့ တစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေး Fiber Optic Cable တွေဖြန့်ဖို့ ရင်းနှီးမြှုပ်နှံသူကို ရှာဖွေသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားရဲ့ စီမံကိန်းဒါရိုက်တာ ဦးဘမြင့်က ဆိုပါတယ်။

မီးရထားလမ်း ဘေးညာတစ်ဖက်စီမှာ ၇၅ပေရှိပြီး မိုင် ၄၈ဝဝ စုစုပေါင်းရှိတဲ့ ရထားဝန်ကြီးဌာနပိုင်မြေပေါ်မှာ ဖိုင်ဘာဆက်ကြောင်း Backbone ကို မြှုပ်နှံနိုင်မှာဖြစ်ပြီး အရှုံးပေါ်နေတဲ့ မီးရထားလုပ်ငန်းအတွက် ဝင်ငွေကာမိနိုင်မှာဖြစ်တယ်လို့ ဝန်ကြီး ဦးသန်းဌေးက ဧပြီ ၂၇ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

စီမံကိန်း ပထမအဆင့်က ၄လကြာမြင့်မှာဖြစ်ပြီး ဒုတိယအဆင့်နဲ့ တတိယအဆင့်ကို နောက်ပိုင်းမှ အသေးစိတ် ထုတ်ပြောနိုင်မယ်လို့ ဆိုပါတယ်။ ဒီ တင်ဒါခေါ်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်ဘူတာကြီးမှာ ကျင်းပခဲ့တာဖြစ်ပြီး ဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့ မြန်မာ့မီးရထားပိုင်မြေပေါ်က ဖိုင်ဘာဆက်ကြောင်းကို ငှားရမ်းသုံးစွဲနိုင်သလို မြေပေါ်မှာလည်း တာဝါတိုင် ဆောက်နိုင်မယ်လို့ ဆိုပါတယ်။

နိုင်ငံတကာမှာလည်း ရထားနဲ့ဆက်စပ်တဲ့မြေတွေမှာ ဖိုင်ဘာဆက်ကြောင်း Backbone တွေ တည်ဆောက်သလိုပဲ လုပ်ကိုင်တာဖြစ်ပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီတွေအားလုံး တင်ဒါလျှောက်နိုင်သလို တင်ဒါနိုင်တဲ့ကုမ္ပဏီကိုလည်း ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နိုင်ဖို့ ရထားဝန်ကြီးဌာနက ကူညီသွားမယ်လို့ ဆိုပါတယ်။

Kamayut Media

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons