Thursday, June 12, 2014

မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ကျောင်းကိစ္စ သာသနာရေးဆိုင်ရာ ရှင်းလင်းပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင်ဦးဇင်ဝိုင်းလျှောက်ကြားချက်။

၂၀၁၄ မတ်လအတွင်းက...
မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့်
ပတ်သက်သည့် ကျောင်းကိစ္စ သာသနာရေးဆိုင်ရာ
ရှင်းလင်းပွဲကို တက်ရောက်လာတဲ့
သရုပ်ဆောင်ဦးဇင်ဝိုင်း
(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း) ရဲ့
လျှောက်ကြားချက်။

==================
" ပီနန်ဆရာတော်ဘုရားကြီးအမှူးပြုသော
သံဃာတော်အရှင်သူမြတ်များကို
တပည့်တော်ရိုသေစွာဦးခိုက်ရှိခိုးပါတယ်ဘုရား။
အရှင်ဘုရားတို့ ရှင်းလင်းပြောပြမိန့်တော်မူခဲ့တဲ့

သုံးရက်ကြာ မိုးကြီးမည်


  အာရေဗျ ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော နွားနောက် မုန်တိုင်းအရှိန် ကြောင့် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ နောက်သုံး ရက်အထိ မိုးကြီး မည် ဖြစ်ပြီး ရေကြီး ရေလျှံမှုများဖြစ် ပေါ်လာနိုင်ကြောင်း သတင်း ရရှိသည်။

နွားနောက်(Nanauk) မုန်တိုင်း အရှိန် ကြောင့် မုတ်သုံမိုးအား ကောင်းလာခြင်းဖြစ် ပြီး ရန်ကုန်၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည် နယ်တို့ရှိ နေရာ ၁၁ နေရာတွင်

ကျပ်သိန်း ၃၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဆက်သွယ်ရေး ၀န်ထမ်းများအား နေပြည်တော်မှ စစ်ဆေး


ပုသိမ် ၊ ဇွန် ၎

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီး ဌာနမှ နေပြည်တော် အင်ဂျင်နီယာ ချုပ် တာဝန် ထမ်း ဆောင်နေသော ဦးသန်းထွန်း (ယခင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဧရာဝတီတိုင်း လက်ထောက် အထွေထွေ မန်နေဂျာ)၊ AE ဦးသန်းအုန်း၊ AE ဒေါ်ဆွေ မာတို့အား ကျပ်သိန်း(၃၀၀၀)ကျော် အလွဲသုံးစား ပြုလုပ် သည် ဟုဆိုကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရေ ကြည်မြို့နယ်မှ စက်မှု(၄)ဦးနိုင်ဝင်း ၏ တိုင်ကြားထားမှုကို မေလ(၁)ရက်နေ့တွင် ဧရာဝတီတိုင်း ဆက်သွယ်ရေးရုံး၌ သက်ဆိုင်ရာဝန်ကြီးဌာနမှ လာ ရောက်စစ်ဆေး ခဲ့သည်။

ဒေးဒရဲမြို့ ဒီရေကာတောစိုက်ပျိုးသူ ၃၇ ဦး တရားစွဲခံရ

 
 
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်ရှိ ဒီရေကာတောစားကျက်မြေအတွင်း သစ်ပင်စိုက်ပွဲ ဦးဆောင်ပြုလုပ်သူနှင့် သစ်ပင်စိုက်ပျိုးသူ ၃၇ ဦးအား စားကျက်မြေအတွင်း လယ်ယာမြေ လုပ်ကိုင်နေသူများက နယ်မြေခံရဲစခန်းများတွင် အမှုဖွင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ဒီရေကာတောစားကျက်မြေအတွင်း သစ်ပင်စိုက်ပွဲဦးဆောင်သူ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးကွန်ရက် (HRWDN) အဖွဲ့မှ ဦးထွန်းထွန်းဦးနှင့် ကျုံဒါက် အုပ်စု၊ တော်ကနိ-ညောင်လိန်ကုန်းကျေးရွာမှ ဒေသခံ ၂၅ ဦးအား မေလ ၂၅ ရက်နေ့တွင် ကျံဒါးရဲစခန်း၌ လည်းကောင်း၊ တော်ပေါင်စိန် ကျောင်းဆိပ်ကျေးရွာမှ ဒေသခံ ၁၁ ဦးတို့အား ဇွန်လ ၇ ရက်နေ့တွင် ဆူးကလပ် ရဲစခန်း၌လည်းကောင်း လယ်သမားများက ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု) အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

သစ်ပင်စိုက်မှုကြောင့် တရားစွဲခံရသည့်ကိစ္စများနှင့်ပတ်သတ်၍ HRWDN အဖွဲ့နှင့် ဒေးဒရဲဒေသခံများ ပူးပေါင်းကာ ပုသိမ်မြို့တွင် တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။
တရားစွဲခံနေရသည့် တော်ကနိ ညောင်လိန်ကုန်းကျေးရွာမှ ဒေါ်စိုးစိုးက   “ကျမတို့ဒေသမှာ ပင်လယ်ဒီရေတိုက်စားတာ တအားဖြစ်နေလို့ သဘာဝဘေး ကာကွယ်ရမယ်ဆိုတဲ့ အသိနဲ့ နဂိုမူလကရှိခဲ့တဲ့စားကျက်မြေထဲမှာ ဒီရေကာတောအပင်တွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ ၀ိုင်းဝန်း စိုက်ပျိုးခဲ့ကြတာပါ။ အဲဒါကို စားကျက်မြေထဲမှာ နှစ်ပေါင်းများစွာ ကျူးကျော်လယ်လုပ်နေခဲ့တဲ့ လယ်သမားတွေက

Wednesday, June 11, 2014

ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီ ဆုံးဖြတ်ပြီ


ဒေါ်အောင်ဆန်းစုကြည်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တော့ပေ။(ဓာတ်ပုံ-ဟိန်းထက်/ဧရာဝတီ)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရရှိစေရန် တားဆီး နေသော ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်များကို မပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ကျင်းပ သော အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။
“ပုဒ်မ ၅၉ (စ) လုံး ပြင်ဖို့၊ မပြင်ဖို့ မဲခွဲဆုံးဖြတ် တယ်။ ပုဒ်မ ၅၉ (စ) ပြင်ဖို့ ထောက်ခံမဲက ၅ မဲပဲရှိတယ်။ မပြင်ဆင်ဖို

ပညာရှင်များသတိထား

ဒေါက်တာဗမော်ဟာ အနောက်တိုင်း က ပညာတတ်တယောက်ပဲ ။ ပညာရှင်ပဲ။ မြန်မာပြည်မှာ အဦးဆုံး
ဒေါက်တာ ဘွဲ့ ရ သူတွေထဲမှာ ပါတယ်။ 


 ဓာတ်ပုံ- redbuddle.com

ဒါပေမယ့် သမိုင်းမှာ မှားနေတဲ့ ဖက် ( Wrong Side of History ) မှာ ရပ်တည်မိတော့ ၊ မပေါင်းသင့်တဲ့ သူနဲ့ ပေါင်းမိတော့ သမိုင်း နိဂုံးချုပ် မကောင်းဘူးဖြစ်ရတယ်။ တကယ်တော့သူမှာ ချီးကြူး ဂုဏ်ပြုရမယ့် အရာတွေအများကြီးရှိတယ်။ 

ခု ခေတ် ပညာရှင်လို ပြောနေတဲ့သူတွေနဲ့ဘာမှ မဆိုင်ဘူး။ 

၁။ သူက သူခေတ်သူအခါက တကယ်ပညာ တတ် တဲ့သူ။ အနောက်နိင်ငံက ဒေါက်တာဘွဲ့ ရ။ ဗိုလ် ချုပ်အောင်ဆန်း တို့  ဦးကျော်ငြိမ်းတို့ က သူကို ဆရာကြီးလို့ ခေါ်ခဲ့ရတယ်။ ( သူအသက် ၄၀ ခန့်  သာ ရှိသေး) 

၂။ ချမ်းသာတယ်။ နိင်ငံရေးကို ကိုယ်အိပ်ထဲက ကို်ယ်စိုက် လုပ်ခဲ့တယ်။ လာဘ်စားခဲ့တယ်ဆိုတဲ့ အထောက်အထား မရှိဘူး။ 

၃။ လွတ်လပ်ရေးအတွက် တကယ်လုပ်ခဲ့တယ်။

မဟာသန္တိသုခ ကျောင်းတိုက်တွင် မင်္ဂလာဧည့်ခံပွဲများ ကျင်းပခွင့်ပြုမထားဟု သာသနာရေး တာဝန်ရှိသူငြင်း



ရန်ကုန်မြို့တွင် မင်္ဂလာ ဆောင် ဧည့်ခံပွဲအများအပြား လက်ခံ ပြုလုပ်နေသည့် တိုင်း သံဃာဆရာတော်များ၏ ချိပ် ပိတ်ခံရသော မဟာသန္တိသုခ ကျောင်းတိုက်တွင် မင်္ဂလာဆောင် ဧည့်ခံပွဲများ ကျင်းပခွင့်မပြုထား ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောသည်။

မိုးသီးဇွန်နှင့် မိုးဟိန်းကို အမည်ပျက်စာရင်းသွင်း


 သမ္မတဦးသိန်းစိန်လက်  ထက်တွင်  ပထမဆုံးအကြိမ်အ ဖြစ်  အခြားနိုင်ငံသားခံယူထား သည့် မြန်မာလူမျိုးနှစ်ယောက်ကို အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ  သတင်းရရှိသည်။

  သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင်  အခြားနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံရေးသမား များနှင့် ကျွမ်းကျင်အတတ်ပညာ ရှင်များကို အမည်ပျက်စာရင်းများ မှ ပယ်ဖျက်ပေးခဲ့ပြီးနောက် ယခု လို ပထမဆုံးအကြိမ်အခြားနိုင်ငံ သားအဖြစ်ခံယူထားသူမြန်မာနိုင် ငံသားနှစ်ဦးအား အမည်ပျက်စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်မွေးဖွားပြီး အမေရိကန်နိုင်ငံသားခံယူထားသူ မိုးသီးဇွန်၊ မိုးဟိန်းနှင့်အမေရိကန် နိုင်ငံသားနှစ်ဦးအပါအ၀င်လေးဦး တို့ဖြစ်သည်။ ၎င်းတို့ကို မြန်မာနိုင်ငံသို့ပြေးဆွဲနေသော   နိုင်ငံတကာလေကြောင်းလိုင်းများတွင် တင်ဆောင်လာခြင်းမပြုရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

‘‘အခုမှ အမည်ပျက်စာရင်း သွင်းလိုက်တာပါ။ မြန်မာနိုင်ငံကို ဘယ်နှနှစ်မလာရဘူးဆိုတာမျိုး တော့ မရှိပါဘူး’’ဟု လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနအကြီးတန်းအရာရှိတစ် ဦးကပြောသည်။

အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ မိုးသီးဇွန်သည် လူ့ ဘောင်သစ်ပါတီတည်ထောင်သူ တစ်ဦးဖြစ်ကာ ပြီးခဲ့သည့်လက ဗီဇာသက်တမ်းလွန် နေထိုင်မှုနှင့်အစိုးရက လ၀ကဥပဒေအရ ပြည်တွင်းမှထွက်ခွာရန် အကြောင်းကြားခဲ့ပြီးနောက် ဗီဇာသက်တမ်းတိုးရန် ထိုင်းနိုင်ငံတွင် ရောက်ရှိနေခြင်းဖြစ်သည်။

  ‘‘အမည်ပျက်စာရင်းကို ဘယ်တုန်းက ထည့်ထားလဲဆို တာတော့မသိဘူး။ ကျွန်တော်ရှိနေခြင်းဟာ  လက်ရှိငြိမ်းချမ်းရေးကိစ္စ၊အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုအရှိန်မြင့်နေတဲ့ကိစ္စတွေပါ ပါဝင်ပတ်သတ်မယ်။ ဒါတွေကို တစ်လျှောက်လုံးပွင့်ပွင့်  လင်းလင်းနဲ့ပြောထားပါတယ်။ အဲဒါတွေအပေါ် အငြိုးထားပုံရပါတယ်’’ဟု ဘန်ကောက်မြို့သို့ရောက်ရှိနေသည့်  မိုးသီးဇွန်ကအွန်လိုင်းမှ တစ်ဆင့်ပြောကြားသည်။

 ဗီဇာသက်တမ်းတိုးခြင်းကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ၎င်း ၏မိခင် ထောက်ခံချက်ဖြင့် သွား ရောက်လျှောက်ထားခဲ့သော် လည်းဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးမှနေ၍ ပြန်လျှောက်ရန် ညွှန်ကြားခဲ့ကြောင်း၊ထိုသို့ ညွှန်ကြားခဲ့သော်လည်း မည်သည့်အချိန်တွင်  ဗီဇာပြန်ပေးမည်ဆိုသည်ကို အတိအကျပြန်ကြားခဲ့ခြင်းမရှိကြောင်း မိုးသီးဇွန်ကပြောသည်။

 ဦးမိုးဟိန်းသည် သူရိယအလင်းဂျာနယ်ကို ထုတ်ဝေခဲ့ပြီး နောက် ဂျာနယ်တိုက်ပိတ်သိမ်းခံရကာ သူရိယနေ၀န်းဂျာနယ်အဖြစ် အမည်ပြောင်းလဲထုတ်ဝေခဲ့သူဖြစ်သည်။

   သမ္မတဦးသိန်းစိန်လက် ထက်တွင် အမည်ပျက်စာရင်းဝင်အဖြစ်သတ်မှတ်ခံရသူ  ခြောက်ထောင်ကျော်အနက် နှစ်ထောင်ကျော်အားပယ်ပေးခဲ့သည်။

Author: အိဖြူမွန်
7Day Daily
မိုးသီးဇွန်

မိုးဟိန်း

မိုးရွာစဉ် ဟန်းဖုန်းရင်ဘတ်ထဲ ထည့်ထားသူ လျှပ်စစ်သံလိုက် စက်ကွင်းမိပြီး သေဆုံး


 မိုးရွာစဉ် ဟန်းဖုန်းကို ရင်ဘတ်ထဲထည့်ပြီး လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး လျှပ်စစ်သံလိုက် စက်ကွင်းမိကာ နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်ကြီးမြို့နယ်တွင် ဇွန်လ ၆ ရက်ညနေပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးရွာချိန်၌ မိုင်ကုန်း အမျိုးသမီး တစ်ဦးသည် စက်ဘီးတွန်း၍ ရွာသို့ ပြန်စဉ် ဟန်းဖုန်းကို အိတ်ဖြင့်ထည့်ကာ ရင်ဘတ်အတွင်း ထည့်ထားသည်။

ထိုစဉ် လျှပ်စီးလက်ပြီး ဖုန်း တွင်း လျှပ်စစ်ဓာတ်စီးဝင်ကာ ဖုန်းမျက်နှာပြင်

ရန်ကုန်မြို့၏ အဆမတန် များပြားလာသည့်လူဦးရေနှင့် ကျောချစရာ တစ်နေရာ


ရန်ကုန်မြို့၌ နေထိုင်သော လူဦးရေမှာ တစ်နိုင်ငံလုံးနှင့် စာလျှင် အဆမတန် များပြားမြင့်တက် လာသည့်အတွက် လူဦးရေ ၁ဝ သန်း ဝန်းကျင် နေထိုင်ရန် အိမ်ခြံမြေ အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်။

လူဦးရေ မြင့်တက်လာရခြင်း၏ ပင်မအဓိက ကျသော အကြောင်းအရင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး လမ်းကြောင်း ပြောင်းလဲခြင်းနှင့် အတူ ဖွံ့ဖြိုး တိုးတက်လာသော စီးပွားရေး လုပ်ငန်းများကြောင့် ဖြစ်လေသည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ စနစ် စတင် ကျင့်သုံးလာသော အခါ နိုင်ငံတကာမှ

နိုင်ငံတကာတွင် ဖွဲ့စည်းပုံကို လက်တွေ့ကျင့်သုံးပြီးမှ ပြင်ဆင်ဟု သမ္မတသတိပေး


လက်ရှိအချိန်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အတိုက်အခံနိုင်ငံရေးအင်အားစုများက ဆောင်ရွက်နေသော်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာတွင်ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ဥပဒေများသည် ကာလအတိုင်းအတာတစ်ခုထိ လက်တွေ့ကျင့်သုံးပြီးမှ အားသာချက်၊ အားနည်းချက်များကို အချိန်ယူလေ့လာသုံးသပ်ပြီး အမှားအယွင်းနည်းအောင် ပြင်ဆင်ဆောင်ရွက်လေ့ရှိသည်ကိုတွေ့ရသည်ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။
နေပြည်တော်တွင် ဇွန်လ ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများကို လမ်းညွှန်မှာကြားခြင်း အခမ်းအနားတွင် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမ္မတ ဦးသိန်းစိန်က ယင်းသို့ ထည့်သွင်းပြောကြားလိုက် ခြင်းဖြစ်သည်။
လက်ရှိ အချိန်တွင်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပြည်သူတို့ထံမှ လက်မှတ်များ ကောက်ခံနေသည်။
သမ္မတ ဦးသိန်းစိန်က “ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းကို လေ့လာကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် နိုင်ငံအတွက် လိုအပ်တဲ့ဥပဒေတွေကို ပြဋ္ဌာန်းပြီးတဲ့အခါမှာ ကာလအတိုင်းအတာတစ်ခုထိ လက်တွေ့ ကျင့်သုံးကြည့်ပြီး အားသာချက်၊ အားနည်းချက်တွေကို အချိန်ယူပြန်လည် လေ့လာသုံးသပ်ပြီးမှ အမှားအယွင်း နည်းအောင် ရေရှည်မြော်မြင်ပြီး ပြင်ဆင်ဆောင်ရွက်လေ့ရှိကြတာ တွေ့ရှိရပါတယ်” ဟု မိန့်ခွန်းတွင် ပြောသည်။
လွှတ်တော်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များသည် အချိန်မီပြဋ္ဌာန်းရန် ဥပဒေများကျန်ရှိနေသည်ဟုလည်း ပြောကြားသည်။
နိုင်ငံရေးအင်အားစုများကလည်း ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းများကိုရှောင်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာရမည်ဟုလည်း သမ္မတက ပြောသည်။
အရေးယူသင့်သည့် ၀န်ထမ်းများကိုလည်း အရေးယူရန်လိုပြီး ၀န်ကြီးဌာနများတွင် အချို့သည် သိသာစွာ တိုးတက်ပြောင်းလဲလာသော်လည်း မပြောင်းလဲသေးသည့်၊ စွမ်းဆောင်ရည် ကျဆင်းနေသည့်ဌာနများ ရှိနေသောကြောင့် ၀န်ထမ်းများစွမ်းဆောင်ရည်ပြည့်အောင် capacity building တည်ဆောက်ခြင်း၊ ယှဉ်ပြိုင်မှုဖြင့် ရာထူးအဆင့် တိုးပေးခြင်း၊ အရေးယူသင့်သည်ကို အရေးယူခြင်းဖြင့် အုပ်ချုပ်ရေးယန္တရား စွမ်းဆောင်ရည် တိုးမြင့်အောင်ဆောင်ရွက်သင့်သည်ဟုလည်း ၀န်ကြီးများကို တိုက်တွန်းလိုက်သည်။
လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင်ကလည်း လွတ်လပ်စွာရပ်တည်ပြီး ပီပြင်စွာဆောင်ရွက်သွားရန်လည်း ၎င်းကပြောကြားသည်။
ပညာရေးကဏ္ဍတွင်လည်း ဘဏ္ဍာငွေ ပိုမိုသုံးစွဲမည်ယင်းအပြင် ပညာရေးကဏ္ဍတွင်လည်း လာမည့်နှစ်တွင် ဘဏ္ဍာငွေကြေး ပိုမိုသုံးစွဲပြီး အရှိန်အဟုန်မြှင့်တင်မည်ဖြစ်သောကြောင့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ မိဘများကလည်း ပညာရှင်များနှင့်ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ နီးနီးကပ်ကပ် ညှိနှိုင်း ပူးပေါင်းသွားရန်လည်း ပြောကြားသည်။
ယင်းအပြင် ပြည်နယ်နှင့်တိုင်းများတွင် ရန်ကုန်နှင့် မန္တလးကဲ့သို့ အထူးကုဆရာဝန်ကြီးများနှင့် ခေတ်မီစက်ကိရိယာများ ဖြည့်ဆည်းရန်ဆောင်ရွက်သွားမည်ဟုလည်း ပြောသည်။
အလုပ်လက်မဲ့ စာရင်းများကောက်၍ အလုပ်အကိုင်ရရှိရေးဆောင်ရွက်သွားမည်ဟုလည်း သမ္မတ၏ မိန့် ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

မန္တလေးနန်းတွင်းကို ဘယ်သူပိုင်သလဲ

မြန်မာဘုရင် နောက်ဆုံးစိုးစံခဲ့တဲ့ မန္တလေးနန်းမြို့တွင်းကို အသက် (၂၀) ၀န်းကျင်ရှိ မန္တလေးမြို့ခံ လူငယ်အများစု မရောက်ဖူးဘူးလို့ ပြောလာရင် စာဖတ်သူတို့မအံ့သြပါနှင့်။ အသက်(၂၀)ကျော်နှင့် (၄၀)ကြား လူလတ်ပိုင်း အများစုသည်ပင်လျှင် နှစ်ပေါင်း၁၅၀ ကျော် သက်တမ်းရှိ နန်းမြို့တွင်းကို မရောက်ဖူးကြတော့ပေ။
နန်းတွင်းအပြင်ဘက်ကသာ နီစွေးစွေး အုတ်မြို့ရိုးကို ဖြတ်သွားဖြတ်လာ မြင်ဖူးကြပါသည်။ လူငယ်အချို့ကို တစ်မိုင်ခွဲခန့် အကျယ်ရှိ နန်းတွင်းထဲတွင် ဘာရှိသလဲဟု မေးခွန်းထုတ်ကြည့်သောအခါ စစ်တပ်တွေရှိသည်ဟု ဖြေကြသည်။

မြို့ခံလူငယ်အများစုသည် နန်းတွင်းထဲတွင် မြန်မာဘုရင်နှစ်ပါး နန်းစံခဲ့သည့် မြနန်းစံကျော်ရွှေ နန်းတော် အပါအ၀င် ကုန်း ဘောင်ခေတ် မြန်မာ့ယဉ်ကျေးမှု လက်ရာအဆောက်အအုံများ၊ ဇာတိသွေး ဇာတိမာန်တက်ကြွ စေမည့် အငွေ့အသက်များ ထုံ မွမ်းနေသည့် နေရာများရှိနေသည် ကို မသိရှိကြတော့ပြီ ။ မရောက်ဖူးကြခြင်းသည် မသွားရောက် ကြခြင်းကြောင့် မဟုတ်ပါ။ နန်းတွင်းထဲတွင် အခိုင်အမာ တပ်စွဲ ထားသော စစ်တပ်က အတွင်း သို့ဝင်ရောက်လာကြကုန်သော အများပြည်သူကို လုံခြုံရေး အကြောင်းပြပြီး အလွယ်တကူ ၀င်ခွင့်မပေးသောကြောင့် ဖြစ်သည်။ သမိုင်းဝင် ရှေးဟောင်း နန်းတွင်း၏ လုံခြုံရေးတော့ မဟုတ်တန် ကောင်းချေ။

အမှန်တကယ်တော့ နန်းတွင်းထဲတွင် စစ်တပ်တပ်စွဲထားခြင်းသည် ယခုမှမဟုတ်ပါ။ မန္တလေးရတနာပုံ နေပြည်တော် နယ်ချဲ့လက်အောက်ရောက်ရှိခဲ့သည့် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်ကတည်းက အင်္ဂလိပ်စစ်တပ်များ မြို့နေလူထု လုံခြုံရေးထက် သူတို့လုံခြုံရေးကို ကာကွယ်သည့်အနေဖြင့် တပ်စွဲ နေရာယူခဲ့သည်။ ထိုအချိန်ကစပြီး လွတ်လပ်ရေးရပြီးခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ န၀တ၊ နအဖ ခေတ်မှသည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ယနေ့အချိန်ထိ အုပ်ချုပ်သူ အစိုးရ  အမျိုးမျိုးပြောင်းလဲသွားသော်လည်း စစ်တပ်တပ်စွဲထားခြင်းကတော့ ပြောင်းလဲမသွားခဲ့ပေ။ ထို့ကြောင့် မင်းနေပြည်တော်ဖြစ်ခဲ့ဖူးသည့်  နန်းမြို့တွင်းသည် အများပြည်သူပိုင်သည့် နေရာမဟုတ်ဘဲ စစ်တပ်ပိုင်သည့် နေရာဟု ပြောရပေတော့မည်။

မြနန်းစံကျော် ရွှေနန်းတော် တည်ရှိရာ နန်းတွင်းထဲကို ၀င်ရောက်နိုင်သည့် အဓိက၀င်ပေါက် လေးခုရှိသည်။ နန်းမြို့ရိုး၏အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့ရှိ ၀င်ပေါက်တို့ဖြစ်သည်။ အနှီဝင်ပေါက်လေးခု ရှိသော်လည်း နန်းတွင်းသို့ ၀င် ရောက်လေ့လာလိုပါက အများ ပြည်သူအတွက် အရှေ့ဝင်ပေါက် တစ်ခုတည်းကသာ ၀င်ရောက်ရန် ခွင့်ပြုထားသည်။ ကျန်သုံးပေါက်ကနေ ၀င်ရောက်ခွင့်မပြုပေ။

ခွင့်ပြုပေးထားသည့် အ ပေါက်သည်လည်း လွတ်လွတ် လပ်လပ် ၀င်ခွင့်ထွက်ခွင့်ရသည် တော့မဟုတ်ပါ။ ၀င်ခွင့်ရရန် မှတ် ပုံတင် (သို့မဟုတ်)ယာဉ်မောင်း လိုင်စင်ကတ်ပြား တစ်ခုခုတော့ လို အပ်ပါသည်။ ပါလာသည့် ကတ် ပြားကို ၀င်ပေါက်က အစောင့်တဲ ၌ ပြသထားရစ်ခဲ့ကာ မှတ်ပုံတင် ရသည်။ ဘယ်သွားမည်၊ ဘယ်သူ့ ဆီသွားမည် စသည်တွေကို အ စောင့်စစ်သားအား ဖြေဆိုရသေး သည်။ နန်းတော်တွင်းသို့ ဆိုင် ကယ်၊ စက်ဘီးဖြင့် စီးနင်းဝင် ရောက်ခွင့်မပြု။ ဆိုင်ကယ်၊ စက်ဘီးစီးသူ ပြည်သူအားလုံး အ၀င် ပေါက်တွင် ဆင်းတွန်းကြရပြီး သတ်မှတ်နေရာ ရောက်မှသာ စီးနင်းခွင့်ပြုပါသည်။ ကတ်ပြား တစ်ခုခု မပါရှိပါက နန်းတွင်းသို့ ၀င်ခွင့်ရရန် မလွယ်ဘဲ လာရာ လမ်းသို့သာ ပြန်ရပေမည်။

မန္တလေးသူ၊ မန္တလေးသား တို့ အပါအ၀င် မန္တလေးသို့လာ ရောက်ကြကုန်သူတို့သည် ၀င် ထွက်ခွင့် အတားအဆီး အချို့ ကြောင့် စစ်တိုင်းမှူးအဆက်ဆက် စံမြန်းရာ နန်းတွင်းသို့ မ၀င် ရောက်ဖြစ်ကြတော့ပေ။ ထိုသို့ ဖြင့်ခံ့ခံ့ညားညား ၀ံ့ဝံ့စားစား တည်ရှိနေသော နန်းတော်တွင်းသည် အများပြည်သူ အထူးသဖြင့် ယနေ့ခေတ်လူငယ်အများစုနှင့် အလှမ်းဝေးကွာ လာလေတော့ သည်။

စစ်အစိုးရ ဘုန်းမီးနေလ တောက်ပသည့် ကာလလွန်မြောက် ပြီး နောက်ပိုင်း လက်ရှိအစိုးရ လက်ထက်အစပိုင်းတွင် နန်းမြို့ တွင်းသို့ အလွယ်တကူ ၀င်ရောက် လေ့လာခွင့်ရကြတော့မည်ဟု မန္တလေးမြို့ခံတွေ မျှော်လင့်ခဲ့ကြ သေးသည်။ အရပ်သားအစိုးရဟု ဆိုသောကြောင့် အထက်ပါအ တိုင်း မျှော်လင့်ခဲ့ကြခြင်းဖြစ်ပါ သည်။ သို့သော် အချည်းနှီးဖြစ်ခဲ့ သည်။ စစ်တပ်က တပ်စွဲမြဲစွဲဆဲ၊ ၀င်ထွက်ရခက်ဆဲပင် ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း မျှော် လင့်ချက်ရောင်ခြည် ထပ်မံထွက် ပေါ်လာပြန်သည်။ ပြည်ထောင်စု အစိုးရက စီမံခန့်ခွဲသော နန်းတွင်း ကို မန္တလေးတိုင်း အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်သို့ လွှဲပြောင်း ပေးခဲ့သည်။ နန်းတွင်းရှိ ရွှေနန်း တော်တစ်ဝိုက်ကို ရှေးဟောင်း ယဉ်ကျေးမှုဇုန်အဖြစ် အကောင် အထည်ဖော်မည်။ အများပြည်သူဝင်ရောက်လေ့လာခွင့်ရရန်၊ ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်စရာ နေရာဖြစ်လာရန်၊ ပြုလုပ်မည်ဟု မီဒီယာများတွင် ဖော်ပြခဲ့သည်ကို တွေ့ရပြန်သည်။ သို့သော် ရက်တွေ၊ လတွေသာ ကုန်ဆုံးလာခဲ့သော်လည်း နန်းတော်တွင်းသို့ လွတ်လပ်စွာ ၀င်ထွက်ခွင့်ကား ယခုအချိန်ထိ မရရှိသေးပေ။

ယနေ့ခေတ် လူငယ်၊ လူရွယ်များ သမိုင်းကို စိတ်ဝင်တစား လေ့ လာခွင့်ရရန်၊  ယဉ်ကျေးမှုအမွေ နှစ်များကို သိရှိတန်ဖိုးထားရန်၊ ရှေးဟောင်းဇုန်အဖြစ် သတ်မှတ် ပြီး ကမ္ဘာလှည့်ခရီးသွားများကို ဆွဲ ဆောင်ရန်အတွက် မန္တလေးတိုင်း အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ဖန်တီးသင့်နေပြီ ဖြစ်သည်။

နန်းတော်တွင်းရှိ စစ်တပ် သည်လည်း ခေတ်တွေပြောင်းလဲ လာပြီဖြစ်သောကြောင့် မြို့လယ် ကောင်မှာ အခံ့သား နေရာမယူ သင့်တော့ပေ။ ယခုလို နေရာယူ ထားခြင်းသည် မြို့လူထုက စစ် တပ်ကို လုံခြုံအောင် အကာအကွယ်ပေးထားသလိုဖြစ်နေသည်။ အမှန်တကယ်ကား စစ်တပ်က မြို့လူထုကို လုံခြုံအောင် အကာအကွယ်ပေးရမည် ဖြစ်သည်။ မြို့လူထုသည် စစ်တပ်ကို လုံခြုံ အောင် အကာအကွယ်ပေးထား ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာ မြင့်ခဲ့ပြီ ဖြစ်သည်။ ယနေ့ခေတ် အခြေအနေအရ မန္တလေးမြို့ခံ ပြည်သူတို့ လုံခြုံစိတ်ချစွာ နေ ထိုင်စားသောက်ရန် မြို့ပြင် မဟာဗျူဟာကျသည့်နေရာတွင် တပ်စွဲ ကာ စောင့်ရှောက်ဖို့ အချိန်တန် ပြီ ဖြစ်သည်။

လက်ရှိ တိုင်းဒေသကြီး အစိုးရသက်တမ်းသည် တစ်နှစ်ကျော်သာ ကျန်တော့သည်။ လက်ကျန်ကာလအတွင်း အများပြည်သူတို့ နန်းတော်တွင်း အလွယ်တကူ ၀င်ထွက်ခွင့်ရရှိရန် အမြန်ဆုံးဆောင်ရွက်ဖို့လိုပြီဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မန္တလေးတိုင်းအစိုးရနှင့် စစ်တပ်သည် မြို့မေတ္တာခံယူခွင့်ရပေမည်။ ထိုသို့ မဟုတ်လျှင်ဖြင့် ...။

Author: မောင်ဥာဏ

7DAY DAILY

မဟာသန္တိသုခကျောင်းကို ချိပ်ပိတ်ဖို့ အမိန့်ထုတ်


ရန်ကုန်မြို့ တာမွေမြို့နယ်တွင်းက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မဟာသန္တိသုခကျောင်းကို တိုင်းသံဃနာယကအဖွဲ့ ညွှန်ကြားချက်နဲ့ အာဏာပိုင်တွေက ချိပ်ပိတ်ဖို့ အင်္ဂ࿿ါနေ့ညက အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဒီကျောင်းဟာ နအဖ အစိုးရ လက်ထက်တုန်းက ပီနန် ဆရာတော်ကြီး ဦးပညာဝံသကို လှူဒါန်းထားတဲ့ ကျောင်းလို့ သိရပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာတော့ ဂေါပကအဖွဲ့နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။

ကျောင်းပြင်ပမှာ လုံထိန်း ရဲတပ်ဖွဲ့ဝင်တွေက ဝိုင်းပြီး ကျောင်းကို ချိပ်ပိတ်ခဲ့သလို ကျောင်းမှာ သီတင်းသုံးနေတဲ့ ပီနန်ဆရာတော်ကြီးရဲ့ တပည့် သံဃာတော် တွေကိုလည်း အာဏာပိုင် တွေက အမိန့်စာ ဖတ်ပြပြီး ကျောင်းထဲကနေ ညတွင်းချင်း ထွက်ခိုင်းခဲ့ပါတယ်။

ဝေယျာဝစ္စ လုပ်ပေးနေကြတဲ့ လူပုဂ္ဂိုလ် တချို့ကိုလည်း ရဲစခန်းကို ခေါ်သွားခဲ့ပါတယ်။

နောက်ဆုံးရတဲ့ သတင်းအရ သံဃာတော်တချို့ကို ကမ္ဘာအေး ဘုရားဝင်းထဲကို ပင့်ခေါ်သွားတယ်လို့ သိရပါတယ်။

မဟာ သန္တိသုခကျောင်းမှာ သီတင်းသုံးနေကြတဲ့ သံဃာတော်တွေကို မတ်လ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းတော်ထဲကနေ အပြီး ထွက်ပေးကြဖို့ မတ်လ ပထမပတ်တုန်းက စာထုတ် ထားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Monday, June 9, 2014

မပြောမပြီးမတည်းမမည်( အရေးကြီးတဲ့နေရာ ကိုလေ့လာရေးသွားရောက်)


မ၈င်္လာပါရှင်
မပြောမပြီးမတည်းမမည်ဆို သလိုပါဘဲ ပြောတဲ့သူတွေကပြောလာတော့လဲ ပြန်ပြောလိုက်ချင်ပါတယ်။
Chan Mya Oo ဆိုတဲ့လူတစ်ယောက်က YTP Affairs မှာပိုစ့်တင်တဲ့ကိစ္စလေးကို အားလုံးလည်းသိရှိကြပြီးဖြစ်မှာပါ ဒီစာလေးကို Chan Mya Oo တစ်ယောက် ဘယ်လိုစိတ်ကူးတွေပေါက်ပြီးတင်လိုက်သလဲဆိုတာ တော်တော်လေးစဉ်းစားစရာဖြစ်နေမိပါတယ်။
သူတင်တဲ့ပိုစ့်မှာ ပြောထားတာတွေကတော့ အပြုသဘောဆောင်တဲ့သဘောလေးတော့တွေ့ရပါတယ်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons