Friday, May 23, 2014

ဆရာတော်ဦးဝီရသူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တိုက်ခိုက်ခံရ


ဆရာတော်ဦးဝီရသူ၏ Wirathu အမည်ဖြင့်
အသုံးပြု လျက်ရှိသည့် ဖေ့စ်ဘွတ်ခ်စာမျက်
 နှာမှာ ယခုလ ၂၃ရက်က ဟတ် ကာအချို့၏
တိုက်ခိုက်မှုကြုံခဲ့ရ၍ အကောင့်အသစ်ပြုလုပ်လိုက်ရ
 ကြောင်း သတင်းရရှိသည်။



မူလအကောင့်ဟောင်းကို ယခုလ ၂၂ရက်၌ ဟက်ခံလိုက် ရသည့်အတွက် ၎င်းကိုယ်တိုင်နေ့ စဉ်ပုံမှန်ရေးတင်နေကျဖြစ်သည့် တစ်နေ့တာလုပ်ဆောင်ချက်များ နှင့်အခြားသော ရေးသားနေကျအ ကြောင်းအရာများအား‘Wira Thu (၀ီရသူ) အမည်ဖြင့်အကောင့်သစ် ပြုလုပ်ကာ ပြန်လည်သုံးစွဲနေ ကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။

‘‘အရင်အကောင့်ဟောင်းက သူငယ်ချင်း ငါးထောင်ပြည့်သွား လို့ဆိုပြီး Like ပေ့ခ်ျလုပ်ထားတာ။ အဲဒီပေ့ခ်ျကပါ အခုဟက်ခံလိုက် ရတော့ သုံးမရတော့ဘူး။ အ ကောင့်သစ်မှာ လူများလာမှပဲ Like ပေ့ခ်ျထပ်လုပ်တော့မယ်’’ဟု ဆရာတော်ကမိန့်ကြားသည်။

ဆရာတော်အနေဖြင့် ဖေ့စ် ဘွတ်ခ် လုံးဝအသုံးမပြုတော့ ကြောင်း အစိုးရသတင်းစာများ တွင် ထည့်သွင်းထားသည်ဟူ သော ကြော်ငြာဖြတ်ပိုင်းတစ်ခု လည်းဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့လျက် ရှိပြီး ယင်းကြေညာချက်မှာလုပ် ကြံဖန်တီးထားခြင်းသာ ဖြစ် ကြောင်း၊ ဆရာတော်အနေဖြင့် အစိုးရသတင်းစာတွင် ကြေညာခြင်းများလုံးဝမပြုလုပ်ခဲ့ကြောင်းမိန့်ကြားသည်။

ဆရာတော်ဦးဝီရသူက ၎င်းကိုယ်တိုင် သုံးသည့် ဖေ့စ်ဘွတ်ခ်အကောင့်မှာ မျိုးချစ်စိတ်များ၊ ဇာတိမာန်များ ပေါ်ပေါက်လာအောင် လေ့ကျင့်ပေးသည့် လေ့ကျင့်ရေးကွင်းကြီးဖြစ်သောကြောင့် ယင်းကွင်းကြီးအား မည်သည့်အချိန်တွင်မှ အပျက်ခံမည်မဟုတ်ကြောင်း၊ ၎င်းကိုယ်တိုင်အသက်နှင့်ခန္ဓာ ရှိနေသည့်အချိန်တစ်လျှောက်လုံး ဖေ့စ်ဘွတ်ခ်၌ စာများတင်သည့် အလေ့အထ မည်သို့မျှရပ်တန့်သွားမည်မဟုတ်ကြောင်း  ထည့်သွင်းမိန့်ကြားသည်။

7 Day News Daily

ဒီမိုကရေစီနိုင်ငံတွင် မျိုးစောင့်ဥပဒေ မလိုအပ်ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ် ဆို


ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် မျိုးစောင့်ဥပဒေ 
မလိုအပ်ကြောင်း  ၈၈ မျိုးဆက် ကျောင်းသား 
ကိုဌေးကြွယ်က The Messenger  သတင်း
စာသို့ ပြောကြားသည်။  ကျွန်တော်က 
ဒီမိုကရေစီ နိုင်ငံတစ်ခု အဖြစ် အောင်အောင်မြင်မြင်
ဖြစ်ဖို့ သွားနေကြ တာလေ။    ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံမှာ မတူညီ တာတွေကို သည်းခံနိုင်တဲ့၊    မတူညီတာတွေနဲ့ ပေါင်းစပ်နိုင်တဲ့  နိုင်ငံတစ်ခု  ဖြစ်အောင် တည်ဆောက်နေတဲ့ အခြေအနေပေါ့။   ဒီလိုမျိုး မျိုးစောင့် ဥပဒေ ဆိုပြီးတော့   လူမျိုး အပေါ်အခြေခံပြီး၊  ဘာသာအပေါ် အခြေခံပြီး ပြဋ္ဌာန်းတာမျိုးတွေဟာ  တကယ်တမ်း  ဒီမိုကရေစီ နိုင်ငံ  တစ်ခုမှာ  မလိုအပ်ပါဘူး ဟု ကိုဌေးကြွယ် က ပြောသည်။
                  အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့   (မ.ဘ.သ)  မှ လုပ်ဆောင်နေသော အမျိုးစောင့် ဥပဒေအား ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း  မှ ကန့်ကွက်ခဲ့ခြင်းကြောင့်  မတ်လ (၁၆) ရက်နေ့တွင် ၎င်း အဖွဲ့အား နိုင်ငံရေး  စားဖားအဖွဲ့အဖြစ် (မ.ဘ.သ)   စစ်ကိုင်းတိုင်းမှ  ကြေညာချက် ထုတ်ပြန်ခဲ့သည်။  
 မကြာသေးမီ ကလည်း မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦး နှင့် လူမှုအဖွဲ့ အစည်းတစ်ခုမှ  ခေါင်းဆောင် အမျိုးသမီးတစ်ဦးအား အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့သည်။  ထို့အပြင် မ.ဘ.သ (စစ်ကိုင်း) က လည်း ပြည်တွင်း သတင်းဂျာနယ် နှစ်စောင်အား အမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်းကြေညာခဲ့သည်။
                 ဒီမျိုးစောင့်ဥပဒေကို  အင်အားကြီးစွာ နဲ့ ကန့်ကွက်လာရင်၊ အင်အားကြီးစွာနဲ့ ဆက်လက် တည်ဆောက်ဖို့  ပြင်ဆင်နေပါတယ်။ ပြည်သူ ပိုပြီး  လိုက်ပါနိုင်အောင်  အဲဒါတွေ ဆောင်ရွက်နေတာရှိပါတယ်ဟု မ.ဘ.သ (ဗဟို) မှ   အလုပ် အမှုဆောင်၊ သုတေသနနှင့် မှတ်တမ်း ဌာနမှ ဦးအောင်မြိုင်က The Messenger  သတင်းစာသို့ပြောသည်။  
အဆိုပါမျိုးစောင့် ဥပဒေအား အမျိုးသမီး အဖွဲ့များ အပါအ၀င် လူမှု  အဖွဲ့အစည်း (၉၀) ကျော်က ကန့်ကွက် ထားသည်။ မျိုးစောင့်ဥပဒေ ရေးဆွဲရန်အတွက် အ မျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့မှ သမ္မတထံတင်ပြခဲ့ပြီး၊ သမ္မတက ယင်းဥပဒေ ရေးဆွဲနိုင်ရန် လွှတ်တော်သို့ပြန်လည် တင်ပြခဲ့သည်။ လွှတ်တော်မှ တစ်ဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ ပြန်လည် ပေးပို့ထားသည်။
                  မြန်မာနိုင်ငံတွင်   မျိုးစောင့်ဥပဒေ  ပြဋ္ဌာန်းနိုင်ရန် အစိုးရ တာဝန်ရှိသူများနှင့်  လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ ၎င်းဥပဒေအား မပြဋ္ဌာန်းနိုင်မီ ကန့်ကွက်မှုများ၊ ထောက်ခံမှုများ ပြုလုပ်ခြင်းသည် အကျိုးမရှိနိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရ ပုဂ်္ဂိုလ် ဦးရဲထွဋ်က ပြောကြားထားသည်။ 
အဆိုပါ မျိုးစောင့်ဥပဒေသည် နိုင်ငံရေး     အမြတ် ထုတ်နိုင်ရန်လုပ်နေခြင်း ဖြစ်ကြောင်း ရွှေည၀ါ ဆရာတော်က The Messenger  သတင်းစာသို့ မိန့်ကြားထားသည်။

တောဘုရင် မြည်း


တောဘုရင် မြည်း  တစ်ခါက မြည်းလုံးဝမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို လူတစ်ယောက်က တခြားနေရာကနေ မြည်းတစ်ကောင်ဝယ်လာတယ်။ ဒါပေမယ့် သူက လှေပေါ်က အဆင်းမှာ မြည်းကို သေချာမချည်ထားလို့မြည်းကထွက်ပြေးသွားတယ်။  မြည်းက ပြေးရင်းနဲ့ အဲဒီကျွန်းပေါ်က တောင်ပေါ်ကို ရောက်သွားတယ်။ တောင်ပေါ်မှာ ကျားတစ်ကောင် မင်းမူတယ်။ တစ်နေ့ကျတော့ ကျားက အမဲလိုက်ထွက်ရင်းနဲ့ မြည်းကို တွေ့သွားတယ်။သူလဲ တစ်ခါမှ မမြင်ဘူးတာမို့ ဒီအကောင်ဟာ ရိုးရိုးအကောင်မဟုတ်လောက်ဘူး နတ်မင်းတစ်ယောက်ဖြစ်ရမယ်လို့တွေးတယ်။ ပြီးတော့ မြည်းကို အနီးကပ်သွားကြည့်တယ်။ မြည်းကလဲ အဲဒီအချိန်မှာ လန့်ပြီး အော်လိုက်တယ်။  မြည်းအော်သံကို မကြားဖူးတဲ့ ကျားဟာ အသံကို အလွန်ကြောက်စရာကောင်းတယ်လို့ ထင်သွားတယ်။ ပြီးတော့ တစ်တောလုံးကို လိုက်ပြီးတော့ မြည်းအကြောင်းပြောပြတယ်။ ကျားကလဲ မြည်းကို ဘုရင်တင်လိုက်ပြီး သူကတော့အနားမှာ ခစားတယ်။ ဒီလိုနဲ့ မြည်းဟာ ရက်တော်တောကြာ အဲဒီတောင်ပေါ်မှာ ဘုရင်ဖြစ်နေတာပေါ့။   ဒီလိုနဲ့ တစ်နေ့ကျတော့ တောင်အောက်က လူတွေစုပြီး တောင်ပေါ်တက်လာတယ်။ မြည်းကို လာရှာကြတာပေါ့။ကျားနဲ့ တခြားတိရစ္ဆာန်တွေလဲ ပုန်းကြတယ်။ နောက်တော့ မြည်းဟာ ယက်ကန် ယက်ကန်နဲ့ လူတွေနောက်ပြန်ပါသွားတယ်။ ကျားနဲ့ သူ့တောကောင်တွေလဲ သူတို့ဘုရင်ကြီး ပြန်လာမယ့်နေ့ကို စောင့်နေကြတယ်။  ဒါပေမယ့် မြည်းကတော့ တောင်အောက်က ရွာမှာ လှည်းဆွဲနေရသတဲ့  ပုံပြင်လေးကတော့ ဒါလေးပါပဲ တစ်ခါတစ်လေမှာ ကျွန်ုပ်တို့ဟာ ကိုယ်နဲ့မတူဘူး ဆိုရင် အထင်ကြီးတတ်ကြတယ် ဒါပေမယ့် အဲလို အထင်ကြီးနေတာတွေဟာ မှားနေတတ်တယ်။ တကယ်က အသေးစိတ် လေ့လာပြီးမှသာ သူ့ကိုသေသေချာချာ ဆက်ဆံသင့်ပါကြောင်း  မောင်စိုင်း

တစ်ခါက မြည်းလုံးဝမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို လူတစ်ယောက်က တခြားနေရာကနေ မြည်းတစ်ကောင်ဝယ်လာတယ်။ ဒါပေမယ့် သူက လှေပေါ်က အဆင်းမှာ မြည်းကို သေချာမချည်ထားလို့မြည်းကထွက်ပြေးသွားတယ်။

မြည်းက ပြေးရင်းနဲ့ အဲဒီကျွန်းပေါ်က တောင်ပေါ်ကို ရောက်သွားတယ်။ တောင်ပေါ်မှာ ကျားတစ်ကောင် မင်းမူတယ်။ တစ်နေ့ကျတော့ ကျားက အမဲလိုက်ထွက်ရင်းနဲ့ မြည်းကို တွေ့သွားတယ်။သူလဲ တစ်ခါမှ မမြင်ဘူးတာမို့ ဒီအကောင်ဟာ ရိုးရိုးအကောင်မဟုတ်လောက်ဘူး နတ်မင်းတစ်ယောက်ဖြစ်ရမယ်လို့တွေးတယ်။ ပြီးတော့ မြည်းကို အနီးကပ်သွားကြည့်တယ်။ မြည်းကလဲ အဲဒီအချိန်မှာ လန့်ပြီး အော်လိုက်တယ်။
မြည်းအော်သံကို မကြားဖူးတဲ့ ကျားဟာ အသံကို အလွန်ကြောက်စရာကောင်းတယ်လို့ ထင်သွားတယ်။ ပြီးတော့ တစ်တောလုံးကို လိုက်ပြီးတော့ မြည်းအကြောင်းပြောပြတယ်။ ကျားကလဲ မြည်းကို ဘုရင်တင်လိုက်ပြီး သူကတော့အနားမှာ ခစားတယ်။ ဒီလိုနဲ့ မြည်းဟာ ရက်တော်တောကြာ အဲဒီတောင်ပေါ်မှာ ဘုရင်ဖြစ်နေတာပေါ့။
ဒီလိုနဲ့ တစ်နေ့ကျတော့ တောင်အောက်က လူတွေစုပြီး တောင်ပေါ်တက်လာတယ်။ မြည်းကို လာရှာကြတာပေါ့။ကျားနဲ့ တခြားတိရစ္ဆာန်တွေလဲ ပုန်းကြတယ်။ နောက်တော့ မြည်းဟာ ယက်ကန် ယက်ကန်နဲ့ လူတွေနောက်ပြန်ပါသွားတယ်။ ကျားနဲ့ သူ့တောကောင်တွေလဲ သူတို့ဘုရင်ကြီး ပြန်လာမယ့်နေ့ကို စောင့်နေကြတယ်။
ဒါပေမယ့် မြည်းကတော့ တောင်အောက်က ရွာမှာ လှည်းဆွဲနေရသတဲ့
ပုံပြင်လေးကတော့ ဒါလေးပါပဲ
တစ်ခါတစ်လေမှာ ကျွန်ုပ်တို့ဟာ ကိုယ်နဲ့မတူဘူး ဆိုရင် အထင်ကြီးတတ်ကြတယ် ဒါပေမယ့် အဲလို အထင်ကြီးနေတာတွေဟာ မှားနေတတ်တယ်။ တကယ်က အသေးစိတ် လေ့လာပြီးမှသာ သူ့ကိုသေသေချာချာ ဆက်ဆံသင့်ပါကြောင်း
မောင်စိုင်း

ထိုင်း အခြေအနေ နိုင်ငံတကာ စိုးရိမ်


  ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအ၀င် နိုင်ငံတကာနဲ့ ဒေသတွင်းက ဝေဖန်သံတွေ စိုးရိမ်မကင်းသံတွေ အကြီးအကျယ် ထွက်ပေါ်လာပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh ကတော့ ထိုင်းနိုင်ငံရဲ့ အခြေအနေဟာ အသင်းတခုလုံးကို ထိခိုက်လာမှာ စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အာဆီယံ အသင်းဝင် နိုင်ငံတခုမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေ မရှိဘူးဆိုရင် အထူးသဖြင့် ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက်အ၀န်းတခု ထူထောင်ဖို့ ရည်မှန်းထားတာတွေကို ရိုက်ခတ်လာနိုင်တဲ့အကြောင်းနဲ့ အာဆီယံမှာ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ၆ လလောက်ကြာမြင့်နေပြီဖြစ် တဲ့ နိုင်ငံရေး အကျပ်အတည်းတွေဟာ စိုးရိမ်စရာ ဖြစ်ရတဲ့အကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောဆိုသွားတာပါ။

အာဆီယံအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံကတော့ ထိုင်းနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေး ညှိနှိုင်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်တဲ့ အကြောင်း ဗွီအိုအေကို ပြောပါတယ်။ တခြား အာဆီယံအသင်းဝင်တွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူနိုင်ငံတွေကလည်း အခြေအနေကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြသလို လုံခြုံရေးစိုးရိမ်ချက်ကြောင့် သက်ဆိုင်ရာနိုင်ငံသားတွေကို ထိုင်းနိုင်ငံခရီးစဉ်ဖျက်ဖို့ သတိပေးတာတွေလည်း ရှိခဲ့ပါတယ်။

ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့တဲ့ မနေ့တုန်းကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အထူးစိုးရိမ်ကြောင်းနဲ့ ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရတရပ် ပေါ်ပေါက်အောင် အမြန်ဆုံး ကြိုးပမ်းဖို့ တိုက်တွန်းခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုကလည်း ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ အာဏာသိမ်းဖို့ မလိုဘူး ဆိုပြီး ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့တာပါ။

ထိန်းသိမ်းထားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့် အပါအ၀င် အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က တိုက်တွန်းခဲ့ပါတယ်။ အလားတူ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန် အပါအ၀င် နိုင်ငံအတော်များများက စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

သာကေတ ဘောလုံးကွင်းကို လူနေအိမ်ရာ ဆောက်မည့် အစီအစဉ် ကန့်ကွက်မည်


 
သာကေတ, ဘောလုံးကွင်း, တန်ဖိုးမျှတ အိမ်ရာ, စည်ပင်, ရန်ကုန်တိုင်း ဒေသကြီး အစိုးရ, ပြည်ထောင်စု အစိုးရ
သာကေတ ဘောလုံးကွင်းအား တန်ဖိုးမျှတအိမ်ရာ စည်ပင်က ဆောက်လုပ်မည့်အစီအစဉ် ကန့်ကွက်ရန် ဆွေးနွေးနေ သည့် ဒေသခံများ(ဓာတ်ပုံ – မင်းဗညား / ဧရာဝတီ)
ရန်ကုန်မြို့တော် စည်ပင်မှ သာကေတ မြို့နယ် ၄/တောင် ရပ်ကွက်ရှိ အားကစားကွင်းနှင့် မီးတားကွင်းကို တန်ဖိုးမျှတ အိမ်ရာ စီမံကိန်း ဆောက်လုပ်ရန် အစီအစဉ်ကို ရပ်ကွက်တွင်း နေထိုင်သူများက ကန့်ကွက်မည်ဟု သိရသည်။
အဆိုပါ အားကစားကွင်းနှင့် မီးတားကွင်းသည် ပေ ၅၆၀ ပတ်လည် ကျယ်ဝန်းပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အစည်း အဝေး အမှတ်စဉ် (၅/၂၀၁၄) အရ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းအဖြစ် ဆက်လက် အကောင်အထည် ဖော်ရန် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း ဒေသခံ တဦးက ပြောသည်။
ရပ်ကွက်တွင် နေထိုင်သူ တဦးဖြစ်သည့် ဦးစောဦးက“အိမ်ရာ ဆောက်လုပ်မယ် ဆိုတာကို လက်မခံပါဘူး၊ သူတို့တွေက ပုဂ္ဂလိကတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာ၊ ဘောလုံးကွင်းကို ဘောလုံးကွင်း အတိုင်းပဲ ရှိစေချင်တယ်”ဟု ဆိုသည်။
မြို့နယ်အတွင်း နေထိုင်သူများ အားကစား လှုပ်ရှားရန် ရည်ရွယ်ချက်ဖြင့် သာကေတ မြို့ပြ စီမံကိန်း အကောင်အထည် ဖော် စဉ်ကတည်းက ရှိခဲ့သည့် အားကစားကွင်းကို ပြန်လည် ရရှိရန် သာကေတ မြို့နယ်နေ ပြည်သူများက ဆန္ဒပြတောင်းဆိုမှုများ လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။
၁၉၅၈ မှ ၁၉၆၀ ခုနှစ်အထိ တိုင်းပြည်အာဏာကို လွှဲပြောင်းရယူခဲ့သည့် အိမ်စောင့်အစိုးရ၏ မြို့တော်ဝန် ဗိုလ်မှူးကြီး ထွန်းစိန် လက်ထက် ရန်ကုန်မြို့ရှိ ကျူးကျော်များကို ဖျက်သိမ်းကာ သာကေတ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စသည့် မြို့ပြ စီမံ ကိန်းကြီးများ စတင် ကတည်းက အားကစားကွင်းများ၊ ပန်းခြံများ၊ မီးတားကွင်းများ ထည့်သွင်း တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံသို့ အားကစားကွင်း ဖျက်သိမ်းကာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ဆက်လက် လုပ် ကိုင်ခြင်း မပြုရန် တင်ပြခဲ့သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရက လျစ်လျူရှုခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။
အဆိုပါ အားကစားကွင်းကို အိမ်ရာ ဆောက်လုပ်ရန်၂၀၁၃ ခုနှစ်က စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ ထိုစဉ်က ရပ်ကွက်အတွင်း နေထိုင်သူ ၆၆၉ ဦးမှ စုပေါင်း လက်မှတ်ရေးထိုးကာ တိုင်တန်း ကန့်ကွက်မှုများ ပြုလုပ်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ခြင်းကြောင့် ရပ်ဆိုင်း သွားခဲ့သည်။
ပြီးခဲ့သည့် မေလ ၉ ရက်မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောက်လုပ်ခွင့် အမိန့်ဖြင့် ပြန်လည် ချထား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က “အရင်က ပြည်ထောင်စု အစိုးရအဆင့် အနေနဲ့ ချထားပေးခဲ့တဲ့ ဒီဘောလုံးကွင်း နေရာကို အခုအချိန်မှာ ပြည်ထောင်စုအဆင့် မဟုတ်တဲ့ တိုင်းဒေကြီး အစိုးရအဖွဲ့က ပယ်ဖျက်တယ် ဆိုတာကို တရားဝင်မှုရှိ၊ မရှိဆိုတာ သမ္မတကြီးဆီကို စာတင်သွားမယ်”ဟု ဧရာဝတီကို ပြောသည်။
ယခင် စစ်အစိုးရ လက်ထက်က ရပ်ကွက် အားကစားကွင်းများ သိမ်းယူကာ ပုဂ္ဂလိက လုပ်ငန်းရှင်များကို လက်လွှဲ ရောင်းချခြင်း ပြုလုပ်ခဲ့သည့် အတွက် တချို့သော မြို့နယ်များတွင် အားကစားကွင်းများ ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့သည်။

ဒု သမ္မတ ဦးဉာဏ်ထွန်းရဲ့ တရက် ၀င်ငွေ ၂၀၀၀ ကျပ် လက်တွေ့မကျဟု ဝေဖန်နေ


ဒု သမ္မတ ဦးဉာဏ်ထွန်း, ကျပ် ၂၀၀၀,မြေယာ သိမ်းဆည်း, သတင်းမီဒီယာ, လူမှုကွန်ရက် စာမျက်နှာ
ဒု သမ္မတ ဦးဉာဏ်ထွန်း ၂၀၁၃ ဇူလိုင် လကုန်ပိုင်းက ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတည်၌ ကျင်းပသော ရွှေသဘာ ဓာတ် ငွေ့ စတင် ပို့လွှတ်ခြင်း အခမ်းအနားတွင် အမှာစကား ပြောကြားနေစဉ် (ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)
ဒု သမ္မတကြီး ဦးဉာဏ်ထွန်း ပြောတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ မြေယာတွေ သိမ်းဆည်းတာဖြစ်သလို ပြည်သူ တယောက် အနေနဲ့ တရက် ဝင်ငွေ ကျပ် ၂၀၀၀ ရှိရင် ရပ်တည်ဖို့ လုံလောက်ကြောင်း ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အခု လတ် တလော သတင်း မီဒီယာတွေနဲ့ လူမှုကွန်ရက် စာမျက်နှာ အများအပြားမှာ လက်တွေ့ မကျကြောင်း ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
အရင်တုန်းကတော့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တချို့ကသာ ကိုယ့်ရဲ့ အဆင့်၊ တာဝန်နဲ့ မညီညွှတ် တဲ့ အဆင်အခြင်မဲ့ စကားတွေကို သုံးနှုန်းခဲ့တာမျိုးပဲ ရှိခဲ့ပါတယ်။ အခု နိုင်ငံ့ထိပ်ပိုင်း ခေါင်းဆောင်တဦး အနေနဲ့ ပထမဆုံး ပြော ဆို လိုက်တာပါ။ မေ ၁၉ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း မိုးလုံလေလုံ ခန်းမမှာကျင်းပတဲ့ ကျေးလက်ဒေသ မြှင့်တင်ရေး နဲ့ လူမှုစီးပွား အခမ်းအနားမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။
ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်လာသလို ကျောတခင်းစာ နေရာရဖို့၊ ထမင်း နပ်မှန်ဖို့၊ လူမှုရေးကိစ္စတွေ မလစ်ဟင်းဖို့ စတဲ့ ကိစ္စအဝဝမှာ ဝင်ငွေနဲ့ ထွက်ငွေ မညီမမျှဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တရက်ကို ဝင်ငွေ ကျပ် ၂၀၀၀ ရှိရုံနဲ့ ရပ်တည်ဖို့ လုံလောက်ပြီး ၂၀၀၀ ကျပ်ထက် ပိုရသူဆိုရင်တော့ အဆင်ပြေပြီလို့ ဆိုလာတဲ့ ဒု သမ္မတကြီးရဲ့ စကားအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်သူ အကျိုး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည်သူပြည်သားအများစု ဟာ ရုတ်တရက် ဘယ်လို ပြန်ပြောရမှန်း မသိအောင်ကို အံသြ ကုန်ကြတယ်လို့ သိရပါတယ်။
“ပြည်သူတွေရဲ့ တကယ့်ဘဝနဲ့ ဝေးကွာလွန်းနေတယ်လို့ မြင်တယ်၊ ပြည်သူတွေ ဘယ်လိုနေထိုင် စားသောက်နေရသလဲ ဆိုတာ အားလုံးတွက်ချက်ပြီးမှ ထုတ်ဖော်ပြောသင့်တာပေါ့၊ အခုလိုမျိုးတော့ မပြောသင့်ဘူး၊ လက်ရှိမှာ သမ္မတကြီးက အစ ပြည်သူတွေရဲ့ ဘဝကို တိုးတက်ကောင်းမွန်အောင် မလုပ်ပေးနိုင်ဘူး”လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောဆိုပါတယ်။
သူ့ အနေနဲ့ ဒု သမ္မတကြီးရဲ့ ပြောကြားချက်ကို စတင်ကြားလိုက်ရချိန်တုန်းက ပြောစရာစကား မရှိအောင်ကို အံ့သြသလို စဉ်းစား မတတ်အောင် ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။
လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွေထက်မှာတော့ ဒု သမ္မတ ဦးဉာဏ်ထွန်း ရဲ့ တရက် ၂၀၀၀ ကျပ် လုံလောက်မှု ရှိမရှိ ဆိုတာ ကို စာရင်းဇယားတွေနဲ့ တွက်ချက်ပြထားကြပါတယ်၊ နေ့စဉ် ရုံးတက်ရုံးဆင်း လိုင်းကားစရိတ်၊ ထမင်းစရိတ်၊ အိမ်စရိတ်၊ လူမှုရေး ကိစ္စ နဲ့ အခြားအထွေထွေ ကိစ္စအဝဝ အတွက် တရက်ကို ဝင်ငွေ ၅၀၀၀ ကျပ်လောက်တော့ ကုန်ကျမှာပါလို့ ပြည်သူတွေက
တုံ့ပြန် ပြောဆိုနေကြပါတယ်။
“အစိုးရအဆက်ဆက် မြေတွေကို အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့တယ်၊ နိုင်ငံတော်ကို ကာကွယ်ဖို့၊ ပြည်သူလူထု အသက် အိုးအိမ်ကို ကာကွယ်ဖို့ စတဲ့ အခြေခံကျတဲ့ လိုအပ်ချက်တွေအရ မြေတွေကို သိမ်းဆည်းခဲ့တာဖြစ်တယ်လို့”လည်း ဒု သမ္မတ ဦးဉာဏ်ထွန်းက မေ ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ လယ်ယာမြေ ပြန်လည်ပေးအပ်ပွဲမှာ
ပြောကြားခဲ့ပါသေးတယ်။
ပြည်သူတွေရဲ့ အသက်အိုးအိမ် ကာကွယ်ဖို့၊ နိုင်ငံတော် ကာကွယ်ဖို့၊ တပ်တွေ တိုးချဲ့ဖို့၊ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အကြောင်းပြချက်တွေနဲ့ တပ်မတော်က လယ်ယာမြေတွေကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပေမယ့် အသိမ်းခံ လယ်သမား အများစုကတော့ သူတို့ရဲ့ လယ်မြေတွေမှာ ပုဂ္ဂလိက ကုမ္ပဏီကြီးတွေရဲ့ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ထားတာ၊ စစ်အစိုးရလက်ထက်က
အာဏာရှင်ကြီးတွေရဲ့ သားသမီး ဆွေမျိုးပိုင် စက်ရုံကြီးတွေဖြစ်နေတာကြောင့် မကျေမနပ်ဖြစ်နေကြဆဲပါ။
“ပြည်သူတွေကို ကာကွယ်နိုင်ဖို့ လယ်ယာမြေတွေကို သိမ်းတယ်လို့ ကြားရတော့ တကယ်အံ့သြတယ်၊ ကျနော်တို့လယ်တွေကို သိမ်းလို့ စီးပွားရေးတွေ ပျက်တယ်၊ ကလေးတွေကို ကျောင်းဆက်မထားနိုင်တော့လို့ ကျောင်းထုတ်ပစ်ရတယ်၊ အိုးအိမ်တွေ
ရောင်း ပစ်ပြီး တခြားသူဆီ လယ်ငှားလုပ်ရတဲ့ ဘဝတွေ ဖြစ်ကုန်တာပါ။ ကျနော်တို့ဘဝ ဘာဖြစ်သွားသလဲဆိုတော့ ပိုဆင်းရဲသွားတယ်”လို့ ပြင်ဦးလွင်မြို့နယ်တွင်းမှာ နေထိုင်တဲ့ လယ်သိမ်းခံပြည်သူ တဦးက ပြောပါတယ်။
သမ္မတရုံး ဝန်ကြီးဌာနရဲ့ ဒု ဝန်ကြီး၊ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ကတော့ ဒု သမ္မတကြီးက နိုင်ငံတကာက သတ် မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုမျဉ်း(Poverty line) သတ်မှတ်ချက်ကို အခြေခံပြောတာ ဖြစ်နိုင်ပါတယ် လို့ ဧရာဝတီရဲ့ မေးမြန်းချက်ကို ဖြေပါတယ်။
“အရင်က တနေ့ တဒေါ်လာ အောက် ၀င်ငွေရှိရင် ဆင်းရဲနွမ်းပါးတယ်လို့ နိုင်ငံတကာက သတ်မှတ်ထား ပါတယ်။ ၂၀၀၈ မှာတော့ ကမ္ဘာ့ဘဏ်က တနေ့ ၁ ဒသမ၂၅ ဒေါ်လာအောက် ၀င်ငွေ ရှိသူကို ဆင်းရဲနွမ်းပါး ဆိုပြီး ပြင်ဆင်သတ်မှတ် ခဲ့ပါတယ်။ ဒု သမ္မတက အဲဒီ ကိန်းဂဏန်းကို အခြေခံပြီး ပြောဆိုတာ ဖြစ်နိုင်ပါတယ်”လို့လည်း သူက ဆိုပါတယ်။
စစ်တပ်ကနေ ပြောင်းလာသူတွေဖြစ်တဲ့ ဒု သမ္မတ ဦးဉာဏ်ထွန်း အပါအဝင် ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးကိုကိုလှိုင်၊ ဦးဇော်မင်း စတဲ့ ပုဂ္ဂိုလ်တချို့က ဆွေးနွေးပွဲ၊ ဟောပြောပွဲနဲ့ လူထုတွေ့ဆုံပွဲတွေပြီးတာနဲ့ သူတို့ရဲ့ ပြောစကားတွေအပေါ် ဝေဖန်သံတွေဟာ သတင်း မီဒီယာ တွေမှာ မကြာခဏဆိုသလို ကြားနေမြင်နေ ရပါတယ်။
လူထုနဲ့ မကြာခဏတွေ့ဆုံလေ့ရှိတဲ့ အရပ်ဘက်ကနေ ဒု သမ္မတဖြစ်လာတဲ့ ဒေါက်တာ စိုင်းမောက်ခမ်း ကတော့ အခုအချိန်ထိ အပြောအဆိုမှားတာမျိုး မကြားရသေးသလို  ဝေဖန်သုံးသပ်ခံရတာလည်း မကြားရသေးပါဘူး။
၂၀၁၂-၁၃ ခုနှစ် လောက်က စပြီး ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ကို လူအများက အာရုံထားနေကြတဲ့ အချိန်တွေမှာ ၀န်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ပွဲဆူစေတဲ့ စကားတွေဟာ ဖွဲ့စည်းပုံအရေး၊ ငြိမ်းချမ်းရေးထက် လူတွေရဲ့ အာရုံကို ဖမ်းစားခဲ့တာ တွေ့ရပါတယ်။
“တာဝန်ယူမှုနည်းတဲ့  ပြောဆိုမှုလို့ ယူဆတယ်၊ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုသင့်တာပေါ့၊ သူကတော့ စီးပွားရေးအရ တွက်ချက်မှုနဲ့ နီးစပ်ရာ သတင်းအချက်အလက်ကို အခြေခံ ပြောလိုက်ပုံရတယ်၊ ပြည်သူတွေရဲ့ ဘဝအမှန်ကို သိချင်ရင် ပြည်သူတွေထဲကို ထဲထဲ ဝင်ဝင်သွားကြည့်သင့်တယ်”လို့ အလုပ်သမားရေးရာ ကိုယ်စားလှယ် အမျိုးသားအဆင့် ကောင်စီဝင် ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က ပြောပါတယ်။
ဒု သမ္မတ အနေနဲ့ ဝင်ငွေကိစ္စအပေါ် ပြောကြားချက်ဟာ လက်ရှိမှာ အလုပ်ရှင်နဲ့ အလုပ်သမားများအကြား အခြေအတင် ဆွေးနွေးနေရဆဲ ဖြစ်တဲ့ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက် သုတေသန လုပ်ငန်းတွေ မပြီးခင် ဖြစ်နေတာကြောင့် အလုပ်ရှင်နဲ့ အလုပ် သမား တွေကြားမှာ ပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်လို့ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က ရှင်းပြပါတယ်။
မြန်မာနိုင်ငံက စက်မှုဇုန်အလုပ်သမား တယောက်ရဲ့ တနေ့ အခြေခံ လစာဟာ ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် ကြားမှာရှိပြီး ပုဂ္ဂိလက အလုပ်သမားတွေရဲ့ အခြေခံ လစာကတော့ တရက်ကို ၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ကြား ဖြစ်ပါတယ်။
“တနေ့ ၇၀၀ ကျပ် ကျောတခင်းစာ အိပ်ဖို့ ပေးရတယ်၊ ထမင်းစားစရိတ်က ဘဲဥနဲ့ စားရင်တောင် တနေ့ ၅၀၀ ကျပ် ကုန်တယ်၊ ဒါ အဝစား မဟုတ်ဘူး၊ အလုပ် အသွားအပြန်ကားခ ၆၀၀ နဲ့ ၈၀၀ ကျပ်ကြား အနည်းဆုံးကုန်တယ်၊ နေမကောင်းလို့ ဆေးခန်းပြရတာ၊
မင်္ဂလာဆောင်၊ နာရေးကူငွေ ထည့်ရတာ၊ ရပ်ကွက်က လိုက်ကောက်တဲ့ ကြေးတွေပေးရတာ မပါသေးဘူး”လို့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း ကျေးရွာနေ စက်ရုံ အလုပ်သမား တဦးဖြစ်တဲ့ မသက်သက်မွန် က ပြောပြပါတယ်။
လက်ရှိမှာတော့ အလုပ်သမားတဦးရဲ့ အခြေခံလစာဟာ မှီခိုသူ ၂ ယောက်အပါအဝင် စားလောက်ရုံဖြစ်ဖို့ တရက်ဝင်ငွေ ၇၀၀၀ ကျပ် ရှိဖို့ လိုအပ်တယ်လို့ အလုပ်သမား အဖွဲ့အစည်းတချို့ရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက အလုပ်သမားတွေရဲ့ ဘဝနဲ့ ဝင် ငွေအပေါ် စာရင်းကောက်ခဲ့တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဦးသိန်းစိန် အစိုးရ လက်ထက်မှာ “နယ်လှည့်ပါးရိုက်ရဲတယ်”လို့ ဆိုတဲ့ ဝန်ကြီးဦးအုန်းမြင့်၊ “အကြွေးဆပ်ဖို့ ပြည်သူတွေ ထမင်းတနပ် လျှော့စားပါ” ဆိုတဲ့ ဝန်ကြီး ဦးမြင့်လှိုင်၊ “ဆန္ဒပြမယ့် ဖယောင်းတိုင်တွေကို ကိုယ့်အိမ်ကိုယ် ထွန်းတာမီးလင်းတယ်”ဆိုတဲ့ သမ္မတ အကြံပေး ဦးကိုကိုလှိုင်၊“ရွှေလက်နဲ့ တွဲခေါ်တုန်းလာပါ၊ Bullet မလွှတ်ရပါစေနဲ့”လို့ KIA ကိုပြောဆိုခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီ ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၊ “တိုက်လေယာဉ်တွေ ဝယ်ထားတာ စစ်တိုက်ဖို့ဖြစ်တယ်၊ အလှပြ ငှားစားဖို့ မဟုတ်ဘူး” ဆိုတဲ့ ကြံ့ခိုင်ရေး ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း စတဲ့ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ကြပါတယ်။
သမ္မတ အပါအဝင် ၀န်ကြီးတွေ၊ ကိုယ်စားလှယ်တွေ အနေနဲ့ လက်ရှိအချိန်မှာ စစ်တပ်တာဝန် ထမ်းဆောင်နေတာ မဟုတ်ဘဲ ပြည် သူ့ ကိုယ်စားလှယ်တွေ ဖြစ်တာမို့ ပြည်သူတွေအပေါ် လေးစားမှုဟာ အရေးကြီးတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

Thursday, May 22, 2014

ဒေါပုံတံတား ယာဉ်ဖြတ်သန်းခွင့် အရေးပေါ်ပိတ်


ငမိုးရိပ်ချောင်းကို ဖြတ် သန်းတည်ဆောက်
ထားသည့် ပုဇွန်တောင်နှင့် ဒေါပုံဆက်
သွယ် ထားသော ဒေါပုံ တံတားကိုမေလ
၂၂ ရက် ည ၇ နာရီခွဲခန့်မှ စတင်ပြီး


ယာဉ်ဖြတ်သန်းခွင့် အရေးပေါ်ပိတ်ပင်ခဲ့သည်။

အဆိုပါတံတားသည် ကြံ့ ခိုင်မှုအားနည်းကြောင်း တွေ့ရှိရ သဖြင့် အရေးပေါ်ပိတ်လိုက်ခြင်း ဖြစ်ကြောင်း လုံခြုံရေးအရာရှိများ ကပြောသည်။

လတ်တလော တံတားပေါ်သို့ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသည်ကိုသာ သိရှိရပြီး မည်သည့် အစိတ်အပိုင်း ပျက်စီးချို့ယွင်းသည်ကို မသိရှိရသေးကြောင်းတံတားလုံခြုံရေးရယူနေ
သည့်ရဲတပ်ဖွဲ့ဝင်များကပြောသည်။

ဒေသခံများက တံတားနိမ့် ဆင်းသွားခြင်းဖြစ်ကြောင်း ခန့်မှန်းပြောဆိုနေကြပြီး တံတားအလယ် တွင် နှစ်ဖက်အကြား အနိမ့်အမြင့် မတူညီသည့် နေရာများလည်း တွေ့ရှိခဲ့ရသည်။

ညအချိန်တွင် တံတားပေါ်သို့လူနှင့် အနှေးယာဉ်များသာသွား လာခွင့်ပြုခဲ့ပြီး မော်တော်ဆိုင် ကယ်အပါအ၀င် စက်တပ်ယာဉ် အားလုံးကို ဖြတ်သန်းခွင့်ပိတ်ပင် ထားသည်။ဒေသခံများ၏ အဆိုအရ ယင်းတံတားသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၇ နှစ်အကြာ ၁၉၆၇ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မူလဒီဇိုင်းပုံစံမှာ တံတားနှင့် မလွတ်ကင်းသည့် သင်္ဘောကြီးများသွားလာနိုင်စေ ရန် ခေါက်တင်၍ရသော ပုံစံထုတ်ထားခဲ့ခြင်းဖြစ်သည်။

7Day News Daily

ဆြာဒင်၏ခြေဥတရားစီရင်ခန်း


၂၂။၀၅။၂၀၁၄နေ့ထုတ်ဆဲဗင်းဒေးနေ့စဉ်သတင်းစာ  ဆြာဒင်၏ခြေဥတရားစီရင်ခန်း/  မင်းဒင်  (၁) "ဃရာဝါသောဗဟုကိစ္စော" ကိစ္စများမြောင်လူတို့ဘောင်ဟု ပညာရှိတို့ဆိုကြလေသောကြောင့် အသက်အရွယ်ထောက်လာသော ဆြာဒင် တစ်ယောက် လောကီအရေးတို့ကို အထိုက်အလျောက် အာရုံနည်းလာသည်ကား အမှန်ဖြစ်၏။ ယောင်တစ်ထုံး အဆုံးခံကာ စိတ်ပုတီး နှင့်ရိပ်ကြီးခိုလိုသော်ငြား "တောခိုချင် စိတ်ကယ်နဲ့၊သပိတ်ကို လွယ်သရေနွယ်ကွဲ့ ရှာတုန်း။ချောင်အနီးမှာလ၊ မောင်ကြီးကို  တစ္ဆေ ကိုက် လိမ့်မယ်မင်းလိုက်ခဲ့အုံး"ဟူ၍စာချိုးကာအဖော်ခေါ်ရမည်ဖြစ်လေရာ ဖဝါးခြေထပ် ထပ်ချပ်မကွာရေပူရေချမ်းကမ်းလှမ်း ရန်လိုက်ပါ ကြ မည့် မော်ဒယ်အလှကပ္ပိယတစ်ပြုံတစ်မကြီးဖြင့်မူ မသင့်တော်လေရကား ဧကစာရီတောမှီလိုသည့် မဟာအလောင်း တော်တို့၏စိတ်ထား မျိုးကို အတန်တန်ချိုးနှိမ်နေရပြန်ချေ၏။  ထိုသို့လျှင် ဆြာဒင်တစ်ယေက် ရှုပ်ထွေးပွေလီလှသည့် လောကီထုပ္ပတ်လူတို့ဇာတ်နှင့် တတ်နိုင်သမျှကင်းအောင်ရှောင်ကာ ယိုးဒယား ပြည် ဖူးခက်မြို့အမ်မခန်အရပ်ရှိနှစ်ထပ်အိမ်အိုကြီးပေါ်တွင် မြင်မြင်သမျှသင်္ခါရပေတကားဟု ဓမ္မာနုဿတိတရား ပွားများလျက် ရှိနေချိန် တစ်ခုသော နံနက်ခင်းတွင် အိမ်အောက်ထပ်ဆီမှ အုံးအုံးကျွက်ကျွက်ဆူညံသောငြင်းခုံသံများကို ကြားရလေရာ လက်စွဲတော် တပည့် ကျော်သုံးဦးနှင့် မျက်နှာစိမ်းလူငယ်တို့ကို တွေ့မြင်ရလေ၏။ဆြာဒင်၏အိမ်ဂေဟာကား ၎င်းတို့အတွက်သာလာယံဇရပ်မျှသာ တည်း။ "ပြင်စရာမလိုဘူးလေ" "ပြင်မှဖြစ်မှာပေါ့ဗျာ" "မပြင်လို့ဘယ်ဖြစ်မလဲ" "ခင်ဗျားတို့ဆြာဒင့်အားကိုး၊လူအုပ်ကြီးအားကိုးနဲ့ အနိုင်မကျင့်ကြနဲ့နော်။ဘာမှပြင်စရာမလိုဘူးဗျ။ဒီအတိုင်းပဲကောင်းပါတယ်"  သူ့လူကိုယ့်လူ အခြေအတင်ဖြစ်နေချိန်ဖြစ်ရကား၊ကြားဝင်ရန်ခက်လှသဖြင့် ဆြာဒင်ခမျာ လှေခါးခြေရင်းမှာ ငူငူကြီးရပ်နေရင်း အကြောင်းခြင်းရာ အဖြစ်သနစ်အစုံကို ပညာရှိသုခမိန်ဂိုက်ဖမ်းလျက်မေးမြန်းသမှုပြုရလေ၏။ "မကောင်းရင်ပြင်ပေါ့။ကောင်းရင်ဒီအတိုင်းထားလိုက်ကြပေါ့မောင်တို့ရာ။ဒါနဲ့ ဘာကိုပြင်မှာတုန်း။ဘာကိုမပြင်ချင်တာတုန်းမြွက်ကြပါစံ့" "အာ၊ခေတ်နောက်ကျပါ့ဆြာဒင်ရယ်။ခြေဥလေဗျ။ခြေဥ" ရုတ်တရက်အရင်းမရှိအဖျားမရှိဆိုလာသော ဖေကြည်ခေါ်အာရုံ၏ စကားတစွန်းတစ်စ၏အဖြေကို ဆြာဒင်တွေးမရသဖြင့် မျက်မှောင်ကို ကျုံ့လိုက်မိ၏။ "ဘာတုန်းဟ၊ခြေဥ။တော်သေးတာပေါ့ကွာ။လက်ဥမဖြစ်လို့" "ဒုံးကတော့ ဝေးချက်ဆြာဒင်။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောနေတာဗျ။တကတည်းဗျာ။ဗိုလ်စိန်မှန်နဲ့ အောင်ပင်လယ်က သတင်း တွေ မဖတ်ဘူးထင်ပါ့"  တင်္ခဏုပ္ပတ္တိဥာဏ်နှင့်ပြည့်စုံ၍ အကင်းပါးလှသောဆြာဒင်သည် ကပ္ပလီငယ်၏ဒဲ့ဒိုးအဖြေစကားအဆုံးတွင်  ချက်ဆိုနားခွက်က မီးတောက် ခဲ့လေပြီတကား။သို့နှင့်ပင် အဆိုပါနက်နဲလှသော ပုစ္ဆာပဟေဠိ၏အဖြေကို သဘာဝယုတ္တိ၊အာဂမယုတ္တိတို့ဖြင့် အဖြေတွက်ထုတ်နိုင်ရန် အလို့ငှာ မုတ်ဆိတ်မွှေးကင်းမဲ့နေသော မေးစေ့ကို ညာလက်ဖြင့် အသာပွတ်ရင်း လေးနက်စွာစဉ်းစားခန်းဝင်မိခဲ့ပြန်ချေသည်တမုံ့တကား။ (၂) အဆိုပါမျက်နှာစိမ်းလူငယ်၏အမည်မှာ ဝင်းကျော်ခိုင်ဖြစ်၍ ဖူးခက်ပါတောင်ကမ်းခြေတွင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ကာ ထိုင်းနိုင်ငံတွင် လာရောက်အခြေကျစီးပွားလမ်းဝင်ငွေဖြောင့်နေသည့် ဘွဲ့ရလူငယ်တစ်ဦးဖြစ်ချေ၏။သူ၏ဖခင်မှာ ဗမာ့တပ်မတော်တွင် ဒုတိယဗိုလ်မှူး ကြီး ဖြစ်ခဲ့၍ ရဟန်းဘဝနှင့်အရိုးထုတ်သွားခဲ့သူဖြစ်ကြောင်း သူကိုယ်တိုင်ဖွင့်ဟသော သူ့ဘဝဇာတ်ကြောင်းတစ်စွန်းတစ်စမှ ဆြာဒင်သိ ရပါ၏။  စင်စစ် ဆြာဒင့်မျက်စိရှေ့တွင် လူငယ်ဘာဝ အငြင်းပွားနေကြသည့် ကိစ္စပြဿနာသည် ဆြာဒင်၏ ရင့်သန်လှသောဥာဏ်ပဋ္ဋိဘန်နှင့် နှိုင်းစာသော် ရေးကြီးခွင်ကျယ်ကိစ္စရပ်မဟုတ်သော်ငြား  မင်းပူးဆရာတော်ဦးသြဘာသ၏ မဟော်သဓာဇာတ်တော်ကြီးတွင်ဖော်ပြထား သော အောက်ပါစာပိုဒ်သည် ဆြာဒင်၏အတွေးအိမ်တွင်းသို့ ရုတ်ခြည်းအမှတ်မထင်ဝင်ရောက်လာလေ၏။  "မင်းကြီးအား ဤရှားလှံတံတစ်ထွာမျှလောက်ကို အရင်းအဖျားသိရုံဖြင့် အဘယ်အသုံးဝင်အံ့နည်း။ငါ့အားပညာစမ်းစေလွှတ်သည်သာ ဖြစ်မည် ဟုကြံပြီးလျှင် "ဖခင်၊ဤရှားလှံတံကိုဆောင်ယူခဲ့လော့။အကျွန်ုပ်အရင်းအဖျားကိုသိလတ္တံ့" ဟုဆို၍ ရှားလှံတံကို ဆောင်ယူစေပြီး သော် ဘုရားလောင်းသည် လက်ဖြင့်ရှားလှံတံ၏အလယ်၌ကိုင်၍ချီကာမျှဖြင့် "ဤကားအရင်း၊ဤကားအဖျား"ဟု သိငြားသော်လည်း အများအားထင်ရှားစေခြင်းငှာ ရေတခွက်ကိုဆောင်ယူစေပြီးလျှင် ရှားလှံတံ၏အလယ်ချက်တည့်တည့်၌ ချည်ကြိုးဖြင့်ချည်၍ ကြိုးစွန်က ကိုင်စေလျက် ရေအပြင်၌ တင်ကာထား၏"(မူရင်းသတ်ပုံအတိုင်း)  ဤတွင်မသိတာမရှိ၊စုံစီနဖာ၊အနုံညာတပညာရှိ ဆြာဒင်သည် ကြီးစွာသောဆင်ခြင်ဥာဏ်ဖြင့် စွယ်စုံမုန်သောက်လေသည့် မဟာပညာ ကျော် အိုက်တင်ဖြင့် အောက်ပါအတိုင်းမြွက်ဟကြေညာလေ၏။ "အို၊အမောင်တို့။ခြေဥဟူသည်ကား လူထုနှင့်အစိုးရချုပ်ဆိုအပ်သော နှစ်ဘက်သဘောတူစာချုပ်ဟု ဆိုကြပါကုန်၏။အစိုးရမင်းတို့ကား မပြင်လိုကြ။လူထုကြီးကမူ ပြင်လိုကြကြောင်း လူထုခေါင်းဆောင်များက အင်အားပြကြကုန်၏။ဤအစွန်းထွက်သော ပြသနာ၏ အဖြေကို ဆြာဒင်ဒက်ကနဲသိသော်ငြား အများအားဖြင့်ထင်ရှားစေခြင်းငှာ ခိုင်လုံသောသက်သေသာဓကတို့ဖြင့် ပြမှသာ တရားနည်းလမ်းကျပေအံ့။   ကျွန်ုပ်အပါအဝင်မောင်တို့အားလုံးသည် အဆိုပါခြေဥအတည်ပြုစဉ်ကာလက ယိုးဒယားပြည်သို့ရောက်ရှိနေကြကုန်သည်ဖြစ်၍ ပြသနာ ၏အဝေးမှနေ၍မချဉ်းကပ်စကောင်း။သို့ဖြစ်၍ မိမိနေရင်းအရပ် ရွှေနိုင်ငံတော်အရပ်တွင်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းကာ အဖြေ ရှာခြင်းသည် အကောင်းတစ်ကာ့အကောင်းဆုံးဖြစ်ပေသောကြောင့် ခုမကြာခရီးနှင်ကြရလေအောင် ပေါက်ဖော်တို့ နောက်တော်က လိုက်ခဲ့ကြပေကရော့" (၃) တကျိပ်၏ထက်ဝက်ဖြစ်သော ဆြာဒင်နှင့်အဖွဲ့သည်ကုန်ကျစားရိတ်ကို ခြိုးခြံခြွေတာသည့်အနေဖြင့် လေကြောင်းလိုင်းခရီးစဉ်ကို အဝေး မှဖယ်ကြဉ်လျက် ဖူးခက်မှသည် ကားနှင့်တသွယ်၊ကုန်းကြောင်းတနည်း ခရီးပြင်းနှင်လာကြရာ ရွှေပြည်ဌာန၏နယ်စပ်တံခါးပေါက် မြဝတီ မြို့မှတစ်ဆင့် မွန်ပြည်နယ်ဘီးလင်းမြို့အနီးသို့ဆိုက်ရောက်လာကြလေသည်။ခရီးကကြမ်းလူလည်းပမ်းကြသည်ကြောင့် ဟာနေသော ဝမ်းတထွာကို ဖြည့်လျက်ပါစကမီးငြှိမ်းရန်အလို့ငှာ လမ်းခရီးတစ်နေရာမှ အတန်ငယ်သန့်ရှင်းသပ်ယပ်သည့် "အောင်ပြည့်စုံ"အမည်ရှိ စားသောက်ဆိုင်တစ်ခု အတွင်းသို့ မတိုင်ပင်ပဲခြေဦးလှည့်၊ဝင်ရောက်မိကြပြီးသကာလ ဘီယာနှင့် စားဖွယ်စုံတို့ကို ဖြည့်တင်း မှီဝဲပြီး သည်တွင်လာရင်းကိစ္စကို သတိပြန်လည်လာကြပြန်၏။  "ဗျို့ဆြာဒင်။ပြည်တွင်းရောက်နေပြီလေဗျာ။မေးမြန်းစုံစမ်းရမဲ့ လုပ်ငန်းစတော့လေဗျာ။အဖြေကိုသိချင်လှပြီ" အစားပိတ်အနေဖြင့် ထိုင်းနိုင်ငံထုတ် ချန်းဘီယာလေးမြံုံ့နေသော ဆြာဒင်မှာ တပည့်ကျော်၏သတိပေးစကားကြောင့် ရုတ်ခြည်း သတိ ဝင်လာလျက် စားပွဲပေါ်မှာ စားကြွင်းစားကျန်ပန်းကန်ခွက်ယောက်တို့ကို သိမ်းဆည်းနေသည့် ဘိုကေဆံပင်၊စစ်စွပ်ကျယ်ဂျိုင်းပြတ်နှင့် အသက်ခပ်ကြီးကြီးစားပွဲထိုးအား ဆိုင်းမဆင့်ဗုံမဆင့်၊ကောက်ကာငင်ကာ မေးခွန်းထုတ်လိုက်လေသည်။  "ဒီမယ်နောင်ကြီးရဲ့။စကားမစပ်ဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်မပြင်သင့် နောင်ကြီးရဲ့အမြင်လေးသိပါရစေခင်ဗျာ" စစ်တဘက်တထည်ကိုပုခုံးပေါ်တင်ထားသည့်စားပွဲထိုးကြီးသည် ဆြာဒင့်ကို ဆတ်ကနဲခေါင်းမော့ကြည့်၏။သူ့မျက်နှာတွင် သရော်ပြုံး တစ်ချက်ကိုလှစ်ကနဲမြင်လိုက်ရပြီး လေသံ ခပ်အေးအေးဖြင့် ဆြာဒင့်အမေးကို ခွန်းတုန့်ပြန်၏။ "၂၀၀၈ဖွဲ့စည်းပုံကို ထောက်ခံသလား၊မထောက်ခံဘူးလားဆိုတာ ဖြေရမှာလား" "ဒီသဘောပါပဲနောင်တော်ကြီးရယ်။ထောက်ခံတယ်ဆိုရင်ဖြင့်ပြင်စရာမလိုဘူးပေါ့" "သိပ်ရှည်ရှည်ဝေးဝေး ဖြေစရာကိုမလိုပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံဆိုတာ လူတွေဘာမှန်းတောင်မသိမှ မသိလိုက်ကြဘဲ အတင်းအတည်ပြုခဲ့ တဲ့ ဖွဲ့စည်းပုံကြီးပဲ" ကပ္ပလီ၊ဖေကြည်နှင့်လေမင်းသားတို့၏မျက်နှာထားအသီးသီးကား ဝင်းပကြည်လင်သွားကြ၏။ဝင်းကျော်ခိုင်ကမူ ကျေနပ်ဟန်မပြပဲ ဆိုင်မှ အထွက်တွင် စကားတခွန်းဆိုသည်။  "ဆြာဒင်လူရွေးမမေးနဲ့လေ။အဲဒါစားပွဲထိုးမဟုတ်ဘူးနော်။နိုင်ငံတော်စာရင်းစစ်ချုပ်အငြိမ်းစားဗိုလ်ချုပ်လွန်းမောင်ဗျ။ ဦးသိန်းစိန်အစိုးရ လက်ထက် မှာ ပြည်ထောင်စုဝန်ကြီးဋ္ဌာတွေရဲ့ ငွေစာရင်းကွာဟချက်တွေကို  စစ်ဆေးတွေ့ရှိခဲ့တဲ့သူ၊ မီဒီယာတွေဆီသတင်းပေါက်ကြား လို့ ရာထူးက အနားပေးခံခဲ့ရတာဗျ" "ဟုတ်ပါပြီမောင်ရဲ့။ဗိုလ်ချုပ်ဟောင်းပြောကာမျှနဲ့လည်း အတည်မယူသေးပါဘူး။ရှေ့ခရီးဆက်ကြအုံးစို့ရဲ့။ကားကြုံလေးသာတားပါလေ" (၄) ဆြာဒင်နှင့်အဖွဲ့ကား ရွှေပြည်ဌာန၊ဒုတိယမြို့တော်ရန်ကုန်ဆီသို့ရောက်ကြသည်တွင် နီးစပ်ရာ၊တွေ့တွေ့သမျှ ရဟန်းရှင်လူပြည်သူတို့အား ခြေဥ ပြင်ရေးမပြင်ရေးအမေးပုစ္ဆာကိုမေးခဲ့ကြသည်ချည်းဖြစ်ပါ၏။သို့သော်အဖြေတို့ကား ယောင်ဝါးဝါးနိုင်လှချေသည်။ "ရပ်ကွက်လူကြီးထည့်လိုက်တယ်ပြောတာပဲဗျာ" "အချိန်ကုန်ခံပြီး မဖြေပါရစေနဲ့၊သည်းခံလော့ဒကာ။သီတင်းသုံးနေတဲ့ကျောင်းလေး ဘူဒိုစာလက်ချက်မိသွားလို့ပါ" "နေပါဦး။၂၀၀၈တုန်းက အဲဒီဥပဒေကို ကန့်ကွက်လို့ရရဲ့လားဗျာ။လမ်းဘေးဈေးသည်ဘဝကနေ အင်းစိန်တောရရောက်သွားတော့ မပေါ့" "ရုံးတွေမှာပဲ စုပြီးထည့်လိုက်ကြတာပါပဲ။မထောက်ခံလို့မှမဖြစ်ပဲကိုး"  အဆိုပါအဖြေတို့အပေါ်လိုရာဆွဲတွေးလျက်ကောက်ချက်ချနိုင်သော်ငြား အစွန်းတရားကင်းလိုသော ဆြာဒင်သည် ခရီးကို ရှေ့ဆက်နှင် ပြန်လေရာ ခရီးလမ်းကြောင်းသည် ဧရာဝတီတိုင်းဆီသို့ဖြစ်၏။ခြေဥပြင်သင့်မပြင်သင့်ကိစ္စရပ်နှင့်ပတ်သက်၍ ဆြာဒင်တို့အဖွဲ့ ဧရာဝတီ တိုင်းသို့ ရောက်ရှိလာသည်ကို ကြိုတင်သတင်းရဟန်တူသည့် တိုင်းဝန်ကြီးချုပ်သည် ၎င်းစံမြန်းရာအိမ်တော်သို့ ဆြာဒင်နှင့်အဖွဲ့ကို ဖိတ်ခေါ်ကာ လွန်စွာလက်ရာမြောက်လှသောဧရာမကျွန်းကနုတ်ဆက်တီပေါ်တွင်အမိန့်သားထိုင်လျက် လေးလေးနက်နက်မိန့်ဆို မှတ်ချက်ပြုသည်ကား ...."ဒီဖွဲ့ စည်းပုံရေးဆွဲစဉ်က တိုင်းပြည်ရဲ့ထိပ်တန်းပုဂ္ဂိုလ်တွေပါတယ်။ လူမှုရေးအဖွဲ့အစည်း ပေါင်းစုံပါတယ်။ မပါချင်တဲ့ပါတီ မပါတာ ကတော့ မတတ်နိုင်ဘူး။ခုမှလာပြီး တောင်အော်မြောက်အော် မအော်နဲ့" ဟူသတည်း။  ခရီးစဉ်တလျှောက်ဖတ်ရှုရသည့်သတင်းစာနှင့်ဂျာနယ်များတွင်ဖော်ပြထားချက်များအရ သမတကြီးအနေဖြင့် ခြေဥပြင်ဆင်ရေး လှုံ့ဆော်စည်းရုံးပွဲများသည် တိုင်းပြည်ကိုဆူပူမှုဖြစ်ပွားစေနိုင်သဖြင့် ပူပန်မိကြောင်းသိရှိရ၏။ကြံ့ဖွံ့အသင်းကြီး၏ တာဝန်ရှိပုဂ္ဂိုလ်ကြီး တစ်ဦးကမူ အခြေခံဥပဒေကို တစ်ယောက်တည်းအတွက် မပြင်ဆင်နိုင်ဟုဆို၏။အာဏာရပါတီမှ လွှတ်တော်အမတ်အများစုနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ကား ၉၂% ကျော်လူထုဆန္ဒဖြင့် ထောက်ခံထားခဲ့သည်ဖြစ်၍ မပြင်လိုကြောင်း အသံကုန်ဟစ်ကြ၏။ဤသို့လျှင် ဆြာဒင်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဘိုကလေးမြို့နယ် ကဒုံ၊ကနိ၊ဧရာ၊အမာစသော ပင်လယ်နှင့်ထိစပ်နေသည့် ဒေသများဆီသို့ ရောက်ခဲ့ ကြပြန်လေရာ သောင်မတင်ရေမကျဖြစ်နေဆဲ ပုစ္ဆာ၏အဖြေကို တွက်ထုတ်နိုင်ရန်အလို့ငှာဆက်လက်လုံးပန်းကြရပြန်ပါ၏။ (၅) "ခြေဥပြင်သင့်မပြင်သင့်"ဟူသော ကိစ္စနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန်အလို့ငှာ ရပ်မိရပ်ဖတို့ကို မေတ္တာရပ်ခံတောင်းပန်လေရာ  တစ်ခု သောကွင်းပြင်ကွက်လပ်ကြီးတစ်ခုဆီသို့တက်ရောက်လာကြသော ပြည်သူပရိသတ်တို့ကား သောင်းဂဏန်းမျှပင်ရှိအံ့ထင်၏။ဆြာဒင် ကား ခွေးခြေငယ်တစ်ခုပေါ်တွင် မတ်တပ်ရပ်ရင်း စုရုံးရောက်ရှိလာသောလူထုကြီးအားလိုတိုရှင်းပင်မေးမြန်းသမှုပြုခဲ့ရချေသည်။ "၂၀၀၈ ခြေဥကိုပြင်သင့်မပြင်သင့် ကိုရင်တို့ထင်မြင်ချက်လေး သိပါရစေခင်ဗျာ" လူထုပရိသတ်သည်ဆြာဒင်၏ အသံကြောင့်မီးကို ရေနှင့်ဖြန်းသကဲ့သို့ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် အသံတချို့ ကွက်ကြားကွက် ကြားထွက်ပေါ်လာ၏။  "ဟာ။ဒီလူတွေ အူကြောင်ကြောင်နဲ့ ဘာတွေလာမေးနေပါလိမ့်" "အေးလေကွာ။ဘောင်းဘီတွေရှူးဖိနပ်တွေနဲ့ဆိုတော့ နိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့ကများလားလို့။လက်စသတ်တော့.." "တော်တော်အလိုက်ကန်းဆိုးမသိတဲ့လူတွေပဲ" မည်သို့ပင်တီးတိုးရေရွတ်စကားဆိုနေကြစေကာမူ ဆြာဒင်ကား စိတ်ပျက်အားလျော့ခြင်းမရှိပဲ၊ ဒုတိယမ္ပိမေးခွန်းထုတ်မိပြန်၏။ မေးခွန်းအဆုံးမှာပင် လူထုကြီးထံမှ ကျယ်လောင်လှသော.. "အီး အီး အီး ရွှတ် ရွှတ်" ဟူသည့် ငိုချင်းချသံကြီးသည် အထက်ဘဝဂ် တိုင်လောက်အောင် မြည်ဟည်းဆူညံလျက် ဒေါသတကြီးကြိမ်းမောင်းသံတို့ပါဆက်တိုက်ထွက်ပေါ်လာတော့သည်။  "ကိုချစ်စူရေ။ ရှင့်အလောင်းကိုမကောက်ပဲ ရှင့်လက်ဗွေကို ဇွတ်နှိပ်ပြီးအတည်ပြုဖြစ်သွားတဲ့ဥပဒေကြီးကိုလာကြည့်လှဲ့ပါအုံးတော့" "နာဂစ်ဖြစ်ပြီလည်းဆိုရော ဘာမှပါမလာ၊လက်ချည်းသက်သက် အခြေအနေလာကြည့်သွားတဲ့ လူတွေရေးတဲ့ဥပဒေကြီးပေါ့" "၂၀၀၈မှာသူတို့ပွဲပျက်မှာစိုးလို့ နာဂစ်လာမှာသိသိချည်းနဲ့ သတင်းမှောင်ချထားခဲ့ကြတာကွ" "အမေရိကန်က ထောက်ပံ့ရေးသင်္ဘောတွေ အဝင်မခံခဲ့ဘူးတဲ့ကွာ။ရိုင်းချက်ကတော့ ကမ်းကုန်တယ်" "အေးလေကွာ။မေးစရာမှမလိုတာ"  "မမေးသင့်မေးခွန်း လာမေးနေတယ်။ ကြာတယ်ကွာ။ဝိုင်းရိုက်ကြ" "ဟုတ်တယ်။ရိုက်ကွ။ချကွ။နာနာလေးသာရိုက်" "ခဲနဲ့ထု၊တုတ်နဲ့ပစ်ကြဟေ့။ဆော်ကြကွာ၊ဆော်ကြ" နောက်ကျသောဖနောင့်သည် ဆြာဒင်တို့၏သစ္စာဖောက်ပေတည်း။ဆရာတပည့်အားလုံး ဘွတ်ဖိနပ်ကိုယ်စီကျွတ်ကျကျန်ခဲ့သည်ကိုပင် မကောက်အား။နောက်မှလိုက်ပါလာသော လူအုပ်ကြီးနှင့်ဝေးရာသို့ တင်ပါးကိုဂျက်တပ်ကာ ခြေကုန်သုတ်ကြရ၏။ဦးခေါင်းထက်ဆီမှ တဝီဝီဝဲပျံနေသည့် ဖိနပ်စုပ်၊တုတ်အပိုင်းအစ၊အုတ်ခဲကျိုးတို့ကို ကျွမ်းကျင်စွာရှောင်တိမ်းပြေးလွှားနေသော ဝင်းကျော်ခိုင်ထံမှ အမော ဖောက်သံကြီးနှင့်အတူ ဝန်ခံစကားတခွန်းသည် မြန်နှုန်းမြင့်ခြေအစုံဖြင့် အသားကုန်ပြေးနေသော ဆြာဒင့်နားစည်တွင်းသို့ လေအဟုန် ဖြင့်ဝင်လာခဲ့လေ၏။  "၉၂%ရာနှုန်းမကလို့။ရာနှုန်းတစ်သောင်းကျော်ရင်လည်း၊သေချာပေါက်ပြင်သင့်တာပေါ့ဆြာဒင်ရယ်။ပြေးနိုင်မှလွတ်မယ်ဆြာဒင်ရေ့" ဤသို့လျှင် ခြေဥတရားစီရင်ခန်းအပြီး၌ ဆြာဒင့်အပေါ်တပည့်ကျော်တို့၏ ကောင်းချီးမင်္ဂလာသည်တကြိမ်ဖြစ်ပြန်လေသတည်း။  http://7daydaily.com/story/11364#.U31I7Sior90
(၁)
"ဃရာဝါသောဗဟုကိစ္စော" ကိစ္စများမြောင်လူတို့ဘောင်ဟု ပညာရှိတို့ဆိုကြလေသောကြောင့် အသက်အရွယ်ထောက်လာသော ဆြာဒင် တစ်ယောက် လောကီအရေးတို့ကို အထိုက်အလျောက် အာရုံနည်းလာသည်ကား အမှန်ဖြစ်၏။ ယောင်တစ်ထုံး အဆုံးခံကာ စိတ်ပုတီး နှင့် ရိပ်ကြီးခိုလိုသော်ငြား "တောခိုချင် စိတ်ကယ်နဲ့၊သပိတ်ကို လွယ်သရေနွယ်ကွဲ့ ရှာတုန်း။

ချောင်အနီးမှာလ၊ မောင်ကြီးကို တစ္ဆေ ကိုက် လိမ့်မယ်မင်းလိုက်ခဲ့အုံး"ဟူ၍စာချိုးကာအဖော်ခေါ်ရမည်ဖြစ်လေရာ ဖဝါးခြေထပ် ထပ်ချပ်မကွာရေပူရေချမ်းကမ်းလှမ်း ရန်လိုက်ပါ ကြ မည့် မော်ဒယ်အလှကပ္ပိယတစ်ပြုံတစ်မကြီးဖြင့်မူ မသင့်တော်လေရကား ဧကစာရီတောမှီလိုသည့် မဟာအလောင်း တော်တို့၏စိတ်ထား မျိုးကို အတန်တန်ချိုးနှိမ်နေရပြန်ချေ၏။
ထိုသို့လျှင် ဆြာဒင်တစ်ယေက် ရှုပ်ထွေးပွေလီလှသည့် လောကီထုပ္ပတ်လူတို့ဇာတ်နှင့် တတ်နိုင်သမျှကင်းအောင်ရှောင်ကာ ယိုးဒယား ပြည် ဖူးခက်မြို့အမ်မခန်အရပ်ရှိနှစ်ထပ်အိမ်အိုကြီးပေါ်တွင် မြင်မြင်သမျှသင်္ခါရပေတကားဟု ဓမ္မာနုဿတိတရား ပွားများလျက် ရှိနေချိန် တစ်ခုသော နံနက်ခင်းတွင် အိမ်အောက်ထပ်ဆီမှ အုံးအုံးကျွက်ကျွက်ဆူညံသောငြင်းခုံသံများကို ကြားရလေရာ လက်စွဲတော် တပည့် ကျော်သုံးဦးနှင့် မျက်နှာစိမ်းလူငယ်တို့ကို တွေ့မြင်ရလေ၏။ဆြာဒင်၏အိမ်ဂေဟာကား ၎င်းတို့အတွက်သာလာယံဇရပ်မျှသာ တည်း။
"ပြင်စရာမလိုဘူးလေ"
"ပြင်မှဖြစ်မှာပေါ့ဗျာ"
"မပြင်လို့ဘယ်ဖြစ်မလဲ"
"ခင်ဗျားတို့ဆြာဒင့်အားကိုး၊လူအုပ်ကြီးအားကိုးနဲ့ အနိုင်မကျင့်ကြနဲ့နော်။ဘာမှပြင်စရာမလိုဘူးဗျ။ဒီအတိုင်းပဲကောင်းပါတယ်"

သူ့လူကိုယ့်လူ အခြေအတင်ဖြစ်နေချိန်ဖြစ်ရကား၊ကြားဝင်ရန်ခက်လှသဖြင့် ဆြာဒင်ခမျာ လှေခါးခြေရင်းမှာ ငူငူကြီးရပ်နေရင်း အကြောင်းခြင်းရာ အဖြစ်သနစ်အစုံကို ပညာရှိသုခမိန်ဂိုက်ဖမ်းလျက်မေးမြန်းသမှုပြုရလေ၏။
"မကောင်းရင်ပြင်ပေါ့။ကောင်းရင်ဒီအတိုင်းထားလိုက်ကြပေါ့မောင်တို့ရာ။ဒါနဲ့ ဘာကိုပြင်မှာတုန်း။ဘာကိုမပြင်ချင်တာတုန်းမြွက်ကြပါစံ့"
"အာ၊ခေတ်နောက်ကျပါ့ဆြာဒင်ရယ်။ခြေဥလေဗျ။ခြေဥ"
ရုတ်တရက်အရင်းမရှိအဖျားမရှိဆိုလာသော ဖေကြည်ခေါ်အာရုံ၏ စကားတစွန်းတစ်စ၏အဖြေကို ဆြာဒင်တွေးမရသဖြင့် မျက်မှောင်ကို ကျုံ့လိုက်မိ၏။
"ဘာတုန်းဟ၊ခြေဥ။တော်သေးတာပေါ့ကွာ။လက်ဥမဖြစ်လို့"
"ဒုံးကတော့ ဝေးချက်ဆြာဒင်။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောနေတာဗျ။တကတည်းဗျာ။ဗိုလ်စိန်မှန်နဲ့ အောင်ပင်လယ်က သတင်း တွေ မဖတ်ဘူးထင်ပါ့"

တင်္ခဏုပ္ပတ္တိဥာဏ်နှင့်ပြည့်စုံ၍ အကင်းပါးလှသောဆြာဒင်သည် ကပ္ပလီငယ်၏ဒဲ့ဒိုးအဖြေစကားအဆုံးတွင် ချက်ဆိုနားခွက်က မီးတောက် ခဲ့လေပြီတကား။သို့နှင့်ပင် အဆိုပါနက်နဲလှသော ပုစ္ဆာပဟေဠိ၏အဖြေကို သဘာဝယုတ္တိ၊အာဂမယုတ္တိတို့ဖြင့် အဖြေတွက်ထုတ်နိုင်ရန် အလို့ငှာ မုတ်ဆိတ်မွှေးကင်းမဲ့နေသော မေးစေ့ကို ညာလက်ဖြင့် အသာပွတ်ရင်း လေးနက်စွာစဉ်းစားခန်းဝင်မိခဲ့ပြန်ချေသည်တမုံ့တကား။
(၂)
အဆိုပါမျက်နှာစိမ်းလူငယ်၏အမည်မှာ ဝင်းကျော်ခိုင်ဖြစ်၍ ဖူးခက်ပါတောင်ကမ်းခြေတွင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ကာ ထိုင်းနိုင်ငံတွင် လာရောက်အခြေကျစီးပွားလမ်းဝင်ငွေဖြောင့်နေသည့် ဘွဲ့ရလူငယ်တစ်ဦးဖြစ်ချေ၏။သူ၏ဖခင်မှာ ဗမာ့တပ်မတော်တွင် ဒုတိယဗိုလ်မှူး ကြီး ဖြစ်ခဲ့၍ ရဟန်းဘဝနှင့်အရိုးထုတ်သွားခဲ့သူဖြစ်ကြောင်း သူကိုယ်တိုင်ဖွင့်ဟသော သူ့ဘဝဇာတ်ကြောင်းတစ်စွန်းတစ်စမှ ဆြာဒင်သိ ရပါ၏။
စင်စစ် ဆြာဒင့်မျက်စိရှေ့တွင် လူငယ်ဘာဝ အငြင်းပွားနေကြသည့် ကိစ္စပြဿနာသည် ဆြာဒင်၏ ရင့်သန်လှသောဥာဏ်ပဋ္ဋိဘန်နှင့် နှိုင်းစာသော် ရေးကြီးခွင်ကျယ်ကိစ္စရပ်မဟုတ်သော်ငြား မင်းပူးဆရာတော်ဦးသြဘာသ၏ မဟော်သဓာဇာတ်တော်ကြီးတွင်ဖော်ပြထား သော အောက်ပါစာပိုဒ်သည် ဆြာဒင်၏အတွေးအိမ်တွင်းသို့ ရုတ်ခြည်းအမှတ်မထင်ဝင်ရောက်လာလေ၏။

"မင်းကြီးအား ဤရှားလှံတံတစ်ထွာမျှလောက်ကို အရင်းအဖျားသိရုံဖြင့် အဘယ်အသုံးဝင်အံ့နည်း။ငါ့အားပညာစမ်းစေလွှတ်သည်သာ ဖြစ်မည် ဟုကြံပြီးလျှင် "ဖခင်၊ဤရှားလှံတံကိုဆောင်ယူခဲ့လော့။အကျွန်ုပ်အရင်းအဖျားကိုသိလတ္တံ့" ဟုဆို၍ ရှားလှံတံကို ဆောင်ယူစေပြီး သော် ဘုရားလောင်းသည် လက်ဖြင့်ရှားလှံတံ၏အလယ်၌ကိုင်၍ချီကာမျှဖြင့် "ဤကားအရင်း၊ဤကားအဖျား"ဟု သိငြားသော်လည်း အများအားထင်ရှားစေခြင်းငှာ ရေတခွက်ကိုဆောင်ယူစေပြီးလျှင် ရှားလှံတံ၏အလယ်ချက်တည့်တည့်၌ ချည်ကြိုးဖြင့်ချည်၍ ကြိုးစွန်က ကိုင်စေလျက် ရေအပြင်၌ တင်ကာထား၏"(မူရင်းသတ်ပုံအတိုင်း)
ဤတွင်မသိတာမရှိ၊စုံစီနဖာ၊အနုံညာတပညာရှိ ဆြာဒင်သည် ကြီးစွာသောဆင်ခြင်ဥာဏ်ဖြင့် စွယ်စုံမုန်သောက်လေသည့် မဟာပညာ ကျော် အိုက်တင်ဖြင့် အောက်ပါအတိုင်းမြွက်ဟကြေညာလေ၏။
"အို၊အမောင်တို့။ခြေဥဟူသည်ကား လူထုနှင့်အစိုးရချုပ်ဆိုအပ်သော နှစ်ဘက်သဘောတူစာချုပ်ဟု ဆိုကြပါကုန်၏။အစိုးရမင်းတို့ကား မပြင်လိုကြ။လူထုကြီးကမူ ပြင်လိုကြကြောင်း လူထုခေါင်းဆောင်များက အင်အားပြကြကုန်၏။ဤအစွန်းထွက်သော ပြသနာ၏ အဖြေကို ဆြာဒင်ဒက်ကနဲသိသော်ငြား အများအားဖြင့်ထင်ရှားစေခြင်းငှာ ခိုင်လုံသောသက်သေသာဓကတို့ဖြင့် ပြမှသာ တရားနည်းလမ်းကျပေအံ့။

ကျွန်ုပ်အပါအဝင်မောင်တို့အားလုံးသည် အဆိုပါခြေဥအတည်ပြုစဉ်ကာလက ယိုးဒယားပြည်သို့ရောက်ရှိနေကြကုန်သည်ဖြစ်၍ ပြသနာ ၏အဝေးမှနေ၍မချဉ်းကပ်စကောင်း။သို့ဖြစ်၍ မိမိနေရင်းအရပ် ရွှေနိုင်ငံတော်အရပ်တွင်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းကာ အဖြေ ရှာခြင်းသည် အကောင်းတစ်ကာ့အကောင်းဆုံးဖြစ်ပေသောကြောင့် ခုမကြာခရီးနှင်ကြရလေအောင် ပေါက်ဖော်တို့ နောက်တော်က လိုက်ခဲ့ကြပေကရော့"
(၃)
တကျိပ်၏ထက်ဝက်ဖြစ်သော ဆြာဒင်နှင့်အဖွဲ့သည်ကုန်ကျစားရိတ်ကို ခြိုးခြံခြွေတာသည့်အနေဖြင့် လေကြောင်းလိုင်းခရီးစဉ်ကို အဝေး မှဖယ်ကြဉ်လျက် ဖူးခက်မှသည် ကားနှင့်တသွယ်၊ကုန်းကြောင်းတနည်း ခရီးပြင်းနှင်လာကြရာ ရွှေပြည်ဌာန၏နယ်စပ်တံခါးပေါက် မြဝတီ မြို့မှတစ်ဆင့် မွန်ပြည်နယ်ဘီးလင်းမြို့အနီးသို့ဆိုက်ရောက်လာကြလေသည်။ခရီးကကြမ်းလူလည်းပမ်းကြသည်ကြောင့် ဟာနေသော ဝမ်းတထွာကို ဖြည့်လျက်ပါစကမီးငြှိမ်းရန်အလို့ငှာ လမ်းခရီးတစ်နေရာမှ အတန်ငယ်သန့်ရှင်းသပ်ယပ်သည့် "အောင်ပြည့်စုံ"အမည်ရှိ စားသောက်ဆိုင်တစ်ခု အတွင်းသို့ မတိုင်ပင်ပဲခြေဦးလှည့်၊ဝင်ရောက်မိကြပြီးသကာလ ဘီယာနှင့် စားဖွယ်စုံတို့ကို ဖြည့်တင်း မှီဝဲပြီး သည်တွင်လာရင်းကိစ္စကို သတိပြန်လည်လာကြပြန်၏။

"ဗျို့ဆြာဒင်။ပြည်တွင်းရောက်နေပြီလေဗျာ။မေးမြန်းစုံစမ်းရမဲ့ လုပ်ငန်းစတော့လေဗျာ။အဖြေကိုသိချင်လှပြီ"
အစားပိတ်အနေဖြင့် ထိုင်းနိုင်ငံထုတ် ချန်းဘီယာလေးမြံုံ့နေသော ဆြာဒင်မှာ တပည့်ကျော်၏သတိပေးစကားကြောင့် ရုတ်ခြည်း သတိ ဝင်လာလျက် စားပွဲပေါ်မှာ စားကြွင်းစားကျန်ပန်းကန်ခွက်ယောက်တို့ကို သိမ်းဆည်းနေသည့် ဘိုကေဆံပင်၊စစ်စွပ်ကျယ်ဂျိုင်းပြတ်နှင့် အသက်ခပ်ကြီးကြီးစားပွဲထိုးအား ဆိုင်းမဆင့်ဗုံမဆင့်၊ကောက်ကာငင်ကာ မေးခွန်းထုတ်လိုက်လေသည်။

"ဒီမယ်နောင်ကြီးရဲ့။စကားမစပ်ဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်မပြင်သင့် နောင်ကြီးရဲ့အမြင်လေးသိပါရစေခင်ဗျာ"
စစ်တဘက်တထည်ကိုပုခုံးပေါ်တင်ထားသည့်စားပွဲထိုးကြီးသည် ဆြာဒင့်ကို ဆတ်ကနဲခေါင်းမော့ကြည့်၏။သူ့မျက်နှာတွင် သရော်ပြုံး တစ်ချက်ကိုလှစ်ကနဲမြင်လိုက်ရပြီး လေသံ ခပ်အေးအေးဖြင့် ဆြာဒင့်အမေးကို ခွန်းတုန့်ပြန်၏။
"၂၀၀၈ဖွဲ့စည်းပုံကို ထောက်ခံသလား၊မထောက်ခံဘူးလားဆိုတာ ဖြေရမှာလား"
"ဒီသဘောပါပဲနောင်တော်ကြီးရယ်။ထောက်ခံတယ်ဆိုရင်ဖြင့်ပြင်စရာမလိုဘူးပေါ့"
"သိပ်ရှည်ရှည်ဝေးဝေး ဖြေစရာကိုမလိုပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံဆိုတာ လူတွေဘာမှန်းတောင်မသိမှ မသိလိုက်ကြဘဲ အတင်းအတည်ပြုခဲ့ တဲ့ ဖွဲ့စည်းပုံကြီးပဲ"
ကပ္ပလီ၊ဖေကြည်နှင့်လေမင်းသားတို့၏မျက်နှာထားအသီးသီးကား ဝင်းပကြည်လင်သွားကြ၏။ဝင်းကျော်ခိုင်ကမူ ကျေနပ်ဟန်မပြပဲ ဆိုင်မှ အထွက်တွင် စကားတခွန်းဆိုသည်။

"ဆြာဒင်လူရွေးမမေးနဲ့လေ။အဲဒါစားပွဲထိုးမဟုတ်ဘူးနော်။နိုင်ငံတော်စာရင်းစစ်ချုပ်အငြိမ်းစားဗိုလ်ချုပ်လွန်းမောင်ဗျ။ ဦးသိန်းစိန်အစိုးရ လက်ထက် မှာ ပြည်ထောင်စုဝန်ကြီးဋ္ဌာတွေရဲ့ ငွေစာရင်းကွာဟချက်တွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့သူ၊ မီဒီယာတွေဆီသတင်းပေါက်ကြား လို့ ရာထူးက အနားပေးခံခဲ့ရတာဗျ"
"ဟုတ်ပါပြီမောင်ရဲ့။ဗိုလ်ချုပ်ဟောင်းပြောကာမျှနဲ့လည်း အတည်မယူသေးပါဘူး။ရှေ့ခရီးဆက်ကြအုံးစို့ရဲ့။ကားကြုံလေးသာတားပါလေ"
(၄)
ဆြာဒင်နှင့်အဖွဲ့ကား ရွှေပြည်ဌာန၊ဒုတိယမြို့တော်ရန်ကုန်ဆီသို့ရောက်ကြသည်တွင် နီးစပ်ရာ၊တွေ့တွေ့သမျှ ရဟန်းရှင်လူပြည်သူတို့အား ခြေဥ ပြင်ရေးမပြင်ရေးအမေးပုစ္ဆာကိုမေးခဲ့ကြသည်ချည်းဖြစ်ပါ၏။သို့သော်အဖြေတို့ကား ယောင်ဝါးဝါးနိုင်လှချေသည်။
"ရပ်ကွက်လူကြီးထည့်လိုက်တယ်ပြောတာပဲဗျာ"
"အချိန်ကုန်ခံပြီး မဖြေပါရစေနဲ့၊သည်းခံလော့ဒကာ။သီတင်းသုံးနေတဲ့ကျောင်းလေး ဘူဒိုစာလက်ချက်မိသွားလို့ပါ"
"နေပါဦး။၂၀၀၈တုန်းက အဲဒီဥပဒေကို ကန့်ကွက်လို့ရရဲ့လားဗျာ။လမ်းဘေးဈေးသည်ဘဝကနေ အင်းစိန်တောရရောက်သွားတော့ မပေါ့"
"ရုံးတွေမှာပဲ စုပြီးထည့်လိုက်ကြတာပါပဲ။မထောက်ခံလို့မှမဖြစ်ပဲကိုး"

အဆိုပါအဖြေတို့အပေါ်လိုရာဆွဲတွေးလျက်ကောက်ချက်ချနိုင်သော်ငြား အစွန်းတရားကင်းလိုသော ဆြာဒင်သည် ခရီးကို ရှေ့ဆက်နှင် ပြန်လေရာ ခရီးလမ်းကြောင်းသည် ဧရာဝတီတိုင်းဆီသို့ဖြစ်၏။ခြေဥပြင်သင့်မပြင်သင့်ကိစ္စရပ်နှင့်ပတ်သက်၍ ဆြာဒင်တို့အဖွဲ့ ဧရာဝတီ တိုင်းသို့ ရောက်ရှိလာသည်ကို ကြိုတင်သတင်းရဟန်တူသည့် တိုင်းဝန်ကြီးချုပ်သည် ၎င်းစံမြန်းရာအိမ်တော်သို့ ဆြာဒင်နှင့်အဖွဲ့ကို ဖိတ်ခေါ်ကာ လွန်စွာလက်ရာမြောက်လှသောဧရာမကျွန်းကနုတ်ဆက်တီပေါ်တွင်အမိန့်သားထိုင်လျက် လေးလေးနက်နက်မိန့်ဆို မှတ်ချက်ပြုသည်ကား ...."ဒီဖွဲ့ စည်းပုံရေးဆွဲစဉ်က တိုင်းပြည်ရဲ့ထိပ်တန်းပုဂ္ဂိုလ်တွေပါတယ်။ လူမှုရေးအဖွဲ့အစည်း ပေါင်းစုံပါတယ်။ မပါချင်တဲ့ပါတီ မပါတာ ကတော့ မတတ်နိုင်ဘူး။ခုမှလာပြီး တောင်အော်မြောက်အော် မအော်နဲ့" ဟူသတည်း။
ခရီးစဉ်တလျှောက်ဖတ်ရှုရသည့်သတင်းစာနှင့်ဂျာနယ်များတွင်ဖော်ပြထားချက်များအရ သမတကြီးအနေဖြင့် ခြေဥပြင်ဆင်ရေး လှုံ့ဆော်စည်းရုံးပွဲများသည် တိုင်းပြည်ကိုဆူပူမှုဖြစ်ပွားစေနိုင်သဖြင့် ပူပန်မိကြောင်းသိရှိရ၏။ကြံ့ဖွံ့အသင်းကြီး၏ တာဝန်ရှိပုဂ္ဂိုလ်ကြီး တစ်ဦးကမူ အခြေခံဥပဒေကို တစ်ယောက်တည်းအတွက် မပြင်ဆင်နိုင်ဟုဆို၏။အာဏာရပါတီမှ လွှတ်တော်အမတ်အများစုနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ကား ၉၂% ကျော်လူထုဆန္ဒဖြင့် ထောက်ခံထားခဲ့သည်ဖြစ်၍ မပြင်လိုကြောင်း အသံကုန်ဟစ်ကြ၏။ဤသို့လျှင် ဆြာဒင်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဘိုကလေးမြို့နယ် ကဒုံ၊ကနိ၊ဧရာ၊အမာစသော ပင်လယ်နှင့်ထိစပ်နေသည့် ဒေသများဆီသို့ ရောက်ခဲ့ ကြပြန်လေရာ သောင်မတင်ရေမကျဖြစ်နေဆဲ ပုစ္ဆာ၏အဖြေကို တွက်ထုတ်နိုင်ရန်အလို့ငှာဆက်လက်လုံးပန်းကြရပြန်ပါ၏။
(၅)
"ခြေဥပြင်သင့်မပြင်သင့်"ဟူသော ကိစ္စနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန်အလို့ငှာ ရပ်မိရပ်ဖတို့ကို မေတ္တာရပ်ခံတောင်းပန်လေရာ တစ်ခု သောကွင်းပြင်ကွက်လပ်ကြီးတစ်ခုဆီသို့တက်ရောက်လာကြသော ပြည်သူပရိသတ်တို့ကား သောင်းဂဏန်းမျှပင်ရှိအံ့ထင်၏။ဆြာဒင် ကား ခွေးခြေငယ်တစ်ခုပေါ်တွင် မတ်တပ်ရပ်ရင်း စုရုံးရောက်ရှိလာသောလူထုကြီးအားလိုတိုရှင်းပင်မေးမြန်းသမှုပြုခဲ့ရချေသည်။
"၂၀၀၈ ခြေဥကိုပြင်သင့်မပြင်သင့် ကိုရင်တို့ထင်မြင်ချက်လေး သိပါရစေခင်ဗျာ"
လူထုပရိသတ်သည်ဆြာဒင်၏ အသံကြောင့်မီးကို ရေနှင့်ဖြန်းသကဲ့သို့ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် အသံတချို့ ကွက်ကြားကွက် ကြားထွက်ပေါ်လာ၏။

"ဟာ။ဒီလူတွေ အူကြောင်ကြောင်နဲ့ ဘာတွေလာမေးနေပါလိမ့်"
"အေးလေကွာ။ဘောင်းဘီတွေရှူးဖိနပ်တွေနဲ့ဆိုတော့ နိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့ကများလားလို့။လက်စသတ်တော့.."
"တော်တော်အလိုက်ကန်းဆိုးမသိတဲ့လူတွေပဲ"
မည်သို့ပင်တီးတိုးရေရွတ်စကားဆိုနေကြစေကာမူ ဆြာဒင်ကား စိတ်ပျက်အားလျော့ခြင်းမရှိပဲ၊ ဒုတိယမ္ပိမေးခွန်းထုတ်မိပြန်၏။ မေးခွန်းအဆုံးမှာပင် လူထုကြီးထံမှ ကျယ်လောင်လှသော.. "အီး အီး အီး ရွှတ် ရွှတ်" ဟူသည့် ငိုချင်းချသံကြီးသည် အထက်ဘဝဂ် တိုင်လောက်အောင် မြည်ဟည်းဆူညံလျက် ဒေါသတကြီးကြိမ်းမောင်းသံတို့ပါဆက်တိုက်ထွက်ပေါ်လာတော့သည်။

"ကိုချစ်စူရေ။ ရှင့်အလောင်းကိုမကောက်ပဲ ရှင့်လက်ဗွေကို ဇွတ်နှိပ်ပြီးအတည်ပြုဖြစ်သွားတဲ့ဥပဒေကြီးကိုလာကြည့်လှဲ့ပါအုံးတော့"
"နာဂစ်ဖြစ်ပြီလည်းဆိုရော ဘာမှပါမလာ၊လက်ချည်းသက်သက် အခြေအနေလာကြည့်သွားတဲ့ လူတွေရေးတဲ့ဥပဒေကြီးပေါ့"
"၂၀၀၈မှာသူတို့ပွဲပျက်မှာစိုးလို့ နာဂစ်လာမှာသိသိချည်းနဲ့ သတင်းမှောင်ချထားခဲ့ကြတာကွ"
"အမေရိကန်က ထောက်ပံ့ရေးသင်္ဘောတွေ အဝင်မခံခဲ့ဘူးတဲ့ကွာ။ရိုင်းချက်ကတော့ ကမ်းကုန်တယ်"
"အေးလေကွာ။မေးစရာမှမလိုတာ"

"မမေးသင့်မေးခွန်း လာမေးနေတယ်။ ကြာတယ်ကွာ။ဝိုင်းရိုက်ကြ"
"ဟုတ်တယ်။ရိုက်ကွ။ချကွ။နာနာလေးသာရိုက်"
"ခဲနဲ့ထု၊တုတ်နဲ့ပစ်ကြဟေ့။ဆော်ကြကွာ၊ဆော်ကြ"
နောက်ကျသောဖနောင့်သည် ဆြာဒင်တို့၏သစ္စာဖောက်ပေတည်း။ဆရာတပည့်အားလုံး ဘွတ်ဖိနပ်ကိုယ်စီကျွတ်ကျကျန်ခဲ့သည်ကိုပင် မကောက်အား။နောက်မှလိုက်ပါလာသော လူအုပ်ကြီးနှင့်ဝေးရာသို့ တင်ပါးကိုဂျက်တပ်ကာ ခြေကုန်သုတ်ကြရ၏။ဦးခေါင်းထက်ဆီမှ တဝီဝီဝဲပျံနေသည့် ဖိနပ်စုပ်၊တုတ်အပိုင်းအစ၊အုတ်ခဲကျိုးတို့ကို ကျွမ်းကျင်စွာရှောင်တိမ်းပြေးလွှားနေသော ဝင်းကျော်ခိုင်ထံမှ အမော ဖောက်သံကြီးနှင့်အတူ ဝန်ခံစကားတခွန်းသည် မြန်နှုန်းမြင့်ခြေအစုံဖြင့် အသားကုန်ပြေးနေသော ဆြာဒင့်နားစည်တွင်းသို့ လေအဟုန် ဖြင့်ဝင်လာခဲ့လေ၏။

"၉၂%ရာနှုန်းမကလို့။ရာနှုန်းတစ်သောင်းကျော်ရင်လည်း၊သေချာပေါက်ပြင်သင့်တာပေါ့ဆြာဒင်ရယ်။ပြေးနိုင်မှလွတ်မယ်ဆြာဒင်ရေ့"
ဤသို့လျှင် ခြေဥတရားစီရင်ခန်းအပြီး၌ ဆြာဒင့်အပေါ်တပည့်ကျော်တို့၏ ကောင်းချီးမင်္ဂလာသည်တကြိမ်ဖြစ်ပြန်လေသတည်း။

http://7daydaily.com/story/11364#.U31I7Sior90

၂၂။၀၅။၂၀၁၄နေ့ထုတ်ဆဲဗင်းဒေးနေ့စဉ်သတင်းစာ

မင်းဒင်

" စိတ်ခေါ်ရာ......."


" စိတ်ခေါ်ရာ......."  လူငယ်တွေဆိုတာ အရာတိုင်းကို လုပ်ကြည့်ချင်စိတ်တွေ များကြတယ်။ သူတို့ မှာ ခွန်းအားကောင်းတဲ့အချိန် ဖြစ်နေတော့ လုပ်နိုင်စွမ်း ရှိတယ်လို့ လည်း ယုံကြည်ကြတယ်။ သူတို့ မသိတဲ့အချက်ကတော့ သူတို့ မှာ ပိုင်ဆိုင်ထားတဲ့ စဉ်းစားတွေးခေါ်နိုင်မှု၊ ဆင်ခြင်နိုင်စွမ်းရှိ မှုတွေဟာ ခွန်းအားပြည့်မှု၊ လုပ်နိုင်စွမ်းရှိမှု ဆိုတာတွေနဲ့  ပြောင်းပြန်ဖြစ်နေတာပါပဲ။  လူနည်းနည်းပဲ စုမိတဲ့အခါဖြစ်စေ၊ လူများများ စုမိတဲ့အခါဖြစ်စေ လူငယ်တွေက ကောင်းတာထက် မကောင်းတာကို လုပ်ကြတာများပါ တယ်။ စုပေါင်းမိတဲ့သူတွေဟာ တူညီတဲ့ စိတ်တွေ ရှိနေကြတော့ စိတ်ခေါ်ရာနောက်ကို အားလုံးလိုက်ပါသွားကြတာပေါ့။ လုပ်ချင်တာ ကိုသာ ဦးတည်လုပ်လိုက်ကြပေမယ့် လုပ်သင့်၊ မလုပ်သင့်ဆိုတဲ့ စဉ်းစားတွေးခေါ်နိုင်မှုတော့ လူငယ်တွေမှာ နည်းသွားကြတယ်။  ဒီတော့ ဘာဖြစ်လာလည်းဆိုတော့ အတုယောင်တွေ လုပ်နေကြတာကို မြင်တဲ့ လူတွေကဟာလည်း အစစ်အမှန်ထင်ပြီး တတ်အောင် လိုက်သင်ကြတယ်။ ကိုယ်တိုင် ဘာလုပ်လို့ လုပ်မိနေမှန်း မသိခင်မှာတင် လမ်းလွဲမှာ ပျော်မွေ့ စွာ လျှောက်မိ သွားကြပါတယ်။ ဒီလို မ ကောင်း နွံထဲမှာ နစ်ပြီဆိုရင် ပြန်တက်နိုင်ဖို့ အချိန်တော်တော်ယူရပါတယ်။ ပြန်တက်နိုင်တယ်ဆိုရင်တောင် ကုန်ဆုံးသွားတဲ့ အချိန်တွေ က ပြန်အစားထိုးလို့ မရနိုင်တော့ဘူး၊ သိပ်နှမြောဖို့ ကောင်းပါတယ်။  " လူတစ်ယောက်ရဲ့ ပင်ကိုယ် စရိုက်ကို သိချင်ရင် သူ့ ရဲ့ အားလပ်ချိန်ကို ဘယ်လို အသုံးပြုသလဲဆိုတာကို ကြည့်ပါ " ဆိုတဲ့ ဆရာကြီး အောင်သင်းရဲ့ စကားဟာသိပ်မှန်ပါတယ်။ အားလပ်ချိန်မှာ ခဏတာ အပျော်အပါးလေးကို လုပ်လိုက်တာကို မပြောလိုပါဘူး။ ရှေရည် စွဲလုပ်နေရင်တော့ မကောင်းတော့ဘူး။ လူငယ်တိုင်းတော့ မဟုတ်ပါဘူး။ တစ်ချို့ က စိတ်ကို ခဏလေး အပန်းဖြေပြီး ကိုယ့်ရဲ့ ရည်မှန်း ကို ပြန်စတင်ကြတယ်။ တစ်ချို့ ကတော့ ရည်မှန်းချက်ကို မရှိသေးတော့ စိတ်ကူးတက်ရာ လုပ်နေတတ်ကြတယ်။  မကောင်းတာကို လုပ်မိတဲ့ အလေ့အကျင့်၊ အလေ့အထဟာ စွဲမြဲသွားဖို့ သိပ်လွယ်တယ်။ ဘာလို့ လည်းဆိုတော့ မကောင်းတာကို တွေး မိနေတဲ့ စိတ်က အချိန်အားဖြင့် များနေတာကြောင့်ပဲ။ အစကတော့ ဒါလေးက လုပ်ရတာ လွတ်လပ်တယ်၊ ပျော်စရာ ကောင်းတယ်နဲ့  နောက်တော့ ဒီအလုပ်ဟာ ကိုယ့်ရဲ့ အသက်မွေး ၀မ်းကြောင်းဖြစ်သွားတော့တာပဲ။ ဒီ အလုပ်တွေဟာ လောင်းကစားတွေဖြစ်နေတယ် ဆိုတာတောင် မသိနိုင်ကြတော့ဘူး။  လူငယ်တစ်ချို့ ကျတော့လည်း ဘယ်ချိန်ကြည့်ကြည့် အလုပ်ကောင်းတွေ လုပ်တာ တွေ့ ရပြန်တယ်။ မိဘကို လုပ်ကျွေးပြုစုနေတဲ့သူ တွေကလည်း တော်တော်များ တွေ့ မိပါတယ်။ သူတို့ မှာတော့ အားလပ်ချိန်ဆိုတာ တော်တော်နည်းပါတယ်။ ကောင်းတဲ့ အလုပ်ရဲ့ အရသာကို ခံစားသွားမိလို့ လားမသိဘူး။ အလုပ်လိုက်ရမှာကိုတောင် စိုးရိမ်နေကြပုံပါ။  စာအုပ်ကောင်းလေးတွေ ဖတ်နေရသလိုပေါ့။ စာမျက်တွေ ကျော်ဖတ်မိသွားမှာလည်း စိုးရိမ်နေရတယ်။ ပြီးတော့ လုံးဝမဖတ်လိုက်ရ ဘဲ ပျောက်ပျက်သွားမှာလည်း စိုးရိမ်မိတယ်။ ဒီစာအုပ်ကို နောက်တစ်ကြိမ်ပြန်ဖတ်ခွင့်ရဖို့ ဆိုတာ မကြိမ်းသေတော့ဘူးလေ။ ဘ၀မှာ လည်း ဒီလိုပဲ။ ကောင်းတာကို လုပ်မိသွားတဲ့ လူတွေဟာ ဒီတန်ဖိုးကို သိသွားကြတယ်။ အဲ့ဒီတော့ မလုပ်လိုက်ရမှာကို ကြောက်ရွံ့ သွား ကြတယ်။  ကောင်းတာလေးတွေ လုပ်နေတော့ ကောင်းတာလေးတွေ ပြောတတ်သွားတာပေါ့။ ပြောသမျှလည်း စကားကောင်းတွေချည်း ဖြစ်နေ တာပဲ။ မကောင်းတာများ တွေးမိ လုပ်မိကြည့်ပါလား။ ပြောသမျှ မကောင်းတာချည်း ထွက်လာတော့မှာပါ။ မကောင်းတာလုပ်နေတဲ့ သူ၊ မကောင်းတာတွေး နေတဲ့သူဟာ စကားကောင်းပြောဖို့ ကြောက်တတ်ကြတယ်။ ရှက်လည်း ရှက်တတ်ကြတယ်။ သူတို့ နဲ့ မတန် ဖူးလို့ ကို ထင်သွားကြတာပါ။  ကောင်းတာလုပ်ရမှာလည်း ရှက်ရ ကြောက်ရ၊ ကောင်းတာပြောရမှာလည်း ရှက်ရ ကြောက်ရနဲ့  နောက်ဆုံး အယူအဆတွေ မှားယွင်း ကုန်တာပေါ့။ အယူအဆမှားတဲ့သူနဲ့ ဆုံပြီး မိတ်ဆွေဖြစ်မိတော့ ရောဂါပိုးလိုပဲ ကူးဆက်သွားပါတယ်။ စိတ်တူ၊ ကိုယ်တူတွေ များလာ လေလေ စိတ်ခေါ်ရာနောက်ကို အားလုံး လိုက်လေလေပါပဲ။ လူငယ်တွေမှာ ဒီရောဂါပိုး ကူးဆက်ခံလိုက်ရတာ များတယ်။  စိတ်ခေါ်ရာကို လိုက်နေရတဲ့တူတူ ကောင်းတဲ့ဘက်ကို လိုက်နိုင်ကြရမယ်။ ဒါအထူးလုပ်ယူဖို့ လိုတာ မဟုတ်ဘူး။ ဘယ်သူမှ ကိုယ့်ကို မကောင်းတာ လုပ်ပါလို့ တိုက်တွန်းနေတာ မဟုတ်ဘူး။ ကိုယ်တိုင်ဆုံးဖြတ်မှု လုပ်နိုင်ရမယ်။ ကိုယ့်စိတ်ထဲ ဒါကို မကောင်းဘူးလို့ တွေး မိလိုက်တာနဲ့ ချက်ချင်း ပြင်နိုင်ဖို့ ပဲ လိုတယ်။ ပြီးတော့ အလုပ်ကောင်းလေးတွေပဲ ရွေးချယ်လုပ်နေလိုက်ပါ။ ကောင်းမွန်တဲ့ အလုပ်လေး တွေ လုပ်တာများတော့ မကောင်းတာတွေ သူ့ အလိုလို နည်းသွားပါလိမ့်မယ်။ ဒီတော့ မကောင်းတဲ့ စိတ်ကလည်း ကိုယ့်ကို ပါအောင် စွဲမခေါ်နိုင်တော့ဘူးပေါ့။ ဒါဆို ကိုဟာ ကောင်းတဲ့ စိတ်ရဲ့ စီမံရာအောက်ကို ရောက်သွားပြီဆိုတာ မှတ်လိုက်ပါ။  True Man

လူငယ်တွေဆိုတာ အရာတိုင်းကို လုပ်ကြည့်ချင်စိတ်တွေ များကြတယ်။ သူတို့ မှာ ခွန်းအားကောင်းတဲ့အချိန် ဖြစ်နေတော့ လုပ်နိုင်စွမ်း
ရှိတယ်လို့ လည်း ယုံကြည်ကြတယ်။ သူတို့ မသိတဲ့အချက်ကတော့ သူတို့ မှာ ပိုင်ဆိုင်ထားတဲ့ စဉ်းစားတွေးခေါ်နိုင်မှု၊ ဆင်ခြင်နိုင်စွမ်းရှိမှုတွေဟာ ခွန်းအားပြည့်မှု၊ လုပ်နိုင်စွမ်းရှိမှု ဆိုတာတွေနဲ့  ပြောင်းပြန်ဖြစ်နေတာပါပဲ။

လူနည်းနည်းပဲ စုမိတဲ့အခါဖြစ်စေ၊ လူများများ စုမိတဲ့အခါဖြစ်စေ လူငယ်တွေက ကောင်းတာထက် မကောင်းတာကို လုပ်ကြတာများပါ
တယ်။ စုပေါင်းမိတဲ့သူတွေဟာ တူညီတဲ့ စိတ်တွေ ရှိနေကြတော့ စိတ်ခေါ်ရာနောက်ကို အားလုံးလိုက်ပါသွားကြတာပေါ့။ လုပ်ချင်တာ
ကိုသာ ဦးတည်လုပ်လိုက်ကြပေမယ့် လုပ်သင့်၊ မလုပ်သင့်ဆိုတဲ့ စဉ်းစားတွေးခေါ်နိုင်မှုတော့ လူငယ်တွေမှာ နည်းသွားကြတယ်။
ဒီတော့ ဘာဖြစ်လာလည်းဆိုတော့ အတုယောင်တွေ လုပ်နေကြတာကို မြင်တဲ့ လူတွေကဟာလည်း အစစ်အမှန်ထင်ပြီး တတ်အောင်
လိုက်သင်ကြတယ်။ ကိုယ်တိုင် ဘာလုပ်လို့ လုပ်မိနေမှန်း မသိခင်မှာတင် လမ်းလွဲမှာ ပျော်မွေ့ စွာ လျှောက်မိ သွားကြပါတယ်။ ဒီလို မ
ကောင်း နွံထဲမှာ နစ်ပြီဆိုရင် ပြန်တက်နိုင်ဖို့ အချိန်တော်တော်ယူရပါတယ်။ ပြန်တက်နိုင်တယ်ဆိုရင်တောင် ကုန်ဆုံးသွားတဲ့ အချိန်တွေ
က ပြန်အစားထိုးလို့ မရနိုင်တော့ဘူး၊ သိပ်နှမြောဖို့ ကောင်းပါတယ်။
" လူတစ်ယောက်ရဲ့ ပင်ကိုယ် စရိုက်ကို သိချင်ရင် သူ့ ရဲ့ အားလပ်ချိန်ကို ဘယ်လို အသုံးပြုသလဲဆိုတာကို ကြည့်ပါ " ဆိုတဲ့ ဆရာကြီး
အောင်သင်းရဲ့ စကားဟာသိပ်မှန်ပါတယ်။ အားလပ်ချိန်မှာ ခဏတာ အပျော်အပါးလေးကို လုပ်လိုက်တာကို မပြောလိုပါဘူး။ ရှေရည်
စွဲလုပ်နေရင်တော့ မကောင်းတော့ဘူး။ လူငယ်တိုင်းတော့ မဟုတ်ပါဘူး။ တစ်ချို့ က စိတ်ကို ခဏလေး အပန်းဖြေပြီး ကိုယ့်ရဲ့ ရည်မှန်း
ကို ပြန်စတင်ကြတယ်။ တစ်ချို့ ကတော့ ရည်မှန်းချက်ကို မရှိသေးတော့ စိတ်ကူးတက်ရာ လုပ်နေတတ်ကြတယ်။
မကောင်းတာကို လုပ်မိတဲ့ အလေ့အကျင့်၊ အလေ့အထဟာ စွဲမြဲသွားဖို့ သိပ်လွယ်တယ်။ ဘာလို့ လည်းဆိုတော့ မကောင်းတာကို တွေး
မိနေတဲ့ စိတ်က အချိန်အားဖြင့် များနေတာကြောင့်ပဲ။ အစကတော့ ဒါလေးက လုပ်ရတာ လွတ်လပ်တယ်၊ ပျော်စရာ ကောင်းတယ်နဲ့ 
နောက်တော့ ဒီအလုပ်ဟာ ကိုယ့်ရဲ့ အသက်မွေး ၀မ်းကြောင်းဖြစ်သွားတော့တာပဲ။ ဒီ အလုပ်တွေဟာ လောင်းကစားတွေဖြစ်နေတယ်
ဆိုတာတောင် မသိနိုင်ကြတော့ဘူး။
လူငယ်တစ်ချို့ ကျတော့လည်း ဘယ်ချိန်ကြည့်ကြည့် အလုပ်ကောင်းတွေ လုပ်တာ တွေ့ ရပြန်တယ်။ မိဘကို လုပ်ကျွေးပြုစုနေတဲ့သူ
တွေကလည်း တော်တော်များ တွေ့ မိပါတယ်။ သူတို့ မှာတော့ အားလပ်ချိန်ဆိုတာ တော်တော်နည်းပါတယ်။ ကောင်းတဲ့ အလုပ်ရဲ့
အရသာကို ခံစားသွားမိလို့ လားမသိဘူး။ အလုပ်လိုက်ရမှာကိုတောင် စိုးရိမ်နေကြပုံပါ။
စာအုပ်ကောင်းလေးတွေ ဖတ်နေရသလိုပေါ့။ စာမျက်တွေ ကျော်ဖတ်မိသွားမှာလည်း စိုးရိမ်နေရတယ်။ ပြီးတော့ လုံးဝမဖတ်လိုက်ရ
ဘဲ ပျောက်ပျက်သွားမှာလည်း စိုးရိမ်မိတယ်။ ဒီစာအုပ်ကို နောက်တစ်ကြိမ်ပြန်ဖတ်ခွင့်ရဖို့ ဆိုတာ မကြိမ်းသေတော့ဘူးလေ။ ဘ၀မှာ
လည်း ဒီလိုပဲ။ ကောင်းတာကို လုပ်မိသွားတဲ့ လူတွေဟာ ဒီတန်ဖိုးကို သိသွားကြတယ်။ အဲ့ဒီတော့ မလုပ်လိုက်ရမှာကို ကြောက်ရွံ့ သွား
ကြတယ်။
ကောင်းတာလေးတွေ လုပ်နေတော့ ကောင်းတာလေးတွေ ပြောတတ်သွားတာပေါ့။ ပြောသမျှလည်း စကားကောင်းတွေချည်း ဖြစ်နေ
တာပဲ။ မကောင်းတာများ တွေးမိ လုပ်မိကြည့်ပါလား။ ပြောသမျှ မကောင်းတာချည်း ထွက်လာတော့မှာပါ။ မကောင်းတာလုပ်နေတဲ့
သူ၊ မကောင်းတာတွေး နေတဲ့သူဟာ စကားကောင်းပြောဖို့ ကြောက်တတ်ကြတယ်။ ရှက်လည်း ရှက်တတ်ကြတယ်။ သူတို့ နဲ့ မတန်
ဖူးလို့ ကို ထင်သွားကြတာပါ။
ကောင်းတာလုပ်ရမှာလည်း ရှက်ရ ကြောက်ရ၊ ကောင်းတာပြောရမှာလည်း ရှက်ရ ကြောက်ရနဲ့  နောက်ဆုံး အယူအဆတွေ မှားယွင်း
ကုန်တာပေါ့။ အယူအဆမှားတဲ့သူနဲ့ ဆုံပြီး မိတ်ဆွေဖြစ်မိတော့ ရောဂါပိုးလိုပဲ ကူးဆက်သွားပါတယ်။ စိတ်တူ၊ ကိုယ်တူတွေ များလာ
လေလေ စိတ်ခေါ်ရာနောက်ကို အားလုံး လိုက်လေလေပါပဲ။ လူငယ်တွေမှာ ဒီရောဂါပိုး ကူးဆက်ခံလိုက်ရတာ များတယ်။
စိတ်ခေါ်ရာကို လိုက်နေရတဲ့တူတူ ကောင်းတဲ့ဘက်ကို လိုက်နိုင်ကြရမယ်။ ဒါအထူးလုပ်ယူဖို့ လိုတာ မဟုတ်ဘူး။ ဘယ်သူမှ ကိုယ့်ကို
မကောင်းတာ လုပ်ပါလို့ တိုက်တွန်းနေတာ မဟုတ်ဘူး။ ကိုယ်တိုင်ဆုံးဖြတ်မှု လုပ်နိုင်ရမယ်။ ကိုယ့်စိတ်ထဲ ဒါကို မကောင်းဘူးလို့ တွေး
မိလိုက်တာနဲ့ ချက်ချင်း ပြင်နိုင်ဖို့ ပဲ လိုတယ်။ ပြီးတော့ အလုပ်ကောင်းလေးတွေပဲ ရွေးချယ်လုပ်နေလိုက်ပါ။ ကောင်းမွန်တဲ့ အလုပ်လေး
တွေ လုပ်တာများတော့ မကောင်းတာတွေ သူ့ အလိုလို နည်းသွားပါလိမ့်မယ်။ ဒီတော့ မကောင်းတဲ့ စိတ်ကလည်း ကိုယ့်ကို ပါအောင်
စွဲမခေါ်နိုင်တော့ဘူးပေါ့။ ဒါဆို ကိုဟာ ကောင်းတဲ့ စိတ်ရဲ့ စီမံရာအောက်ကို ရောက်သွားပြီဆိုတာ မှတ်လိုက်ပါ။
True Man

ထိုင်း အာဏာသိမ်းမှု မြန်မာစောင့်ကြည့်

ထိုင်းနိုင်ငံမှာ မာရှယ်လော စစ်အုပ်ချုပ်ရေး ဥပဒေ ပြဌာန်းပြီး ၂ ရက်အကြာ ဒီကနေ့ ညနေပိုင်းမှာတော့ စစ်တပ်က တတိုင်းပြည်လုံးကို ထိန်းချုပ် လိုက်ပြီ ဖြစ်ပါတယ်။ သဘောထား အပြင်းအထန် ကွဲလွဲနေကြတဲ့ နိုင်ငံရေး အုပ်စုတွေကြား စစ်တပ်က ကြားဝင် စေ့စပ် ဆွေးနွေးမှုတွေ လုပ်နေတဲ့ တချိန်တည်းမှာပဲ ခုလို အာဏာ သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ  ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံကတော့ အခြေအနေ ကို စောင့်ကြည့်နေတဲ့ အကြောင်း ပြောပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Steve Herman သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက စုစည်း တင်ပြပေးထားပါတယ်။

စစ်တပ်က တိုင်းပြည် အာဏာကို ထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့ အကြောင်းကို ထိုင်း ရုပ်မြင်သံကြားတခုမှာ စစ်တပ်အရာရှိတွေ ခြံရံပြီး တွေ့ရတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan Ochaက ဒီကနေ့ ညနေပိုင်းမှာပဲ ကြေညာ သွားတာ ဖြစ်ပါတယ်။

"စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အနေနဲ့ တိုင်းပြည် အာဏာကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ အတွက် ခုလို လုပ်ဆောင်ရတာပါ။ တိုင်းပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေ ဖြစ်လာအောင် တွန်းအားပေးပြီး ငြိမ်ဝပ်ပိပြားမှု ပြန်လည် ရရှိလာအောင် စစ်တပ်က လုပ်ဆောင်သွားမှာဖြစ်ပါတယ်။"

ခုလို အာဏာသိမ်းကြောင်း ကြေညာပြီးတဲ့နောက် အစိုးရ ဆန့်ကျင် ဆန္ဒပြသူနေကြသူတွေနဲ့ အစိုးရကို ထောက်ခံ ဆန္ဒပြသူတွေ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း အဓိက ဆန္ဒပြနေကြတဲ့ နေရာကြီးနှစ်ခုကို ရှင်းလင်းဖို့ စစ်တပ်က နေရာယူခဲ့ပါတယ်။ ထိုင်း အဓိက ရုပ်မြင်သံကြား ဌာန နှစ်ခုကိုလည်း သတင်းတွေ ထုတ်ပြန်လို့မရအောင် စစ်တပ်က ရပ်ဆိုင်းထားလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသတင်းထောက်တွေနဲ့ အင်တာနက် သုံးစွဲမှုတွေကတော့ ဆက်ပြီးတော့ ရှိနေပါတယ်။

ဘန်ကောက်မြို့တော် အနောက်ဘက်မှာ စခန်းထိုး ဆန္ဒပြနေကြတဲ့ အစိုးရ လိုလားသူ ရှပ်နီတွေကတော့ စစ်တပ် အာဏာသိမ်းတဲ့ ကြေညာချက် ထွက်ခဲ့တဲ့ တိုင်အောင် ဆက်လက် ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။ အာဏာရှင် ဆန့်ကျင်ရေး ညီညွတ်တဲ့ ဒီမိုကရေစီတပ်ဦး (UDD) အဖွဲ့က လက်တုံ့ပြန်နိုင်အောင် အဆင်သင့် ပြင်ထားကြဖို့ Twitter လူမှုကွန်ယက် ကနေတဆင့် လူတွေကို သတိပေးထားပါတယ်။ ဆန္ဒပြသူတွေကို နေရာကနေ ဖယ်ရှားဖို့ စစ်ကားတွေ နဲ့ တပ်ဖွဲ့တွေကို စေလွှတ်ထားတဲ့အကြောင်း စစ်တပ် ပြောခွင့်ရသူ က ပြောပါတယ်။

နိုင်ငံရေး သဘောထား ကွဲလွဲနေသူတွေကြား သဘောတူညီမှု ရဖို့ စစ်တပ်က ကြားဝင်ပြီး နှစ်ရက်တာ စေ့စပ် ဆွေးနွေးမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို အာဏာသိမ်းကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

အခုလို ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနဲ့ပတ်သက်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံ ကတော့ စောင့်ကြည့် သွားမှာ ဖြစ်တဲ့ အကြောင်း မြန်မာပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ခုလို ပြောပါတယ်။

" ပထမဆုံးတချက်ကတော့ မြန်မာနိုင်ငံက ကျနော်တို့၂၄ကြိမ်မြောက် ထိပ်သီး အစည်းအဝေးမှာ ထုတ်ထားခဲ့တဲ့ ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ ကြေညာချက် က ကျနော်တို့ နောက်ဆုံးထုတ်ပြန်ထားတဲ့ သဘောထားပေါ့နော်။ အဲ့ဒီ့သဘောထား မှာလည်း ဘာပဲပြောပြော ထိုင်းနိုင်ငံရေး အကျပ်အတည်း ကို ဖြေရှင်း တဲ့အခါမှာ လိုက်နာရမယ့် အခြေခံအချက်တွေ ပါပြီးဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ နောက်တခါထပ်ပြီးတော့မှ အာဆီယံ အနေနဲ့ ထုတ်ပြန်ဖို့ လိုမလို ဆိုတဲ့ ကိစ္စကိုတော့ ကျနော်တို့ အာဆီယံ နိုင်ငံတွေကြား မှာ ဆွေးနွေးပြီးမှပဲ ပြောနိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ လောလောဆယ် အာဆီယံနိုင်ငံတွေကြားမှာ တိုင်ပင်ဆွေးနွေးမှု မလုပ်ခင်မှာတော့ ကျနော်တို့ ဘာမှ ထုတ်ပြန်နိုင်ခြင်းဘူး။  ဖြစ်ပျက်နေတဲ့ ဒီအခြေအနေတွေကို ကျနော်တို့ ဆက်ပြီးတော့ လေ့လာစောင့်ကြည့်လျက်ရှိပါတယ်။"

မြန်မာပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ပြောသွားတာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ခင်းမှာပဲ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ ယာယီအစိုးရ ဘက်က ကိုယ်စားလှယ်တွေ၊ အဓိက ပြိုင်ဆိုင်နေကြတဲ့ အတိုက်အခံ ပါတီကြီးနှစ်ခု နဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်တွေ ဘန်ကောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ပထမ တရက်က တွေ့ဆုံ ခဲ့ကြပြီးတဲ့နောက် ဒီကနေ့ ဆွေးနွေးမှုမလာခင်မှာ အပြေလည်ဆုံး ဆွေးနွေးနိုင်အောင် ကြိုတင် ပြင်ဆင်ခဲ့ကြဖို့နဲ့၊ တိုင်းပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်နိုင်မယ့် အဆိုပြုချက်တွေ တင်ပြလာဖို့ မှာကြားခဲ့တဲ့အကြောင်း စစ်တပ်က ပြောပါတယ်။

ဒါပေမဲ့ ဒီကနေ့ ဆွေးနွေးမှုကနေပြီးတော့ သဘောတူညီမှု တစုံတရာ မရခဲ့တဲ့နောက်မှာတော့ နိုင်ငံရေး ခေါင်းဆောင်တွေကို စစ်တပ်က ထိန်းသိမ်း ထားလိုက်ပါတယ်။ အဲ့ဒီနောက် မိနစ်ပိုင်းအကြာမှာတော့ စစ်တပ် အာဏာ သိမ်းကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ကြေညာလိုက်တာ ဖြစ်ပါတယ်။

ထိုင်း ကြားဖြတ် ဝန်ကြီးချုပ် Niwattamrong Boongsongpaisan ကို ဒီဆွေးနွေးပွဲတွေ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမဲ့လို့ သူ့အနေနဲ့ အတိုက်အခံတွေ ဘက်က ရာထူးကနေ နှုတ်ထွက်ခိုင်းတဲ့ ဖိအားမျိုးကို လက်မခံနိုင်ဘူးလို့ ဆိုပြီး အစည်းအဝေးတွေကို ကိုယ်တိုင် မတက်ရောက်ခဲ့ဘဲ သူ့ရဲ့ လက်ထောက်တွေ ကိုပဲ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် အာဏာမသိမ်းခင် နာရီပိုင်း အကြာမှာပဲ ကြားဖြတ် ၀န်ကြီးချုပ်က တိုင်းပြည်မှာ နိုင်ငံရေး အယူအဆ တွေကြောင့် ပြိုကွဲတာတွေ မဖြစ်ရလေအောင် တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားမှု ရှိဖို့အတွက် မာရှယ်လော စစ်အုပ်ချုပ်ရေး ဥပဒေပြဋ္ဌာန်းခဲ့တာက အထောက်အကူ ဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

အခုနောက်ဆုံး စစ်တပ်က တိုင်းပြည်အာဏာ သိမ်းလိုက်တာနဲ့ ပတ်သက်လို့ ဒေသတွင်း စိုးရိမ်မှုတွေနဲ့ ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။
ပြင်သစ်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ International Federation for Human Rights (FIDH) က ထိုင်းစစ်တပ်ရဲ့ အခုနောက်ဆုံး အာဏာသိမ်းမှု လုပ်ရပ်ကို အပြင်းထန်ဆုံး ဝေဖန်တဲ့ အကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီထိုင်းသတင်းနဲ့ပတ်သက်ပြီးတော့ မနေ့က ဗွီအိုအေရဲ့ သတင်းခေါင်းစဉ်မှာ "ထိုင်းစစ်အုပ်ချုပ်ရေး မြန်မာထောက်ခံ" လို့ ခေါင်းစဉ် တပ်ခဲ့တဲ့ အပေါ် မြန်မာပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ကန့်ကွက်ခဲ့ပါတယ်။ ဦးရဲထွဋ်က အာဆီယံ အသင်းအနေနဲ့ နောက်ထပ် သဘောထား မထုတ်ပြန်ရသေးတဲ့ အတွက် ထိုင်းနိုင်ငံရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ကန့်ကွက်မှု မရှိတဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ခင်ဖြူထွေး, Steve Herman (ဗွီအိုအေမြန်မာပိုင်း)
ထိုင်းစစ်တပ်အာဏာ သိမ်းပြီးနောက် လုံခြုံရေး ထူထပ်စွာချထား။ (မေ ၂၂၊ ၂၀၁၄)

တပ်မတော်ခေါင်းဆောင်များ ရွံ့ကြောက်ရသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) ကွယ်လွန်ကြောင်း သတင်းထွက်ခြင်း မမှန်



တပ်မတော်အစိုးရ လက်ထက်တွင် တိုင်းမှူး၊ တပ်မမှူးများ အပေါ် DSA အပတ်စဉ် (၁)ဆင်း အနေဖြင့် သြဇာ လွှမ်းမိုးမှု ပြင်းထန်သည်ဟု သတ်မှတ်ခြင်း ခံရပြီး တပ်မတော် ခေါင်းဆောင်များ ရွံ့ကြောက်ခြင်း ခံရသည့် တပ်မတော် အစိုးရအဖွဲ့ အကြီးအကဲတစ်ဦး ဖြစ်ခဲ့သော ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သည် နေအိမ်တွင် ဆေးကုသမှု ခံယူနေရင်း ၂၀၁၄ ခုနှစ်၊ မေ ၂၁ ရက် နံနက်ပိုင်း၌ မိသားစုဝင်များ ရှေ့တွင် ကွယ်လွန်သွားသည် ဟူသောသတင်းသည် စစ်အစိုးရ၏ အကျဉ်းသားဘ၀ဖြင့် ၁၉နှစ်ကျော် အကျဉ်းကျခံခဲ့ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ပြီး တစ်လတိတိ ပြည့်သောနေ့ မေ ၂၁ ရက် နံနက်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့နေလူထုနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်းကြားတွင် စတင် ပျံ့နှံ့ခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ကွယ်လွန်သွားပြီ၊ သေချာလား မသေချာလား စုံစမ်းပေးကြပါ၊ စသဖြင့် ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ နေခဲ့ပြီး၊ အထူးသဖြင့် ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်လပြည့်အတွက် ကျန်ရစ်သော မိသားစုဝင်များက မဟာစည်သာသနာ့ရိပ်သာ (၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်)တွင် ပြုလုပ်သော ဆွမ်းကျွေး အလှူတွင်လည်း စာရေးဆရာ အသိုင်းအ၀ိုင်းနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် အချို့လည်း သတင်းမီဒီယာသမားများထံ အပူတပြင်း စုံစမ်းနေကြောင်း တွေ့ရသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ မိသားစုဝင်တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ဦးမောင်အေး ကျန်းမာစွာ ရှိနေကြောင်း၊ ကျန်းမာရေး ပြဿနာ ကြီးကြီးမားမား ဖြစ်ပွားခြင်း မရှိကြောင်း မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ယနေ့တိုင် တပ်မတော် ခေါင်းဆောင်များ၏ ကြောက်ရွံ့ လေးစားခြင်း ခံရသော ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ပတ်သက်၍လည်း စစ်ရုံးတွင် တာဝန် ထမ်းဆောင်ခဲ့သော စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးက““ဒုချုပ်ကို ကြောက်ရတာပေါ့။ တင်ပြတဲ့ စာတွေဆိုရင် ကျွန်တော် သေသေချာချာ ဖတ်ပြီးရှင်းနိုင်မှ ဒုချုပ်ကို တင်ရတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေးသည် ပြည်ပတွင် ဆေးကုသမှု ခံယူပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာပြီးနောက် ၎င်း၏ နေအိမ်သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက် တွေ့ဆုံခြင်း ရှိခဲ့သည်။

Myanmartandawsint Newspaper
ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး အနားယူပြီးနောက် ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ကန့်ဘလူမြို့သို့ သွားရောက်သော ခရီးစဉ်၌ ကမ္ဘောဇဘဏ် ဦးအောင်ကိုဝင်းနှင့်အတူ တွေ့ရစဉ်

၁၈-၅-၂၀၁၄ နေ့တွင် ကွယ်လွန်သွားသော KNU တပ်ဖွဲ့မှူး ဦးစောသူမူဟဲနှင့် ငြိမ်းချမ်းရေး ရယူစဉ်က ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီးတင်လှ၊ ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်၊ တိုင်းမှူး ဗိုလ်ချုပ် ကက်စိန်၊ တပ်မမှူးဗိုလ်မှူးကြီးဟန်တင့်တို့ ပုံပါအတိုင်း တွေ့ဆုံခဲ့ကြသည်။

ရာဇဝတ် ပုဒ်မများနဲ့ ခြိမ်းခြောက် ခံလာရတဲ့ မြန်မာ့ မီဒီယာ


Media Law, ဦးသိန်းစိန်အစိုးရ, Press Freedom, ပြန်ကြားရေး ၀န်ကြီးဌာန, East-West-Center, RFA, VOA, BBC, The Irrawaddy, Freedom House, RSF, CPJ,
သတင်းလွတ်လပ်ခွင့် အတွက် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၇ ရက်က ဆန္ဒပြခဲ့သည့် သတင်းသမားတချို့(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း ၃ နှစ် ကာလ လွန်မြောက်လာချိန်မှာ မီဒီယာသမားတချို့ကို ဖမ်းဆီး ထောင်ချတာ၊ တရားစွဲဆို အရေးယူတာတွေကြောင့် အစိုးရရဲ့ မီဒီယာ လွတ်လပ်ခွင့်ကို တကယ်ယုံကြည်မှု မရှိဘူးလို့ ပြည်တွင်း မီဒီယာ အသိုင်း အဝိုင်း က ဝေဖန်ပြောဆိုမှုတွေ ရှိလာပါတယ်။
အဲဒီအပြင် အစိုးရက နိုင်ငံခြား သတင်းထောက်တွေကို ဗီဇာကန့်သတ်တာ၊ ဥပဒေသစ်တွေထဲမှာ မီဒီယာကို ထိန်းချုပ်ဖို့ ကြိုးစား လာတာ၊ နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်းတဲ့ ပုဂ္ဂလိကပိုင် သတင်း မီဒီယာတွေရဲ့ ကြော်ငြာတွေကို စိစစ် ဖြတ်တောက်မှုပြုလုပ် လာတာတွေလည်း ရှိနေပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်ခါစတုန်းက ဒီမိုကရေစီစနစ်မှာ မီဒီယာလွတ်လပ်ခွင့် ရှိရမယ်လို့ ကြွေးကြော်ပြီးတော့ အင်တာနက် မှာ ပိတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို ဖွင့်ပေးလိုက်တယ်။ ၂၀၁၁ ခုနှစ်မှာ ကြိုတင် စိစစ်တင်ပြရတဲ့ စာပေစိစစ်ရေး စနစ်ကို ဖြုတ် ပေး ပြန်ပါတယ်။ ပြီးတော့ ပြန်ကြားရေး ဝန်ကြီး ဌာနက ဦးဆောင်ပြီး စာနယ်ဇင်း လောကအတွက် စာနယ်ဇင်း ကောင်စီ(ယာယီ) ကို ဖွဲ့စည်းပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေခွင့်ပေးတာ၊ နိုင်ငံခြား သတင်းထောက်တွေကို ပြည်ဝင်ခွင့်ပေးတာ၊  နိုင်ငံတကာ မီဒီယာကြီးတွေကို ပြည်တွင်းမှာ ရုံးဖွင့်ခွင့်ပေးတာတွေ အပြင် တချိန်က အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသား အများစု လုပ်ကိုင်နေတဲ့ RFA ၊ DVB ၊ BBC ၊ VOA နဲ့ The Irrawaddy တို့လို မီဒီယာတွေ ပြန်လာခွင့်ပြုခဲ့တာ တိုးတက်တဲ့ လက္ခဏာတွေ ဖြစ်ခဲ့ပါ တယ်။ ဒါတွေအတွက် “မြန်မာ့နွေဦး”မှာ ပြန်ကြားရေး ဝန်ကြီးဌာနဟာ ရှေ့တန်းကပါတယ်လို့ မီဒီယာ အသိုင်းအဝိုင်းက ချီးမွမ်းထောမနာ ပြုခဲ့ကြပါတယ်။
ဒါပေမယ့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ Eleven မီဒီယာရဲ့ နယ်သတင်းထောက် နော်ခိုင်ခိုင် အေးချိုကို ထောင် ၃ လ ချတာတော့ မီဒီယာသမားတွေ မျက်ခုံးပင့်လာပါတယ်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းက ပေါက်မြို့နယ်ရှိတဲ့ လက်နက်စက်ရုံ သတင်းကို ရေးသားခဲ့တဲ့ Unity အပတ်စဉ် ဂျာနယ်ရဲ့ တာဝန်ရှိသူနဲ့ သတင်းထောက်တွေကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေအရ အရေးယူလိုက်တဲ့အခါ မီဒီယာ သမားတွေ ထိတ်လန့်သွား ကြပါတယ်။
ပြီးတော့ ဆက်တိုက်ဆိုသလိုပဲ ၂၀၁၄ ခုနှစ် ဧပြီလမှာ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် ကိုဇော်ဖေ (ခေါ်) သူရသက်တင် ကို မကွေးမြို့နယ် တရားရုံးက ပိုက်နက်ကျူးလွန်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။
ကိုဇော်ဖေဟာ ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က ပညာသင်ဆု တခုနှင့် ပတ်သက်ပြီးတော့ မကွေးမြို့နယ် ပညာရေးမှူးရုံးကို သွားရောက် သတင်းယူခဲ့ရာမှာ ပိုင်နက်ကျူးလွန်မှုနဲ့ ကိုဇော်ဖေ အပါအဝင် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့ကို မကွေးမြို့နယ် ပညာရေးမှူးရုံးက တရားလို ပြုလုပ်ပြီး တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါတွေဟာ အစိုးရက မီဒီယာအပေါ်မှာ ဖိနှိပ်လိုစိတ် အခိုင်အမာ ရှိနေတယ် ဆိုတာကို ပြသလိုက်တာလို့ မီဒီယာ အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသက ဒုချီးရားတန်းရွာ ကိစ္စ သတင်းရေးသားရာမှာ ကျင့်ဝတ် လိုက်နာမှု မရှိဟု စွပ်စွဲပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံခြား သတင်းထောက်တွေကို အစိုးရက ပြည်ဝင်ခွင့် ကန့်သတ်တာမျိုးတွေ စလုပ်ခဲ့ ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက နိုင်ငံခြား သတင်းထောက်တွေကို ပြည်ဝင်ခွင့် ကန့်သတ်ရတာဟာ တချို့ နိုင်ငံခြား သတင်းထောက်တွေဟာ ပြည် တွင်းမှာ တရားဝင် ရုံးခန်း မဖွင့်လှစ်ဘဲ အကြိမ်ကြိမ် ဗီဇာသက်တမ်း တိုးနေတာကြောင့်လို့ အကြောင်းပြပါတယ်။
အဲဒီလို ကန့်သတ်လိုက်တာကြောင့် နိုင်ငံတကာ သတင်းသမားတွေဟာ ဗီဇာနဲ့ ပတ်သက်ပြီးတော်တော်လေး အခက်အခဲတွေ တွေ့ကြုံခဲ့ရတယ်။
အမေရိကန် East-West-Center က ကြီးမှူးကျင်းပတဲ့ မီဒီယာကွန်ဖရင့် တက်လာသူတွေထဲမှာ ဗီဇာ ၁ ပတ်တည်း ရသူတွေတောင် ရှိလာတာမို့ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနဟာ အရင်စစ်အစိုးရတုန်းကလို မူဝါဒအမျိုးမျိုး ပြောင်းနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
ဥပဒေပိုင်းမှာလည်း သတင်းလွတ်လပ်ခွင့်ကို အကန့်အသတ် ဖြစ်စေတဲ့ ပုံနှိပ်နဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေတွေ အပြင် နည်း ဥပဒေ တွေကိုပါ အစိုးရက ဦးဆောင် ရေးဆွဲပါတယ်။ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ မလွတ်လပ်သေးတဲ့ အခြေ အနေမှာပဲ ရှိနေသေးတယ် လို့ အမေရိကန် အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ညီတဲ့ မီဒီယာဥပဒေ ရေးဆွဲပေးမယ် ဆိုပြီး အစိုးရ ဦးဆောင် ရေးဆွဲတဲ့ မီဒီယာ ဥပဒေဟာ မီဒီယာလွတ် လပ်ခွင့်ကို ကန့်သတ်တဲ့ အချက်တွေ ပါနေတာကို ထောက်ပြ ထားပါတယ်။
ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေနဲ့ ရုပ်သံ ဥပဒေ မူကြမ်းတွေဟာ အစိုးရက အခြေခံ အခွင့်အရေးတွေ မပေးလိုဘဲ တွန့်ဆုတ်တယ် လို့ ဆိုပါတယ်။ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဟာ တန့်သွားပြီလား ဆိုပြီးတော့လည်း မေးခွန်းထုတ်ထားပါတယ်။
ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့(RSF) ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် အဆင့် ၁၄၅ ကို ရောက်ရှိလာပြီး အဆင့် ၆ ဆင့်ကို တက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စာနယ်ဇင်း သတင်း မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ အကြပ်အတည်းတွေကို ဖြတ်သန်းနေရဆဲပဲ လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်အခြေစိုက် နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ (CPJ) ကလည်း ဆင်ဆာ တင်းကျပ်မှု အဆိုး ဆုံး ၁၀ နိုင်ငံ စာရင်းမှာ မြန်မာကို နံပါတ် ၇ ဖြစ်ကြောင်း သတ်မှတ် ထားပါတယ်။
ဒီမိုကရေစီ စနစ်မှာ မီဒီယာလွတ်လပ်ခွင့် မဖြစ်မနေ ပေးရမှာ ဖြစ်လို့ ပေးလိုက်ရပေမယ့် အစိုးရအဖွဲ့ဝင်တွေဟာ ယခင် စစ်အာဏာ ရှင် စနစ်က စိတ်ဓာတ်တွေ အတိုင်းပဲ ရှိနေလို့ အစိုးရနဲ့ မီဒီယာကြားမှာ ဒီလို ပြဿနာပေါ်ပေါက်နေ ရတာလို့ သတင်း မီဒီယာ လုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်နေသူတွေက ဧရာဝတီကို ပြောပါတယ်။
“အစိုးရ ဌာနတွေက ပြည်သူကို သတင်းပေးဖို့ တာဝန်ရှိတယ်။ ဒါပေမယ့် သူတို့မှာက Mindset အဟောင်းပဲ ရှိသေးတယ်။ သူတို့က မီဒီယာကို နှောင့်ယှက်တဲ့သူ လို့ပဲ မြင်တယ်။ အဲဒီမှာ ပြဿနာ ဖြစ်ရင် တရားရုံးကလည်း လွတ်လပ်မျှတတဲ့ ပုံစံမျိုး မဟုတ်ဘူး။ သူ့အပေါ်မှာ သမ္မတကရော အုပ်ချုပ်ရေးပိုင်းကရော လွှမ်းမိုးနေတယ်။ အဲဒီ နှစ်ခုက ရောထွေးနေတဲ့ အတွက် အခုလို ပြဿနာ တွေ ဖြစ်နေတာပဲ” လို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီဝင်လည်းဖြစ် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဒု ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးသီဟစော က ဧရာဝတီကို ပြောပါတယ်။
ဆောင်းပါးရှင် ဒေါက်တာ ခင်မောင်ညိုကလည်း ဒီအချက်ကို သဘောတူပါတယ်။
“အစိုးရက မှားယွင်းတဲ့ အယူအဆတွေနဲ့ ဆက်သွားနေတယ်။ အခုပုံစံက လူတွေကို အငြိုးနဲ့ လုပ်တဲ့ ပုံစံမျိုးပေါ့။ ဗိုလ်ချုပ်အုန်းမြင့် ပြောသလို သူတို့မှာ အာဏာရှိတယ်။ လုပ်ချင်တာ လုပ်မယ် ဆိုတာမျိုး ပေါ့။ အဲဒီတော့ ဒီလူတွေ လုပ်နေတာဟာ သူ့ အကျိုးစီးပွားလား တိုင်းပြည်ရဲ့ အကျိုးစီးပွားလား ဆိုတာ ဆုံးဖြတ်ဖို့ လိုလာတယ်”လို့လည်း သူကပြောပါတယ်။
အခု အဖမ်းအဆီးတွေ ကြမ်းနေတာ မကွေးတိုင်းဒေသကြီးလို့ သတင်းသမားတွေက ဆိုပါတယ်။ မကွေးတိုင်းကို “စာပေသင်္ချိုင်း” လို့တောင် ခေါ်ရတော့မှာ ဖြစ်တယ်လို့ မကွေးမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ သတင်းစာဆရာ စာရေးဆရာ တဦးက ပြောပါတယ်။
ဒါ့အပြင် သမ္မတ ဦးသိန်းစိန်က ဝန်ကြီးဌာန အလိုက် မီဒီယာကို လက်ခံဖြေကြားပေးဖို့ ပြောဆို ခဲ့ပေမယ့် ဆက်သွယ်တဲ့ အခါ ဖုန်း ကိုင်ပြီး ပြန်လည်ဖြေဆိုခြင်းမျိုး မရှိတဲ့အပြင် တခါတရံမှာ တာဝန်ရှိသူ ကိုယ်တိုင်က မိမိကိုယ်ကို ရုံးစေအဖြစ် ဟန်ဆောင်ပြီး လူကြီးမရှိဘူး ဆိုပြီး လိမ်လည်ပြောဆိုတာ မျိုးကိုတောင် တွေ့ကြုံခဲ့ကြ ပါတယ်။
ဒီကြားထဲ နိုင်ငံခြား သတင်းထောက်တွေကို ဗီဇာတင်းကျပ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ပြီးတော့ နိုင်ငံခြား သတင်းဌာနတွေမှာ တာဝန်ထမ်းနေတဲ့ မြန်မာ သတင်းထောက် တွေကိုလည်း တင်းကျပ်လာ ပါတယ်။
Reuters သတင်းထောက် ဦးအောင်လှထွန်းက  “နောက်ဆုံး သိသာတာကတော့ နိုင်ငံတကာ သတင်းအေဂျင်စီတွေမှာ လုပ်နေတဲ့ နိုင်ငံခြား သတင်းထောက်တွေကို အစိုးရက ကတ်ပြားတခု ထုတ်ပေးထားတယ်။ အသိအမှတ်ပြု ကတ်ပုံစံပေါ့။ အဲဒါက တနှစ်တခါ သက်တမ်း တိုးရတယ်။ ပြီးခဲ့တဲ့ တပတ်လောက်က စပြီး အဲဒါကို ၆ လအထိ လျှော့လိုက် တယ်။ ကျနော်တို့ဆို ၆ လ ၁ ခါ သက် တမ်း တိုး ရမှာ။ သက်တမ်း မကုန်ခင် တလကြိုတိုး ဆိုတော့ ၅ လပဲ ရတော့တယ်။ သက်တမ်းတိုးတာကလည်း နေပြည်တော် အထိ သွားရတာ။ အခက်အခဲတွေ အများကြီး ဖြစ်စေတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
အခုလို မီဒီယာသမားတွေ အရေးယူ ခံနေရတဲ့ ပိုင်နက် ကျူးလွန်မှု ၊ အသေရေဖျက်မှုတို့ ဆိုတာတွေက ရာဇဝတ်မှုတွေ ဖြစ်ပြီး တော့  အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေတွေကို တချို့နိုင်ငံတွေက ပြင်ဆင်ပြောင်းလဲပြီး ငွေဒဏ်လောက်နဲ့ပဲ ပြီးသွားအောင် ပြင်ဆင်ပြီးတာ ကြာပြီလို့ ဦးသီဟစောက ပြောပါတယ်။
အစိုးရဆိုတာမှာ ပြည်သူတွေရဲ့ မဲဆန္ဒနဲ့တက်လာတဲ့ ပြည်သူ့အစိုးရဆိုရင် ပြည်သူ့ဆန္ဒတွေကို ဖော်ပြတဲ့ မီဒီယာတွေနဲ့ ပြဿနာ တက်မှာ မဟုတ်ဘဲ၊ ပြဿနာဖြစ်လာရင်တောင် နည်းနည်းပါးပါး လောက်နဲ့ ပြေလည်သွားတာမျိုး ဖြစ်သင့်တယ်လို့ သူက ပြောဆို ပါတယ်။
ပြီးတော့ သတင်း သမားတွေ ဘက်ကလည်း ကျင့်ဝတ်ပိုင်းဆိုင်ရာတွေမှာ အားကောင်းဖို့ လိုအပ်နေသေးတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့်လည်း အခုချိန်အထိ နှစ်ဘက် စလုံးက အဲဒီအဆင့်ကို မရောက်ကြသေးဘူးလို့ ဝါရင့်သတင်းစာဆရာ အယ်ဒီတာ ဦးသီဟစောက သုံးသပ်သွားပါတယ်။     ။

“လိုအပ်ချက်က တိုးလာတယ်၊ ထောက်ပံ့မှုက နောက်က မလိုက်နိုင်ဘူး”


ဆက်သွယ်ရေး, သတင်းအချက်အလက်, နည်းပညာ, မိုဘိုင်းဖုန်း, အင်တာနက်
ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ဒုဝန်ကြီး ဦးသောင်းတင် (ပုံစာ – ဂျေပိုင် / ဧရာဝတီ)
ကာတာနိုင်ငံမှ Ooredoo နှင့် နော်ဝေနိုင်ငံမှ Telenor စသည့် နိုင်ငံခြား ကုမ္ပဏီများက မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက် သွယ်ရေးကဏ္ဍသို့ ဝင်ရောက်လာကြပြီး မိုဘိုင်းတယ်လီဖုန်း ဝန်ဆောင်မှုများပေးနိုင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန လက်အောက်မှ အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ လက်ဝါးကြီးအုပ်မှုလည်း ပျောက်ကွယ်သွားရတော့မည်ဖြစ်သလို ဂျပန်ကုမ္ပဏီ တခုဖြစ်သည့် KDDI  Corpration နှင့် ဖက်စပ် လုပ်ကိုင်ရန် စီစဉ်နေသည်ဟုလည်း သတင်းရရှိသည်။ သို့သော်လည်း မိုဘိုင်းဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှုတွင် ညံ့ဖျင်းမှုများ ရှိနေသည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် MPT အနေဖြင့် ဆက်ကြုံနေရသည်။ လာမည့်လများအတွင်းတွင် ဈေးချိုပြီး အခမဲ့ အင်တာနက် သုံးစွဲရနိုင်မည့်  SIM ကတ်များကို အမြောက်အမြား ရောင်းချပေးတော့မည့် နိုင်ငံခြားကုမ္ပဏီများနှင့် ဆက်လက်ယှဉ်ပြိုင် နိုင်ရန် စိန်ခေါ်မှုတခု ရှိနေသေးသည်။
ဧရာဝတီ (အင်္ဂလိပ်ပိုင်း)မှ သတင်းထောက် ကျော်ဆုမွန်က ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်နှင့် နေပြည်တော်၌ ကျင်းပခဲ့သည့် အာဆီယံ  ထိပ်သီးအစည်းအဝေးတွင်  တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ ဦးသောင်းတင်က ပြည်တွင်း ကွန်ပျူတာသင်ကြားရေး ကုမ္ပဏီတခု ဖြစ်သည့် KMD ကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။
မေး ။     ။ လတ်တလောမှာ အင်တာနက်ကွန်နက်ရှင် အရမ်းကိုဆိုးရွားနေတဲ့အတွက် ရန်ကုန်မြို့နဲ့ တခြားမြို့ကြီးတွေမှာ ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။ အခု အာဆီယံထိပ်သီး အစည်းအဝေးလုပ်နေတဲ့ နေပြည်တော်မှာတောင်မှ ဖြစ်နေတယ်။ အဲဒါဘာဖြစ်လို့ပါလဲ။
ဖြေ ။     ။ အဲဒါက ထောက်ပံ့မှုနဲ့ လိုအပ်ချက်မမျှလို့ဖြစ်ရတာပါ။ မြန်မာနိုင်ငံမှာ လိုအပ်ချက်က တိုးလာတယ်။ ထောက်ပံ့မှုက နောက်ကမလိုက်နိုင်ဘူး။ ခုတလောမှာ မိုဘိုင်းဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ နှေးကွေးနေတဲ့အတွက် တိုင်တန်းမှုတွေ အများကြီးရရှိခဲ့ပါတယ်။ အဲဒါက ကျနော်ပြောခဲ့သလို ထောက်ပံ့မှုနဲ့ လိုအပ်ချက် မမျှလို့ဖြစ်ရတာပါ။ အစိုးရဝန်ဆောင်မှုထက်စာရင် ပုဂ္ဂလိကကဏ္ဍက မြန်ဆန်တဲ့ ကွန်နက်ရှင်ပေးတဲ့နေရာမှာ ပိုကောင်းပါတယ်။ ဒီမှာ ယှဉ်ပြိုင်မှုတွေရှိလာရင် ဝန်ဆောင်မှုလည်း ပိုကောင်းလာမှာပါ။ ဒါကြောင့်လည်း နိုင်ငံတကာ အော်ပရေတာတွေဖြစ် တဲ့ Telenor နဲ့ Ooredoo တို့ကို ကျနော်တို့ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
မေး ။     ။ Telenor နဲ့ Ooredoo က ဘယ်အချိန်မှာ လုပ်ငန်းစတင်ကြမှာလဲ။
ဖြေ ။     ။ သူတို့ကြေညာထားတဲ့အတိုင်းဆိုရင် Ooredoo က ဇူလိုင်လမှာ လုပ်ငန်းစပါမယ်။ Telenor ကတော့ အခုနှစ် စက်တင်ဘာလမှာ ဖြစ်ပါလိမ့်မယ်။ အခုနှစ် ဇူလိုင်လမှာ သူတို့ကိုချထားပေးခဲ့တဲ့ လိုင်စင်မှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ကျနော်တို့က သူတို့ကို လိုင်စင်ထုတ်ပေးပြီး ၆ လ အကြာမှာ လုပ်ငန်းစတင်ရမှာ ဖြစ်ပါတယ်။
မေး ။     ။ နောက်လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကျရင် မိုဘိုင်းဖုန်းနဲ့ အင်တာနက် ကွန်နက်ရှင်တွေ ပိုကောင်းလာမယ်လို့ ပြောနိုင်ပါသလား။
ဖြေ ။     ။ နိုဝင်ဘာ ထိပ်သီးအစည်းအဝေးကျမှ မဟုတ်ပါဘူး။ အင်တာနက် ကွန်နက်ရှင်တွေ မကြာခင် ဖြည်းဖြည်းချင်း ကောင်းလာပါလိမ့်မယ် ။ ကျနော်တို့ ထောက်ပံ့မှုနဲ့ လိုအပ်ချက် မျှခြေရောက်ဖို့ကိုတော့ စောင့်ရပါမယ်။
မေး ။     ။ အခုအချိန် မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူ ဘယ်လောက်ရှိပါသလဲ။
ဖြေ ။     ။ အရင်တုန်းက ဒီမှာ အင်တာနက် အသုံးပြုသူက တယ်လီဖုန်းသုံးစွဲသူတွေရဲ့ ၁၀ ရာခိုင်နှုန်း လောက်ပဲရှိပါတယ်။ အခုတော့ ကျနော်တို့ကမိုဘိုင်း ဖုန်းတွေအတွက် SIM ကတ်တွေ ထုတ်ပေးလိုက်တဲ့အတွက် သုံးစွဲသူနှုန်းက မှန်မှန်တိုးလာပါတယ်။ အင်တာနက် အသုံးပြုသူနှုန်းက မိုဘိုင်းဖုန်းအသုံး ပြုသူနှုန်းရဲ့တဝက်ကျော်ပါတယ်။ အခုအချိန် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း အသုံးပြုသူက ၈ သန်းလောက် ရှိတယ်ဆိုတော့ မိုဘိုင်းဖုန်း အသုံးပြုသူတွေက အင်တာနက် ဒေတာကိုလည်း လွယ်လွယ်ကူကူ သုံးနိုင်တဲ့အတွက် အင်တာနက် အသုံးပြုသူ ၄ သန်း ကျော်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ အရင်တုန်းက အင် တာနက်ကို ကေဘယ်ကြိုးတွေကနေ တဆင့်ပဲအသုံး ပြုနိုင်ခဲ့ပါတယ်။
မေး ။     ။ ဘယ်အချိန်မှာ ရန်ကုန်နဲ့ နေပြည်တော် အင်တာနက်မြန်နှုန်း အတူတူဖြစ်မလဲ။ ရန်ကုန်မှာ ကွန်နက်ရှင် ပိုဆိုးလာနေတဲ့အချိန်မှာ နေပြည်တော်မှာတော့ ကွန်နက်ရှင်ကောင်းတယ်လို့ လူအများစုက ပြောနေကြပါတယ်။
ဖြေ ။     ။ ရန်ကုန်က သုံးစွဲသူနှုန်းက အမြဲတိုးလာနေပါတယ်။ ဆိုလိုတာကတော့ လိုအပ်ချက်က တိုးလာတယ်၊ ထောက်ပံ့မှုက နောက်ကမလိုက်နိုင်ဘူး။ ကျနော်တို့ SIM ကတ်တွေထုတ်ပေးလိုက်တိုင်း အင်တာနက် သုံးစွဲသူကလည်း အလျင်အမြန်ပဲ တိုးလာပါတယ်။ ဒါကြောင့် Telenor နဲ့ Ooredoo လုပ်ငန်းစနိုင်ပြီဆိုရင် သူတို့က မြန်မာနိုင်ငံရဲ့ လိုအပ်ချက်ကို လျှော့ချနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဒါက သူတို့အတွက် အခက်အခဲလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၆၀ လုံး ကို လွှမ်းခြုံနိုင်အောင် တချိန်တည်းမှာ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာ အတွေ့အကြုံတွေအရဆိုရင် တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီတွေ လုပ်ငန်းစတင်ပြီး လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းလောက် ကို လွှမ်းခြုံမိဖို့အတွက် အနည်းဆုံး အချိန် ၅ နှစ် လောက်ယူရနိုင်ပါတယ်။ ကျနော်တို့ကတော့ ၃ နှစ် အတွင်း ရည်မှန်းချက်ပြည့်မီဖို့ ဦးတည်သတ်မှတ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ ကုမ္ပဏီတွေကို တချိန်တည်းမှာ ယှဉ်ပြိုင်နိုင်ဖို့ ခွင့်ပြုပေးထားပြီး ဖြစ်လို့ပါ။ ယှဉ်ပြိုင်မှု ပိုများလာရင် အလုပ်တွေလည်း မြန်မြန်ဆန်ဆန် ပြီးမြောက်ပါလိမ့်မယ်။
မေး ။     ။ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် MPT မှာ အခက်အခဲရှိနိုင်သလား။ အနာဂတ်မှာ ယှဉ်ပြိုင်မှုမြင့်မားတဲ့ ဈေးကွက်အတွက် ဘယ်လိုနည်းဗျူဟာကို အသုံးပြုမှာပါလဲ။
ဖြေ ။     ။ နေရာတိုင်းမှာရှိတဲ့ လွတ်လပ်တဲ့ တယ်လီဖုန်း ဆက်သွယ်ရေး ဈေးကွက်တွေမှာ အစိုးရဌာနတွေဟာ ပုဂ္ဂလိက ကဏ္ဍနဲ့အတူ အလုပ်လုပ်ပါတယ်။ မိုဘိုင်းဖုန်းကဏ္ဍနဲ့ အင်တာနက်ဝန်ဆောင်မှုကဏ္ဍက သီးခြားစီ ဖြစ်ပါလိမ့်မယ်။ ပြည်တွင်း ကဖြစ်စေ နိုင်ငံတကာကဖြစ်စေ ပုဂ္ဂလိကပိုင်းကနေ ဒီမှာအလုပ်လုပ် ချင်ရင် ဝန်ဆောင်မှုပေးသူဖြစ်လာဖို့အတွက် အစိုးရဝန်ကြီးဌာနမှာ လျှောက်ထားနိုင်ပါတယ်။ Telenor နဲ့ Ooredoo ကို မိုဘိုင်းဖုန်း ဝန်ဆောင်မှုကဏ္ဍအတွက် ခွင့်ပြုပေးခဲ့တာဖြစ်ပြီးတော့ အင်တာနက် ဝန်ဆောင်မှုကဏ္ဍကတော့ ပြည်တွင်းနဲ့ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေအတွက် ကျန်ရှိနေပါသေးတယ်။
မေး ။     ။ အခုဘဏ္ဍာရေးနှစ်အတွင်း တယ်လီဖုန်းဆက် သွယ်ရေးကဏ္ဍက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ရဲ့ ၂၀ ရာခိုင်နှုန်းကို ရယူနိုင်မယ်လို့ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က တာဝန်ရှိသူတဦး ကခန့်မှန်းခဲ့ပါတယ်။ အဲဒါကို လက်ခံပါသလား။
ဖြေ ။     ။ ကျနော် လက်ခံပါတယ်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍက နှစ်စဉ် မှန်မှန်တိုးတက်လာပါတယ်။ Telenor နဲ့ Ooredoo ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု စတင်တဲ့အခါ ကနဦးအဆင့်မှာတင် ပမာဏ ကြီးမားစွာ ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်။ နောက်ပြီး သူတို့လိုင်စင်ကြေးလည်း ပေးရမယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုအားလုံးက အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်ပါလိမ့်မယ်။ နိုင်ငံတဝန်းမှာ တာဝါတိုင်တွေထောင်ဖို့အတွက် တခြား ဆက်သွယ်ရေး ကုမ္ပဏီတွေကိုလည်း ကန်ထရိုက် ပြန်ခွဲပေးရပါဦးမယ်။
MPT အနေနဲ့လည်း နိုင်ငံခြား ကုမ္ပဏီတွေနဲ့ စပ်တူလုပ်ကိုင်ဖို့ ရှိပါတယ်။ ဒါပေမယ့် ဘယ်သူနဲ့ အလုပ်လုပ်ရမလဲဆိုတာ ကျနော်တို့ စဉ်းစားနေတုန်းပါပဲ။ MPT နဲ့ ဖက်စပ်လုပ်ဖို့ ဆန်ခါတင် စာရင်းဝင်နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ကျနော်တို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ ဒါပေမယ့် သေချာတာကတော့ ဒီအခြေအနေမှာ သူတို့အနေနဲ့ Telenor နဲ့ Ooredoo ကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ MPT က အစိုးရ ဘတ်ဂျက်နဲ့ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မယှဉ်ပြိုင်နိုင်ပါဘူး။     ။

Wednesday, May 21, 2014

ထိုင်းစစ်အုပ်ချုပ်ရေး မြန်မာထောက်ခံ


ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံကတော့ ကန့်ကွက်စရာ မရှိတဲ့အကြောင်း ပြောပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ သတင်းမီဒီယာတွေအပေါ် ကန့်သတ်မှုတွေ ရှိနေတဲ့ အပေါ်မှာတော့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေကလည်း စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ အပြည့်အစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ တင်းမာမှုတွေ ကြီးထွားလာနေတဲ့ အခြေအနေတွေအပေါ် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အာဆီယံအသင်းရဲ့ သဘောထားတွေဟာ နေပြည်တော်မှာ နောက်ဆုံး ကျင်းပခဲ့တုန်းက အသင်းဝင် နိုင်ငံတွေရဲ့ သဘောထားတွေအတိုင်း မပြောင်းလဲဘူးလို့ မြန်မာသမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် က ပြောပါတယ်။

သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အထိ နိုင်ငံရေးပဋိပက္ခတွေ ကြီးထွားလာနေတာကြောင့် ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာသာ ဖြစ်တယ်ဆိုတဲ့ ထိုင်းစစ်တပ်က ကြေညာထားတဲ့အတွက် စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။

“ထိုင်းတပ်မတော်ကလည်း ဒါဟာ အာဏာလွှဲပြောင်းယူတာ မဟုတ်ဘူး၊ ငြိမ်ဝပ်ပိပြားရေးအတွက် ဆောင်ရွက်တာသာ ဖြစ်တယ်လို့ သူတို့ပြောထားပြီး ဖြစ်ပါတယ်။ ပြီးရင် သူတို့ရဲ့ လုပ်ဆောင်ချက်ကလည်း လက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်အောင် ဆောင်ရွက်ချက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ဒါက လောလောဆယ်တော့ ထုတ်ပြန်ထားတဲ့ ကြေညာချက်အတိုင်းပဲ ရှိပါတယ်။”

စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရတဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ အခြေအနေတွေကို အမေရိကန် ပြည်ထောင်စုက အနီးကပ်စောင့်ကြည့်နေသလို၊ စစ်တပ်အနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ သွေးထွက်သံယို မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အင်္ဂါနေ့ကပဲ တိုက်တွန်းထားတာပါ။

လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Human Rights Watch ကလည်း အာဏာသိမ်းတဲ့ လုပ်ရပ်ဆန်ဆန် စစ်အုပ်ချုပ်ရေးဟာ မလိုလားအပ်တဲ့ လုပ်ရပ်အဖြစ် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် ကတော့ ထိုင်းနိုင်ငံရဲ့ လက်ရှိအခြေအနေရဲ့ လိုအပ်ချက်အရ ကန့်သတ်ရတာ ဖြစ်တယ်လို့ မြင်ပါတယ်။

“ဒါကတော့ဗျာ ဘယ်နိုင်ငံမဆို အရေးပေါ် အခြေအနေမှာတော့ တချို့မူလအခွင့်အရေးတွေကို ကန့်သတ်တာတွေ ရှိတာပါပဲ။ အမေရိကန် နိုင်ငံမှာတောင်မှာ ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ထုတ်ပြန်ချက်တွေကို ကန့်သတ်တာမျိုး၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအပြီး နောက်ပိုင်းမှာ သူတို့ရဲ့ အမျိုးသားလုံခြုံရေး ဥပဒေအရ မီဒီယာတွေရဲ့ ရေးသားချက်တွေ၊ အင်တာနက် အသုံးပြုမှုတွေကို သူတို့စောင့်ကြည့်တာမျိုးတွေ ရှိခဲ့တာပဲလေ။ ဒါကတော့ ကျနော်တို့က အရေးပေါ် အခြေအနေအရ မဖြစ်မနေ မလွှဲမရှောင်သာ လုပ်ရတဲ့ကိစ္စလို့ပဲ ကျနော်တို့က မြင်ပါတယ်။”

ဒါပေမဲ့လည်း ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာချက်နဲ့အတူ သတင်းမီဒီယာတွေ၊ အထူးသဖြင့် ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံလွှင့် လုပ်ငန်းတွေကို ပိတ်ပင်တာတွေ ရှိခဲ့တဲ့ အပေါ်မှာတော့ စာနယ်ဇင်းသမားတွေက စိုးရိမ်နေကြတာပါ။ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီမဂ္ဂဇင်းရဲ့ အယ်ဒီတာ ဦးအောင်ဇော် ကလည်း သတင်းစာ လွတ်လပ်ခွင့် အတွက်သာမက၊ အပြောင်းအလဲတွေ လုပ်လာကာစ မြန်မာနိုင်ငံလို တိုင်းပြည်မျိုးအတွက် ပုံတူးကူးစရာ နမူနာဖြစ်လာမှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။

“စိုးရိမ်စရာတော့ အများကြီးရှိပါတယ်။ အရင်ကတည်းကိုက ရှိတာလေ။ ထိုင်းမှာက လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်က ဒီလိုအခြေအနေ မတည်ငြိမ်မှုတွေ ဖြစ်ကတည်းက စပြီးတော့ Websites တွေကို ပိတ်တာတွေ၊ ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး Critical ဖြစ်ဖြစ်နဲ့ ရေးတဲ့ဟာတွေကို အသေအချာ ပိတ်ထားတဲ့ ဆိုဒ်ပေါင်းက ရာကျော်ရှိတယ်ဆိုပြီး CPJ တို့ ဘာတို့ကနေပြီးတော့ ကျနော်တို့ သိရတယ်လေ။ ဆိုတော့ အခု မာရှယ်လောပေါ့၊ စစ်အုပ်ချုပ်ရေး ကာလမှာတော့ ပိုပြီးတော့ တင်းကျပ်မှုတွေရှိမယ်။ နိုင်ငံခြား သတင်းထောက်တွေရော၊ နောက်ပြီးတော့ လောလောဆယ် ထိုင်းနိုင်ငံရေးကို ဖော်ပြနေတဲ့ Local Paper တွေကအစ ပိုပြီးတော့ သတိထားရမယ့်ဟာတွေရှိတယ်။”

“တချိန်တည်းမှာပဲ မြန်မာနိုင်ငံလို မိမိကိုယ်မိမိ Reformist (ပြုပြင်ပြောင်းလဲရေး) လုပ်နေတယ်လို့ ပြောနေတဲ့ စစ်အစိုးရတဖြစ်လဲ ဘောင်းဘီချွတ်တွေကလည်း ဒီလိုအခြေအနေမျိုးကိုတော့ ကျနော်ထင်တယ် သဘောကျမှာပါပဲ။ Press Freedom လိုချင်တဲ့သူတွေ Independent Media ကို လေးစားလိုက်နာ ထိန်းသိမ်း စောင့်ရှောက်ချင်တဲ့သူတွေ အတွက်တော့ မကောင်းတဲ့ လက္ခဏာပါပဲ။ ဒါပေမဲ့ အဲဒါကိုပဲ မြန်မာပြည်မှာ အမြဲတမ်းကျင့်သုံးနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန လိုမျိုးတွေ စစ်အစိုးရတဖြစ်လဲ လူတွေကတော့ ဒါမျိုးတော့ သဘောကျမှာပဲလို့ ကျနော်ထင်ပါတယ်။”

စာနယ်ဇင်းသမားတွေ အခွင့်အရေး လှုပ်ရှားနေတဲ့ (CPJ) အဖွဲ့ကလည်း ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးနဲ့အတူ မီဒီယာတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ခဲ့တဲ့အတွက် ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အင်္ဂါနေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် ဂြိုဟ်တုနဲ့ Cable ရုပ်မြင်သံကြားဌာန ၁၀ ခုထက်မနည်းကို ပိတ်ပင်လိုက်သလို၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြား အစီအစဉ်တွေမှာလည်း စစ်တပ်က ကြေညာချက်တွေကို လိုအပ်ရင် ကြားဖြတ်ထည့်သွင်းဖို့ ညွှန်ကြားထားတဲ့ အကြောင်းလည်း CPJ ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုအောင်လွင်ဦး (ဗွီအိုအေမြန်မာပိုင်း)

ဝန်ကြီးချုပ် နုတ်ထွက်ပေးလိုက်ရတဲ့ ထိုင်း ဒီမိုကရေစီ


သက်ဆင်ရှင်နာဝပ်, ယင့်လပ်ခ်ရှင်နာဝပ်,  ထိုင်းနိုင်ငံရေး, ထိုင်းရတ်ထိုင်း, ဖွေထိုင်း, PPP ပါတီ, ထိုင်းစစ်တပ်, အာဏာသိမ်းခြင်း, Military Coup, Judicial Coup, Thailand
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ယင့်လတ် တို့ကို ထောက်ခံ ဆန္ဒပြပွဲ တခု(ဓာတ်ပုံ – Reuters)
ထိုင်းနိုင်ငံရေး လောကမှာ အငြင်းပွားဖွယ် နိုင်ငံရေးသမား သက်ဆင်ရှင်နာဝပ်ရဲ့ “ကိုယ်ပွားကလေး” ရာထူး ကနေ ဆင်းပေးလိုက် ရ ပြန်ပါပြီ။ ဒါပေမယ့် ထိုင်းနိုင်ငံရေး ပြဿနာ ပိုကောင်းသွားမယ် လို့တော့ ဘယ်သူမှ မမျှော်လင့်ကြပါဘူး။
သက်ဆင်ရဲ့ နှမ ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်ကို အာဏာအလွဲသုံးစားမှုနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ရာထူးကနေ ဖယ်ရှားလိုက်တယ်။
၂၀၁၁ ခုနှစ်မှာ အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ရာထူးကနေ ဖယ်ရှား၊ ရဲချုပ် တာဝန် ယူနေသူနဲ့ အစားထိုး၊ လစ်လပ်သွားတဲ့ ရဲချုပ်နေရာမှာ သက်ဆင်ရဲ့ ယောက်ဖ (ဟောင်း) တယောက်ကို တာဝန်ပေးတဲ့ ကိစ္စကို အာဏာအလွဲသုံးစားမှု လို့ ခုံရုံး တရားသူကြီးတွေက ကောက်ချက်ချ ပါတယ်။ ထိုင်းနိုင်ငံရေး လောကမှာ ဒီလို ကိစ္စမျိုးက မဆန်းပေမယ့် ယင့်လတ် ထွက်ရပ်လမ်း အတွက် တော့  လုံလောက်သွားပါတယ်။
နောက်ကြောင်း ပြန်ကြည့်ရင် လက်ရှိ နိုင်ငံရေး အဆိုးကျော့ သံသရာ စတင်ခဲ့ကတည်းက ဒီလို အဖြစ်အပျက်တွေ အတော်များ ပါတယ်။ ၂၀ဝ၆ ခုနှစ် ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက် ပါတီက သပိတ်မှောက်ခဲ့တယ်။ ယင့်လတ်ရဲ့ အစ်ကို သက်ဆင်ရှင် နာဝပ် ခေါင်းဆောင်တဲ့ ထိုင်းရတ်ထိုင်း (ထိုင်းက ထိုင်းကိုချစ်) ပါတီက ၆၀ ရာခိုင်နှုန်းကျော် အနိုင်ရ ခဲ့တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ရွေးကောက်ပွဲ ရလဒ်ကို တရားမဝင်ဘူး ဆိုပြီး ပယ်ဖျက်ခဲ့တယ်။
ရွေးကောက်ပွဲအသစ် ကျင်းပဖို့ ပြင်နေတုန်းမှာ စစ်တပ်က အာဏာ သိမ်းလိုက်တယ်။ ဝန်ကြီးချုပ် သက်ဆင် ပြည်ပြေးဘဝ ရောက် ခဲ့ ရတယ်။ အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းပေးခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး အသစ်က သက်ဆင်ရဲ့ ထိုင်းရတ်ထိုင်း ပါတီကို ၂၀ဝ၆ ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ ဖျက်သိမ်း လိုက်တယ်။ သက်ဆင်နဲ့ အမတ် ၁၁၁ ယောက်ကိုလည်း နိုင်ငံရေး လုပ်ခွင့် ပိတ်ပင်ခဲ့တယ်။
ထိုင်းရတ်ထိုင်း ပါတီက ခေါင်းဆောင်တွေနဲ့ ပြည်သူ့အင်အား ပါတီ (PPP)ကို ဖွဲ့စည်းပြီး ၂၀ဝ၇ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်တော့ အနိုင်ရ ပြန်တယ်။ ဒါပေမယ့် ၂၀ဝ၈ ခုနှစ်ထဲမှာ ဝန်ကြီးချုပ် ဆမတ် ဆန်ဒြာဗက် ကိုလည်း ဖွဲ့စည်းပုံ ခုံရုံးကပဲ ဖြုတ်ချခဲ့ပြန်တယ်။ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူထားတဲ့ အချိန်မှာ ရုပ်သံလိုင်းတခုမှာ ဟင်းချက် အစီအစဉ် တင်ဆက်မှု (Cooking Show) အတွက် အခကြေးငွေ ယူတယ် ဆိုပြီး ဖြုတ်ချခဲ့တယ်။ PPP ပါတီကိုလည်း မဲမသမာမှုနဲ့ပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ဖျက်သိမ်း လိုက် ပြန်တယ်။
သက်ဆင် ဂိုဏ်းသားတွေ ရာထူးလက်လွှတ် ခဲ့ရပြီး ဒီမိုကရက်ပါတီက လွှတ်တော်အတွင်းက ပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး နောက်ထပ် နှစ်နှစ်ခွဲလောက် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ ၂၀၁၀ မှာ သက်ဆင် ထောက်ခံတဲ့ ရှပ်နီ ဆန္ဒပြသမားတွေကို စစ်တပ် က နှိမ်နင်းခဲ့တာ အနည်းဆုံး လူ ၉၀ ဝန်းကျင် သေဆုံးခဲ့တယ်။
PPP ဖျက်သိမ်း လိုက်ရတဲ့ နောက် သက်ဆင်ရဲ့ လူတွေနဲ့ အသစ်ဖွဲ့လိုက်တဲ့ ဖုယာ့ထိုင်း ပါတီ(Pheu Thai Party)က “သက်ဆင်က တွေးခေါ်၊ ဖုယာ့ထိုင်းက ဆောင်ရွက်” ရွေးကောက်ပွဲ ကြွေးကြော်သံကိုသုံးပြီး သက်ဆင်နှမ ယင့်လတ်ကိုရှေ့ထုတ်ပြီး ရွေးကောက် ပွဲမှာ ဝင်ပြိုင်တော့လည်း တခဲနက် အနိုင်ရပြန်ပါတယ်။ ၂၀၁၁ ခုနှစ် ဩဂုတ်မှာ ယင့်လတ် ဝန်ကြီးချုပ် ဖြစ်လာတယ်။ အခြေအနေ တွေ ပြန်လည် တည်ငြိမ်နေရာက သက်ဆင် အတွက် လွတ်ငြိမ်းချမ်းသာခွင့် အကျုံးဝင်စေမယ့် ဥပဒေမူကြမ်းကို အကြောင်းပြုလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတယ်။
ဝန်ကြီးချုပ် ယင့်လတ်က ပါလီမန်ကို ဖျက်သိမ်းပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ဒီမိုကရက် ပါတီက သပိတ်မှောက်တယ်။ ဆန္ဒပြသမားတွေကြောင့် တချို့ မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့ဘူး။ တရက်တည်းနဲ့ ရွေးကောက်ပွဲကို အပြီးအပြတ် မကျင်းပနိုင်လို့ ဆိုပြီး ဖွဲ့စည်းပုံ ခုံရုံးက ရွေးကောက်ပွဲ ရလဒ်ကို တရားမဝင်ကြောင်း ကြေညာတယ်။
နောက်တကြိမ် ရွေးကောက်ပွဲကို ဇူလိုင်လမှာ ကျင်းပဖို့ စီစဉ်နေတဲ့ အချိန်မှာ အာဏာ အလွဲသုံးစားမှုနဲ့ ဝန်ကြီးချုပ် ယင့်လတ်ကို ဖွဲ့စည်းပုံ ခုံရုံးကပဲ ရာထူးကနေ ဖယ်ရှားလိုက် ပြန်တယ်။ နောက် တရက်မှာပဲ နိုင်ငံတော် စပါးဝယ်ယူရေး ကိစ္စမှာ တာဝန်ပျက် ကွက် တယ် ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဆုံးဖြတ်တယ်။ ယင့်လတ်ကိုလည်း နိုင်ငံရေး လုပ်ခွင့် ငါးနှစ် ပိတ်ပင် ခံရနိုင်တယ်။
ဒါက အခုအထိ ဖြစ်စဉ် အကျဉ်းချုပ် ဖြစ်ပါတယ်။
ပြန်ချုပ်ရရင် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ရွေးကောက်ပွဲတွေ အကြိမ်ကြိမ် ကျင်းပခဲ့တယ်။ ဒီမိုကရက်ပါတီက နှစ်ကြိမ် သပိတ်မှောက် ခဲ့တယ်။ ရွေးကောက်ပွဲတိုင်းလည်း သက်ဆင်အနွယ်တွေပဲ အနိုင်ရတယ်။ ၂၀ဝ၆ ခုနှစ်မှာ စစ်တပ်က တကြိမ် အာဏာသိမ်းတာ က လွဲလို့ ဖွဲ့စည်းပုံခုံရုံး အဆုံးအဖြတ်နဲ့ ရွေးကောက်ပွဲ ရလဒ်တွေ၊ အစိုးရ အဖွဲ့တွေ၊ သက်ဆင်အနွယ် ပါတီတွေ ပြိုလဲကုန်တယ်။
စစ်တပ် အာဏာသိမ်းမှု(Military Coup) နဲ့ နာမည်ကြီးတဲ့ ထိုင်းနိုင်ငံရေးဟာ အခုအခါမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး အာဏာ သိမ်းမှု (Judicial Coup) လို့ ပြောစမှတ် တွင်လာတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှာ တရားသူကြီး ၉ ယောက်ရှိတယ်။ ကနဦး ရွေးချယ်တဲ့ အဆင့်မှာ ၅ ယောက်ကို တရားရေး ဌာနနှစ်ခုက ရွေးချယ်ပြီး၊ လေးယောက်ကို တရားရေး ဌာန အကြီးအကဲ တွေနဲ့ အောက်လွှတ်တော်က ဥက္ကဋ္ဌနဲ့ အောက်လွှတ်တော် အတိုက်အခံ ခေါင်းဆောင်တို့ ပါတဲ့ ဘုတ်အဖွဲ့က ရွေးချယ်ရ ပါတယ်၊ အားလုံးကို အထက်လွှတ်တော်က အတည်ပြုပြီးရင် ဘုရင်က နောက်ဆုံး ခန့်အပ်ပါတယ်။ အထက်လွှတ်တော်မှာ အမတ် ထက် ဝက်ကို တရားသူကြီးတွေနဲ့ အရပ်ဘက် အရာရှိတွေက ခန့်အပ်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိစနစ်အရ ဖွဲ့စည်းပုံ ခုံရုံးဟာ နိုင်ငံရေး ပါတီတွေရဲ့ ဩဇာလွှမ်းမိုးနိုင်ဖို့ တော်တော် မလွယ်ပါဘူး။ ဩဇာ လွှမ်းမိုး နိုင်ဖို့ ဖုယာ့ထိုင်း ပါတီက ကြိုးစားခဲ့သေးတယ်။ အထက်လွှတ်တော် ကိုလည်း အောက်လွှတ်တော် နည်းတူ ရွေးချယ်ဖို့ မူကြမ်း တင်တာကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ပယ်ချခဲ့တယ်။
ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဟာ နိုင်ငံရေး ပါတီတွေနဲ့ အစိုးရကိုထိန်းကျောင်းတဲ့ ဩဇာကြီးတဲ့ အင်စတီကျူးရှင်း အနေနဲ့ပဲ ထီးထီးကြီး ရှိနေပါဦးမယ်။ သူ့အရပ်နဲ့ သူ့ဇာတ်လို့ ပြောရင် ပိုမှန်ပါမယ်။
အခုနောက်ဆုံး ယင့်လတ်ကို စီရင်ချက် ချပြီးတဲ့ အချိန်မှာ ဖွဲ့စည်းပုံခုံရုံး တရားသူကြီး ၉ ယောက်ထဲက တယောက်ဖြစ်တဲ့ ဆူပေါ့ကိုင်မွခ် ပေးလိုက်တဲ့ မှတ်ချက်က မှတ်သားဖို့ ကောင်းတယ်။
“ထိုင်း ဒီမိုကရေစီစနစ်မှာ အများစုကို စံနှုန်းတွေကို ပြဋ္ဌာန်းခွင့်ပြုထားတယ်။ ဒါပေမယ့် အများစုက အာဏာကို အလွဲသုံးစားလုပ်ပြီး ကြောင်းကျိုး မဆင်ခြင်ဘဲ အနည်းစုကို ဖိနှိပ်ရင်တော့ အများစုရဲ့ တရားဝင်မှုလည်း ဆုံးရှုံးမယ်။ ဒါကို ဒီမိုကရေစီလို့ ခေါ်လို့ မရ ဘူး။ လူများအစု ဗိုလ်ကျ စိုးမိုးမှု စနစ် ဖြစ်သွားလိမ့်မယ်”လို့ ဆိုတယ်။
သက်ဆင်တို့ မောင်နှမကို ထောက်ခံသူတွေ (ရှပ်နီ) ဘက်က ကြည့်ရင်တော့ တရားစီရင်ရေး စနစ်က ဘက်လိုက်တယ်ပေါ့၊ တရား စီရင်ရေး စနစ်ကို မယုံကြည်ကြတော့ဘူး။ စစ်တပ်ကိုလည်း မယုံတော့ဘူး။ ဒီလိုပဲ သက်ဆင်တို့ မောင်နှမကို ဆန့်ကျင်သူတွေက ရဲတပ်ဖွဲ့ကို မယုံဘူး။ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲကိုလည်း မယုံတော့ဘူး။ ပြည်သူတွေ အချင်းချင်းလည်း မယုံတော့ဘူး။ တရားသူကြီး အိမ်မှာ ဗုံးကွဲတယ်။ ဆန္ဒပြပွဲတွေ အတွင်းမှာ ဗုံးကွဲတယ်။ ခြောက်လအတွင်း ချောင်းမြောင်း ပစ်ခတ်မှုတွေ၊ လုပ်ကြံသတ်ဖြတ် မှု၊ အဓိကရုဏ်းတွေကြောင့် လူ ၂၀ လောက် သေဆုံးခဲ့ရတယ်။
ထိုင်းနိုင်ငံရေးကို နောက်ကြောင်း ခြေရာ ပြန်ကောက်ရင် ဒီမိုကရေစီ တည်ဆောက်ရေး သင်ခန်းစာ ယူစရာတွေ ရှိပါတယ်။ မျက် မှောက်ခေတ် ထိုင်းနိုင်ငံရေးမှာ အရေးကြီးတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုက ၁၉၉၂ ဖြစ်ပါတယ်။ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြပြီး စစ် အစိုးရကို ဖြုတ်ချခဲ့ကြတယ်။ စစ်အစိုးရ ပြုတ်ကျသွားခဲ့ပြီးနောက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့တယ်။ ဖွဲ့စည်းပုံ ကလည်း ဒီမိုကရေစီ အခွင့်အရေးကို တိုးပြီး အာမခံလာတယ်။ ထိုင်းစီးပွားရေး ကလည်း တော်တော်မြင့်မားတဲ့ နှုန်းနဲ့ တိုးတက် ခဲ့တယ်။ လူလတ်တန်းစားတွေ ကြီးထွားလာခဲ့တယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေ အားကောင်းခဲ့တယ်။ မီဒီယာတွေ အား ကောင်း ခဲ့တယ်။
ဒီလိုနဲ့ ပြုပြင်ပြောင်းလဲရေး ဝါဒီတွေက ဒီမိုကရေစီ အရေးတော်ပုံ လမ်းကြောင်း ဖြောင့်ဖြူးသွားပြီလို့ ယူဆပြီးတော့ လုပ်လက်စ တွေကို ရပ်လိုက်ကြတယ်။ အစိုးရကို စောင့်ကြည့် ထိန်းကျောင်းနေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို ကိုယ့်သဘောနဲ့ကိုယ် ဖျက်သိမ်းလိုက်ကြ တယ်။ မီဒီယာတွေကို ရပ်နားလိုက်ကြတယ်။ ဒါက ကြီးမားတဲ့ အမှားဖြစ်ခဲ့တယ်။ ပြုပြင်ပြောင်းလဲရေး သမားတွေက အချိန်မတန်ခင်မှာ လုပ်လက်စ အလုပ်တွေကို ရပ်လိုက်တဲ့ အချိန်မှာပဲ စီးပွားရေးသမားကြီး သက်ဆင်က နိုင်ငံရေး လောကထဲ ကို ဝင်လာခဲ့တယ်။
ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ အားနည်း နေတာကို အခွင့်ကောင်းယူတယ်။ ငွေကြေးအင်အားနဲ့ နိုင်ငံရေးသမားတွေကို ဝယ် တယ်။ တရားစီရင်ရေး စနစ်ကိုလည်း ဝယ်ပစ်လိုက်တယ်။ တချိန်တည်းမှာ တိုင်းပြည်ထဲမှာ လူအများစု ဖြစ်တဲ့ ဆင်းရဲသားတွေ စည်းရုံးတဲ့ ဈေးပေါတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်၊ ချေးငွေတွေကို ထုတ်ပေးတယ်။ သက်ဆင်ခေတ် မတိုင်ခင်မှာ မြို့ပေါ် နိုင်ငံရေးသမားတွေဟာ တောနေ ဆင်းရဲသားတွေကို မေ့လျော့ နေခဲ့ကြတယ်။ ဆင်းရဲသားတွေက သက်ဆင်ကို အားကိုးလာကြ တယ်။ ဒါပေမယ့် ၂၀ဝ၁ ခုနှစ်မှာ အာဏာရလာတဲ့ အချိန်ကစလို့ သက်ဆင်ဟာ ထိုင်းနိုင်ငံမှာ ဒီမိုကရေ စီစနစ်ကို အခြေခိုင် အောင် တည်ဆောက်သူမဖြစ်လာဘဲ ရွေးကောက်ခံ အာဏာရှင်ဆန်ဆန် ဖြစ်လာခဲ့တယ်။ မီဒီယာတွေကို ပိုပြီး ဖိနှိပ်တယ်။ လွတ် လပ် တဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေကို ဖိနှိပ်တယ်။
ဒီလိုနဲ့ ၂၀ဝ၆ ရွေးကောက်ပွဲ မှာလည်း တောနေဆင်းရဲသားတွေ ထောက်ခံမှုနဲ့ သက်ဆင် တကျော့ပြန် အနိုင်ရတော့ မြို့ပေါ် လူ လတ်တန်းစား တွေက ဆန္ဒပြကြတယ်။ နောက်ဆုံး စစ်တပ် အာဏာသိမ်းမှုဆီကို ဦးတည်သွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ထိုင်း ဒီမိုကရေစီဟာ နောက်ကြောင်းပြန် သွားခဲ့ပါတယ်။ ရွေးကောက်ပွဲ ဘယ်နှကြိမ်ပဲ လုပ်ခဲ့လုပ်ခဲ့ ရှေ့ခရီး မဆက်နိုင်တော့ဘဲ ဒုံရင်း ပြန်ဆိုက်နေတယ်။ သွေးကွဲမှုက အချိန်ကြာလေ နက်ရှိုင်းလေ ဖြစ်လို့ အဆိုး သံသရာကနေ ရုန်းထွက်ဖို့ မလွယ်သေးပါဘူး။
ထိုင်းကပေးတဲ့ သင်ခန်းစာက ဒီမိုကရေစီ တိုက်ပွဲက ထင်သလောက် မလွယ်ဘူး။ စစ်အစိုးရ မရှိတော့တာနဲ့ ဒီမိုကရေစီ လမ်းကြောင်း ဖြောင့်ဖြူးသွားမယ်လို့ မျှော်လင့်ရင် အမှားကြီး မှားပါလိမ့်မယ်။ အောက်ခြေလူထု အထိ ဒီမိုကရေစီ အုတ်မြစ် မချနိုင်သေး ခင်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသမားတွေက လုပ်လက်စတွေ ရပ်ပစ်လိုက်ရင် နောက်ကျတော့မှ အစကနေ ပြန်စရပါလိမ့် မယ်။
လူတယောက်တည်းကို ပြုပြင်ပြောင်းလဲရေးသမားဆိုပြီး ပုံအပ်မိရင် အသက်သွေးချွေးနဲ့ တည်ဆောက်ထားသမျှ ငါးပါး မှောက်သွားနိုင်ပါတယ်။ ဒီမိုကရေစီ သမင်လေးကို လမ်းဝက်မှာ ဖြတ်အုပ်မယ့် ကျားငစဉ်းလဲတွေက မူယာမာယာ အလွန်များ တတ်ပါတယ်။ ရုပ်ပြောင်းရုပ်လွှဲလည်း အလွန်တော်ပါတယ်။     ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons