Saturday, June 28, 2014

အမျိုးသမီးကိစ္စများအား လူမှုဝန်ထမ်းဦးစီးဌာန သတင်းပြန်ကြားရေး စင်တာသို့တိုင်ကြားနိုင်

=================== =================== အမျိုးသမီးများအနေဖြင့် မိမိတို့၏ကိစ္စရပ်များအား ရင်ဖွင့်တိုင်ကြားလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၏ သတင်းပြန်ကြားရေးစင်တာသို့ ဆက်သွယ်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း ၎င်းဌာနက သတင်းထုတ်ပြန်သည်။ “၂၀၁၃ ခုနှစ်၊ သြဂုတ်လကစပြီးအခုချိန်ထိ လာရောက်တိုင်ကြားမှု ၂၀ လောက် ရှိနေပါပြီ...

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် မြန်မာ-တရုတ် သဘောတူညီချက် စာချုပ်များ လက်မှတ်ရေးထိုး

=================== =================== သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် ဇွန် ၂၇ ရက်က တရုတ်နိုင်ငံ၌ မြန်မာ-တရုတ် သဘောတူညီချက်များကို သမ္မတနှင့်အတူ လိုက်ပါသွားသော ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနမှတစ်ဆင့် သတင်းထုတ်ပြန်သည်။ သမ္မတဦးသိန်းစိန်နှင့် အဖွဲ့သည...

သတင်း ကြေညာ နိုင်သည့် အပြင် စကားပြန်ပြော နိုင်စွမ်း ရှိသည့် ကမ္ဘာ့ ပထမဆုံး စက်ရုပ်

=================== =================== လူသားများ နေရာတွင် စက်ရုပ်များကို အစားထိုး၍ အသုံးပြုမှုများ တိုးတက်မြင့်မား လျက်ရှိသော ဂျပန်နိုင်ငံရှိ တိုကျို ပြတိုက်တွင် လူသား အစစ်ကဲ့သို့ အသွင်သဏ္ဌာန်ရှိပြီး သတင်းကြေညာ နိုင်စွမ်းရှိသည့်...

တောင်သူတွေ ထောင်ထဲသွားရတော့ ဘာဖြစ်သလဲ

=================== =================== ယခင်ဗိုလ်ချုပ်ကြီးတွေက နိုင်ငံရေးသမားတွေကို ထောင်ထဲ ပို့တယ်။ ယခုဗိုလ်ချုပ်ကြီးတွေလက်ထက်မှာတော့ တောင်သူလယ်သမားတွေကို ထောင်ထဲပို့တယ်လို့ ဆိုရမလား။ တချို့ဒေသတွေမှာတော့ ဒီလိုဖြစ်ရပ် ရှိနေပါလိမ့်မယ်။ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မကျည်းပင်ကြာအင်းကျေးရွာက တောင်သူ ၁၂ ဦး ဖေဖေါ်ဝါရီလမှာ ထောင်ဒဏ် (၆) လ ကနေ (၃)နှစ်အထိ အသီးသီး ချမှတ်ခံရပြီပြီး...

Friday, June 27, 2014

ပြည်လမ်းပေါ်က ယာဉ်(၈) စီးဆင့်တိုက်တဲ့အမှု

မူးယစ်ဆေးသုံးစွဲ ထားသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦး မောင်းနှင်လာသောယာဉ်က အခြားယာဉ် ခုနစ်စီးကို ဆင့်တိုက်မှု ရန်ကုန်တိုင်း လွှတ်တော်ရုံးရှေ့၌ ဖြစ်ပွား မူးယစ်ဆေးဝါး သုံးစွဲထားသည်ဟု ယူဆရသည့်...

ကေတီဗွီ မာဆတ် လိုင်းကြေးယူသည့် ရဲများကို အရေးယူမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ၃ နှစ်အတွင်း အနှိပ်ခန်းနဲ့ ကေတီဗွီ၊ လောင်းကစားဒိုင်တွေမှာ လာဘ်ပေးလာဘ်ယူ လုပ်တာ အပါအ၀င် ရဲတပ်ဖွဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူ အရာရှိ ၄၃၃ ယောက်နဲ့ အခြားအဆင့် ၂၁၂ ယောက်၊ စုစုပေါင်း ၆၄၅ ယောက်ကို အရေးယူခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ...

ဆင်းရဲစဉ်က စွန့်ခွာသွားသည့် ချစ်သူဟောင်းကို စိတ်ကူးဆန်းဆန်းဖြင့် တုံ့ပြန်ခဲ့သည့် တရုတ်အမျိုးသား

မိမိဆင်းရဲနွမ်းပါးစဉ်က စွန့်ပစ်သွားသည့် ချစ်သူကို ချမ်းသာကြွယ်ဝလာသည့် အချိန်တွင် တရုတ်အမျိုးသား တစ်ဦးက စိတ်ကူးဆန်းဆန်းဖြင့် တုံ့ပြန်သွားခဲ့သည်။ ဝမ်ဟုသာ အမည်ဖော်ပြထားသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် ဟောလီးဝုဒ် စိတ်ကူးယဉ် သိပ္ပံဇာတ်ကားအသစ် Transformers: Age of Extinctionအတွက် IMAX ရုပ်ရှင်ရုံ (၄)ခုစာ လက်မှတ်များကို သိမ်းကျုံးဝယ်ယူခဲ့သည...

Android ကို ပိုမိုလုံခြုံအောင် ပြုလုပ်ထားနိုင်မည့် အချက် (၁၀) ချက်

မိုဘိုင်းထုတ်ကုန်များ အသုံးပြုရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားနိုင်သည့် နည်းလမ်းများနှင့် အလေ့အထများကို သိရှိထားရန် လိုအပ်သည်။ ထို့ကြောင့် Android အသုံးပြုသူများ အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလုံခြုံမှုရှိစွာဖြင့် အသုံးပြုနိုင်မည့် အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါသည...

ဒုဗိုလ်ချုပ်ကြီးမြင့်စိုးမှ နှစ်ကြိမ်စိန်ခေါ်သည့်အတွက် ကန့်ဘလူ သိမ်းဆည်းမြေယာ ဆွေးနွေးပွဲပျက်ဟု လယ်သမားများကဆို

ဒုဗိုလ်ချုပ်ကြီးမြင့်စိုး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လယ်ယာမြေ အငြင်းပွားမှု ပြဿနာ ပြင်းထန် နေသော ကန့်ဘလူ မြို့နယ်တွင် လယ်ယာ မြေသိမ်း ဆည်း ခံထားရသည့် ကျေးရွာငါးရွာမှ တောင်သူ လယ်သမားများနှင့် တပ်မတော် တာဝန်ရှိ သူများတို့ ဇွန်လ ၁၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြရာတွင် ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက တောင်သူများကို နှစ်ကြိမ်တိုင်တိုင် စိန်ခေါ်မှု ပြုလုပ်ခဲ့သည့် အတွက် ဆွေးနွေး ပွဲ ပျက်ပြယ်ခဲ့ ရကြောင်း   ယင်းဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် တောင်သူများ ကပြောသည်။ “တောင်သူတွေနဲ့တွေ့တဲ့ အခါ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက အစပိုင်းမှ...

လကမ္ဘာပေါ်သွားမည်ဟု ပြောဆိုခဲ့သူ ဦးစိုးထွန်းရှိန်ပိုင် ကုမ္ပဏီနှင့် ဒေသခံများ အကြား မြေသြဇာစက်ရုံ မြေနေရာ အငြင်းပွားမှု ဖြစ်ပွား

====================================== လကမ္ဘာပေါ်သို့ ဟန်းနီးမွန်း ခရီးထွက်မည်ဟု ပြောဆိုခဲ့သူ ဦးစိုးထွန်းရှိန်ပိုင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ နတ်သြဇာ သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ရန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၁၇၅)၊ ဦးပိုင်အမှတ်(၃၂)မှ လယ်မြေ ၃ ဒသမ ၈၁ ဧကကို ၀ယ်ယူခြင်းနှင့် ပတ်သက်၍ အဆိုပါကုမ္ပဏီနှင့် ဒေသခံ လယ်သမားများအကြား အငြင်းပွားလျက် ရှိသည်။ အဆိုပါ လယ်မြေ ၃ ဒသမ ၈၁ ဧကကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က နတ်သြဇာ သဘာဝ မြေသြဇာစက်ရု...

လမ်းမတော်ဖိုးတုတ်တကယ်ရှိလား

လမ်းမတော်ဖိုးတုတ်အကြောင်းဖတ်ချင်တယ်ဆိုသူတွေအတွက်ပါ။မြန်မာပြည်လွတ်လပ်ရေးမရသေးဘူး ကိုအောင်ဆန်းတို့ကို အားကိုးပါတယ်လို့ မှာပေးပါလို့ မသေခင်မှာကြားခဲ့တဲ့ မျိုးချစ်လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် လွန်ခဲ့တဲ့နှစ်အနည်းငယ် မြန်မာ့ရုပ်ရှင်လောကမှာ ထွက်ပေါ်ခဲ့တဲ့ လူမိုက်တစ်ရာ ဆိုတဲ့ ဇာတ်ကားကို လူကြိုက်အတော်များခဲ့ပါတယ်..။ ဒီဇာတ်လမ်းဟာ တစ်ခေတ်တစ်ခါက ရန်ကုန်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ လူမိုက်ကြီး လမ်းမတော်...

ပြောင်းလဲခြင်းတွေနဲ့အတူ အညာစယောပါ ရှင်

ဒီတပါတ်တော့ မင်္ဂလာပါရှင် လို့ နုတ်မဆက်တော့ဘူးနော်ကျွန်မက ခုရက်ပိုင်း ကိုရီးယားဇာတ်လမ်းတွဲတွေ အမြဲကြည့်ဖြစ်နေလို့လားမသိပါဘူးကိုရီးယားဇာတ်လမ်းတွဲတွေထဲကလိုဘဲ အညာစရော ဆိုလား အညှာဆယော ဆိုလား အဲလိုဘဲနုတ်ဆက်လိုက်တော့မယ်နော်။ကဲဒါကြောင့် မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတို့ရေ အညာစယော ပါနော်ကျွန်မလေ ဒီနေ့ဒီချိန်ထိ မြန်မာတေးသံရှင် အဆိုတော်ကြီးဒေါ်မာမာအေးကို အရမ်းသဘောကြမိလို့လားမသိပါဘူးအဆိုတော်ကြီးဒေါ်မာမာအေးလိုပါဘဲ…နိုင်ငံခြားအသံလွှင့်ဌာနတစ်ခု ကထုတ်လွှင့်ခဲ့တဲ့ ပြောပြစရာတွေလည်းတစ်ပုံကြီးကျန်သေးတယ် အစီအစဉ်ကို တော်တော်လေးသဘောကြမိတယ်..ခု ကျွန်မမှာလည်...

Thursday, June 26, 2014

ဘယ်မောင်းနှင့်ညာမောင်း ကားတင်သွင်းခွင့်မူဝါဒ ကသောင်းကနင်းကြောင့် အခက်ကြုံရ

ဘယ်မောင်း၊ ညာမောင်း တင်သွင်းခွင့်ပါမစ် မူဝါဒပြောင်းလဲမှုများကြောင့် ကားတင်သွင်းသည့်ကုမ္ပဏီများ အခက်အခဲကြုံ တွေ့နေရကြောင်း ဟွန်ဒိုင်း ကိုရီးယားကား တင်သွင်းသည့် ကုမ္ပဏီဒါရိုက်တာတစ်ဦးက ပြောသည်။  ”ဘယ်မောင်းတွေ လုပ်နေရာ ကနေ ညာမောင်းပြန်ခွင့်ပြုလိုက် တော့ ဘယ်မောင်းစာချုပ်တွေ ဒုက္ခ ရောက်ကုန်ရော၊ ဘယ်မောင်းတင် သွင်းတာက စာချုပ်နဲ့ဆိုတော့ မယူ လို့မရတော့ဘူး။ မြန်မာတွေက...

ဦးဆန်းဆင့် ဘယ်လိုလူစားလဲ

 ဖမ်းဆီးခံထားရသော သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် (ဓာတ်ပုံ- စိုင်းဇော်/ဧရာဝတီ) ဌာနပိုင်ငွေကြေး အလွဲသုံးစား လုပ်သည်ဆိုပြီး အစိုးရက သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဖမ်းဆီးထောင်ချ လိုက်သော်လည်း ဧရာဝတီတိုင်း ဒေသကြီးရှိ နိုင်ငံရေးသမားများနှင့် မဲဆန္ဒရှင်များကမူ တိုင်းလွှတ်တော် ဥက္ကဋ္ဌဟောင်းအပေါ် တမျိုးမြင်ကြသည်။ ဦးဆန်းဆင့်နှင့် ထိတွေ့ဆက်ဆံခဲ့သည့် ဧရာဝတီတိုင်းရှိ ကဏ္ဍအသီးသီးမှ လူပုဂ္ဂိုလ်တို့၏ အမြင်များကို ဧရာဝတီက မေးမြန်းစုံစမ်းခဲ့ရာ သူတို့က ဦးဆန်းဆင့်သည် အကျင့်ပျက်ပြီး အဂတိလိုက်စားသူ၊ ရာထူးအကြောင်းပြုပြီး မိသားစု ဆွေမျိုးတသိုက် ကောင်းစားေ...

ရိုမန်းဘောထ့်တွေရဲ့ကမ္ဘာ စာရေးဆရာ အောင်ရင်ငြိမ်း တိမ်းရှောင်နေသည်ဟု သတင်းများထွက်ပေါ်

ရန်ကုန်၊ဇွန် ၂၆ ညစ်ညမ်းစာများ ပါဝင်နေသည့်အတွက် ဝေဖန်မှုများ ဆက်တိုက်ကြုံနေရသည့် ရိုမန်းဘောထ့်တွေရဲ့ ကမ္ဘာစာအုပ်၏ စာရေးဆရာ၊ ကဗျာဆရာ အောင်ရင်ငြိမ်းမှာ တိမ်းရှောင်နေသည့် သတင်းများ ထွက်ပေါ်နေကြောင်း စာရေးဆရာ၊ ကဗျာဆရာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။ “တစ်နေ့က မြို့ထဲမှာ ကောင်မလေး တစ်ယောက်နဲ့ သူ့ကို တွေ့လိုက်သေးတယ်။ ခုရက်ပိုင်းတော့ ရဲတွေရှာနေလို့ ရှောင်နေတယ်လို့ ကြားတယ်။ သူ့စာအုပ်ကိုတေ...

ငိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည် ခွင့်ဥပဒေ (ပုဒ်မ ၁၈) ပြင်ဆင်ချက်ထုတ်

 ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအဖြစ် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ပြင်ဆင်ချက်မထုတ်ခင် အရင် ဒီဥပဒေနဲ့ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေဟာ မကြာခဏ တရားစွဲဆို ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုပြင်ဆင်ချက်ထဲ မှာတော့ ထောင်ဒဏ်တွေ ကို လျှော့ချလိုက်သလို အစားထိုးချက်တွေနဲ့ ပြဌာန်းလိုက်တဲ့ ဒီဥပဒေအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်...

ဆြာဒင်နှင့်တွေးတတ်လွန်းသူ

(တစ်) ‘ရဟန်းတို့  ထိုသို့ဖြစ်ခြင်းကြောင့်အတိတ်၊ အနာဂတ်၊  ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသောရုပ်ကို ဤရုပ်သည်ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုရမည...

လမ်းဘေးစာသင်ဝိုင်း ပိတ်ပင်ခံရပြီး ကလေးငယ်(၁၅)ဦး လေလွင့် ကလေးများအဖြစ် ဖမ်းဆီးခြင်းခံရ

၂၄.၆.၂၀၁၄ မနက်က ရန်ကုန်ဘူတာကြီး နားမှာ အသက်(၁၂-၁၃) ၀န်းကျင် ကလေး(၁၅)ယောက်ကို လေလွင့်ကလေးတွေ ဆိုပြီး ရဲက ဖမ်းလိုက်ကြောင်း သိရှိရပါသည်...

Resume တွေမှာ တွေ့လေ့ရှိတဲ့ သုံးသင့်သော/မသုံးသင့်သော စကားလုံးများ

Resume တွေမှာ ရေးလေ့ရှိတဲ့ ကောင်းတဲ့စာလုံးတွေ၊ မသုံးသင့်တဲ့စာလုံးတွေအကြောင်း စစ်တမ်းရလဒ်ပါအချက်တွေကို ဖတ်တဲ့အခါ တချို့က သဘောတူမှာ မဟုတ်ပေမယ့် အလုပ်လျှောက်မယ့် သူအတွက်တော့ resume ကောင်းကောင်းဖြစ်လာစေလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်လို့တင်ပြပေးလိုက်ရပါတယ်။ နည်းပညာတွေတိုးတက်လာတဲ့အတွက် အရင်တုန်းကထုံးစံအတိုင်း ရေးလာတဲ့ word document resume ပုံစံတွေ မရှိတော့ဘူးလို့ တော်တော်များများထင်နေကြတယ်။ ဒါပေမဲ့ အဲ့ဒါတွေက ပျောက်ကွယ်မသွားသေးပါဘူး။ တစ်ချိန်တည်းမှာပဲ LinkedIn profiles, video clips တွေနဲ့အခုနောက်ပိုင်း အသုံးပြုတဲ့ နည်းလမ်းတွေကို ပိုပြီးလိုလားတဲ့ recruiter တွေလည်းရှိလာပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ resume အများစုကတော့ ကွန်ပျူတာနဲ့သေချာစာစီထားတဲ့...

ကိုးရီးယား ဇာတ်လမ်းတွဲများမှ မှတ်သားစရာများ

၁။ ချမ်းသာပြီး ချောမောသော ယောက်ျားများသည် ပြောချင်ရာပြောတတ်သော ရွက်ကြမ်းရေကျို မိန်းမများကို ကြိုက်လေ့ရှိသည်။ ၂။ မိန်းကလေးများ၏ အရင်းနှီးဆုံး ယောက်ျားလေးသူငယ်ချင်းတိုင်းသည် သူမတို့ကို သေချာပေါက် ချစ်လေ့ရှိသည...

ပီအာရ်၊ ပြည်ခိုင်ဖြိုးနှင့် မဟာဗျူဟာအကွေ့

၂၀၁၆ ခုနှစ် မတ်လကုန်ပိုင်း အစိုးရဖွဲ့စည်းသောအခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တစ်ဦး၏ သမ္မတဖြစ်နိုင်ခြေကို အနိမ့်ဆုံးအထိ လျှော့ချနိုင်မည့် နည်းလမ်းများတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (ပီအာရ်) ကိုပြောင်းလဲကျင့်သုံးခြင်းသည် ဗျူဟာမြောက်...

ယာဉ်တိုက်ခံပြီးသေကြောင်းကြံသည့်ကျောင်းသားအမှုမှ ယာဉ်မောင်းကို ယနေ့ရုံးတင်မည်

ဒဂုံတက္ကသိုလ်ကျောင်း ဝင်းအတွင်း ယာဉ်တိုက်သေဆုံးခဲ့ သည့်ဥပဒေကျောင်းသားအမှုမှ ယာဉ်မောင်းကို ဇွန်လ ၂၆ ရက် တွင် တရားရုံး၌စတင်စစ်ဆေး မည်ဖြစ်ကြောင်း ဒဂုံအရှေ့မြို့ နယ်ယာဉ်ထိန်းတပ်ဖွဲ့မှသတင်း ရရှိသည်။ ဖြစ်စဉ်မှာ ဒဂုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ဇွန်လ ၁၂ ရက်နေ့လယ် ၁ နာရီခွဲအချိန်တွင် ဒုတိယနှစ်ဥပဒေကျောင်းသားတစ်ဦး ၎င်း၏ချစ်သူနှင့်စကားများ ရန်ဖြစ်ပြီး ကျောင်းဝင်းအတွင်း မောင်းနှင်လာသော တက္ကသိုလ်ကြိုပို့ယာဉ်ဘီအမ်ကားရှေ့သို့ ဖြတ်ပြေးကာ သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည...

Wednesday, June 25, 2014

မဟာသန္တိသုခပိုင်ဆိုင်မှု အရှုပ်တော်ပုံ

ပိုင်ဆိုင်မှုအတွက် လပေါင်းများစွာ အငြင်းပွားနေခဲ့သည့် ရန်ကုန်မြို့၊ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်အတွင်းရှိ မဟာသန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ပြဿနာများ အဆုံးသတ်ရေးအတွက် သံဃာများနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ဇွန်လ ၁၀ ရက် ညပိုင်းတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။ သို့သော် ထိုသို့ပြဿနာများ အဆုံးသတ်ရေးအတွက် ကြိုးပမ်းမှုသည် နောင်ဖြစ်လာမည့် ပြဿနာများ၏ အစတစ်ခု ဖြစ်လာခဲ့သည်။ ညဥ့်သန်းခေါင်ယံအချိန်တွင် ကျောင်းတိုက်ကို ချိပ်ပိတ်ခဲ့ပြီး သီတင်းသုံးနေသည့် သံဃာတော်အချို့ကို လူဝတ်လဲ ထိန်းသိမ်းလိုက်သည့် လုပ်ရပ်သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များအတွက် အံ့သြထိတ်လန့်စရာကိစ္စ ဖြစ်ခဲ့သည်။ ထိုမှစ၍ ပြဿနာများသ...

Tuesday, June 24, 2014

သမီးတွေကို လုပ်ခအနည်းဆုံးအလုပ်ပဲ လုပ်စေချင်တယ်လို့ သမ္မတ အိုဘားမားထုတ်ပြော

အမေရိကန်သမ္မတ အိုဘားမားနဲ့ သူ့ဇနီးက သမီးတွေကို အနည်းဆုံးလုပ်ခရတဲ့ လုပ်ငန်းခွင်တွေမှာပဲ ဝင်ရောက်လုပ်ကိုင်ပြီး သူတို့ အကျင့်စာရိတ္တကို အစစ်ဆေး အစမ်းသပ်ခံမယ့် အနေအထားမျိုးမှာ ရှိစေချင်တယ်လို့ ပြောလိုက်ပါတယ...

ဝန်ကြီး ဦးသာအေး ကို ဆန္ဒပြကြ

    တရုတ်ဝမ်ပေါင်နဲ့  စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ ဆောင်ရွက်နေတဲ့ ကြေးနီ စီမံကိန်းကြောင့် လက်ပံတောင်း တောင်ဒေသခံတွေ စားဝတ်နေရေး တစထက်တစ ခက်ခဲလာတဲ့ အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ကို ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဒေသမှာ စာသင်ကျောင်း ဖွင့်ပွဲတက်ဖို့  မနေ့ကလာရောက်ချိန်မှာ ဆန္ဒပြကြတာ ဖြစ်တယ်လို့  လက်ပံတောင်း ဒေသခံဆရာတော် ဦးစန္ဒာသီရိကမိန့် ပါတယ်။ "ဒေသက ဖွံ့ဖြိုးရေးတွေ ဘာတွေ နိုင်ငံတော်ကနေ လုပ်ပေးပေမဲ့ ဒီအခု လက်ပံတောင်းကြေးနီ စီမံကိန်းကြောင့် ဆင်းရဲဒုက္ခရောက်နေတဲ့...

နောက်ပြန်လှည့်ဖို့ ရည်ရွယ်ချက်မရှိဟု သမ္မတပြောခွင့်ရ ပြော

 ပြီးခဲ့တဲ့ သီတင်းပတ် တွေအတွင်း မဟာသန္တိသုခ ကျောင်းဖြစ်ရပ်နဲ့ စာနယ်ဇင်းတချို့ကို ရဲအထူးတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့တဲ့ အခြေအနေတွေကြောင့် မြန်မာ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်လှည့်ဖို့ အလားအလာ ဖြစ်လာပြီလားဆိုတဲ့ စိုးရိမ်ချက်တွေကို သမ္မတရဲ့ပြောရေး ဆိုခွင့်ရှိသူက ပယ်ချပါတယ်။ မူပြောင်းပြီး လူဟောင်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်...

ရိုမန်းဘော့ထ်ဂယက်

  ယခုရက်ပိုင်း စာပေလောက အတွင်း သာမက လူမှုကွန်ရက် စာမျက်နှာများပေါ်သို့ပင် ကျယ်ပြန့်စွာ ရိုက်ခတ်သွားခဲ့ပြီး  လူအများစု ဆွေးနွေး ဝေဖန်မှုများ နေသည့် အမည်တစ်ခုက ရိုမန်းဘော့ထ်ဖြစ်သည်။ ရိုမန်းဘော့ထ်ဆိုသည့် အသံ က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တစ် ခွင် ကျယ်ကျယ် လောင်လောင် ဖြစ်လာရပြီး စာပေလောက အတွင်းမှာပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေခဲ့သည်...

ထူးခြားတဲ့ကြော်ငြာ

ကျိုက်ထိုမြို့နယ် တနေရာမှာ လွန်ခဲ့တဲ့ရက်ပိုင်းက တွေ့ရတဲ့ ကြော်ငြာ ဖြစ်ပါတယ်။ နယ်မြေဒေသ အေးချမ်းသာယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စည်းကမ်းချက်များလို့ ခေါင်းစဉ် တပ်ထားတာပါ။ ဗုဒ္ဓဘာသာ အမျိုးသမီးများ ဘာသာခြားယူရင် ဒဏ်ငွေ သိန်း ၅ဝ ဆောင်ရမယ် တဲ့။ အမျိုးသားတွေ ယူရင်တော့ ဘယ်လို ဒဏ်ရိုက်မယ် ဆိုတာကိုတော့ ဖော်ပြမထားပါ။ လောင်းကစား၊ ခိုးမှု၊ အရက်သောက်မှုတွေအတွက် ဒဏ်ငွေက ၅ သိန်းလို့ ဖော်ပြထားပါတယ်။ အမျိုးသမီးများ ဘာသာခြားယူမှုထက် ဒဏ်ကြေး ဆယ်ဆ သက်သာနေတာ တွေ့ရပါလိမ့်မယ်။ ဘယ်အဖွဲ့ ဘယ်ဌာနက ထုတ်ပြန်တဲ့ စည်းကမ်းချက်လဲ ဆိုတာကိုတော့ မသိရပါ။ ဒီကြော်ငြာဟာ ဒေသတချို့မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထင်ဟပ်နေပါတယ်။ ဒီလိုကြော်ငြာမျိုး ဘယ်လောက် ရှိမယ် ဆိုတာ မသိရပါ။ အကဲဖြတ်နိုင်ဖို့ ကြော်ငြာပုံကို ဖော်ပြလိုက်ပါတယ...

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons