Friday, May 9, 2014

ဆုပန်ထွာရဲ့ စေ့စပ်ပွဲ ကန့်ကွက်ခြင်း နောက်ဆက်တွဲ ကြေညာချက်


ဆုပန်ထွာ၊ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို ကန့်ကွက်ခဲ့သူ ဒေါ်မဉ္စူအောင်က အခု မေ လ ၉ ရက်နေ့ ထုတ် ကြေးမုံသတင်းစာမှာ ကိုဥက္ကာကျော်ရဲ့ ရှေ့နေတွေက မယဉ်ကျေးတဲ့ အသုံးအနှုန်းတွေနဲ့ သတိပေး ကြေညာချက်ကို တုံ့ပြန်တဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 



 ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ၊ ဓာတ်ပုံ- ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ်

သတင်းစာပါ ကြေညာချက်ကို ခင်ပွန်းဖြစ်သူရဲ့ စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခြင်းရဲ့ နောက်ဆက်တွဲ 
ဖြေရှင်းချက်လို့ အမည်တပ်ကာ ရေးသားထားပါတယ်။ သားဖြစ်သူရဲ့ ကျန်းမာရေးအတွက် အမေရိကန် 
ပြည်ထောင်စုကို ရောက်နေတဲ့ ဒေါ်မဉ္စူအောင်ရဲ့ ရှေ့နေများက .. 

ဦးဥက္ကာကျော်၏ ရှေ့နေတွေဟာ ပညာတတ်မဆန်ပဲ ယဉ်ကျေးမှု မရှိစွာဖြင့် ကွာရှင်း ပြတ်စဲပြီး …. မိန်းမ ဟူ၍ ကျွန်ုပ်၏ အမှုသည်အား ရည်ညွှန်းသုံးနှုန်းခဲ့ပြီး မွေးရာပါ ကျန်းမာရေးချို့တဲ့နေသူ သားဖြစ်သူရဲ့ ကိစ္စ ကို တစုံတရာ ရှင်းလင်းခြင်း မရှိပါဘဲ သားသမီး အုပ်ထိမ်းမှု ခွင့်ပြု ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနဲ့ သား
ဖြစ်သူရဲ့ ကျန်းမာရေး ကုသရန် နိုင်ငံခြား တိုင်း ပြည်မှာ မိခင်တဦးအနေနဲ့ ဘယ်လောက် အခက်အခဲဖြစ်
နေ မယ်ဆိုတာကို မသိကျိုးကျွံပြုနေတာဟာ ဖခင်တဦးရဲ့ တာဝန်မဲ့ရာကို ပြသနေတာဖြစ်တယ် လို့ 
ရေးသားဖော်ပြထားပါတယ်။ 

ဆက်ပြီး ရေးသားထားတာက ဆုပန်ထွာနဲ့ စေ့စပ်ကြောင်းလမ်း ကိစ္စ မြန်မာ ဂေဇက်မှာ ကိုဥက္ကာကျော်ကို CEO of Vape City လို့ ပြောထားပြီး နောက်ကျတော့ Vape City ဟာ ဆုပန်ထွာပိုင်ဆိုင်တယ်ဆိုတာ စိတ်မဝင်စားကြောင်း ပြောပြီး အဲဒီ လို ထည့်သွင်း ထပ်ပြောတာဟာ ကြိုတင်စဉ်းစား ချင့်ချိန်မှု မရှိပဲ ကြေ ညာ ခဲ့တာလို့လည်း ဆိုပါတယ်။ 

ဒီအပြင် ကိုဥက္ကာကျော်ဟာ အမေရိကန် နိုင်ငံသားဖြစ်ပြီး ဒေါ်မဉ္စူအောင် က မြန်မာနိုင်ငံသားဖြစ်ကာ သူတို့ ၂ ဦး မြန်မာ နိုင်ငံမှာ လက်ထပ်ခဲ့တယ်လို့ဆိုပါတယ်။ မွေးရာပါ ကျန်းမာရေး ချို့တဲ့နေသူ သားတဦး မိခင် ဒေါ်မဉ္စူအောင်ကို ဘယ် အတွက်ကြောင့် ကွာရှင်းချင်သနည်းလို့လည်း မေးခွန်းထုတ်ထားသလို အမေရိကန် တရားရုံးကလည်း ကွာရှင်းခွင့် ဒီဂရီ ချမှတ်ထားခြင်းမရှိပါကြောင်း အခိုင်အမာ အထောက်အ ထားဖြင့် ကြေညာလိုက်ပါတယ်လို့လည်း ရေးသားထားပါတယ်။ 

အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား တရားရုံးရဲ့ အခု ၂၇. ၁. ၂ဝဝ၄ ရက်နေ့ ကြေညာချက်မှာ ကိုဥက္ကာကျော်က လက်ထပ်ထိမ်းမြားခြင်းကို ရပ်စဲခြင်း မဟုတ်တဲ့ အကြောင်း လက်မှတ်ရေးထိုးထား တယ် လို့လည်း ဒေါ်မဉ္စူအောင်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံသား အမျိုးသမီးကို လင်မယား ကွာရှင်းလိုရင် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အိမ်ထောင်
ရေး ပြစ်မှု ရှိမှသာ ကွာရှင်းခွင့် ရှိပြီး အဲဒီလို ကွာရှင်းခွင့် ရအောင် မြန်မာနိုင်ငံ တရားရုံးမှာ တရားစွဲဆို
တောင်းခံရန်ဖြစ်တယ်လို့ ဖော်ပြပြီး တရားဝင်တည်မြဲနေတဲ့ လင်ခန်းမယားခန်းအတွက် ဒေါ်မဉ္စူအောင်က ကိုဥက္ကာကျော်ကို တရားစွဲဆိုမှာတော့ မဟုတ်ဘူး လို့လည်း ရေးထားပါတယ်။ 

တကယ်လို့ တရားဝင် ကွာရှင်းလိုချင်ရင် မြန်မာနိုင်ငံ တရားရုံးတခုခုမှာ တရားစွဲဆို ကွာရှင်းခွင့်တောင်း မယ်ဆိုရင် ဒေါ်မဉ္စူအောင်ကလည်း တရားရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ သူ့ရဲ့ ရှေ့နေတွေက တဆင့် 
ကြေးမုံသတင်းစာ ကြေ ညာချက်မှာ ဖော်ပြထားပါတယ်။ 

 ဒေါ်မဉ္စူအောင်ရဲ့  မေလ ၉ ရက်နေ့ ကြေးမုံသတင်းစာပါ ကြေညာချက်



အိမ့်သံစဉ် ~

ခြံပိုင်ဆိုင်ခွင့်အတွက် သက်သေနှင့် မှတ်တမ်းအတုများ အသုံးပြု၍ တရားစီရင်ရေးစနစ်အတွင်းလုပ်ဆောင်ပုံ အကြောင်းအရာများကို DVB က မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုအား ရှင်းလင်း



တရားလိုတင်ပြသည့် သေစာရင်းနှင့် DVB မှ ရရှိထားသည့် သေစာရင်းနှစ်ခု ကွဲလွဲနေပုံအား DVB ၏ မှတ်တမ်းရုပ်ရှင်တွင် ဖော်ပြခဲ့သည်ကို တွေ့ရစဉ်

ဘိန်းဘုရင်အဖြစ် နာမည်ကျော်ခဲ့သူ လော်စစ်ဟန်၏ တူတော်စပ်သူဟုဆိုသည့်  လီယွန်းကျင်ဆိုသူ ၀ယ်ယူခဲ့သည့် ကျပ်သိန်း တစ်သောင်းကျော်တန်ဖိုးရှိသည့် လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ ခြံကွက် နှစ်ကွက်အား ဒေါ်လျောင်ငုတ်လင်(ခ) ဒေါ်စန်းစန်းရီဆိုသူက သက်သေနှင့် အထောက်အထားအတုများကို အသုံးပြု၍ ပိုင်ဆိုင်မှုရရန် လုပ်ဆောင်သည့်အကြောင်းအရာများကို ရိုက်ကူးထားသည့် “တရားမကြီး အမှုအမှတ် ၄၁၆ နှင့် ၄၁၇” စုံစမ်းထုတ်ဖော် ဗီဒီယိုမှတ်တမ်းအကြောင်း သတင်းစာရှင်းလင်းပွဲအား မေ ၈ ရက်က တာမွေမြို့နယ် နှင်းဆီလမ်းရှိ မြန်မာနိုင်ငံအခြေစိုက် DVB သတင်းဌာန ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မှတ်တမ်းအား ရိုက်ကူးနိုင်ရန် DVB သတင်းဌာနက လေးလကျော် အချိန်ယူ ရိုက်ကူးခဲ့ကြောင်း သိရသည်။ DVB သတင်းဌာနက ရိုက်ကူးထားသည့် မှတ်တမ်းတွင် လီယွန်းကျင်ဆိုသူသည် ကိုးကန့် တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး ကိုးကန့်နယ်မြေအတွင်း အကြီးဆုံးဘိန်းချက် စက်ရုံအား တည်ဆောက်ခဲ့သူဖြစ်ကြောင်း စသည့်အချက်များအား လီယွန်းကျင်က ခန့်အပ်ခဲ့သည့် ခြံစောင့် ဦးဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရိုက်ကူးတင်ပြထားသည်။

လီယွန်းကျင်က ခြံနှစ်ခြံအား အခြားသူ၏ မှတ်ပုံတင်ဖြင့် ၀ယ်ယူခဲ့ကြောင်း အထောက်အထားများအပါအ၀င် DVB သတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုအရ လီယွန်းကျင်ဆိုသူသည် လော်စစ်ဟန်၏ ကိုးကန့် လက်နက်ကိုင်တပ် ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ၏ ဦးစီးကော်မတီဝင် ဖြစ်ကြောင်း ကိုးကန့်နှင့် အစိုးရအကြား ငြိမ်းချမ်းရေးရယူထားစဉ် မှတ်ပုံတင်အတုဖြင့် ရန်ကုန်မြို့သို့ လာရောက်၍ ၁၉၉၇ ခုနှစ်က အဆိုပါ ၅ ဧကကျော်ရှိ ယင်းခြံကွက် နှစ်ကွက်အား ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရနှင့် ကိုးကန့်အကြား ၂၀၀၈-၂၀၀၉ ခုနှစ်တွင်း ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ဟန်ရှိကြောင်း စသည့်အချက်အလက်များအား ရိုက်ကူးတင်ပြထားသည်။

အဆိုပါ ခြံနှစ်ခြံအား အမည်ပြောင်းရန် နှင့် ခြံစောင့် ဦးဝင်းထွန်းအား ထွက်သွားပေးရန် ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ DVB သတင်းဌာနက ဒေါ်လျောင်ငုတ်လင်အား တွေ့ ဆုံကာ ဒေါ်လျောင်ငုတ်လင် တင်ပြသည့် အချက်များဖြစ်သည့် လီယွန်းကျင်နှင့် လက်ထပ်ပေါင်းသင်းခဲ့သည့် လက်ထပ်ကျမ်းကျိန်လွှာ၊ သေစာရင်း၊ ၁၉၇၈ ခုနှစ်တွင် လက်ထပ်ခဲ့သည်ဆိုသည့် ဖိတ်စာ၊ ယှဉ်တွဲရိုက်ထားသည့် ဓာတ်ပုံများ စသည့် အချက်အလက်များ မှန်ကန်မှုရှိ မရှိအား DVB သတင်းဌာနက စုံစမ်းဖော်ထုတ်ရာတွင် ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီသည် အိမ်ထောင်မရှိသူ အပျိုကြီးတစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ရိုက်ကူးဖော်ပြထားသည်။

DVB သတင်းဌာနက သေစာရင်း ထုတ်ပေးခဲ့သည့် စင်ကာပူနိုင်ငံရှိ ဆေးရုံ နှင့် စင်ကာပူနိုင်ငံလိပ်စာပါ လူနာနေအိမ်သို့ သွားရောက်မေးမြန်းရာ ဒေါ်လျောင်ငုတ်လင်(ခ)ဒေါ်စန်းစန်းရီ တင်ပြသည့် သေစာရင်းမှာ လွဲမှားနေသည့် အချက်အလက်များစွာ ပါဝင်နေကြောင်း ရိုက်ကူးတင်ပြထားသည်။

ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီ တင်ပြသည့် အချက်အလက်များမှာ မှတ်တမ်းအတုများသာဖြစ်ကြောင်း လီယွန်းကျင်  ခြံဝယ်ယူရန် လာရောက်စဉ်က ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီမှာ စကားပြန်အဖြစ်သာ ပါဝင်ခဲ့ကြောင်း ပြောဆိုသည့် ကျွန်းကလေးကျေးရွာမှ တာဝန်ရှိသူ အပါအ၀င် ဒေါ်လျောင်ငုတ်လင်နှင့် သူမ၏ရှေ့နေများ၊ နေရာဌာနများစွာသို့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကိုလည်း ရိုက်ကူးတင်ပြထားကြောင်း သိရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် တစ်ဖက်သတ် စီရင်ချက်အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဒေါ်လေးလေးမွန်သည် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဖြစ်နေကြောင်းနှင့် တရားလိုဘက်က တင်ပြထားသည့် သက်သေအထောက်အထားများနှင့် မှတ်တမ်းအတုများအပေါ် အခြေခံကာ တရားလိုကို တစ်ဖက်သတ် အနိုင်ဒီဂရီချပေးခဲ့ကြောင်း၊ သက်သေ အထောက်အထားများ မှန်ကန်မှုရှိ မရှိကို အလွယ်တကူလုပ်နိုင်သည့် စိစစ်မှုမျိုး လုပ်ရန်ကိုပင် တရားရုံးက ပျက်ကွက်ခဲ့ကြောင်း၊ အမှုစစ်ဆေးနေစဉ်ကာလအတွင်း တရားလိုတင်ပြသော အချက်အလက်များကို တန်ပြန်ချေပသူ မရှိဘဲဖြစ်ခဲ့ရကြောင်း DVB  နှင့်သီးသန့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းတို့ကို DVB သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရားသူကြီး ဒေါ်လေးလေးမွန် နှင့်တွေ့ဆုံခဲ့သည်များကိုလည်း မှတ်တမ်း ဗီဒီယိုတွင် ဖော်ပြထားသည်။

DVB သတင်းဌာနအနေဖြင့် အဆိုပါအမှုအား ဖော်ထုတ်ရာတွင် တာဝန်ရှိသူအသီးသီးက ဖြေဆိုရန် ငြင်းပယ်ခြင်းများ ကြုံ တွေ့ခဲ့ရသည့်အတွက် မှတ်တမ်းဗီဒီယိုအား ခိုးပြီးရိုက်ကူးမှုများ ပြုလုပ်ခဲ့ရကြောင်း အများပြည်သူအကျိုးအတွက် အဆိုပါမတရားမှုအား ဖော်ထုတ်ရခြင်းဖြစ်ကြောင်းနှင့် ယခုဖော်ထုတ်သည့် အမှုတွဲမှာ တရားရုံးက အနိုင်ဒီဂရီ ချမှတ်ပြီးသည့် တရားစွဲမှုနှစ်ခုဖြစ်သော ၄၁၆ နှင့် ၄၁၇ ကိုသာ ဝေဖန်ခြင်းဖြစ်ကြောင်း ယခုအမှုမှာလည်း ပြီးပြတ်ခြင်းမရှိသေးဘဲ တရားမကြီးအမှု အမှတ် ၁၇ ဖြင့် ဆက်လက်ရင်ဆိုင်နေဆဲဖြစ်ကြောင်း စသည့်အချက်များအား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ ဦးခင်မောင်ဝင်းက ဆိုသည်။

ယခုကဲ့သို့ တရားစီရင်ရေးစနစ်၏ လွဲမှားချွတ်ချော်မှုအား ထောက်ပြရခြင်းမှာ DVB သတင်းဌာန၏ မကွေးသတင်းထောက် ကိုဇော်ဖေ ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် မသက်ဆိုင်ကြောင်း ကိုဇော်ဖေ၏အမှုမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်က တရားစွဲဆိုခံရခြင်းဖြစ်ပြီး ယခုခြံနှစ်ကွက်အမှုမှာ အပြစ်မရှိဘဲ ထောင်ဒဏ်ချမှတ်ခံရသည့် DVB သတင်းထောက် ကိုဇော်ဖေ စီရင်ချက်မချမီ ၂၀၁၃ ဒီဇင်ဘာလက စတင်စုံစမ်းဖော်ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း DVB သတင်းဌာနသည် Professional ပီသသည့် သတင်းဌာန တစ်ခုသာဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။

ခြံစောင့်ဦးဝင်းထွန်းကလည်း အဆိုပါ ခြံကွက်နှစ်ကွက်၏ မူလပိုင်ရှင်ဖြစ်သူ လီယွန်းကျင်သည် လက်ရှိကာလအထိ သေသည်ရှင်သည်ဆိုသည့် အခြေအနေတစ်ခုခုအား သိရှိမှုမရှိကြောင်း ထိုသို့သော အခြေအနေတွင် တာဝန်ပေးအပ်ထားသည့် အလုပ်တာဝန်တစ်ခုအား ဆက်လက်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

လီယွန်းကျင်သည် ဘိန်းဘုရင် လော်စစ်ဟန်၏ တူဖြစ်သူဆိုခြင်း၊ လီယွန်းကျင် ပိုင်ဆိုင်သည့် မြေကွက်နှစ်ခုအား ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီက ပိုင်ဆိုင်ရန် လုပ်ဆောင်နေခြင်းအပေါ် လော်စစ်ဟန်တို့ဘက်က တုန့်ပြန်မှုရှိ မရှိ စသည့် အချက်များအပေါ်  EMG က မေးမြန်းရာတွင် လီယွန်းကျင်သည် လော်စစ်ဟန်၏ တူဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထားများ၊ ယုံကြည်ရသည့် အထောက်အထားများ ရှိသည့်အတွက် DVB  က ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ် စန်းစန်းရီက ခြံကွက်နှစ်ကွက်အား ပိုင်ဆိုင်ရန် လုပ်ဆောင်နေမှုအား လော်စစ်ဟန် ပြောနိုင်ခွင့်ရှိသည့် အနေအထားမဟုတ်၍ ၀င်ရောက်စွက်ဖက်မရကြောင်း ထို့ပြင် လီယွန်းကျင်က ခြံဝယ်ယူစဉ်ကလည်း မှတ်ပုံတင်အတုဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်နေကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ရှင်းလင်း ပြောကြားသည်။

ထိုသို့ ဖြစ်နေသည့် အနေအထားတစ်ခုတွင် သမ္မာန်စာဆင့်ဆိုသည့် အနေအထားများ၊ လင်မယားဖြစ်ကြောင်း ခိုင်လုံအောင် တင်ပြရန်လိုအပ်သည့် အနေအထားများ အချိန်ငါးလကျော်အတွင်း စစ်ဆေးခဲ့သည့် ၄၁၆ နှင့် ၄၁၇ အတွက် အမှန်တရားနှင့် ဝေးကွာသည့် အနေအထားတစ်ခု ဖြစ်နေကြောင်း မဏ္ဍိုင်ဥပဒေ အကယ်ဒမီမှ ဥပဒေပညာရှင် ဦးမောင်မောင်ဝင်း၏ ပြောကြားချက်များအရ သိရသည်။

ခြံပိုင်ဆိုင်ခွင့်အတွက် သက်သေနှင့် မှတ်တမ်းအတုများ အသုံးပြု၍ တရားစီရင်ရေးစနစ်အတွင်းလုပ်ဆောင်ပုံ အကြောင်းအရာများကို DVB က မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုအား ရှင်းလင်း

တရားလိုတင်ပြသည့် သေစာရင်းနှင့် DVB မှ ရရှိထားသည့် သေစာရင်းနှစ်ခု ကွဲလွဲနေပုံအား DVB ၏ မှတ်တမ်းရုပ်ရှင်တွင် ဖော်ပြခဲ့သည်ကို တွေ့ရစဉ်
ဘိန်းဘုရင်အဖြစ် နာမည်ကျော်ခဲ့သူ လော်စစ်ဟန်၏ တူတော်စပ်သူဟုဆိုသည့်  လီယွန်းကျင်ဆိုသူ ၀ယ်ယူခဲ့သည့် ကျပ်သိန်း တစ်သောင်းကျော်တန်ဖိုးရှိသည့် လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ ခြံကွက် နှစ်ကွက်အား ဒေါ်လျောင်ငုတ်လင်(ခ) ဒေါ်စန်းစန်းရီဆိုသူက သက်သေနှင့် အထောက်အထားအတုများကို အသုံးပြု၍ ပိုင်ဆိုင်မှုရရန် လုပ်ဆောင်သည့်အကြောင်းအရာများကို ရိုက်ကူးထားသည့် “တရားမကြီး အမှုအမှတ် ၄၁၆ နှင့် ၄၁၇” စုံစမ်းထုတ်ဖော် ဗီဒီယိုမှတ်တမ်းအကြောင်း သတင်းစာရှင်းလင်းပွဲအား မေ ၈ ရက်က တာမွေမြို့နယ် နှင်းဆီလမ်းရှိ မြန်မာနိုင်ငံအခြေစိုက် DVB သတင်းဌာန ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မှတ်တမ်းအား ရိုက်ကူးနိုင်ရန် DVB သတင်းဌာနက လေးလကျော် အချိန်ယူ ရိုက်ကူးခဲ့ကြောင်း သိရသည်။ DVB သတင်းဌာနက ရိုက်ကူးထားသည့် မှတ်တမ်းတွင် လီယွန်းကျင်ဆိုသူသည် ကိုးကန့် တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး ကိုးကန့်နယ်မြေအတွင်း အကြီးဆုံးဘိန်းချက် စက်ရုံအား တည်ဆောက်ခဲ့သူဖြစ်ကြောင်း စသည့်အချက်များအား လီယွန်းကျင်က ခန့်အပ်ခဲ့သည့် ခြံစောင့် ဦးဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရိုက်ကူးတင်ပြထားသည်။

လီယွန်းကျင်က ခြံနှစ်ခြံအား အခြားသူ၏ မှတ်ပုံတင်ဖြင့် ၀ယ်ယူခဲ့ကြောင်း အထောက်အထားများအပါအ၀င် DVB သတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုအရ လီယွန်းကျင်ဆိုသူသည် လော်စစ်ဟန်၏ ကိုးကန့် လက်နက်ကိုင်တပ် ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ၏ ဦးစီးကော်မတီဝင် ဖြစ်ကြောင်း ကိုးကန့်နှင့် အစိုးရအကြား ငြိမ်းချမ်းရေးရယူထားစဉ် မှတ်ပုံတင်အတုဖြင့် ရန်ကုန်မြို့သို့ လာရောက်၍ ၁၉၉၇ ခုနှစ်က အဆိုပါ ၅ ဧကကျော်ရှိ ယင်းခြံကွက် နှစ်ကွက်အား ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရနှင့် ကိုးကန့်အကြား ၂၀၀၈-၂၀၀၉ ခုနှစ်တွင်း ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ဟန်ရှိကြောင်း စသည့်အချက်အလက်များအား ရိုက်ကူးတင်ပြထားသည်။

အဆိုပါ ခြံနှစ်ခြံအား အမည်ပြောင်းရန် နှင့် ခြံစောင့် ဦးဝင်းထွန်းအား ထွက်သွားပေးရန် ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ DVB သတင်းဌာနက ဒေါ်လျောင်ငုတ်လင်အား တွေ့ ဆုံကာ ဒေါ်လျောင်ငုတ်လင် တင်ပြသည့် အချက်များဖြစ်သည့် လီယွန်းကျင်နှင့် လက်ထပ်ပေါင်းသင်းခဲ့သည့် လက်ထပ်ကျမ်းကျိန်လွှာ၊ သေစာရင်း၊ ၁၉၇၈ ခုနှစ်တွင် လက်ထပ်ခဲ့သည်ဆိုသည့် ဖိတ်စာ၊ ယှဉ်တွဲရိုက်ထားသည့် ဓာတ်ပုံများ စသည့် အချက်အလက်များ မှန်ကန်မှုရှိ မရှိအား DVB သတင်းဌာနက စုံစမ်းဖော်ထုတ်ရာတွင် ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီသည် အိမ်ထောင်မရှိသူ အပျိုကြီးတစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ရိုက်ကူးဖော်ပြထားသည်။

DVB သတင်းဌာနက သေစာရင်း ထုတ်ပေးခဲ့သည့် စင်ကာပူနိုင်ငံရှိ ဆေးရုံ နှင့် စင်ကာပူနိုင်ငံလိပ်စာပါ လူနာနေအိမ်သို့ သွားရောက်မေးမြန်းရာ ဒေါ်လျောင်ငုတ်လင်(ခ)ဒေါ်စန်းစန်းရီ တင်ပြသည့် သေစာရင်းမှာ လွဲမှားနေသည့် အချက်အလက်များစွာ ပါဝင်နေကြောင်း ရိုက်ကူးတင်ပြထားသည်။

ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီ တင်ပြသည့် အချက်အလက်များမှာ မှတ်တမ်းအတုများသာဖြစ်ကြောင်း လီယွန်းကျင်  ခြံဝယ်ယူရန် လာရောက်စဉ်က ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီမှာ စကားပြန်အဖြစ်သာ ပါဝင်ခဲ့ကြောင်း ပြောဆိုသည့် ကျွန်းကလေးကျေးရွာမှ တာဝန်ရှိသူ အပါအ၀င် ဒေါ်လျောင်ငုတ်လင်နှင့် သူမ၏ရှေ့နေများ၊ နေရာဌာနများစွာသို့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကိုလည်း ရိုက်ကူးတင်ပြထားကြောင်း သိရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် တစ်ဖက်သတ် စီရင်ချက်အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဒေါ်လေးလေးမွန်သည် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဖြစ်နေကြောင်းနှင့် တရားလိုဘက်က တင်ပြထားသည့် သက်သေအထောက်အထားများနှင့် မှတ်တမ်းအတုများအပေါ် အခြေခံကာ တရားလိုကို တစ်ဖက်သတ် အနိုင်ဒီဂရီချပေးခဲ့ကြောင်း၊ သက်သေ အထောက်အထားများ မှန်ကန်မှုရှိ မရှိကို အလွယ်တကူလုပ်နိုင်သည့် စိစစ်မှုမျိုး လုပ်ရန်ကိုပင် တရားရုံးက ပျက်ကွက်ခဲ့ကြောင်း၊ အမှုစစ်ဆေးနေစဉ်ကာလအတွင်း တရားလိုတင်ပြသော အချက်အလက်များကို တန်ပြန်ချေပသူ မရှိဘဲဖြစ်ခဲ့ရကြောင်း DVB  နှင့်သီးသန့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းတို့ကို DVB သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရားသူကြီး ဒေါ်လေးလေးမွန် နှင့်တွေ့ဆုံခဲ့သည်များကိုလည်း မှတ်တမ်း ဗီဒီယိုတွင် ဖော်ပြထားသည်။

DVB သတင်းဌာနအနေဖြင့် အဆိုပါအမှုအား ဖော်ထုတ်ရာတွင် တာဝန်ရှိသူအသီးသီးက ဖြေဆိုရန် ငြင်းပယ်ခြင်းများ ကြုံ တွေ့ခဲ့ရသည့်အတွက် မှတ်တမ်းဗီဒီယိုအား ခိုးပြီးရိုက်ကူးမှုများ ပြုလုပ်ခဲ့ရကြောင်း အများပြည်သူအကျိုးအတွက် အဆိုပါမတရားမှုအား ဖော်ထုတ်ရခြင်းဖြစ်ကြောင်းနှင့် ယခုဖော်ထုတ်သည့် အမှုတွဲမှာ တရားရုံးက အနိုင်ဒီဂရီ ချမှတ်ပြီးသည့် တရားစွဲမှုနှစ်ခုဖြစ်သော ၄၁၆ နှင့် ၄၁၇ ကိုသာ ဝေဖန်ခြင်းဖြစ်ကြောင်း ယခုအမှုမှာလည်း ပြီးပြတ်ခြင်းမရှိသေးဘဲ တရားမကြီးအမှု အမှတ် ၁၇ ဖြင့် ဆက်လက်ရင်ဆိုင်နေဆဲဖြစ်ကြောင်း စသည့်အချက်များအား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ ဦးခင်မောင်ဝင်းက ဆိုသည်။

ယခုကဲ့သို့ တရားစီရင်ရေးစနစ်၏ လွဲမှားချွတ်ချော်မှုအား ထောက်ပြရခြင်းမှာ DVB သတင်းဌာန၏ မကွေးသတင်းထောက် ကိုဇော်ဖေ ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် မသက်ဆိုင်ကြောင်း ကိုဇော်ဖေ၏အမှုမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်က တရားစွဲဆိုခံရခြင်းဖြစ်ပြီး ယခုခြံနှစ်ကွက်အမှုမှာ အပြစ်မရှိဘဲ ထောင်ဒဏ်ချမှတ်ခံရသည့် DVB သတင်းထောက် ကိုဇော်ဖေ စီရင်ချက်မချမီ ၂၀၁၃ ဒီဇင်ဘာလက စတင်စုံစမ်းဖော်ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း DVB သတင်းဌာနသည် Professional ပီသသည့် သတင်းဌာန တစ်ခုသာဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။

ခြံစောင့်ဦးဝင်းထွန်းကလည်း အဆိုပါ ခြံကွက်နှစ်ကွက်၏ မူလပိုင်ရှင်ဖြစ်သူ လီယွန်းကျင်သည် လက်ရှိကာလအထိ သေသည်ရှင်သည်ဆိုသည့် အခြေအနေတစ်ခုခုအား သိရှိမှုမရှိကြောင်း ထိုသို့သော အခြေအနေတွင် တာဝန်ပေးအပ်ထားသည့် အလုပ်တာဝန်တစ်ခုအား ဆက်လက်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

လီယွန်းကျင်သည် ဘိန်းဘုရင် လော်စစ်ဟန်၏ တူဖြစ်သူဆိုခြင်း၊ လီယွန်းကျင် ပိုင်ဆိုင်သည့် မြေကွက်နှစ်ခုအား ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီက ပိုင်ဆိုင်ရန် လုပ်ဆောင်နေခြင်းအပေါ် လော်စစ်ဟန်တို့ဘက်က တုန့်ပြန်မှုရှိ မရှိ စသည့် အချက်များအပေါ်  EMG က မေးမြန်းရာတွင် လီယွန်းကျင်သည် လော်စစ်ဟန်၏ တူဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထားများ၊ ယုံကြည်ရသည့် အထောက်အထားများ ရှိသည့်အတွက် DVB  က ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ် စန်းစန်းရီက ခြံကွက်နှစ်ကွက်အား ပိုင်ဆိုင်ရန် လုပ်ဆောင်နေမှုအား လော်စစ်ဟန် ပြောနိုင်ခွင့်ရှိသည့် အနေအထားမဟုတ်၍ ၀င်ရောက်စွက်ဖက်မရကြောင်း ထို့ပြင် လီယွန်းကျင်က ခြံဝယ်ယူစဉ်ကလည်း မှတ်ပုံတင်အတုဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်နေကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ရှင်းလင်း ပြောကြားသည်။

ထိုသို့ ဖြစ်နေသည့် အနေအထားတစ်ခုတွင် သမ္မာန်စာဆင့်ဆိုသည့် အနေအထားများ၊ လင်မယားဖြစ်ကြောင်း ခိုင်လုံအောင် တင်ပြရန်လိုအပ်သည့် အနေအထားများ အချိန်ငါးလကျော်အတွင်း စစ်ဆေးခဲ့သည့် ၄၁၆ နှင့် ၄၁၇ အတွက် အမှန်တရားနှင့် ဝေးကွာသည့် အနေအထားတစ်ခု ဖြစ်နေကြောင်း မဏ္ဍိုင်ဥပဒေ အကယ်ဒမီမှ ဥပဒေပညာရှင် ဦးမောင်မောင်ဝင်း၏ ပြောကြားချက်များအရ သိရသည်။
- See more at: http://news-eleven.com/local/%E1%80%BB%E1%80%81%E1%80%B6%E1%80%95%E1%80%AD%E1%80%AF%E1%80%B9%E1%80%84%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%B9%E1%80%84%E1%80%B9%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%9E%E1%80%80%E1%80%B9%E1%80%B1%E1%80%9E%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%90%E1%80%99%E1%80%B9%E1%80%B8%E1%80%A1%E1%80%90%E1%80%AF%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%BB%E1%80%95%E1%80%B3%E1%81%8D#sthash.i7WSS6vZ.dpuf

သား ယောကျာ်းလေးများ ထိန်းကျောင်းခြင်း


စိတ်ဉာဏ်ရည်, ယောက်ျားလေး, မိဘများ, မိန်းကလေး, စိတ်ပိုင်း ဆိုင်ရာ
(ပန်းချီ သရုပ်ဖော် – အာကာ / ဧရာဝတီ)
ပြီးခဲ့တဲ့တပတ်က စိတ်ဉာဏ်ရည် မြင့်မားစေဖို့အတွက် ကလေးများကို ငယ်စဉ်ကတည်းက သင်ကြားစောင့်ရှောက်ဖို့ လိုတယ် ဆို တဲ့ အကြောင်း ကျမ တင်ပြဆွေးနွေးခဲ့ပါတယ်။
ဒီတပတ်မှာတော့ သားယောကျာ်းလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်မှုစွမ်းရည် မြင့်မားစေဖို့အတွက် မိဘများအနေနဲ့ ဘယ် လို ထိန်းသိမ်းပြုစု စောင့်ရှောက်ပေးရမယ်ဆိုတဲ့ အကြောင်းကို ကျမ တင်ပြ ဆွေးနွေး ချင်ပါတယ်။
ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို မှန်ကန်စွာနဲ့ ထိန်းသိမ်းနိုင်မှုရှိခြင်းဆိုတဲ့ စွမ်းရည်ဟာ လူတဦးချင်းစီ အတွက်ရော၊ လူမှုအဖွဲ့အစည်း အတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ စွမ်းရည်တခုပါ။ ဒီစွမ်းရည်လေးကို ရရှိစေဖို့အတွက် နောင်တချိန်မှာ လူကြီးဖြစ်လာမယ့်  ကလေးတို့ကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးဖို့ လိုပါတယ်။
မပြောသင့် မပြောအပ်တဲ့ အရာကို မပြောဖို့၊ ကိုယ်ချင်းစာတရား ရှိဖို့၊ ကိုယ့်ရဲ့ လောဘ ဒေါသ စတာတွေကို ပတ်ဝန်းကျင်ကို ရိုက် ခတ်စေတဲ့အထိ မပေါက်ကွဲမိစေဖို့ စတာတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဟိုးငယ်စဉ် ကလေးဘဝကတည်းကိုက မိဘ ဆရာများက ကလေးတို့ကို သင်ကြားပေးကြရမှာပါ။
သင်ကြားပေးတဲ့ နေရာမှာလည်း နည်းလမ်း မှန်ကန်ဖို့လိုပါတယ်။ ကျမတို့ရဲ့ မြန်မာ လူမှုအသိုင်းအဝိုင်းမှာ တော်တော်များများ လက်ခံထားတဲ့ အယူအဆတခု ရှိပါတယ်။ ဒါကတော့ ယောကျာ်းလေး မငိုရဘူး ဆိုတဲ့အယူအဆပါ။ ယောကျာ်းလေး ကလေး ငယ် ငယ်လေးတွေကို မိဘများက “မင်း ယောကျာ်း မဟုတ်ဘူးလား။ မငိုနဲ့” ဆိုပြီး တားမြစ်တတ်ကြပါတယ်။ အမှန်တော့ ဒါဟာ အင်မတန်မှ မှားယွင်းတဲ့ တားမြစ်ချက် တခုပါပဲ။ ဝမ်းနည်းမှု၊ ဒေါသထွက်မှု၊ အားငယ်မှု၊ ကြောက်ရွံ့မှု စတာတွေ အားလုံးဟာ လူသားရဲ့ ခံစားချက်များပေမို့ ယောကျာ်းလေးမှာရော၊ မိန်းကလေးမှာပါ အတူတူပါပဲ။ ယောကျာ်းလေး မငိုရဘူးလို့ တားမြစ်လိုက် တဲ့အတွက် ယောကျာ်း လေးများမှာ သူတို့ရဲ့ ဝမ်းနည်းမှုကို ငိုကြွေးခြင်းနဲ့ ဖြေသိမ့်လို့ မရရှာတော့ပါဘူး။ ငါ ယောကျာ်းပဲ၊ ငါ ဝမ်း မနည်းဘူး ဆိုပြီးတော့ ကိုယ့်ရဲ့ ခံစားချက်ကို ကိုယ့်ဘာသာ လိမ်ညာတတ်လာပါတယ်။ ဒီလို ခံစားချက်ကို လိမ်ညာခြင်းကနေ တဆင့် ကိုယ်ဒေါသ ထွက်နေရင်တောင်မှ ကိုယ့်ဘာသာကိုယ် ဒေါသ ထွက်နေမှန်း မသိလိုက်ဘဲ စိတ်နောက်ကိုယ်ပါ လုပ်တတ် တဲ့ အပြုအမူတွေ ဖြစ်လာကြတာပါပဲ။
တချို့ ပြောတတ်ကြပါတယ်။ မျက်လုံးထဲမှာ ရုတ်တရက် ဘာမှမမြင်တော့ဘူး ဖြစ်သွားတယ်။ ဒါကြောင့်မို့ လုပ်လိုက်မိတယ် ဆို တာ မျိုးပါ။ ဒါဟာ ကိုယ့်ကိုယ့်ကိုယ် အတွက်ရော ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ နိုင်ငံ အတွက်ပါ အင်မတန်မှ အန္တရာယ်ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုပါ။ အထူးသဖြင့် ရာထူးကြီးကြီး ယူထားတဲ့ လူတွေ၊ လုပ်ပိုင်ခွင့် များများရထားတဲ့ လူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်မှု စွမ်းရည်က ပိုပြီးတော့ လိုအပ်လှပါတယ်။
အမှန်တော့ မိန်းကလေးနဲ့ ယောကျာ်းလေးမှာ ကျမတို့ထင်ထားသလိုမျိုး မိန်းကလေးက ယောကျာ်း လေးထက် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားခံစားမှုစွမ်းရည် မပိုပါဘူး။ တကယ်တော့ ယောကျာ်းလေးများဟာ မိန်းကလေးများထက် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှား ခံစားမှုစွမ်းရည် ပိုပြင်းထန်ကြပါတယ်။ ယောကျာ်း လေးများက မိန်းကလေးများထက် ပိုခံစားနိုင်၊ ပို ဝမ်းနည်းနိုင်၊ ပိုဒေါသထွက်နိုင်၊ ပိုပြီးတော့ နာကျင် နိုင်ကြတာပါ။ ဘာကြောင့်များ မိန်းကလေးများက ပိုပြီးတော့ ခံစားနိုင်တယ်လို့ ပတ်ဝန်းကျင်မှာ ထင်ရ သလဲ ဆိုရင်ဖြင့် ခံစားမှုကို ထုတ်ဖော်ပြတဲ့နေရာမှာ သဘာဝချင်း ကွာခြားသွားလို့ပါပဲ။
မိန်းကလေးများက သူတို့ ဝမ်းနည်းရင်၊ ဒေါသ ထွက်ရင် သူတို့ ယုံကြည်စိတ်ချရတဲ့လူ (မိဘ၊ သူငယ်ချင်း) စတဲ့လူတွေဆီကို သွားပြီး တော့ ရင်ဖွင့် တတ်ကြပါတယ်။ ယောကျာ်းလေးများကတော့ အဲဒီလိုမျိုး ပြောဆို ရင်ဖွင့်တာမျိုး မရှိကြပါဘူး။ သူတို့ ဝမ်းနည်း ရင်ပဲ ဖြစ်ဖြစ်၊ ဒေါသထွက်ရင်ပဲ ဖြစ်ဖြစ် စိတ်လှုပ်ရှား ခံစားရတဲ့ အခါမျိုးမှာ ကားလျှောက် မောင်းပစ်တာမျိုး၊ ဘောလုံးကန်တာမျိုး၊ လမ်းလျှောက် ပစ်လိုက်တာမျိုးနဲ့ ဖြေသိမ့်တတ်ကြပါတယ်။
မိဘများအနေနဲ့ ကလေးတို့ ဝမ်းနည်းတဲ့အခါ၊ ဒေါသထွက်တဲ့ အခါမျိုးတွေမှာ သူတို့ ခံစားနေရတဲ့ ဝမ်းနည်းမှု၊ ဒေါသ စတာတွေကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ အနည်းဆုံး ဘာမှ မပြောတတ်ရင်တောင်မှ ကလေးကိုထွေးပွေ့ဖက်ထားမယ် ဆိုရင်ဖြင့် သူတို့ရဲ့ စိတ်ဆိုး ဒေါသထွက်မှု၊ ဝမ်းနည်းမှုတို့ ပြေပျောက်သွားနိုင်ပါတယ်။
သူတို့ ဖြစ်လာတဲ့ ပြဿနာ၊ သူတို့ခံစားရတဲ့ ခံစားချက်တွေကို ပြောပြတဲ့အခါမျိုးမှာလည်း ကလေး တို့ကို အပြစ်မတင်ဘဲ ကိုယ်ချင်း စာစိတ်နဲ့ ငြိမ်ငြိမ် သက်သက် နားထောင်ပေးဖို့ လိုပါတယ်။ ပြီးရင်တော့ ဘာကြောင့် ဘယ်လိုဖြစ်ရတယ်ဆိုတာကို အပြစ်တင် ဝေ ဖန်တာ မပါဘဲနဲ့ သူတို့လေးတွေနဲ့ အတူတူ ကူညီ စဉ်းစားပေး ရပါမယ်။
ဒါဆိုရင်ဖြင့် ကိုယ့်ရဲ့ စိတ်လှုပ်ရှား ခံစားမှုကို သိတဲ့၊ ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ စိတ်ဉာဏ်ရည်မြင့်တဲ့ ကလေးတွေ ဖြစ်လာကြမှာအမှန် ပါပဲ။ လူ့လောကမှာ လူတိုင်း လူတိုင်းဟာ ဒေါသနဲ့ မကင်းပါဘူး။ ဝမ်းလည်း နည်းတတ်ကြပါတယ်။ စိတ်ဆိုးတယ်၊ ဒေါသထွက် တယ်၊ ဝမ်းနည်းတယ်၊ ကြောက်တယ်ဆိုတာ လူ့စိတ်အခြေခံမှာကိုက ပါလာတဲ့ အရာတွေပါ။ ဒါပေမယ့် ဒီစိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို အဆုံး စွန့်လွှတ်ပေးလိုက်တဲ့အထိ မဖြစ်စေဖို့ ဆိုတာကတော့ တဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်နဲ့ ဆိုင်ပါတယ်။
စိတ်ဉာဏ်ရည် မြင့်မားသူများဟာ လူတဖက်သားကိုလည်း ကိုယ်ချင်းစာတရား မြင့်မားတတ်ကြ ပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားမှုကို ကိုယ်သိသလို၊ လူ အများရဲ့ စိတ်ခံစားမှုကိုလည်း နားလည်ခံစားသိမြင် နိုင်စွမ်းရှိတာမို့ လူ့လောကအတွက်၊ လူ့အသိုင်းဝိုင်း အတွက် အင်မတန်မှ အဖိုးတန်တဲ့ လူမျိုးတွေ ဖြစ်ကြ ပါတယ်။ ဒါကြောင့်မို့ တချိန်မှာ နိုင်ငံရဲ့တာဝန်ကို ထမ်းဆောင်ကြရမယ့် သားယောကျာ်းလေးများကို စိတ်ဉာဏ်ရည် မြင့်မားတဲ့ ယောကျာ်းကောင်းများ ဖြစ်စေဖို့အတွက် မိဘ ဆရာများအနေနဲ့ ငယ်စဉ် ကတည်းက ကလေးတို့ကို လေ့ကျင့်ပေးကြပါဦးလို့ အကြံပြုလိုက်ပါတယ်။     ။

Thursday, May 8, 2014

မြေသိမ်းခံ တောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား



ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံရသည့် သဲကုန်းတောင်သူ, ပေါင်းတည်ထောင်
ပေါင်းတည်ထောင်သို့ အပို့ခံရသော တောင်သူ ကိုပေါက်စ သဲကုန်း တရားရုံး ဝန်းအတွင်းမြင်ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ပဲခူးတိုင်း ဒေသကြီး သဲကုန်းမြို့နယ်မှ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူများနှင့် ရဲ တပ်ဖွဲ့ဝင်များကြား အချင်းများပြီး ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားရာ လူ ၃ ဦး အရေးပေါ် ဆေးကုသမှု ခံယူရကြောင်း သိရသည်။
သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာရှိ သပိတ်စခန်းမှ တရားစွဲခံထားရသည့် လယ်သမား၎ ဦးနှင့် လယ်သမားအရေး ကူညီပေးသူ တဦးတို့ကို မေ ၆ ရက် က ပထမဆုံး ရုံးချိန်းထုတ်ရာ သဲကုန်းမြို့နယ် တရားရုံးတွင် စစ်ဆေးမှု ခံယူစဉ် ထို ၅ ဦးထဲမှ တဦးမှာ အာမခံ မရရှိသဖြင့် ပေါင်းတည်ထောင်သို့ ထောင်ကြီးချုပ်ဖြင့် ထားရှိရန် ပို့ဆောင် စေခဲ့သည်ဟု ဆိုသည်။
ထိုသို့ ပို့ဆောင်စဉ် ပေါင်းတည်ထောင်ရှေ့ အရောက်တွင် တောင်သူများက ထောင်တွင်းသို့ ပို့ဆောင် မချူပ်နှောင်ရန် ပိတ်ဆို့ထား သဖြင့် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်က အင်အားသုံး ဖြိုခွင်းသောကြောင့် တောင်သူ ၂ ဦးနှင့် သတင်းလာရောက် ယူနေသည့် အလွတ် သတင်းထောက် တဦးတို့ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဒေသခံ သတင်းသမား ကိုမာနော်က ဧရာဝတီ သို့ ပြောသည်။
“ထောင်ရှေ့ရောက်တော့ လယ်သမားက ဆယ်ဦးလောက်ပဲ ရှိတာ၊ ရဲတွေက ငါးဆယ်လောက် ရှိတယ်၊ သူတို့က ဆွဲဆွဲဆိုပြီး အမိန့် ပေးတော့ ရဲတွေက ကျနော့်ကို အရင်ဆုံး ဆွဲတယ်။ ပြီးတော့ ဒေါ်ဝင်းကို ဆွဲတော့ ဒေါ်ဝင်းက လဲကျသွားပြီး ခေါင်းထိ သွားတယ်။ သူ့ကို ကျနော် ပွေ့ချီပြီး ဆေးရုံရောက်တော့ ကျနော်ပါ ဆေးရုံ တက်လိုက်ရတယ်၊ အခု ဗိုက်က အရမ်းအောင့်နေလို့”ဟု ကိုမာနော်က ဆိုသည်။
အရေးပေါ် ဆေးကုသမှု ခံနေရသူ တောင်သူ ၂ ဦးမှာ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံရပြီး အာမခံ ရရှိထားသူမှာ ဒေါ်ညို ဖြစ် ကြောင်း၊ ကျန်တဦးမှာ လယ်သိမ်းခံရသော တောင်သူ ဒေါ်ဝင်းဖြစ်ကြောင်း လယ်သမားအရေး ကူညီပေးသူ မဇင်မာဝင်း ကလည်း ဧရာဝတီသို့ ပြောသည်။
“ဒေါ်ဝင်းက အခြေအနေ တော်တော်ဆိုးတယ် ခေါင်းကို ထိထားတယ်။ အောက်ဆီဂျင် ပေးထားရတယ်။ ခေါင်းကို အထိမခံနိုင်ဘူး ဖြစ်နေတယ်။ ဒေါ်ညိုလည်း ရင်ဘတ်ကို စောင့်တွန်းခံထားရတာ၊ ကိုမာနော်က တောင်သူ အဒေါ်ကြီးတွေ အရိုက်ခံရမှာ စိုးလို့ ဝင်ခံ လိုက်တာ၊ ရဲက ငါးဆယ်လောက် ဝိုင်းရိုက်ကြတာ”ဟု မဇင်မာဝင်းက ပြောပြသည်။
လယ်သမားအရေး ကူညီပေးသူ ကိုသန့်ဇင်ထက်နှင့် လယ်သိမ်းခံရသူများ ဖြစ်ကြသော ကိုပေါက်စ၊ ကိုကျော်သူ၊ ဒေါ်ညို နှင့် ဒေါ်မုန်းတို့သည် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသူများ ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေါင်းတည်မြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရပါ။
တရားစွဲဆို ခံထားရသည့် လယ်သိမ်းခံ တောင်သူများသည် သဲကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးရှေ့နှင့် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးစိုးအောင်၏ နေအိမ်ရှေ့တွင် သွားရောက် ဆန္ဒပြ ကျိန်စာတိုက်ခဲ့ကြသည်ကို အာဏာပိုင်များက နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေပြီး ဆူပူမှု ဖြစ်စေသည့် အတွက် ပုဒ်မ ၅၀၅(ခ)ဖြင့် သဲကုန်း ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည် ဟု သိရသည်။
လယ်သိမ်းခံ တောင်သူများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်က သဲကုန်းမြို့ မြို့တော် ခန်းမအနီးတွင် သပိတ်စခန်း ဖွင့်လှစ်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြရာ ယင်းသပိတ်စခန်းကို မြို့နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်တွင် အင်အားသုံး ဖြိုခွင်းခဲ့သဖြင့် အောင် ကုန်းကျေးရွာတွင် သပိတ်စခန်းကို ပြောင်းရွှေ့ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
သိမ်းဆည်းခံရသည့် လယ်မြေများမှာ ၁၉၉၉ ခုနှစ် ဧပြီလ ၇ ရက်က ပြည်ခရိုင်ဦးစီးမှူးက အောင်ကုန်း၊ သင်တော၊ ကစွန်းအင်း၊ ရင်း တိုက်တန်း၊ နှောကုန်း၊ ဆောက်ခြုံကြီး ကျေးရွာ တဝိုက် လယ်မြေ ၁၁၅၉.၅၅ ဧကကို ရေနက်ကွင်း ဖော်ထုတ်ရန် သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း၊ အမှတ်(၃) လယ်ယာလက်ကား သမဝါယမ အသင်း လီမိတက်မှ ၂၀၀၁ နှစ်မှ စတင်၍ လွှဲပြောင်းရယူပြီး ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နေကြောင်း တောင်သူများက ပြောသည်။

မြီးကောင်ပေါက် အရွယ်နှင့် မျိုးဆက်ပွား ကျန်းမာရေး


AMAYA(သရုပ်ဖော် ပန်းချီ – အာကာ / ဧရာဝတီ)
အမျိုးသမီးတွေကို အကြမ်းဖျင်းအားဖြင့် အရွယ် ၃ ပိုင်းခွဲပြီး သတ်မှတ်ပါတယ်။ လူမှန်း သိတတ်စ အရွယ်ကနေ ဆယ်ကျော်သက် မြီးကောင်ပေါက် အထိ ပထမအရွယ်၊ ဆယ်ကျော်သက် အရွယ်ကနေ အနည်းငယ် တည်ငြိမ်စ ပြုလာပြီ ဆိုရမယ့် လူလတ်ပိုင်း အရွယ်၊ ဒီနောက်တော့ လောကရဲ့ အထုအထောင်း အစမ်းအသပ် အရိုက်အခတ်များနဲ့ နေသားကျချိန် တတိယ အရွယ်ဆိုပြီး အကြမ်းဖျင်းအားဖြင့် ခွဲခြားပြီးအရွယ် ၃ ပါး အလိုက် ကျန်းမာရေး အခြေခံဗဟုသုတ လေးတွေကို ဆွေးနွေးပြောပြ ချင်ပါတယ်။
မိန်းကလေးတွေဟာ ငယ်စဉ် ကလေးဘဝကနေ ဆယ်ကျော်သက်အရွယ် အပိုင်းအခြားမှာ ကိုယ်ခန္ဓာ တည်ဆောက်ပုံရော၊ ဇီဝကမ္မ ဖြစ်စဉ်တွေမှာရော တဖြည်းဖြည်း ဖွံ့ဖြိုးပြောင်းလဲ လာကြပါတယ်။ ဒီ အပြောင်းအလဲ တွေဟာ ခန္ဓာကိုယ်ရဲ့ ဦးခေါင်းပိုင်း ထဲက ဦးနှောက်အတွင်းမှ ဟော်မုန်းများ အချိန်ကိုက် ထွက်ရှိလာမှုကြောင့် ဖြစ်ပါတယ်။ အဲဒါကိုလူတွေက“ကြီးကောင်ဝင်လာပြီ”လို့ ခေါ်ဝေါ် သမုတ်ကြရင်း မိန်းကလေးငယ်လေးဟာ ကလေးဘဝကနေ ဆယ်ကျော်သက် အရွယ်သို့ တစတစနဲ့ ချဉ်းနင်းဝင်ရောက် လို့ လာပါတော့တယ်။
မိန်းကလေးများရဲ့ ပြင်ပ ခန္ဓာကိုယ် ပြောင်းလဲမှုမှာ ရင်သား ဖွံ့ထွားလာတာတွေ၊ တင်ပါးလေး ဝိုင်းစွင့်ကား လာတာတွေ တွေ့မြင်နေရ သလို ကိုယ်ခန္ဓာ အတွင်းပိုင်း မိန်းမမျိုးပွား အင်္ဂါများဟာလည်း မ,ဟော်မုန်းများရဲ့ အချိုးညီညီ လှုံ့ဆော်မှုတွေ ကြောင့် တချိန်မှာ လူသားမျိုးနွယ်ဆက် ပြန့်ပွားရေး တာဝန် အတွက် စတင်ပြင်ဆင် ပြောင်းလဲမှုတွေ ဖြစ်ပေါ် လာပါတယ်။
မိန်းကလေးတွေ  အပျိုဖော် ဝင်ပြီလို့ တိတိကျကျ ပြောနိုင်တဲ့ ဖြစ်ရပ်ကတော့ ဓမ္မတာသွေး စ,ပေါ်ခြင်း ပါပဲ။ အပျိုဖော် ဝင်ပြီလို့ ပြောနိုင်ဖို့ မိန်းကလေး အင်္ဂါဇာတ်မှ ရာသီသွေးဆင်းခြင်း ရှိရပါမယ်။ ပထမ ဆင်းစ ကာလတွေမှာ ပုံမှန် တလတခါ ဆင်းချင်မှ ဆင်း တတ်ပြီး တလဆင်းလိုက် နှစ်လလောက် ပျောက်လိုက်၊ တခါ ပြန်ဆင်းလိုက် သုံးလေးလ ပျောက်လိုက်လည်း ဖြစ်တတ်ပါ သေး တယ်။ ငယ်ရွယ်သေးပေမယ့် ပုံမှန် ဟုတ်မဟုတ် စစ်ဆေးပြီး ဘာထူးခြားချက်မှ မရှိပါက အလွန်အမင်း စိုးရိမ်စရာ မလိုပါ။
ပုံမှန် ဟုတ်မဟုတ် ဆိုတာက ရာသီသွေး မဆင်းရခြင်း အကြောင်းရင်းတွေမှာ မူလ ရာသီ မဆင်းခြင်းနဲ့ ဒုတိယ အကြောင်းများ အရ ရာသီ မဆင်းခြင်းရယ် လို့ နှစ်ပိုင်း ခွဲနိုင်တဲ့ အနက် မူလရာသီသွေး မဆင်းခြင်း ကတော့ မိန်းကလေးအသက် အတန်ကြီးလာ သည့် တိုင်အောင် (ဥပမာ – အသက် ၁၈ ၊၂၀ အရွယ်ရောက်သည့် တိုင်အောင်) သူများတန်းတူ တခါမှ ရာသီ မဆင်းတာမျိုးကိုခေါ်ပြီး ဒါမျိုးမှာ အဖြစ်များတာကတော့ ဟော်မုန်းထွက်ရှိခြင်း ဆိုင်ရာချွတ်ယွင်းချက်များကြောင့် ပိုဖြစ်တတ် ပါတယ်။ တချို့ ရှားပါးစွာ တွေ့ရတာ ကတော့ မွေးရာပါ မျိုးပွားအင်္ဂါ ချွတ်ယွင်းချက်များ ပါလာလို့လည်း ဖြစ်နိုင်ပါတယ်။ အချို့မှာတော့ ရာသီတောင် မဆင်းရသေးဘဲ အနေအထိုင်မှားလို့ ကိုယ်ဝန် တန်းရှိသွားတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။
မူလက ပုံမှန်ရာသီသွေး ဆင်းပြီးကာမှ အခြား အကြောင်းများကြောင့် ရာသီထိမ်သွားတာမျိုးကိုတော့ ဒုတိယ အကြောင်းများ ကြောင့် ရာသီမဆင်းခြင်း အနေနဲ့ တွေ့ ရတတ်ပါတယ်။ အလွန် များပြားစွာ တွေ့ရတတ်တဲ့ အကြောင်းတွေ အနက် အရေးကြီးဆုံး ဖြစ်တဲ့ အရွယ် မတိုင်မီ ကိုယ်ဝန် ဆောင်ရခြင်းကြောင့် ဟုတ် မဟုတ် ကိုတော့ အထူးအလေးပေး စစ်ဆေးရမှာ ပါ။ ဒါ မဟုတ်ဘူး ဆိုရင်တော့ အများဆုံး ဖြစ်တတ်တာက  မ,သားဥအိမ်မှ သားဥကြွေချိန် မမှန်သေးတာကြောင့်ရယ်၊ သားဥ ကြွေခြင်း မရှိတဲ့ ရာသီ ဆင်းခြင်းကြောင့်ရယ် ရာသီ ဆင်းချိန် မမှန် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ရာသီသွေး စဆင်းပြီး တနှစ်ကျော်လောက် အထိ ကျောင်းသူအရွယ်လေးတွေမှာ လာလိုက် မလာလိုက် ဖြစ်တတ်ကြပါတယ်။ အချို့လည်း နှစ်နှစ်ကျော် အထိပုံမှန် မဆင်းတတ်ကြတာ ရှိပါတယ်။
အရေးကြီး တာကတော့ အညွန့်တလူလူနဲ့ အနာဂတ် ဘဝခရီးရှည် လျှောက်ဖို့ စတင်တဲ့ ဒီပထမ အရွယ်မှာ လင်ယူသားမွေး ကိစ္စတွေ ကြုံပြီး၊ ပန်းကောင်းအညွန့်ကျိုး မဖြစ်ရစေဖို့ အုပ်ထိန်းသူများအနေနဲ့ သတိပြုရမှာ ဖြစ်သလို ကာယကံရှင် သမီးလေးတွေ အနေ နဲ့လည်း ကိုယ့်ဘဝ ရေစုန်မမျောရအောင် တွေ့ရတတ်တဲ့ အန္တရာယ်တွေကို ရှောင်နိုင်ဖို့အတွက် ကိုယ်ခန္ဓာရဲ့ အခြေခံ ကျန်းမာရေး အချက်အလက် တွေကို မှန်မှန်ကန်ကန် သိဖို့ လိုပါတယ်။
ကောင်းပြီ..။ ဒါဆိုရင် ရာသီသွေးဆင်းတယ် ဆိုတာဘာလဲ၊ ဘာလို့ ဆင်းရတာလဲ၊ ရာသီမဆင်းရင် ကိုယ်ဝန် ရှိတာ ဖြစ်နိုင်တယ်လို့ ဘာကြောင့်ပြောတာလဲ၊ ကိုယ်ဝန်ဆိုတာ ဘယ်လိုနည်းနဲ့ ရှိနိုင်တာလဲ၊ မိန်းကလေးများဟာ ယောကျာ်းလေးများနဲ့ ကွဲပြားစွာ ဘာကြောင့် ကိုယ်ဝန် ဆောင်ရတာလဲ၊ ဒါတွေကို အကြမ်းမျှ သိထားရမှာပါ။
စောစောက ပြောခဲ့သလို မိန်းကလေးများမှာ အရွယ်ရောက်ခါနီးပြီ ဆိုရင် ကိုယ်ခန္ဓာ အစိတ်အပိုင်းများမှ ဟော်မုန်းများ ထွက်ပြီး မမျိုးဥ အိမ်လေးများထဲမှ သားဥလေးတွေ ရင့်မှည့်လာ ပါတယ်။ ထို့အတူပဲ သားအိမ် နံရံအမြှေးလေးတွေမှာ အပေါ်ယံနှစ်လွှာက သွေးကြော၊ ပြန်ရည်ကြော လေးများ ပြည့်ဝနေတဲ့ အလွှာများ အဖြစ် ထူထဲမြင့်တက်လာ ပါတယ်။
မိန်းကလေးများရဲ့ ကိုယ်ခန္ဓာ အောက်ပိုင်း ဝမ်းဗိုက်အတွင်း ဆီးစပ်နားမှာ အလယ်က သားအိမ်လေးတခုနဲ့ သူ့ဘေးမှာ တွဲလျက် သားဥပြွန် ၂ ခု ပါရှိပါတယ်။ အဲဒီသားဥပြွန်လေးတွေ အဆုံး တဖက်မှာ သားဥအိမ် လေးတခုစီ တည်ရှိပါတယ်။
အဲဒီ သားဥအိမ်လေးတွေထဲက သားဥလေးတွေ ကြွေကျလာတဲ့အခါ သားဥပြွန်လေးတွေ အဆုံးမှာ ရှိတဲ့ အမျှင်လေးတွေက မသား ဥလေးကို လက်တံများ သဖွယ် ဖမ်းယူဆွဲခေါ်ပြီး မ,သားဥလေးဟာ သားဥပြွန် တလျှောက် ရွေ့လျားကာ သားအိမ်ထဲ ရောက်ရပါတယ်။ အဲဒီလို ရွေ့လျားချိန်ဟာ ပျမ်းမျှ နှစ်ရက်မှ သုံးရက်ကျော် ကြာတတ်ပါတယ်။ အဲဒီနောက်တော့ မ,သားဥလေးဟာ သားအိမ် ထဲရောက် သွားကာ ထိုမှတဆင့် ထူထဲနေတဲ့ သားအိမ်နံရံ အလွှာများနဲ့ တကွ ကိုယ်ခန္ဓာ အပြင်သို့ လျှောကျ ပျက်စီးသွားရ ပါတယ်။ သားအိမ်နံရံမှ သွေးကြောလေးများစွာ ပါရှိနေတဲ့ အလွှာတွေ ကွာကျတာမို့ မိန်းမကိုယ် အဝကနေ သွေးများ ဆင်းသကဲ့သို့ ဖြစ်ပြီး အဲဒါကို ရာသီဆင်းတယ်လို့ ခေါ်ကြတာပါပဲ။ ဒါက မသားဥလေးဟာ ဖိုသုက်ပိုးနဲ့ မတွေ့ရတဲ့ အတွက် သန္ဓေ မအောင်ဘဲ သက်တမ်းစေ့ပြီး လျှောကျတာကို ပြောတာပါ။
အကယ်၍ မသားဥလေးဟာ ဖိုသုက်ပိုးနဲ့ တွေ့ပြီး ပေါင်းစပ် သန္ဓေ အောင်သွားခဲ့ရင် သန္ဓေ အောင်ပြီးတဲ့ သားဥလေးဟာ သားအိမ်  နံရံမှာ ထူထဲစွာ မြင့်တက် နေတဲ့ အလွှာလေးတွေထဲက သွေးကြောပြန်ရည် ဂလင်းများ အာဟာရများ အထောက်အပံ့နဲ့ ဆက် လက် ရှင်သန် ကြီးထွားတော့မှာမို့ သားအိမ်နံရံက အလွှာတွေ မကွာကျဘဲ ရာသီသွေး အဖြစ်လည်း မဆင်းနိုင်တော့ပါဘူး။
ဒါကြောင့် ရာသီသွေး မဆင်းရခြင်း အကြောင်းရင်းများ အနက် ကိုယ်ဝန် တည်သွားလို့လား ဆိုတာ မဖြစ်မနေ စစ်ဆေးကြည့် ရမှာပါ။ ဒါကိုတော့ ရာသီရက် လွန်ပြီး တပတ်၊ နှစ်ပတ်လောက်မှာပဲ ဆီးစစ်တံနဲ့ စစ်ဆေး သိရှိနိုင်ပါတယ်။
သားအိမ်နံရံကို သန္ဓေအောင်ပြီး သားဥလေး စတင်ထိုးဖောက် ခြေကုပ်ယူချိန်က စလို့ ကလေးအချင်း မဖြစ်ပေါ်မီ သုံးလခန့်လောက် အတွင်းမှာ အဲဒီ ဆီးစစ်တံနဲ့ စစ်ဆေးသိရှိနိုင် ပါတယ်။ ဒါက ရာသီမဆင်းဘဲ ကိုယ်ဝန်ရှိသွားတဲ့ အခြေအနေပါ။
မသားဥလေး ကြွေပြီး သားဥပြွန်တွင်းမှာ ရွေ့လျားနေချိန်မှာ အပျိုလေး တယောက်အနေနဲ့ အနေအထိုင် ပိရိ၊ စည်းကမ်းရှိ ရပါတယ်။ ဒီအချိန်မှာ ဆန့်ကျင်ဘက်လိင်နဲ့ မှားယွင်းမိတာနဲ့ တပြိုင်နက် လိင်ဆက်ဆံရာက တဆင့် ဖိုသုက်ပိုးတွေဟာ မိန်းမ ကိုယ် အဝကနေ လာနိုင်ပြီး သားဥပြွန်တလျှောက် သက်တမ်း မကုန်သေးတဲ့ မသားဥ (သို့) ကြွေကျလာမယ့် မသားဥနဲ့ တွေ့ဆုံ သန္ဓေအောင်ပြီး ကိုယ်ဝန်အဖြစ် ဆက်လက်တည်ရှိ သွားနိုင် ပါတယ်။ အချိန် မတန်မီ ကိုယ်ဝန်ရှိသွားမယ့် အန္တရာယ်ဟာ မိန်းကလေး ငယ်ငယ် အတွက်တော့ ဘဝ ရေစုန်မျောရမယ့် အန္တရာယ်ပါပဲ။
ဒါနဲ့ တဆက်တည်း လိင်ဆက်ဆံဖော် ယောကျာ်းမှာ ရှိနိုင်တဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ၊ ကြွက်နို့တမျိုး ကနေ တဆင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်မယ့် အန္တရာယ်တွေ၊ အသည်းရောင် ရောဂါတွေ၊ အခြား ကူးစက်ရောဂါတွေ စသဖြင့် ရောဂါ အမွေဆိုးတွေ ကူးစက်ခံရရင်လည်း တသက်လုံး အဖတ်ဆယ်လို့ မရအောင် ပျက်စီး နွမ်းကြေရတော့ မှာပါ။ မိမိကိုယ်တိုင် ရော မွေးလာမယ့် မျိုးဆက် ရင်သွေးတွေမှာပါ ဆက်တိုက် အမွေဆိုးကို ခံစားရစေမှာ ဖြစ်တယ်။
ဒါတွေဟာ တချက်လေး မှားလိုက်ရုံနဲ့ အခုခေတ်မှာ လွယ်ကူမိုက်ကန်းစွာ သန္ဓေသားကို ဘယ်လောက်ပဲ ဖျက်ချနိုင်တယ် ပြောပြော၊ နောက်ဆက်တွဲ ဆက်လက်ခံစားရမယ့် အန္တရာယ်တွေပါ။ လတ်တလော အပျိုလေးလို ဟန်မပျက် ပြန်နေနိုင်ပေမယ့် နောင် တချိန် လင်ကောင်းသားကောင်းနဲ့ ဘဝထူထောင် တော့မယ် ဆိုတဲ့ အခါ ဒဏ်ရာတွေနဲ့ မျိုးပွားလမ်းကြောင်းက အကောင်းပကတိ မဖြစ်တော့ဘဲ လူသူမသိအောင် အိမ်ထောင်ရေး ပြဿနာတွေ ကြုံရနိုင်တာ၊ ကလေး မရနိုင်တော့တာ၊ သားအိမ်ပြင်ပ သန္ဓေ တည်ပြီး အသက်ရန်ရှာနိုင်တာ၊ နောက်ဆုံး တသက်လုံး ကိုယ့်လိပ်ပြာ ကိုယ်မလုံတာ၊ စသဖြင့် နောက်ဆက်တွဲ ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ အများကြီးပါ။ သံသရာမှာလည်း ဘယ်သူ သိသိ မသိသိ၊ ကိုယ့်ကိုယ်ကိုယ် သိပြီး လူသတ်ခြင်း အကုသိုလ်အရိပ်မည်းက တဘဝလုံး ခြောက်လှန့်နေမှာပါ။
တကယ်တော့ ဒီဆယ်ကျော်သက် အရွယ် ဆိုတာ သဘာဝ ဇီဝကမ္မ ဖြစ်စဉ် အလျောက် ကိုယ်တွင်းမှာ ဟော်မုန်း အပြောင်း အလဲ တွေ ကြောင့် စိတ်ကစားတတ်၊ စိတ်ယိုင်လွယ် တတ်ကြတဲ့ အရွယ်ကလေးတွေမို့ ရှေ့ဆက် လျှောက်ရမယ့် ကိုယ့်ဘဝ တသက် တာ အတွက်  ပြန်မတက်နိုင်တော့မယ့် ဘဝချောက်ကမ်းပါးထဲ စုံးစုံးနစ်မြုပ် ကျဆုံး မသွားစေဖို့ ကိုယ့်ကိုယ်ခန္ဓာမှာ ဘာတွေ ဖြစ် လာနိုင်သလဲ၊ ကိုယ့် အတွက် အန္တရာယ်က ဘာတွေလဲ ဆိုတာ အရေးကြီးဆုံး အခြေခံ အသိတရား၊ သတိတရား လေးတွေနဲ့ အားယူလှမ်းတက်ရမယ့် အချိန် ဖြစ်တယ် ဆိုတာ သတိပေး ပြောကြားချင်ပါတယ်။     ။

ကားသွင်းခွင့်မူဝါဒ မပြောင်းတော့ဟု ဦးဝင်းမြင့် ကတိပေး


အစိုးရသစ်လက်ထက် တွင် ကားတင်သွင်းခွင့် မူဝါဒနှင့် ပတ်သက်ပြီး မိမိလက်ကျန်သက် တမ်းတွင်ထပ်မံ အပြောင်းအလဲ ပြုလုပ်တော့မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းမြင့် ကပြောကြား သည်။

‘‘ကျွန်တော် ၀န်ကြီး လုပ်တဲ့ ကာလမှာ ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး မူဝါဒ ရှစ်ကြိမ်တိတိ ပြောင်းလဲခဲ့တယ်။ ဒါကြောင့် အခု ကတိပေးပါတယ်။ ကားနဲ့ ပတ်သက်ပြီး မူဝါဒ အပြောင်း အလဲဘာမှ မလုပ်တော့ပါဘူး’’ဟု ၀န်ကြီးက မေလ ၈ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် မာစီး ဒီးဘင့်ဇ် ကားအရောင်းပြခန်းဖွင့် ပွဲအခမ်းအနားတွင် ပြောသည်။

ကားတင်သွင်းမှု မူဝါဒများ ကို ၎င်းလက်ထက်တွင် ပုံစံ အမျိုးမျိုးဖြင့် ဖြေလျှော့ပေးခဲ့ပြီး ယနေ့အထိ ကားအစီးရေ သုံး သိန်းကျော်အား တင်သွင်းခွင့် ပါမစ် ထုတ်ပေးပြီးဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြော သည်။

‘‘ဒီလိုပြောတာကို ကြိုဆိုပါ တယ်။ ကျွန်တော်တို့ လုပ်ငန်းရှင် တွေက တစ်နေ့၊တစ်နေ့ ကားနဲ့ ပတ်သက်ပြီး ဘာပြောင်းမယ်၊ ညာပြောင်းမယ်ကြားတော့ စိတ်ပူ နေရတာ’’ဟု မြမြင့်မိုရ်ကားအ ရောင်းပြခန်းမန်နေဂျာဦးစိုးမြင့် ကပြောသည်။

ပြီးခဲ့သည့်လကလည်း သမ္မတ ရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ကား ဟောင်းတင်သွင်းခွင့် စလစ်များ ဖျက်သိမ်းမည်ဟု မီဒီယာများအားပြောကြားထားဖူးခဲ့သည်။

Author: မိုးညို
7Day Daily

 မာစီဒီးဘင့်ဇ် ကားအရောင်းပြခန်း ဖွင့်ပွဲ တွင်တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် မာစီဒီးကားတစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

အိမ်ခြံမြေ တံဆိပ်ခေါင်း အခွန်ကို (၇) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံမည်


မန္တလေးတိုင်း ဒေသကြီး အပါအ၀င် မြန်မာ တစ်နိုင်ငံလုံးတွင် အိမ်ခြံမြေ တံဆိပ်ခေါင်းခွန် ကောက်ခံမှုကို ယခင် ကောက်ခံခဲ့သည့် (၇) ရာခိုင်နှုန်း မှ (၅) ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီး ဌာန ၀န်ကြီး ဒေါက်တာ မြင့်ကြူက ပြောသည်။

ယခင်က ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီများ၏ ဧရိယာ အတွင်းတွင်သာ အိမ်ခြံမြေ တံဆိပ် ခေါင်းခွန်ကို ကောက်ခံခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ စည်ပင်သာယာရေး ကော်မတီ ဧရိယာ ပြင်ပအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက် ခံမည် ဖြစ်သည်။၊

အဆိုပါ အိမ်ခြံမြေ တံဆိပ်ခေါင်းခွန်ကောက်ခံမှု(၅) ရာခိုင်နှုန်းတွင်သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီမှ (၂) ရာခိုင်နှုန်း ရရှိမည် ဖြစ် သည်။ ကိုယ့်တိုင်း ဒေသကြီး အတွင်း ပြင်ဆင်စရာ ရှိတာတွေကို ပြည်ထောင်စု အထိ တင်စရာ မလိုတော့ဘူး။ ကိုယ့်တိုင်းဒေသကြီး Authority နဲ့ သုံးလို့ ရအောင်ပေါ့၊ စည်ပင်တွေ ၀င်ငွေတိုးတာပေါ့။ စည်ပင်သာယာ လုပ်ငန်းတွေမှာ များများ ပိုလုပ်နိုင်တာပေါ့ ဟု ၀န်ကြီး ဒေါက်တာ မြင့်ကြူ က ပြောသည်။

ယခင်က မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ် အတွင်း အိမ်ခြံမြေ ရောင်းဝယ်မှု များတွင် တန်ဖိုး အလိုက် တံဆိပ်ခေါင်းခွန် အဖြစ် (၇) ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး၊ စည်ပင်သာယာ နယ်နမိတ် ပြင်ပကိုမူ ကောက်ခံခြင်း မပြု ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရုံးမှ သိရသည်။

ယင်းကဲ့သို့ အိမ်ခြံမြေ တံဆိပ် ခေါင်းခွန်များ လျှော့ချလိုက် ခြင်းကြောင့် အခွန်ဆောင် လိုသူများ ပိုမိုများပြားလာသည် ကို တွေ့ရကြောင်း ၀န်ကြီးက ဆက်လက် ပြောကြားသည်။

အခွန်ဆောင်ပြီး အိမ်ခြံမြေ အရောင်းအ၀ယ် လုပ်တယ်ဆိုတာက နာမည်ပေါက် ရချင်တဲ့အတွက်ပါ။ ပြီးခဲ့တဲ့နှစ်ကဆိုရင် မြေ ကွက်ဈေးနှုန်း ကလည်း မြင့်တယ်။ အခွန် ကလည်း ကောက်တာများတော့ အမည်ပေါက် ရဖို့ထက် သူများ အမည်ပေါက် နဲ့ပဲ ၀ယ်ကြ ရတာပေါ့။

 The Messenger

နံနံစေ့က အစာအဆိပ်သင့်မှုကို သက်သာစေနိုင်



 နံနံစေ့က အစာအဆိပ်သင့်မှုကို သက်သာစေနိုင် အီဂျစ် လူမျိုးတွေက ဗိုက်နာတဲ့ ဝေဒနာ သက်သာစေဖို့ နံနံပင်ကို သုံးခဲ့ကြပါတယ်။ နံနံစေ့ဟာ အူလမ်း ကြောင်း ပိုးဝင်တဲ့ ဝေဒနာကို အမြန်သက်သာစေ တယ်လို့ စိုက်ပျိုးရေးနဲ့ အစားအစာ ဂျာနယ်ရဲ့ လေ့ လာမှုအရ သိရပါတယ်။ နံနံစေ့က အီးကိုလိုင်နဲ့ ဆာမိုနဲလ်လားတို့လို ဘက်တီးရီးယား ပိုးတွေကို သေစေနိုင်တာ ကြောင့် ဖြစ်တယ်လို့ ရှင်းပြထားပါ တယ်။ ထည့်ပြုတ်ပြီး ငါးမိနစ်ခန့် နှပ်ထားပါ။ ပြီးရင် တစ်နေ့ သုံးခွက်ခန့် သောက်နိုင်ပါတယ်။

 By Health Digest

မတ္တရာတွင် ရဲအင်အား ၁၀၀ ဝန်းကျင် ချထားသည့် တပ်သိမ်းမြေ၌ မူလပိုင်ရှင်များ ပျိုးဝင်ကြဲ



မန္တလေး၊ မေ ၇

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် ရေနံ့သာ ကျေးရွာအုပ်စု သပြေသာ ကျေးရွာကွင်းတွင် တပ်မတော်က သိမ်းယူခဲ့သည့် လယ်ယာမြေများပေါ်တွင် မူလပိုင်ရှင်များက မေလ ၇ ရက်နေ့တွင် ပျိုးဝင်ကြဲခဲ့ကြောင်း မတ္တရာမြို့နယ် သပြေသာကျေးရွာ ဒေသခံများက ပြောကြားသည်။

ယင်းသိမ်းယူထားသော မြေများပေါ်တွင် ပုဂ္ဂလိက ငါးမွေးမြူရေး လုပ်ကိုင်နေခြင်းကြောင့် မူလပိုင်ရှင်များသည် ရေများ ဖောက်ထုတ်ခဲ့ရာ မေလ ၆ ရက်နေ့မှ စတင်ပြီး တိုင်းဒေသကြီးနှင့် မြို့နယ်တို့မှ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး ဝန်းကျင်ခန့်အထိ ချထားသည့်ကြားမှ မူလပိုင်ရှင်များက ပျိုးဝင်ကြဲခဲ့ခြင်း ဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“မနေ့က နံနက်ပိုင်းက စပြီး ရဲတပ်ဖွဲ့ အင်အား ၁၀၀ ခန့် ရောက်ရှိနေပြီး လုံခြုံရေး ရယူထားတာ တွေ့ရပါတယ်။ ကျွန်မတို့က ကိုယ့်လယ်ကို ပြန်ဖော်ထုတ်တာပါ” ဟု လုံခြုံရေးများ လာရောက် နေရာယူထားမှုနှင့် ပတ်သက်၍ သပြေသာကျေးရွာ ဒေသခံ ဒေါ်စန္ဒာဦးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လုံခြုံရေး တာဝန်ယူထားသော တပ်ဖွဲ့ဝင်များကို သွားရောက်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြန်လည် ပြောဆိုသည်။

မတ္တရာမြို့နယ် သပြေသာကျေးရွာ ကွင်းအမှတ် ၁၄၁ မှ ၁၄၉ လယ်ယာမြေများကို ၁၉၉၁ ခုနှစ်တွင် ခမရ ၁၁၆ နှင့် ခမရ ၁၁၇ တပ်ရင်းတို့က သိမ်းယူခဲ့ပြီး ပုဂ္ဂလိက ငါးမွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက စီးပွားဖြစ် ငါးမွေးလျက် ရှိခြင်းကြောင့် မူလပိုင်ရှင်များက ၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ငါးကန်ရေများကို သွားရောက် ဖောက်ထုတ်ခဲ့ကြောင်း၊ ယင်းအပြင် အဆိုပါနေရာတွင် မေလ ၇ ရက်နေ့က ပျိုးဝင်ကြဲခဲ့သဖြင့် အဆိုပါ သိမ်းဆည်းခံ တောင်သူများကို ရဲတပ်ဖွဲ့ဝင်များက သေနတ်များနှင့် ချိန်၍ တားမြစ်ခဲ့ကြောင်း တားမြစ်ခံရသူ ဒေါ်ဆန်းဝင်းက ပြောကြာသည်။

ယင်းငါးကန်မှ ရေများကို ဖောက်ထုတ်ပြီး မေလ ၇ ရက်နေ့မှ စတင်၍ မျိုးစပါးတင်း ၆၀ ခန့် စတင်ကြဲခဲ့ကြောင်း၊ ထွက်ရှိသော စပါးများကို ဘုန်းကြီးကျောင်းများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ငါးမွေးမြူရေးကန်မှ ရေများ ဖောက်ထုတ်သူများအနက် သပြေသာ ကျေးရွာဒေသခံ ဒေါ်ဒေါင်း၊ ဒေါ်ကြည်ဆန်း၊ ဒေါ်စနာဦး၊ ဦးမော်တင်၊ ဦးသန်းထွန်း၊ ဦးအောင်စိုးတို့ကို ပုဒ်မ ၁၁၄/၅၀၆/ ၄၄၇/ ၄၂၇ တို့အရ မတ္တရာမြို့နယ် ရေနံ့သာ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ယင်းအမှုဖွင့် ခံထားရသူများက ပြောကြားသည်။

The Voice Weekly

ရန်ကုန်မြို့တော် ယာဉ်ပိတ်ဆို့မှု ပြဿနာအတွက် P များ



ရန်ကုန်စက်မှုတက္ကသိုလ် B.E ကျောင်းသားဘ၀တုန်းက လမ်းတွေပေါ်က ယာဉ်စီးရေကို စာရင်းကောက် မြားပြဒိုင်ယာ ဂရမ်တွေဆွဲ၊ ၀ါစိမ်းနီ မီးပွိုင့်အချိန်တွေတွက်၊ ကားဘရိတ်ဖမ်းရမည့် အကွာအဝေးတွေတွက် စသည်ဖြင့် ပရောဂျက်လေးလုပ်ခဲ့ရသည်။
ယခုရန်ကုန်မှာလုပ်နေသော ယာဉ်ထိန်းအင်အားတိုးခြင်း P (Police volume) ၊ ပလက်ဖောင်းဧရိယာနှင့် ၀န်ဆောင်မှု တိုးမြှင့်ခြင်း P (Platform Service) ၊ ကားရပ်ကွင်းများ ဖန်တီးခြင်း P (ParkingSpace) ၊ လမ်းများချဲ့၊ ခုံးကျော်တံ
တားများဆောက်ခြင်း P (Pushfor LOS-Level of Service) များသည် ကောင်းမွန်သော အစီအမံများ၊ လုပ်သင့်သည်များ ဖြစ်ပါသည်။ သို့သော် စစ်မှန်သော၊ သုတေသန ပြုထားသော Peak Volume ယာဉ်အသွားအလာအများဆုံးအချိန်နှင့် Peak Duration ယာဉ်အရေအတွက် အများဆုံးပမာဏကို အခြေခံမှ ထိရောက်ပါလိမ့်မည်။ သို့မဟုတ်ပါက မလိုအပ်သော၊ ရပ်မည့်ကားမရှိသော တစ္ဆေကားပါကင်များဆောက်မိခြင်း၊ လျှောက်မည့်သူမရှိသော ပလက်ဖောင်းများ ချဲ့မိခြင်း၊ ထိရောက်မှုနည်းသော ခုံးကျော်တံတားများ ရွေးချယ်မိခြင်းများ ဖြစ်တတ်ပါသည်။ Peak Volume အမှန်ကို အခြေခံ ပြင်ဆင်နေသည်ဟုလည်း ယုံကြည်ပါသည်။ ယခု အဓိက ဆွေးနွေးလိုသည်မှာ ရေရှည်အတွက် မဖြစ်မနေ၊ အမြဲလုပ်
နေရမည့် နောက်ထပ် “ P ” များ ဖြစ်ပါသည်။
ကျွန်တော်တို့မြို့တော်၏ အမြင့်ဆုံး အကျပ်အတည်း Peak ကို သိပြီဆိုပါက ဘာကြောင့်လူတွေ ဒီနေရာတွေကို သွားနေရသလဲ ပြန်စဉ်းစားရတော့မည်။ ဘန်ကောက်တက္ကသိုလ် M.E တန်းမှာ သင်တာက Upstream thinking အထက်ကို ခြေရာကောက်၊ ဆန်ပြီး တွေးခြင်းဟု ဆီလျော်အောင် ပြန်ရမည်ထင်သည်။ ကမ္ဘာ့မြို့ကြီးများလိုပဲ ဆိုရပါမည်။ အလုပ်လုပ်ဖို့၊ပိုက်ဆံ/အလုပ်/ပညာရှာဖို့၊ ရုံးတက်ဖို့၊ လူတွေမြို့ထဲ တိုးဝင်နေသည်။ အဲဒီလူတွေ မြို့ထဲမသွားဘဲ သူတို့လိုအင်ပြည့်အောင် ဆောင်ရွက်ပေးခြင်းသည် အထိရောက်ဆုံး ဖြေရှင်းနည်းဖြစ်ပါသည်။ စာထဲမှာ ယင်းဖြေရှင်းနည်းများကို Pull and Push Factors ဆွဲဆောင် ရွှေ့ပြောင်းနိုင်မှုကိန်းများဟု ခေါ်ပါသည်။ လူအများစု တိုးဝင်ရာ မြို့လယ်များသည် ရုံးနှင့် ၀န်ဆောင်မှုလုပ်ငန်းများရှိရာ စီးပွားရေးစင်တာများ ဖြစ်နေတတ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အချက်သုံးချက်ကြောင့် လူများရှိသင့်သည်ထက် စုပုံတိုးဝှေ့နေတတ်သည်။ ပထမက ကြိုးနီစနစ်ဖြစ်သည်။ ကိစ္စအရေးကြီးကြီး၊ မကြီးကြီး လူကိုယ်တိုင်လာ၊ အပြောင်းအလဲ၊ အလျှော့အတင်းမရှိသော ရုံးလုပ်ငန်းအတိုင်း လာလုပ်ဆိုသောပြဿနာ။ ဒုတိယက နည်းပညာအားနည်းမှု။ အွန်လိုင်းအခြေခံ ၀န်ဆောင်မှုများ မအောင်မြင်သရွေ့ လူတွေတစ်နေရာပြီး တစ်နေရာ မလိုအပ်ဘဲ သွားနေရသည့် ပြဿနာ။ တတိယက မြို့လယ်၏ ၀န်ဆောင်မှုစွမ်းအားကို အမှန်တိုင်း မသိမှု။ ကားပါကင် ဘယ်နှစ်နေရာ ပေးနိုင်မှန်းမသိ၊ ဓာတ်လှေကားစနစ် ဘယ်လောက်ပေးနိုင်မှန်းမသိ၊ လမ်းနှင့်ပလက်ဖောင်းများ၏ ၀န်ဆောင်မှုရေချိန် LOS (Level of Service) ကိုမသိ၊ အရန် အဆောက်အအုံအကျယ်နှင့် လူထုဧရိယာမျာျးကို တွက်ချက်မထားမှု စသည့် မသိခြင်း ပြဿနာများဖြစ်ပါသည်။
ဥပမာတစ်ခု ဆိုပါမည်။ လွန်ခဲ့သော ၂ နှစ်လောက်ထိ ဆူး စေတီတော်နားက ဆက်သွယ်ရေး ရုံးမှာ တန်းစီနေသော လူတန်း ရှည်ကြီးကြားမှာ ကျွန်တော်တို့ တစ်လ နှစ်ကြိမ်လောက် ညပ်နေတတ်သည်။ ဘာမှကြီးကြီး ကျယ်ကျယ်မဟုတ် ဖုန်းဘီလ်ဆောင်ဖို့ သက်သက်။ ယခုအဲဒီလို လူတန်းရှည်ကြီးတွေမရှိတော့ ငွေဖြည့်ကတ်ကနေ ဖုန်းဘီလ်ဆောင်သော နည်းပညာက ပြဿနာကို ရှင်းထုတ်လိုက်ပြီ။ ဒီလို အွန်လိုင်းဝန်ဆောင်မှုတွေ ဘဏ်ကြားခံ ဆောင်ရွက်မှုစနစ်တွေ ATM ကတ် တွေက လူတွေမလိုအပ်ဘဲ သွားလာနေရမှုတွေကို လျော့ကျစေပါလိမ့်မည်။ လက်ရှိ ရန်ကုန်မြို့လယ်က အစိုးရနှင့် ပုဂ္ဂလိကရုံးများ၊ ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများ၏ ၅၀ ရာခိုင်နှုန်းလောက်သာ အွန်လိုင်းဝန်ဆောင်မှု ဆောင်ရွက်နိုင်ဦး၊ မြို့လယ်က လူနှင့်ကားတစ်ဝက်မက လျော့သွားပါလိမ့်မည်။ အရေးအကြီးဆုံးဖြစ်သလို အင်ဂျင်နီယာများ အမြဲစဉ်းစားတွက်ချက်နေရမည့် အချိုးတစ်ခု ရှိပါသေးသည်။ လူနေအိမ်ယာနှင့် စီးပွားရေးလုပ်ငန်း ဧရိယာအချိုးကျမှု ဖြစ်ပါသည်။ အဲဒီ P ကို ပီအကြီးဟု ကျွန်တော်တို့ခေါ်ပါသည်။
သူဘယ်လို အရေးပါသလဲ မပြောခင် နေ့လယ်ဘက်မှာ ကားရပ်စရာလုံးဝမရှိသော မြို့တော်ခန်းမတစ်ဝိုက်၊ ပန်းဆိုးတန်းတစ်ဝိုက်ကို ညရှစ်နာရီလောက်မှာ တစ်ချက်ကြည့်စေချင်ပါသည်။ သရဲခြောက်မတတ် လူရှင်းနေပါလိမ့်မည်။ အဲဒီအချိန်မှာ တစ်နေကုန်ကားမရှိသော လူနေရပ်ကွက်တွေထဲက အိမ်ရှေ့လမ်းဘေး နေရာလေးတွေမှာ ကားတွေလုရပ်ရင်း စကားများနေကြပါပြီ။ မြို့စွန်ကို ပြန်ရသူတွေ ညစာမစားရသေးဘဲ ဘတ်စ်ကားစီးတုန်း နွမ်းလျနေတုန်းဖြစ်ပါလိမ့်မည်။ ချစ်စရာကောင်းသော ကျွန်တော်တို့ရန်ကုန်မြို့တော်ကြီးမှာ မြို့သူမြို့သားတွေကို စနစ်တကျနေရာချထားပေးနိုင်သော လူနေခန်းနှင့် စီးပွားရေး (ရုံးခန်း) အချိုးတိကျစွာ ချမှတ်ထားမှုမရှိသေးပါ။ ကိုယ့်ကိစ္စ ကိုယ်ရှင်း၊ မတတ်နိုင်သူ မြို့ပြင် ထွက်ကြေးဖြစ်နေတုန်းဖြစ်ပါသည်။ ဂျပန်နိုင်ငံ အိုဆာကာနှင့် ဖူကူအိုကာမှာ ခဏနေခဲ့တုန်းကတည်းသည့် အိမ်ရှင်အပြောအရ လုံးချင်းအိမ်မဟုတ်ဘဲ တိုက်ခန်းမှာနေသရွေ့ မြို့ပြင်၊ မြို့တွင်းနေသူများမှာ လူတန်းစား သိပ်မကွာလှ။ အလုပ်နှင့်နီးရာမှာ အဆင်ပြေရာနေကြသည့်သဘော။ ကျွန်တော်တို့ ရန်ကုန်စီးပွားရေး ရပ်ကွက်များ၏ လူနေ၊ ရုံးခန်းအချိုးကို ကျွန်တော်တို့ တွက်ချက်ထိန်းသိမ်းရပါမည်။ အဲဒီအချိုးနှင့်လမ်းတွေ၊ ကားရပ်ကွင်းတွေ၏ ၀န်ဆောင်မှု အဆင့်ဆင့် ချိတ်ဆက် မြှင့်တင်တည်ဆောက်ရပါမည်။ ဧရိယာတစ်ခုမှာ နေရာလွတ်ဖန်တီးနိုင်မှု ကုန်သွားပါက နေရာလွတ်ဖန်တီးနိုင်သော ဧရိယာကို ရွှေ့ယူရပါမည်။ လူနေ အဆောက်အအုံများ စီးပွားရေးလုပ်ငန်းများကို ရွှေ့ရမည်ဟု မဆိုလိုပါ။ မသိမသာ လိမ္မာပါးနပ်စွာ ရွှေ့ယူနိုင်သော စနစ်များ ရှိပါသည်။
ကျွန်တော်တို့မှာ အခွင့်အလမ်းများစွာရှိပါသည်။ ဥပမာ- သက်တမ်းကုန် အဆောက်အအုံဟောင်းတစ်လုံးကို ဖျက်ဆောက်ဖို့ အခွင့်ကြုံလာချိန်မှာ ကျွန်တော်တို့ ကြိုတင်တွက်ချက်ထားသော အချိုးအတိုင်းဝင်အောင် Plan ချခြင်း၊ ကြေညာထုတ်ပြန်ခြင်း Publication များ လုပ်နိုင်ပါသည်။ ဆရာ ဒေါက်တာကျော်လတ် စိတ်ပူသလို ရုပ်ဆိုးပန်းဆိုး ကွန်ဒိုတိုက်များ (Ugly Condos) မဖြစ်လာအောင်၊ ဆရာဒေါက်တာသန့်မြင့်ဦး စိုးရိမ်သလို ၁၈/၁၉ ရာစုမှ အလှတရားများကို ဖျက်ဆီးပစ်သလို မဖြစ်အောင်တော့ သတိကြီးကြီး ထားရပါလိမ့်မည်။ ကျွန်တော်နဲ့ နှစ်ချီခင်မင်လာသော နိုင်ငံခြားသား မြို့ပြပညာရှင်တစ်ယောက်က ရန်ကုန်ကို မိုးမျှော်တိုက်တို့ကင်းစင်ရာ လှပသော၊ ဗုဒ္ဓဘာသာထွန်းကားသော မှတ်တိုင်နိုင်ငံ (သူ့သဘောက ရွှေတိဂုံစေတီတော်ကို ဘက်ပေါင်းစုံက နေဖူးတွေ့ရတာကို ဆိုလိုပါသည်) ဥရောပနှင့် အာရှဗိသုကာလက်ရာများ ရောယှက်ရာ ယဉ်ကျေးမှုစုံသော၊ လူဦးရေမတန်တဆများ မလာအောင် ထိန်းထားနိုင်သော သာယာသော မြို့တော်သာ ဖြစ်စေချင်သည် ဆိုပါသည်။ ကျွန်တော်တို့အတွက် အတွေးပွားစရာအချက်များ ဖြစ်ပါသည်။
ကျွန်တော် ယခုဆောင်းပါးကို ရန်ကုန်မြို့တော် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအတွက်လို့ ခေါင်းစဉ်တပ်ခဲ့သည်။ ဒါပေသိ လူနှင့် အဆောက်အအုံများအကြောင်းများကိုသာ ဇောင်းပေးတင်ပြပါသည်။ ဘာကြောင့်လဲဆိုတော့ ယာဉ်ကြောပိတ်မှု ပြဿနာ၏ ရင်းမြစ်များဖြစ်လို့ ဖြစ်ပါသည်။ ခေါင်းစဉ်၏ P ဖြစ်သော မော်တော်ကား တင်သွင်းမှု၊ အသုံးပြုခွင့်ပေးမှု Policy ကို အခုမှပြောပါမည်။ အကြောင်းအမျိုးမျိုးကြောင့် အတိတ်က ကားတင်သွင်းမှု ထိန်းချုပ်ခဲ့သည်။ ယာဉ်ပိတ်ဆို့မှုတော့မရှိ (ပိတ်စရာ ကားမှမရှိဘဲကိုး)၊ ပြဿနာ နှစ်ခုတက်သည်။ တစ်ခုက ကမ္ဘာ့ဈေးအကြီးဆုံး ကားအစုတ်ဈေးတန်းကြီး ပေါ်လာသည်။
သည်ထက်ဆိုးတာက တက်ရိပ်သာရှိသော အဲဒီကား ဈေးကွက်ကို ယုံမှတ်စရာ ငွေမာစီးပွားရေးအဖြစ် ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံကြ၊ စုဆောင်းကြသည်။ ကားသည် စီးစရာ ယာဉ်မဟုတ်တော့။ စုဆောင်းငွေများ၊ အိုစာမင်းစာများ၊ ထမင်းအိုးများ၊ မိသားစုအာမခံချက်များဟူသော ယုံကြည်ချက်ကို ဆယ်စုနှစ်များစွာ တစ်ပြည်လုံး ယုံကြည်ခဲ့သည်။ အဲသည်လိုကနေ ဗြုန်းခနဲကားဈေးကွက်ပျက်သွားသည်။ တကယ်တော့ ကားဈေးကွက်ပျက်တာ မဟုတ်၊ လူတချို့၏ စုဆောင်းငွေများ ပျောက်ရှပြီး အရင်းပျောက်၊ ဘ၀ပျက်ကုန်တာဖြစ်သည်။ ငွေမည်းကြေညာသလို လူတန်းစားအားလုံး မထိခိုက်ပေမယ့် ပျောက်ဆုံးမျိုးသုဉ်းလု လူတန်းစား တကယ်မျိုးကန်းသွားခြင်း ဖြစ်ပါသည်။
လူများစု ကားပိုင်ရေးအတွက် စေတနာမှန်သော အစီအမံဖြစ်၍ ရှိစေတော့။ ယခုပြည်ပကနေ ကြားနေရသည်က လမ်းပိတ်တာကို ထောက်ပြပြီး ကားပါမစ်တွေ ထိန်းချုပ်ဖို့ တချို့က ကြိုးစားလာကြပြီ။ (လုံးဝ) မလုပ်သင့်ပါ။ လုပ်သည့်နေ့ ကားဈေးပြန်တက်ပါမည်။ ဒီတစ်ခါ တန်ဖိုးလျော့ ပစ္စည်းဆိုတာကို မေ့ပြီး လူတချို့ မရှိရှိတာ ဘေးချိတ်(ထုခွဲပြီး)ကားတွေ ဇွတ်ဝယ်ကြပါဦးမည်။ ရန်ကုန်ယာဉ်ကြောကို ထိန်းနိုင်သောနေ့ ပါမစ်ပြန်ဖွင့်သောနေ့မှာ လူတွေ ငွေကြေး ထပ်ဆုံးရှုံးပါလိမ့် မည်။ ၂၀၁၂ မှာစသော ထိုင်းက လူစီးကား (လုပ်ငန်းသုံးကားမပါ) ကားပေါ်လစီကို အကျဉ်းမျှ မိတ်ဆက်ပါရစေ။ မိသားစုတစ်စုအတွက် ပထမဆုံး ၀ယ်သောကားကို ဘတ်တစ်သိန်း လျှော့ပေးသည်။ (ဆိုလိုတာက မိသားစု သန်းခေါင်စာရင်းတစ်ခု ကားတစ်စီးပဲ ရှိရမည်) ကားဟောင်းရှိနေလျှင် လျှော့မပေး။ နှစ်စီးမြောက်ကား ၀ယ်ယူသည်ဟု သတ်မှတ်ပြီး အခွန်တိုးကောက်သည်။ ဒီအခွင့်အရေးသည် ခုမှ ကားပိုင်ဆိုင်ခွင့် ရလာသော အဆင်ပြေစ မိသားစုများအတွက် မင်္ဂလာအစီအမံ။ တကယ်လို့ ရှိတဲ့ကားအဟောင်းရောင်းပြီး မိသားစုထဲမှာ ကားတစ်စီးတည်းပဲ ၀ယ်စီးသုံးမယ်ဆိုသော မိသားစုများအတွက်ကျ ၀ယ်သော ကားတန်ဖိုး အမျိုးအစားအလိုက် ဈေးလျှော့ပေးမည်။ ဘာဖြစ်ဖြစ် ကားနှစ်စီး၊ သုံးစီးထားစီးရင်တော့ အပိုကားများအတွက် ဆောင်ပေတော့အခွန်။ သူများအိမ်ထောင်စုငှားပြီး ကားဝယ်လို့ စစ်ဆေးတွေ့ရှိပါက အခွန်ရှောင်မှုအဖြစ် ပြင်းထန်စွာ အရေးယူမည်။ တချို့တက္ကသိုလ်ကြီးတွေ၊ ဈေးဝယ်စင်တာတွေက (ဒီကားက ကျွန်တော်တို့မိသားစုရဲ့ တစ်စီးတည်းသော ကားပါ) လို့ အဓိပ္ပာယ်ရသော စတစ်ကာကပ်ထားသည့် ကားတွေကို ပါကင်ဦးစားပေးသည်။ လူတွေ၏ အတွေးအခေါ် Mind Set ကို ပြောင်းနိုင်ဖို့ ၀ိုင်းကူပေးတာမျိုးဖြစ်သည်။
လက်ရှိ ပြဿနာတက်နေသော ရန်ကုန်ဧရိယာတစ်ခုတည်းတင် တစ်အိမ်ထောင်လူစီးကား တစ်စီး (လုပ်ငန်းသုံးကားမပါ) ပေါ်လစီကို ကျင့်သုံးကြည့်ပါ။ VIP မပါကြေး၊ တင်းကျပ်စွာ ကိုင်တွယ်ကြည့်ပါ။ ပြိုင်ကားများ လိုက်ဖမ်းနေရသော ဒုက္ခ၊ ကားပါကင် ဖန်တီးနေရသော ဒုက္ခ၊ ကားလမ်းကျပ်မှုဒုက္ခများ သိသိသာသာ လျော့နည်းသွားပါလိမ့်မည်။ မဖြစ်မနေ
လိုအပ်သူများ တတ်နိုင်သူများက သတ်မှတ်အခွန်ကို ထမ်းပြီး နှစ်စီးမြောက်၊ သုံးစီးမြောက်ကားများ မှတ်ပုံတင်စီးပါလိမ့်မည်။ အခွန်လည်း တိုးရလာပါမည်။ နိဂုံးချုပ် P ကို ဆိုပါရစေ။ ကျွန်တော်တို့ မျိုးဆက်လိုက် ခက်ခက်ခဲခဲ ဆည်းပူးလာသော အတတ်ပညာများ၊ အတွေးအခေါ်များ၊ အစီအမံများ၊ ဥပဒေသများ၏ ဖြည့်ဆည်းအရောင်တင်မှု P (Polish) သည် လူနည်းစု
ပိုက်ဆံဝါလားများ၊ အာဏာရှင်များ၊ အခွင့်ထူးခံများအတွက် သီးသန့် အကျိုးမဆောင်ရာ။ ကျွန်တော်တို့ လူမျိုး၊ ပြည်သူအားလုံးနှင့် မွေးဖွားရာ (မြှုပ်နှံရာ) အမိနိုင်ငံအတွက်သာ ဖြစ်ရာသည်ဟု ခိုင်မာစွာ ယုံကြည်ပါသည်။ ။

ကားဟောင်းများ ကားသင်္ချိုင်းတွင် နိဂုံးမချုပ်ပါ


Photo
7Day News Journal
မိုးညို၊သူရကျော်
ရန်ကုန်မြို့မှ ၁၄ မိုင်ကျော်ကွာဝေးသော သီလဝါအထူးစီးပွားရေးဇုန်အလွန်တွင် ဓနိမိုး၊ ထရံကာ မြေစိုက်တဲအချို့တွင် ကားပစ္စည်းအဟောင်းအချို့ကို ချိတ်ဆွဲထားသည်။ ကားစုတ်ကားဟောင်းအချို့ကိုလည်း ပြင်ပတွင် ပိုင်ရှင်မဲ့တွေ့ရသည်။ စက်ဆီးကြေးများ ပေကျန်နေသည့် လူအချို့က ဧပြီလ နွေနေပူအောက်တွင် ကားအဟောင်းများအတွင်းမှ ပစ္စည်းများကို ဖြုတ်ယူနေကြသည်။
ယင်းနေရာကား မြန်မာနိုင်ငံ၏ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံရာနေရာဖြစ်သည့် သီလဝါသင်္ဘောဖျက်စက်ရုံ (သို့မဟုတ်) ကားအရည်ကျိုသည့် စက်ရုံဖြစ်သည်။ ခြံဝင်းကျယ်ကြီးအတွင်းတွင်မူ အစီးရေသောင်းနှင့်ချီရှိသည့် ကားအဟောင်းကြီးများ အစုလိုက်အပြုံလိုက် အနားယူနေကြသည်။
 အစိုးရသစ်လက်ထက် ၂၀၁၁ စက်တင်ဘာ ၁၉ ရက်၌ စတင်သော ကားတင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲတွင် တစ်နိုင်ငံလုံးမှ နှစ်ပေါင်းများစွာ အသုံးချခံလာသည့် ကားများ၏ နိဂုံးချုပ်ချိန်ကို အထက်ပါစက်ရုံက ဆောင်ရွက်ပေးနေခြင်းလည်းဖြစ်သည်။ ကားတစ်စီး၏နိဂုံးမှာ ထိုကားအရည်ကျိုစက်ရုံတွင် အဆုံးသတ်သည်ဟု ယေဘုယျထင်မြင်ကြသော်လည်း ထိုအမြင်မှာ အပြည့်အဝမမှန်ပေ။
ယာဉ်တစ်စီးလုံးကို သံရည်ကျိုရန် လာရောက်အပ်နှံသော်လည်း အသုံးဝင်နိုင်သေးသည့် ကျန်ကားပစ္စည်းများက ကားသင်္ချိုင်းသို့ မဝင်ရောက်မီ မိနစ်ပိုင်းအလိုတွင် ဈေးကွက်တွင်းသို့ ပြန်လည်စီးဆင်းစေရန် ယင်းနေရာတွင် ဈေးကွက်တစ်ခု ပေါ်ပေါက်နေသည်ကိုတော့ အများစုက ယနေ့အထိ သတိမပြုမိကြသေးပေ။
ကမ္ဘာပေါ်တွင် ဂျပန်တစ်ပတ်ရစ်ကား အသုံးပြုမှုအများဆုံး ထိပ်ဆုံးသုံးနိုင်ငံစာရင်း၌ ပါဝင်လာသည့် မြန်မာနိုင်ငံအနေဖြင့် သက်တမ်းလွန် တစ်ပတ်ရစ် ကားပစ္စည်းအဟောင်းများကိုလည်း အသုံးပြုနေရဆဲဖြစ်ကြောင်း ကားပစ္စည်းအဟောင်းရောင်းဝယ်သူများက ပြောသည်။
‘‘သုံးလို့ရနိုင်တာတွေကို ကားအပ်မယ့်ပိုင်ရှင်နဲ့ညှိပြီး ဈေးစကားပြောပြီး အကုန်ဖြုတ်တယ်’’ဟု သီလဝါကားသင်္ချိုင်းအနီး၌ ကားပစ္စည်းအရောင်းအဝယ်ပြုလုပ်နေသူ စက်ဆီကြေးများ ခန္ဓာကိုယ်အနှံ့တွင် ပေကျံနေသည့် ကိုစိုးဝင်းက ပြောပြသည်။
ထို့ကြောင့် သံရည်ကျိုကားများထဲမှ အချို့မှာ အရည်ကျိုစက်ရုံတွင် ၎င်းတို့၏ကားအခွံနှင့် ကျန်ရှိအစိတ်အပိုင်းအနည်းငယ်သာ အရည်ကျိုခွင့်ရခဲ့ပြီး ပြန်လည်သုံးစွဲ၍ ရသမျှပစ္စည်းအချို့မှာ ပြည်တွင်းကားပစ္စည်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်နေသည်ဟု ကိုစိုးဝင်းကဆိုသည်။
‘‘ကျွန်တော်တို့ကိုယ်တိုင် ဈေးကွက်ထဲသွားစရာမလိုဘူး။ အချိန်တန်ရင် ပွဲစားတွေလာဝယ်တယ်’’ဟု ၎င်းကပြောသည်။
အရည်ကျိုဈေးကွက်ဟု ကားလောကမှ လူသိများသည့် ၎င်းဈေးကွက်တွင် မော်ဒယ်မြင့်ကားများမှထွက်ရှိသည့် ကားပစ္စည်းများမှာ ပိုမိုဈေးကောင်းရသဖြင့် သုံးနိုင်သမျှ ပစ္စည်းများအားလုံးကို ဝယ်ယူကြသည်ဟုဆိုသည်။
‘‘ဟက်တုံးတစ်တုံးဆိုရင် အရည်ကျိုဈေးကွက်ထဲမှာ သိန်း ၁၅၀ လောက်ရှိတယ်’’ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နှစ်ပေါင်း ၄၀ ကျော်ကြာ ကားဝပ်ရှော့ဖွင့်လှစ်ထားသည့် ဦးသန်းဝင်းကဆိုသည်။ တစ်ချိန်က အစိုးရကိုယ်တိုင် အားပေးအားမြှောက်လုပ်ခဲ့သည့် စက်မှုဇုန်ထုတ်ကားများ ပြည်တွင်း၌ ထုတ်လုပ်စဉ်ကလည်း ယင်းကားသင်္ချိုင်းမှ ထွက်ရှိသည့် အင်ဂျင်တုံးများက များစွာအသုံးဝင်ခဲ့သည်ဟု ကားသင်္ချိုင်းတွင် ကားပစ္စည်းများဖြုတ်၍ အရောင်းအဝယ်ပြုလုပ်နေသူများက ပြောသည်။
‘‘စက်မှုဇုန်တွေ ခေတ်ကောင်းတုန်းက ဇုန်ကားတွေကို အားကိုးခဲ့ရတာ။ အခုတော့ ဇုန်တွေက ရပ်သွားပြီ။ အဲဒီဘက်က လာဝယ်တဲ့သူမရှိသလောက်ပဲ’’ဟု အင်ဂျင်တုံးများ အရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားတစ်ဦးကဆိုသည်။
ကားပိုင်ရှင်အများစုက ယာဉ်အိုယာဉ်ဟောင်းအပ်နှံရန်အတွက် ဌာနသို့ လာရောက်စလစ်ထုတ်ယူခြင်း၊ အခွန်ဆောင်ခြင်းနှင့် ကညနတံဆိပ်နှိပ်ခြင်းများ ပြုလုပ်ပြီးပါက ချက်ချင်းကားသင်္ချိုင်းသို့ ပို့ဆောင်ခြင်းမရှိကြဘဲ ကားပစ္စည်းအဟောင်းဝယ်သည့် ပွဲစားများနှင့် ချိတ်ဆက်ရောင်းဝယ်မှုများကိုလည်း စတင်ပြုလုပ်ကြကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်လွင်ကဆိုသည်။
အရည်ကျိုကားများထဲမှ ဟိုင်းလတ်နှင့် တောင်းအေ့စ်ကဲ့သို့ ကားများထဲမှ အဟောင်းပစ္စည်းများ ပြန်လည်ရောင်းချပါက ၁၀ သိန်းမှ ၁၅ သိန်းအထိ ဈေးကောင်းရရှိကြပြီး ယင်းကားအမျိုးအစားနှစ်ခုထဲမှ ကားပစ္စည်းအများစုမှာ အသုံးဝင်မှု ပိုမိုများပြားသဖြင့် ဈေးကောင်းပေးဝယ်ယူကြကြောင်း အရည်ကျိုဈေးကွက်တွင်းမှ စုံစမ်းသိရသည်။
ရန်ကုန်မြို့မှ ကားပစ္စည်းများ အဓိကရောင်းဝယ်ဖြန့်ဖြူးနေသော ဘုရင့်နောင်ကားပစ္စည်း ရောင်းဝယ်ရေးဝင်းအတွင်း လစဉ် တစ်လလျှင် နှစ်ကြိမ်မှ သုံးကြိမ်ထက်မနည်း အင်ဂျင်တုံးကြီးများအား ဈေးပြိုင်ဝယ်ယူသည့်ပွဲမျိုး မကြာခဏပြုလုပ်လေ့ရှိသည်။
ယင်းအင်ဂျင်တုံးကြီးများမှာ ရံဖန်ရံခါ နယ်စပ်ဈေးကွက်များမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သော်လည်း အများစုမှာ အရည်ကျိုကားများမှလာသည့် အင်ဂျင်တုံးကြီးများဖြစ်ကြောင်း ယင်းဈေးကွက်တွင် ပါဝင်နေသည့် အမည်မဖော်လိုသူ ပွဲစားတစ်ဦးကပြောပါသည်။
နယ်စပ်မှလာသည့် ကားအပိုပစ္စည်းများနှင့် အရည်ကျိုပစ္စည်းများကို ရန်ကုန်မြို့၏ မြို့ပြင်လိုနေရာမျိုးတွင် ဂိုဒေါင်များနှင့်ထားပြီး အချို့က ပမာဏများများ ဝယ်ယူစုဆောင်းနေကြသဖြင့် အရည်ကျိုမည့် ကားအပိုပစ္စည်းများက ပြင်ပတွင် ဈေးကွက်နေရာယူနေဆဲဖြစ်သည်။
‘‘ဒီပစ္စည်းတွေက အပြင်ထက် ဈေးသက်သာတယ်။ အသစ်နီးပါး ပြန်လုပ်လို့ရတယ်။ အခုဆို ကားအသစ်တွေမှာတောင် ပြန်သုံးနေကြတယ်။ နောက်ပိုင်း ကားအသစ်တွေက ပိုသွင်းလာမှာဆိုတော့ ဒီဈေးကွက်ကြီးက ပိုကြီးလာနိုင်တယ်’’ဟု မျိုးမြန်မာကားပစ္စည်းအရောင်းဆိုင် မန်နေဂျာ ဦးမူနီယံဒီကသုံးသပ်သည်။
ကားသစ်အများစုဖြစ်သည့် ကယ်ဒီးနား၊ ပရိုဘောက်စ်၊ ဟွန်ဒါဖစ် အစရှိသောကားများတွင် အရည်ကျိုဈေးကွက်မှ လာရောက်သည့် ကားပစ္စည်းအများစုကို ပြန်လည်အသုံးပြုနိုင်ပြီး အတွင်းပိုင်းအင်ဂျင်များတွင် ပြန်လည်ထည့်သွင်းအသုံးပြုပါက မည်သူမျှမသိနိုင်ကြောင်း စမ်းချောင်းမြို့နယ် အငယ်လေးဝပ်ရှော့မှ စက်ပြင်ဆရာတစ်ဦးကပြောသည်။
ရန်ကုန်မြို့ထဲတွင် ယင်းကဲ့သို့ အင်ဂျင်အဟောင်းများကို ပြန်လည်ပြုပြင်တပ်ဆင်ပေးသည့် နေရာအများစုမှာ မြောက်ဒဂုံ၊ မင်္ဂလာဒုံ၊ ဗဟန်း၊ တာမွေ၊ အင်းစိန် အစရှိသော မြို့နယ်များတွင် ပြန်လည်ပြုလုပ် တပ်ဆင်နေကြကြောင်း 7Day News မှ အဆိုပါဈေးကွက်များတွင် လုပ်ကိုင်နေသူများနှင့် လိုက်လံတွေ့ဆုံမေးမြန်းချက်များအရ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောစည်းကမ်းချက်များအရ ပြည်ပမှ ကားတင်သွင်းလာသူများအနေဖြင့် မူလကားတွင်ပါဝင်သည့် ကားအပိုပစ္စည်းများကို ပြန်လည်ထုတ်ယူ ပြင်ဆင်တပ်ဆင်ခွင့်မရှိကြောင်း ထုတ်ပြန်ထားသည်။ သို့သော် ယနေ့အထိ ကားသစ်အချို့တွင် ကားသင်္ချိုင်းမှလာသည့် ကားအပိုပစ္စည်းများ တပ်ထားသည်ကို အစိုးရ သိမည်မဟုတ်ပေ။
ယင်းဈေးကွက်မှာ ရန်ကုန်တွင် ကြီးမားစွာတည်ရှိနေပြီး ယင်းဈေးကွက်အကြောင်းကို အသေးစိတ်ထုတ်ဖော်ပြောဆိုရန် ၎င်းလုပ်ငန်း လုပ်ကိုင်သူအများစုက မလိုလားကြပေ။
ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ပေးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ ယနေ့အထိ စာရင်းများအရ ယာဉ်အိုယာဉ်ဟောင်းအစီးရေ တစ်သိန်းခွဲကျော်ထိ လက်ခံဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။
အပ်နှံပြီးကားအရေအတွက်နှင့် နှိုင်းယှဉ်ပါက ပြန်လည်အသုံးပြုနိုင်သည့် ကားအပိုပစ္စည်းများ ဈေးကွက်အတွင်းသို့ သုံးနှစ်အတွင်း သောင်းဂဏန်းနီးပါး ဝင်ရောက်လာနိုင်ကြောင်း ကားအဟောင်းပစ္စည်းများကို ပွဲစားလုပ်သူများက ခန့်မှန်းပြောကြားကြသည်။
ကားသင်္ချိုင်းများအတွင်းမှလာသော ကားအပိုပစ္စည်းထက်ဝက်ကျော်မှာ စက်မှုဇုန်ထုတ်ကားများ ပြန်လည်တပ်ဆင်ရာတွင် အသုံးပြုလေ့ရှိကြောင်း ကားအဟောင်းပစ္စည်းများကို စက်မှုဇုန်များတွင် ပြန်လည်တပ်ဆင်ပေးနေသူတစ်ဦးက ပြောသည်။
ပြင်ပပုဂ္ဂလိက ကားဈေးကွက်တွင် ကားသင်္ချိုင်းမှလာသည့် ကားအပိုပစ္စည်းဈေးကွက်များက ဆက်လက်စီးဆင်းနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ် တင်သွင်းထုတ်လုပ်သူများအသင်းမှ ဒုဥက္ကဋ္ဌကပြောသည်။
သက်တမ်းလွန်ကားပစ္စည်း အဟောင်းဈေးကွက်ကြီးမားလာသည်နှင့်အမျှ ပြည်သူတို့ နေ့စဉ်အားထားစီးနင်းနေရသည့် မော်တော်ယာဉ်များတွင် အသုံးပြုမှုများပြားလာခြင်းက သဘာဝလောင်စာဆီ ပိုမိုအသုံးပြုရခြင်း၊ ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်းတို့ ဖြစ်ပေါ်လာနိုင်သဖြင့် ယင်းဈေးကွက်ကို အမြန်ဆုံးတားဆီးပေးသင့်ကြောင်း ကားအသစ်တင်သွင်းသူ လုပ်ငန်းရှင်အချို့ကဆိုပါသည်။
ကားအဟောင်းပစ္စည်းဈေးကွက်ကို အစိုးရက အချိန်မီတားဆီးပေးနိုင်ခြင်းမရှိပါက ယင်းဈေးကွက်မှာ ကြီးမားစွာရပ်တည်လာနိုင်ကြောင်း ကားဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons