Thursday, November 6, 2014

ရတနာပုံဝဘ်ပေါ်တယ် ဘာလဲ ...ဘယ်လဲ...?

================================
အေးချမ်းသာယာပြီးခေတ်မီဖွံဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီအနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးအပိုင်းမှာ ဘက်စုံကဏ္ဍစုံကနေပြီး ၀ိုင်းဝန်းအကောင်ထည်ဖော်တည်ဆောက်ရွက်လျှက်ရှိပါတယ်။ဒီကနေ့ခေတ်အခါ ကာလကလည်း သတင်းအချက်အလက်နဲ့နည်းပညာခေတ်လို့ဆိုရလောက်အောင် နိုင်ငံတော်ရဲ့ ဖွံဖြိုးမှုဖြစ်စဉ်တွေမှာ သတင်းအချက်အလက်နဲ့ မီဒီယာ မောင်းနှင်အားဟာ အခန်းဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်ပါသက်ပြီး အဓိကသြဇာလွှမ်းမိုးလာတာကိုလဲသတိထားမိကြမှာဖြစ်ပါတယ်။ယခုလို ICT ဏ္ဍ ဖွံဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ဦးဆောင်ချမှတ်ခံ့တဲ့ စီမံကိန်းတွေအနက် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ နယ် မန္တလေးပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ်(27) မှာရှိတဲ့ ရတနာပုံမြို့သစ်စီမံကိန်းလည်းအပါဝင်ဖြစ်ပါတယ်။ အခြားစီမံကိန်းတွေနဲ့မတူခြားနားတဲ့အချက်ကတော့ စီမံကိန်းဧက တစ်သောင်းရှိတဲ့ရတနာပုံမြို့သစ်ကို Cyberနည်းပညာ မြို့တော်ကြီး အဖြစ်သတ်မှတ်ပြီး ရည်ရွယ်တည်ဆောက်ကာ နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပြီး အသိအမှတ်ပြု အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြပါတယ်။ အဓိက အဆောက်အအုံကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲံပါတယ်။ ရတနာပုံတယ်လီပို့ Company ဟာ ISP Service အပြင် အခြားသော ၀န်ဆောင်မှုလုပ်ငန်းများနှင့် ရတနာပုံဝဘ်ပေါ်တယ် လို့အမည်ရတဲ့ မြန်မာပြည်ရဲ့ ပထမဦးဆုံး ၀ဘ်ပေါ်တယ် သတင်းအချက်အလက်နဲ့နည်းပညာများကို ပြည်သူလူထုထံအရောက်ပို့ဆောင်ပေးခဲ့သော သတင်းများတင်ပေးခဲ့ပါတယ်။ အိမ်နီးခြင်းနိုင်ငံများမှာလည်း မိမိတို့၏ဘာသာစကားဖြင့် ကိုယ်ပိုင်ဝဘ်ပေါ်တယ်များတည်ထောင်ထားခဲ့သလို မြန်မာပြည်မှာ မြန်မာဘာသာစကားဖြင့် တည်ထောင်လိုက်တဲ့ သတင်းဌာန တစ်ခုလည်းဖြစ်ပါတယ်။ အခုတော့ဒီ ၀ဘ်ပေါ်တယ်ဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်မတတ်ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ သတင်းအချက်အလက်နဲ့နည်းပညာတွေ ဖြန့်ဖြူးရာ ၀ဘ်ပေါ်တယ်မှာကိုယ်ပိုင် သတင်းဆိုတာတွေကိုမတွေ့ရဘဲ သူတစ်ပါးသတင်းဆိုဒ်နဲ့ ဂျာနယ်တွေကနေ ကော်ပီယူပြီး တင်နေလိုက်ကြတာဟာ ၀ဘ်ပေါ်တယ် လူကြီးတွေအဖို့ ရှက်တတ်ရင်လဲသေလို့တောင်ရတယ်လို့ ပြောရမလိုဖြစ်နေပါပြီ။ ထူခြားသော ဖြစ်စဉ်များသတင်းများကို လည်း အချိန်နဲ့တပြေးညီမတင်နိုင်ကိုယ်ပိုင်သတင်းထောက်လဲမရှိ ကော်ပီကူးယူနေသော သတင်းဌာနတစ်ခု ဟန်ပြမျှသာဖြစ်ပြီး လုပ်စားဖို့ရန် ဆက်လက်ထားရှိနေအုံးမည်ဆိုလျှင် မကြာမီအချိန်ကာလတစ်ခုတွင် ၀ဘ်ပေါ်တယ်၏ ကျဆုံးမှု တစ်ခု သေချာဖြစ်ပေါ်လာရန်အလားအလာရှိနေပါတယ်ရှင်။
ဒါကြောင့် ၀ဘ်ပေါ်တယ်အနေဖြင့် ဘယ်လိုရှေ့ဆက်သွားဖို့လမ်းစဉ်တွေရှိပါလဲ ဆိုတာကို သိချင်လွန်းတာကြောင့် …၀ဘ်ပေါ်တယ် ဘာလဲ ဘယ်လဲ လို့သာ မေးလိုက်ချင်ပါတော့တယ်ရှင်

မှတ်ချက်။ ။ ၀ဘ်ပေါ်တယ်သတင်းထောက်တွေ ကိုယ်ပိုင်သတင်းလိုက်ပြီး သတင်းတင်နိုင်တဲ့နေ့ ပိုစ့်ကို ပြန်ဖြုတ်ပေးပါမည်။
သတင်းချစ်သူ

မင်းသားမကရသောကြောင့် ပတ်မကြီးထိုးဖောက်သူနှင့် ပြိတ္တာတို့ကြီးစိုးရာနယ်မြေ

======================================================
အားလုံးဘဲ မင်္ဂလာပါ ဦးစွာပဏာမအနေနဲ့ဂါရ၀ပြုလိုက်ပါတယ်ရှင်
မင်္ဂလာပါလို့ မပြောချင်ပေမဲ့လည်း ပြောလိုက်ရတာကတော့ ခုဒီချိန်ကာလဟာဆိုရင် ၀ါလကင်းလွတ်သီတင်းကျွတ်ဆိုတဲ့အချိန်လေးဖြစ်လို့ မင်္ဂလာဆောင်ကြမဲ့ ကိုကိုမမ ညီ ညီမ များ အပျိုကြီး လူပျိုကြီးများ ကို အထူးရည်ရွယ်ပြီး မင်္ဂလာပါလို့ ပြောပြီး မင်္ဂလာပါ ဆောင်ကြပါလို့ ပြောချင်ပါတယ်.... အင်းပြောသာပြောရတယ် ..သီတင်းကျွတ်တဲ့ ကာလတွေက နှစ်တော်တော်များများကိုကျော်ဖြတ်ပြီးသော်လည်း လိုတာမရ ရတာမလို ဖြစ်တဲ့ သူတွေကိုလဲ မင်္ဂလာပါလို့ ဂါရ၀ပြုလိုက်ပါရစေ....စိတ်အရင်းခံစေတနာမှန်နဲ့ပြောရရင် အဲလို လိုတာမရ ရတာမလိုတဲ့ အပျိုကြီး တွေ လူပျိုကြီးတွေကို သိပ်မုန်းတာဘဲ မေမေရယ်လို့ ပြောပြစ်လိုက်ချင်တယ်...သိကြတယ် မဟုတ်လား အဲလိုလူတွေက တော်တော်လေးကို ကပ်သီးကပ်သပ် ကိုယ်ကောင်းစားဖို့ ဘို့တစ်ဘို့တည်းကို ဘဲ ကြည့်တတ်ကြလွန်းလို့ ပါ ။ဒါပေမဲ့ အားလုံးကိုမပြောလိုပါဘူး ဘုရာဟောတရားတော်ပါဠိအထာကထာအရ "ကေစိ" သဒ္ဒါ ထည့်သုံးရမှာပေါ့ရှင်.....
အင်းဒါနဲ့ ပြောရဦးမယ်ရှင့် ရှင်တို့တွေအလုပ်လုပ်တဲ့ နေရာမှာ အဆင်ပြေအောင်ဆိုပြီး နောက်ဆိုရင် ဗီယက်နာမ်စာတွေ ဘာတွေသင်ထားကြတော့နော်...ဒီလောက်ပြောရင် သဘောပေါက်မှာပါ....ဦးသုမင်္ဂလလေသံနဲ့ပြောရရင် ...ဘာစာသင်ရမှာလဲဟေ့ ပရိတ်သတ်ကြီး ......ဗီယက်နာမ် စာပါဘုရား...... ကဲ ရှင်းရော ရှင်းရဲ့လား သဘောကောပါရဲ့လား...... အဲလိုလေးပေါ့ရှင်......
နို့စကားမစပ်....10 လပိုင်းကုန် လစာတွေတိုးတော့မယ်ဆိုဘဲ ...အဲဒါရော ဘာသတင်းအစအနလေးတွေကြားမိကြပါသတုန်းသတင်းချစ်သူပရိတ်သတ်ကြီးရဲ့ ။ ။ ....ကျွန်မ မြင်တာ သိတာ ကြားနေရတာတွေ ကို ပြောပြလိုက်ချင်တယ်ရှင် ...အိုက်တင်ခံမနေတော့ပါဘူးလေ..ပြောစရာရှိပြောရမှာဘဲ.....ပြီးမှတော့စိတ်မဆိုးကြလေနဲ့ စောစောစီးစီ တော့ကြိုပြောထားမယ်နော် တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါလို့ ......
အဖြစ်က ဒီလိုရှင့် ရှင်တို့ ရုံးတော်ကြီးမှာလေ ပြိတ္တာတွေ ကြီးစိုးပြီး သောင်းကျန်နေတယ်ဆိုတဲ့သတင်းလေ ...ပြိတ္တာ ကရိုးရိုးပိတ်တာမဟုတ်ဘူးနော် ဧရာမ ပြိတ္တာ ကြီး .....ဆိုလိုရင်က ဒီလိုပါ .ရှင်..... ဘယ်နှယ်ရှင် ရုံးကလစာတိုးဘို့ကိစ္စလေးတွေကိုပြောချင်တာပါ လတွေသာကုန်ကုန်သွားတယ် ဒုံရင်း က ဒုံရင်း အတိုင်းလစာထုတ်ထုတ်နေကြရတာလေ...ကဲကြည့် ခု 10 လပိုင်းကုန်တော့မယ် လစာအသံလေးတွေ ဟိုတစ်စ ဒီတစ်ဖုံ ပြောဆိုနေကြလေရဲ့ ...အဲအဆိုးဆုံးက ကိုယ်အိပ်ကပ်ထဲက စိုက်ပေးရတာမဟုတ်ဘဲ လူတစ်ယောက်ရဲ့ အရည်အချင်း ကိုကြည့်ပြီး လူကြီးတွေက လစာတိုးပေးပါတယ် ရှေ့မှာ ပြိတ္တာကြီးက ခံနေလေတော့ ဘာဖြစ်သွားမယ်ထင်လဲ ရှင်.....အားလုံးသိကြပါတယ်ရှင် ...ရှက်တတ်ရင် လဲသေဖို့သာ ကောင်းပါတော့တယ်.။ ဆက်ပြောရအုံးမယ်ရှင့် ရုံးတော်ကြီးမှာလေ.....CNO ,ANO အစရှိတဲ့ Department တွေအသီးသီးရှိကြလေရဲ့
လက်ရှိ ၀န်ထမ်းဝင်ထွက် စာရင်းကို ကြည့်လိုက်ရင် CNO က အ၀င်မရှိ အထွက်စာရင်းတွေများနေတယ်ဆိုတာ သတိပြုမိကြရဲ့လား CEO ဆိုတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်ကြီးရော သတိများထားမိပါလေစ ... အင်းပြောရမှာတော့အားနာပါတယ်ရှင် ပြောလက်စနဲ့ ဆုံးအောင်ပြောလိုက်ချင်လို့ပါ .. အင်တာဗျုးဖို့ ခေါ်ထားတဲ့ ဟို ပု၈္ဂိုလ်ကြီးကလည်း လေဘဲ ရှိတယ် ...ခုဆိုဘယ်လောက်ကြာနေပြီလဲ ရောက်နေတာ .....ပြောချင်တာက ဘယ်သူဘဲဖြစ်ဖြစ်ပါ CEO ဘဲ ဖြစ်ဖြစ် BOD ဘဲဖြစ်ဖြစ် အောက်ခြေကိုဆင်းပြီးလေ့လာကြည့်စေချင်ရုံသက်သက်ပါ ဘယ်လိုတွေဖြစ်နေလဲ ဆိုတာကိုပေါ့......သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း ကိစ္စကြီးငယ်တစ်ခုရှိလာရင် လက်မှတ်လေးထိုးပေးလိုက်တာနဲ့ မပြီးဘူးနော် နောက်ဆက်တွဲဘာတွေထပ်ဖြစ်လာလဲဆိုတာလေးတွေကိုပါ ထပ်ပြီး သုံးသပ်သင့်တယ်
အရင့်အရင်ကာလ သာဓကလေးတွေ ရှိခဲ့လို့ပါ တခြားတော့ဟုတ်ပါဘူး နိုင်ငံခြားသွားရမဲ့လူတွေ မသွားလိုက်ရဘဲ ကွက်ပျောက်ရိုက်ပြီး ဂွင်ကျော်သွားတဲ့ကိစ္စတွေပေါ့ လူသိနည်းပေမဲ့ ကျွန်မကတော့ အစအဆုံးသိလိုက်ရတယ်ရှင့်.... အဲဒါဘူ့လက်ချက်လို့ ထင်လဲလို့ မေးရင် ပြိတ္တာကြီးတွေပေါ့ရှင်ဘယ်သူရှိအုံးမလဲ ...
အင်းဒီပုံစံတိုင်းဆက်သွားနေရင်တော့ ကိုနက်ဝက်ကြီးတကယ်ရင်လေးမိတယ်ရှင်....ကျွန်မက စိတ်ပူပေးမိရုံသက်သက်ပါတကယ်လက်တွေအလုပ်တွေက အဲလောက်မလွယ်လှပါဘူး.. စိတ်ထဲထင်လိုက်မိတာတစ်ခုတော့ရှိတယ်ရှင် သတင်းတွေဂျာနယ်တွေမှာ လေပြေသွေးနေတဲ့ HOD အသစ်ကြီးလက်ထက်ရောက်မှ နည်းပညာ သမားတွေ ကျဆုံးခန်းဝင်နေရတယ်ဆိုတာ မဟုတ်မှ လွဲရော မင်းသားမက ရလို့ ပတ်မကြီးဓါးနဲ့ထိုးဖောက်နေသူများရှိလေရော့သလားဆိုပြီးတော့ ထင်လိုက်မိတာပါ... HOD တို့  CEO တို့ BOD က မောင်မင်းကြီးသားများကလည်း ငြိမ်ငြိမ်ထိုင်မနေဘဲ အောက်ခြေကိုဆင်း လေ့လာသင့်ပြီလို့ တိုက်တွန်းပြောပြချင်ပါတယ်ရှင့်.......
ပြောမယ်သာပြောရ လူဆိုတာကလဲ ပြောရခက်သားရယ်...အသက်လေးဘာလေးကြီးလို့ တရားလေးဘာလေးများသဘောပေါက်မယ်ထင်ထားတာ လားလားမှ သဘောမပေါက်တဲ့ သူတွေက ဒုနဲ့ဒေး ပါကလား ကျွန်မကိုယ်တိုင်တောင် တရာမရနိုင်သေးတော့ အဲလိုဘဲ သူများအတင်းတွေ ထိုင်ပြီးရေးနေရတာကိုသာကြည့်ကြပေတော့ ပရိတ်သတ်ကြီးရေ......
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
ဝဋ်မှာအမြဲ ငရဲမှာအပ .....
G_2.7= 200000 Ks ဒီလကုန်ရင် မြင်ရပေလိမ့်မည်။

ဘာသာမပြန်သင့်သော ကိစ္စများ

==============================
သိန်း(20) ရသောကြောင့် (15) သိန်းရသူများ မကျေနပ်မှုအသံများထွက်လာကြလေ၏၊
Team Work သင်တန်းအား တက်ရောက်ရမည့်သူများ မတက်ရောက်ဘဲ ပေါက်စနလူငယ်လေးများအား တက်ရောက်ခြင်းဖြင့် Team Work အလုပ်ကောင်းစွာလုပ်နိုင်လတ္တံ။
ပြည်တွင်းပြည်ပခရီးများနှင့်သင်တန်းများကို ထိပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များသာ တက်ရောက်လေ့လာမှုများ ရှိသောကြောင့် အောက်ပိုင်လူငယ်များအသံဆူညံစွာထွက်ပေါ်လာလတ္တံ။
(10) လပိုင်းကုန်လျှင်လစာများတိုးတက်ကောင်းမွန်လာလတ္တံ။
အများသူငါများ Mobile Sim Card များပရိုမိုးရှင်းပေးပြီး ဈေးကွက်ပြိုင်ဆိုင်နေချိန်တွင် မိမိတို့ Company သည် ၀န်ထမ်းများအား တစ်ဦးချင်းအမှတ်ပေးဇယားဆွဲပြီး ဆုံးဖြတ်ပေးလတ္တံ။
အဆောက်အဦးသစ်များ မကြာခဏတည်ဆောက်သောကြောင့် အသံပလံများဆူညံစွာထက်ပေါ်လာပြီး ဝေစုမတည့်သောပြသနာများ မကြာမကြာ ဖြစ်ပေါ်လာလတ္တံ
Project များလုပ်ရာတွင် စီနေရာနှင့်ဂျူနေလေးများ ကတောက်ကဆဖြစ်ပြီး ထိုProject ပြီးဆုံးလတ္တံ
ကားသမားများလစာတိုးရသောကြောင့်ပျော်ရွင်ကြည်နူးရုံမျှမက ကားဆီထုတ်ရောင်းချင်းနှင့် ရရှိသော အခွင့်အရေးများကို အပြည့်အ၀သုံးစွဲရ်ျ ညအချိန်လုံခြုံရေးများနှင့် အရက်ဝိုင်းဖွဲ့သောက်လတ္တံ။
မည်သို့ပင်ဆိုစေကာမှု လက်ရှိအချိန်တွင် CEO သည် ဆက်သွယ်ရေးဝန်ကြီးဦးသောင်းတင် ကဲ့သို့ အပြောနဲ့အလုပ်ညီမျှအောင်လုပ်မပေးနိုင်ရှိလတ္တံ
များမကြာမီကညှိနှိုင်းမှု ပျက်စီးသွားသော ဗီယက်နာမ် နေရာသို့ True ၀င်ရောက်ညှိနှိုင်းနေရာယူလတ္တံ
နောက်ဆုံ၏ အဆုံးသတ်နေရာပါးပါးလေးတွင် (သို့) နောက် (4)လ ကြာရ်ျမှ အလုပ်မလုပ်နိုင် ဒေ၀ါလီခံယူရ လတ္တံ......

အထက်ပါစာများသည် အီးမေးမှ ရရှိသော အင်္ဂလိပ်စာကို ဆီလျှော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

သူတို့ပြောတဲ့အဖြူရောင်စာရွက်မှတ်တမ်းများ

=========================================
အသီးသီးသာဓက အားဖြင့် တုန်လှုပ်လေကြကုန်ပြီမဟုတ်ပါလေတကား…မှတ်သားလောက်ပါပေတယ် အရပ်ကတို့ရယ်လို့ဘဲ ပြောရမလိုဖြစ်နေပါပြီရှင် ဒီတပါတ်တော့ပြောစရာတွေကတစီတတန်းကြီးက ကွက်ကွက်ကွင်းကွင်း ပေါ်လာလေတော့ ကျွန်မလည်းနေမထိထိုင်မသာ သာသာယာယာမနေတော့ဘဲ အသံလွှင့်ဌာနတစ်ခုက တင်ဆက်ပေးနေတဲ့ ဦးဦးနေဇော်နိုင်ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ကျွန်တော်ဆွဲဖွင့်မိသောတံခါးများလိုပေါ့လေ
ကျွန်မလည်း ၀ိုင်တီပီ၏ဆွဲဖွင့်မိသောတစ်ခါးများ လို့ပြောလိုက်ချင်ပါရဲ့ ……အရင်တစ်ပါတ်က ကျွန်မပြောခဲ့တဲ့ တိုးမယ်ဆိုတဲ့ကိစ္စကိုမှတ်မိလောက်ကြသေးတယ်ထင်ပါရဲ့ မှတ်မိကြမှာပါ လူတိုင်းကစောင့်စားနေတဲ့ (၁၀) လပိုင်းလကုန်ရက်ဆိုတော့……များမကြာမီကာလက ဖြစ်သွားတဲ့ ပူပူနွေးနွေးလေးဆိုတော့…..ဘယ်နှယ်ရှင် ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကြတယ် ဘာတယ်ဆိုပြီး ဝေဖန်ကြအုံးမယ် ….လစာပေးတာတဲ့တော်…စာရွက်ဖြုကြီးနဲ့ အံ့သြပါတော်….လို့ ပြောလိုက်ချင်ရဲ့...အဲ…စာရွက်ဖြူကြီးကိစ္စ အကြောင်းပြချက်တော့မပေးနဲ့နော် လူကြီးမင်းခရီးလွန်နေလို့ ဘာတို့ မပြောနဲ့လူကြီးမင်းကိုယ်တိုင်က ဘယ်လိုလဲ မေးမှ ရုတ်ချည်းစီစဉ်လိုက်ရတာလေ သိသူများကတော့ သိကြသပေါ့ရှင်…
နောက်ပိုင်းကြမှ စာရွက်လေးတွေထုတ်လို့ ရပါပြီတို့ ဘာတို့လုပ်တာတော့ ဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စလေ ပြောကြပါအုန်းရှင်..ကိုယ်လုပ်အားခလေး ဘယ်လောက်ရတယ်ဆိုတာနဲ့ ဖြတ်တောက်ခြင်းဆိုင်ရာ ကိစ္စကို ကျွန်မအပါဝင်လူတိုင်းသိချင်ကြတာပေါ့…. အဲလိုပေးချင်လဲ စောစောစီးစီးမပေးပါနဲ့လား တစ်ရက်လောက်နောက်ဆုတ်လဲဘယ်သူမှ အပြစ်ပြောမှာမဟုတ်လောက်ပါဘူး….သေချာစီစဉ်ပြီးမှလုပ်သင့်တဲ့ကိစ္စကိုပြောတာပါရှင်… ဒီတော့ကျွန်မအပါဝင်ရုံးကလူတော်တော်များများမှာ ဒါလေးတိုးဖို့ နှစ်ကာလအချိန်တစ်ခုပေးပြီးတောင်စောင့်ခဲ့ရသေးတာဘဲမဟုတ်လား…တစ်ရက်တစ်မနက်ဆိုတာလောက်ကတော့ ရိုးအီနေပါပြီရှင်…ဒါတွေဘဲပြောနေလို့လဲမပြီးသေးပါဘူး အထက်ကကိစ္စတွေက ပထမပိုင်းကိစ္စပေါ့လေ…အဲလိုလုပ်လို့ကောင်းကျိုးများရလာမလားမှတ်တဲ့ ဒုတိယအချက်ကပေါ်လာပြန်ပါလေရော… ဖဲမဖြစ်တော့ ဖီးတက်နေတဲ့သူတွေက ပေါ်လာပြန်ကြပါလေရော။သူတိုးငါတိုး ..တိုးတယ်မတိုးဘူးဆိုတဲ့ ကိစ္စတွေကပေါ်လာ့ပြန်ပါသတဲ့ရှင်…တိုးပေးသင့်တဲ့သူတိုးပေးရပေမပေါ့ ဘာမဟုတ်ဘဲ ကိုယ် အိပ်ကပ်ထဲကစိုက်ထုတ်ရတာမဟုတ်ဘဲသ၀န်တိုနေတဲ့သူကရှိသေး အင်းအဲလိုလူတွေဘယ်ချိန်မှတရားရမှာလဲလို့ မေးလိုက်စမ်းချင်ပါဘိ။ စွမ်းဆောင်ရည်မရှိ အရည်အချင်းညံ့ဖျင်း အဲလိုကြောင့်မတိုးပေးတာဆိုရင်တော့လဲ လက်ခံရမှာပေါ့… ခုတော့ရှင်…..ရသင့်ရထိုက် ပေးသင့်ပေးထိုက်ပါရဲ့နဲ့များ………..တယ်လည်းရွှေဥဏ်တော်စူးရောက်ကြပါရဲ့…ကဲခုတော့မှတ်ပလား
ထွက်စာတဲ့…. ကောင်းလိုက်တဲ့ဆုံးဖြတ်ချက်….လုပ်ကြ လုပ်ကြ…အကုန်လုံးထွက်ပြီးအေးတာဘဲဆိုရင်တော့..နောက်ဆုံးဘိတ်အိတ်နဲ့မလွယ်ဘဲ အကြံတူနောက်လူဖာဖြစ်သွားမှာပါဘဲလို့သာ ခပ်ရိုင်းရိုင်းပြောလိုက်ချင်တော့တယ်ရှင်။ အရင်နေ့ကလည်းတွေ့လိုက်ပါသေးရဲ့ ထွက်စာကို ဆိုရှယ်နက်ဝက်မှာတင်လို့ ရှင်းလိုက်ကြတဲ့ပြသနာပေါင်းစုံတွေလေ ရေပန်းစာတဲ့စကားလုံးတွေဆိုပလူကိုပျံလို့…. အင်းဘောင်းဘီချွတ်လူကြီးတွေနဲ့ ဌာနမှုးကြီးတွေ ဘီအိုဒီကြီးတွေ စီအီးအိုကြီးတို့လည်း meeting ဘဲလုပ်မနေကြနဲ့ရှင် အောက်ကိုလဲ ပြန်ငုံကြည့်ပါအုံးလို့ တိုက်တွန်းချင်ပါတယ်…..
ကျွန်မလေ့လာသုံးသပ်ဆန်းစစ်ကြည့်တာပြောရမယ်ဆို မကြာမီ CNO Operation ကြီးတော့ ဂွမ်းတော့မယ်ထင်ပါရဲ့ရှင်…ဒါကထင်သာမြင်သာအောင်ပြောရတာပါ ပြောမပြနိုင်တဲ့ ကိစ္စတွေက တစ်ပုံတစ်ပင်ကြီှးရှိနေသေးတယ်လေ…. ကွန်နက်ရှင်တွေကလည်းလေးလံထိုင်းမှိုင်းစုတ်ပြတ် လာတာကလည်းတစ်ကြောင်း လူတော်လူကောင်းတွေက ရေပန်းစားတဲ့စကားလုံးတွေကို တည်ဆောက်နေကြတာကတစ်ကြောင်း….ဖြစ်သင့်ပါတယ်ရှင်…ဖြစ်ကိုဖြစ်သင့်တယ်…ထင်တာမှန်းပြောရရင် သူတို့ပြောပြောနေတဲ့ Routing တိုင်ပတ်နေတယ်ဆိုလားဘာဆိုလားပါဘဲ…Routing ကိုင်တဲ့ကိုကိုက များမကြီမှီသကာလ ရေပန်းစာတဲ့ စကားလုံးသုံးသွားရှာလေတော့ ဖြစ်နိုင်ကောင်းပါရဲ့လေ ဒါနဲ့များအပြောကောင်းအောင် Bandwith ကိစ္စကို စကားပြောရင်ထည့်ထည့်ပြောတာလောက်မုန်းတာမရှိဘူးရှင် ..ဟူးးးးးးးးးးးးးးး ပြောမယ်ဆိုပြောစရာတွေပါဘဲ……
စကားမစပ်ထမင်းစားဆောင်ကြီးကတော့ပြီးသွားပြီ စားရောစားကြပြီလား။ စားတဲ့သူတွေတော့စားကြပြီးတော့မပေါ့ရှင်….ထမင်းပြောပါတယ်…
ဘာတဲ့ဟိုကြည်ကောင်းဟန်ဆိုလားဘာဆိုလားကတမှောင့် ကျွန်မကိုရှိခိုးပါရဲ့နော်တဲ့……ဖတ်လိုက်ရတဲ့စတေးတပ်တွေပြောတာပါ….. မေ့ဆေ့ဘောက်ကနေတစ်မျိုး မုန့်ကျွေးမယ်ပြောတဲ့သူကပြော….နာမည်သိချင်လို့မေးတဲ့သူကတစ်ဖုံ ဘကြီးသက်လားလို့ လွဲတဲ့သူက အသွယ်သွယ်… ကျွန်မကိုဘာလုပ်လဲ စောင့်ကြည့်တဲ့သူက အများသား ပို့လိုက်ကြတဲ့မေးတွေကလဲ ပွစိတက်
တယ်လည်းရှင်းပြရခက်သကိုးရှင်….ကျွန်မလည်းဒါတွေပြောနေလို့မပြီးသေးဘူး ရှင်တို့တွေကိုပေးဖို့ လစာစလစ်လေးတွေးရိုက်ဖို့ အကြွေးကျန်လေးဆက်ရှင်းလိုက်ပါအုံးမယ်ရှင်…
ကဲဒီတစ်ပါတ်တော့ ဒီလောက်နဲ့ဘဲကျေနပ်ပေးကြပါတော့လို့ ပြောရင်း
ဖုဌဿလောကဓမ္မေဟိ စိတ္တံယဿနကမ္မတိ လို့ပြောလိုက်ပါရစေတော့လားရှင်။
စာကြွင်း = များမကြာမှီကာလ သတင်းထူးတစ်ခု ရက်ပိုင်းအတွင်းကြားရ ကုန်လတ္တံ

Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons