
==========================================================
"လက်ရှိမြန်မာနိုင်ငံသိုင်းလောကအခြေအနေ" သိုင်းလောကထဲတွင် သိုင်းသမားကြီး
MPT သည် နာမည်အကြီးဆုံးဖြစ်သည့် သူဆီသို့ အူရီဒူး နှင့် တယ်လီနော
ဆိုသောသိုင်းသမားနှစ်ဦး ယှဉ်ပြိုင်မည်ဟုကြွေးကြော်ကာ ရောက်လာခဲ့သည်။ MPT
သည်ပြုံးပြုံးကြီနှင့်လက်ခံလိုက်သည်။ သူသည်ခေသူတော့မဟုတ်ပေ။ တစ်ခေတ်တခါက
သိုင်းလောကတွင် ၁၅ သိန်းသိုင်းဖြင့် နာမည်ကြီးခဲ့ဖူးသူဖြစ်သည်။နောက် ၅
သိန်းသိုင်း ၂ သိန်းသိုင်းတို့ဖြင့်အောင်မြင်ခဲ့ပြီး ယခု ၁၅၀၀သိုင်း
ဆိုသည့်နာမည်တစ်လုံးဖြင့် ရပ်တည်နေခဲ့သူဖြစ်သည်။ သကောင့်သားနှစ်ဦးကတော့
အင်တာနက်မြန်နှုန်းမြင့်သိုင်း Video Call ဝန်ဆောင်မှု့အကောင်းဆုံးပေးသိုင်း
တို့ကိုတတ်မြောက်ထားပြီး MPT ကိုယှဉ်ပြိုင်ခြင်းဖြစ်သည်။ လက်ရှိ MPT
၏နာမည်အကြီးဆုံး အဝိုင်းလည်သိုင်းကို အနိုင်ယူမည်ဟု ကြွေးကြော်ထားသည်။...