
ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် နေ့စဉ်နှင့် အမျှ ယာဉ်တိုက်မှု
အသေးနှင့် ယာဉ် မတော်တဆ မှုများ ရန်ကုန်မြို့ အနှံအပြားတွင် ဖြစ်ပေါ်လျှက်ရှိ
ရန်ကုန် သြဂုတ် ၁၉
ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် နေ့စဉ်နှင့် အမျှ ယာဉ်တိုက်မှု အသေးနှင့်
ယာဉ် မတော်တဆ မှုများရန်ကုန်မြို့ အနှံအပြား ဖြစ်ပေါ်လျှက်ရှိရာ အဆိုပါ
ယာဉ်တိုက်မှုများတွင် လူထိခိုက် ဒဏ်ရာ ရရှိမှု မရှိပဲ ကားပျက်စီးမှုသာ
ဖြစ်ပေါ်သော အမှု အများစုသည် ယာဉ်မောင်းများ အချင်းချင်း ညှိနှိုင်း၍
အခင်းဖြစ်နေရာမှ လမ်းရှင်းရာ နေရာမော်တော်ယာဉ်အား နေရာရွှေ့ပြောင်း ယူသွား
တတ်ကြပြီး ယာဉ်မောင်း အချင်းချင်း ဖြစ်စေ၊ ယာဉ်ထိန်း အကူအညီ ရယူ၍ ဖြစ်စေ
မှားသည့် ယာဉ်ဘက်မှ လျှော်ကြေးငွေ ပေးချေသော ညှိနိုင်းမှု မျိုးဖြင့်သာ
ဖြေရှင်းသွားတတ်ကြသည်။
ယာဉ်ထိန်းဘက်မှလည်းရုံးပြင်ပတွင်ညှိနှိုင်းမှုမပြေလည်ပါကအမှုဖွင့်ရခြင်း၊အမှုတည်ဆောက်ရခြင်း၊
...