This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
Friday, June 20, 2014
ကိုယ့်ကိစ္စ ကိုယ်လုပ်ဟု မြန်မာ အစိုးရက အမေရိကန်ကို ပြော
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုက်တွန်း ပြောဆိုချက်နဲ့ နိုင်ငံသားများက လွတ်လပ်စွာ ရွေးချယ်သူဟာ သမ္မတ ဖြစ်သင့် တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုနေမှုများ အပေါ် မြန်မာအစိုးရက အမေရိကန်တို့ ကိစ္စ မဟုတ်ဘူးလို့ ပြန် လည် တုံ့ပြန်လိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စ Jen Psaki က မြန်မာနိုင်ငံသားများ လိုလားတဲ့ သူကို နိုင်ငံ သားတို့က လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိသင့်ကြောင်း၊ ဒါမှသာ လာမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းမှာ တည်ငြိမ်မှု ရှိစေမှာဖြစ်ကြောင်းလို့ ပြောဆိုခဲ့ပါတယ်။ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဇွန် ၁၀ ရက်ကတော့ အဆိုပါ ကိစ္စဟာ လွှတ်တော်ရဲ့တာဝန် ဖြစ်ပြီး ဖွဲ့စည်းပုံ ကို ဘယ်လို ပြင်ဆင်သင့်တယ် ဆိုတာ ပြည်သူတို့က ဆုံးဖြတ်ဖို့ ဖြစ်ကြောင်း၊ အမေရိကန် က ပူပန်စရာ ကိစ္စမဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ အေပီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
၄၈ ယာဉ်လိုင်းက စက်ဘီးတွန်းလာသူကို နောက်မှဝင်တိုက်ပြီး မောင်းပြေး
ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်-အင်းစိန်လမ်းမပေါ်ရှိ
လမ်းလယ်ကျွန်းဘေးမှကပ်၍ စက်ဘီးတွန်းလာသူကို ၄၈ အထူးယာဉ်လိုင်းမှ
ယာဉ်တစ်စီးက နောက်မှ ဝင်တိုက်ခဲ့ပြီး မောင်းနှင်ထွက်ပြေး
သွားသည့်ဖြစ်စဉ်တစ်ခု မေ ၁၇ ရက်၊ နံနက် ၈ နာရီခွဲဝန်းကျင်က
လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု လှိုင်မြို့နယ်ရဲစခန်းမှ
တာဝန်ကျရဲတပ်သားတစ်ဦးက မဇ္ဈိမကို ပြောသည်။

"တိုက်သွားတုန်းက ကျွန်တော့်ကားက အဲ့ဒီ ၄၈ ကားနောက်မှာ တိုက်ပြီး
Posted in: သတင်းကျပ်သိန်းတစ်ထောင်ဖြင့် ဖမ်းဆီးခံသံဃာငါးပါးအား အာမခံရ
ရန်ကုန်၊ မဇ္ဈိမ ။ ။ မဟာသန္တိသုခ ကျောင်းတိုက် ချိတ်ပိတ်သည့် ညက ဖမ်းဆီး လူဝတ်လဲ ခံထားရသည့် သံဃာငါးပါး အား တာမွေတရားရုံးတွင် တစ်ပါးလျှင် ကျပ်သိန်းနှစ်ရာနှုန်းဖြင့် ကျပ်သိန်းတစ်ထောင် အာမခံကြေးပေးပြီး ပြန် လွတ်လိုက်ခြင်းဖြစ်သည်ဟု သွားရောက်သတင်းယူနေသည့် မဇ္ဈိမသတင်းထောက်များက သတင်းပေးပို့ပါ သည်။ 20j1 ယင်းအပြင် အဆိုပါသံဃာတစ်ပါးစီအတွက် ဆရာတော်နှစ်ပါးစီက ကျောင်းပိုင်ဆိုင်မှု မြေဂရန်ပြပြီး အာမခံခဲ့ရခြင်းလည်းဖြစ်သည်။ လက်ရှိတွင် သံဃာငါးပါးစလုံး သာသနာ့ဘောင်သို့ ပြန်လည်ဝင်ရောက်ပြီးဖြစ်ကာ အာမခံပေးသည့် ဆရာတော် တစ်ပါးဖြစ်သော တာမွေမြို့နယ်အတွင်းရှိ သုံးထပ်ကျောင်းဆရာတော်၏ ကျောင်းတိုက်တွင် သတင်းသုံးမည် ဖြစ်သည်။ ထို့နောက် တရားရုံးက ယခုလ ၂၇ရက်တွင် ရုံးချိန်ပြန်ခေါ်ထားသည့်အတွက် ပြန်လည်အမှုရင်ဆိုင်ကြရမည်ဖြစ် သည်။ လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးမှာ ဇွန်လ ၁ဝရက်ညက မဟာသန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ် စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဆန်းဆင့်ကိုလည်း ငွေအလွှဲသုံးစားမှုဖြင့် အမှုဖွင့်ထားသလို တာဝန်မှ ရပ်စဲလိုက်ကြောင်းလည်း ဇွန်လ ၂ဝရက်တွင် သမ္မတ ဦးသိန်းစိန်က ကြေငြာထားသည်။
Posted in: သတင်းပြည်နဝဒေးတံတားအောက်မှလူသတ်မှု အရေးယူနိုင်ရေး ပြည်ထဲရေးဝန်ကြီးဌာနနှင့်သာသက်ဆိုင်ကြောင်း တပ်မတော်အရာရှိကြီးတစ်ဦးပြော
လွန်ခဲ့သော တစ်နှစ်ကျော်တွင်
ဖြစ်ပွားခဲ့သော ပြည်နဝဒေးတံတားအောက်မှ စုံတွဲတစ်တွဲအား လုယက်သတ်ဖြတ်မှု
ကျူးလွန်သူများအား ဥပဒေနှင့် အညီ ဖော်ထုတ် ဖမ်း ဆီး အရေးယူနိုင်ရေးသည်
ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဓိကတာဝန်သာဖြစ်ကြောင်း
တပ်မတော်မှအရာ ရှိကြီးတစ်ဦးက Popular News သို့ ပြော သည်။
ပြည်ခရိုင်၊ ပြည်မြို့ နဝဒေးတံတားအောက်
တပ်မတော်သားသုံးဦးပါဝင်ပတ်သက်နေသည့် လူသတ်မှုကို တစ်နှစ်ပြည့်သည်အထိ
တရားခံမဖော်ထုတ်ပေး နိုင်သဖြင့် တ ရားခံအမြန်ဖော်ထုတ်အရေးယူပေးရန်
ဆန္ဒပြတောင်းဆိုသွားမည်ဟု ပြည်မြို့နေ
Posted in: သတင်းတရုတ်တွင် မြန်မာ သတိုးသမီး ဈေး ကျပ်သိန်း (၁၀၀) အထိ မြင့်တက်
သူတို့က ၀ယ်ယူ ပေါင်းသင်းတယ် ဆိုပေမယ့် သားမှတ်မှတ် မယား မှတ်မှတ်ပေါင်းတာထက် ညဖက်မှ သားမယားလို ပေါင်းပြီး၊ နေ့ဖက်မှာ
Posted in: သတင်းရန်ကုန်မြို့ရှိ အိမ်ငှားဈေးနှုန်းများကို အောက်ခြေအထိဆင်း၍ အခွန်ဌာနမှ ညှိနှိုင်းပေးမည်
21 June 2014
ရန်ကုန်မြို့ရှိ အိမ်ငှား၊ မြေငှား လုပ်ကိုင်နေသော ဈေးနှုန်းများကို အောက်ခြေအထိ ဆင်း၍ သင့်တော်သော နှုန်းထားဖြင့် အခွန်ဌာနမှ ညှိနှိုင်းပေး သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန မှ သတင်း ရရှိသည်။ ဘေးပတ်ဝန်းကျင်ရဲ့ ပြော စကားကို နားထောင်မယ်။ ပြီးရင် အောက်ခြေအထိ ဆင်းပြီး လျှို့ဝှက် စုံစမ်းမယ်။ နောက်ပိုင်း ပိုင်ရှင်တွေ အခွန်လာဆောင်တဲ့ အခါမှာ နှစ်ဖက် အဆင်ပြေ စေဖို့ သင့်တော်တဲ့ နှုန်းထားကို မြို့နယ်အလိုက်သတ်မှတ်ပေးသွားမယ်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းလွင်စိုးက The Messenger သတင်းစာ သို့ပြောသည်။ ယင်း ကဲ့သို့ ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ် အလိုက် အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ အခွန်ဘုတ်အဖွဲ့မှ ၀န်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့များ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပူးပေါင်းကာ လာမည့်လ မှစတင်၍ ကွင်းဆင်း လေ့လာမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။
Posted in: သတင်းThursday, June 19, 2014
နိုင်ငံတကာအဆင့်မီ မြန်မာ့ဂီတပွဲတော် ၁၀ ရက်ကြာကျင်းပနေ

မြန်မာ ဂီတပွဲတော် ကိစ္စ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ- ဟိန်းထက် / ဧရာဝတီ)
မြန်မာနိုင်ငံရှိ ဂီတပညာရှင်များအား နိုင်ငံတကာအဆင့်မီ ဂီတပညာရပ်များ
ဖြန့်ဖြူးလိုသည့် ရည်ရွယ်ချက်ဖြင့် ပထမဆုံး မြန်မာဂီတပွဲတော် “Myanmar
Music Festival” ကို ၁၀ ရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။
Posted in: သတင်းသာသနာရေး အကြံပေးအဖွဲ့ အရှက်ပြေဖွဲ့ခြင်းဟု ရွှေည၀ါမိန့်
သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းခြင်းတွင် သာသနာရေးအကြံပေးအဖွဲ့ ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သက်ပြီး အရှက်ပြေလုပ်ခြင်းဖြစ်သည်ဟု ရွှေည၀ါဆရာတော် ဦးပညာသီဟက ဇွန် ၁၉ ရက်တွင် ဝေဖန်လိုက်သည်။
“ဒါမျိုးက အရှက်ပြေ ထလုပ်တာပေါ့။ လူကြီးလူကောင်းဆိုရင် ကိုယ့်အမှားကို တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ ၀န်ချတောင်းပန်ရဲရမယ်”ဟု ရွှေည၀ါဆရာတော်က မိန့်သည်။
Posted in: သတင်းအစ္စလာမ်ဘာသာဝင်တို့ ညီလာခံလုပ်ဖို့ ပြင်
သက်ဆိုင်ရာ အာဏာပိုင် တွေကို လည်း တင်ပြထား ပြီး၊ မြို့နယ်အလိုက် ကိုယ်စားလှယ် ရွေးချယ်ရေး လုပ်ငန်း တွေ အပါအဝင်၊ တခြား လိုအပ်တာတွေ ကို စီစဉ်ပြီးတဲ့ အခါ၊ တရားဝင် လုပ်ထုံးလုပ်နည်း အတိုင်း ခွင့်ပြုချက် ထပ်မံ တောင်းခံမယ် လို့ သိရပါ တယ်။
Posted in: သတင်းဇောတိကကုမ္ပဏီကို တရားစွဲမည်ဟု အလုပ်သမားများဆို
ဇောတိကအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီပိုင် မြန်မာဘစ်ရှော့ဈေးဝယ်စင်တာမှ
အလုပ်သမားသုံးဦးသည် အလုပ်စတင် လုပ်ကိုင်စဉ်က ပေးခဲ့ရသော
ဘွဲ့လက်မှတ်မူရင်းကို ပြန်မပေးခြင်း၊ အာမခံကြေးဟုဆိုကာ အလုပ်ထွက်ပါက
တစ်သိန်းခွဲပေးရမည်ဆိုခြင်းတို့ကြောင့် အလုပ်သမားများက တရားဥပဒေအရ
ဆောင်ရွက်သွားမည်ဟု ကာယကံရှင် မခင်သန္တာနီက ပြောသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ်များ
ကွန်ရက်ရုံးခန်းတွင် ဇွန် ၁၉ ရက်နေ့ နေ့လယ် တစ်နာရီက သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။၊
Posted in: သတင်းင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များကို အကြံပေးအဖွဲ့အသီးသီးတွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ (အမှတ် ၄၀/၂၀၁၄)
၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် (၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်) နိုင်ငံတော်သမ္မတ၏
အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၁) ဖြင့် ဖွဲ့စည်းခန့် အပ်တာဝန်ပေးထားသော နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များကို အောက်ပါအတိုင်း တိုးချဲ့ဖွဲ့စည်း၍ ယှဉ်တွဲပါ ပုဂ္ဂိုလ်များအား အကြံပေးအဖွဲ့အသီးသီးတွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁) သူရဦးမြင့်မောင် (အငြိမ်းစားဝန်ကြီး) အဖွဲ့ခေါင်းဆောင် သာသနာရေးအကြံပေးအဖွဲ့
(၂) ဦးစိန်ဝင်းအောင် (အငြိမ်းစားသံအမတ်ကြီး) အဖွဲ့ဝင် သာသနာရေးအကြံပေးအဖွဲ့ (၃) ဒေါက်တာဒေါ်နုနုသာ (အငြိမ်းစားဆေးရုံအုပ်ကြီး) ကျန်းမာရေးအကြံပေးအဖွဲ့ (၄) ဒေါက်တာဒေါ်ရင်ရင်နွယ် (အငြိမ်းစားယူနီဆက်ဝန်ထမ်း) အဖွဲ့ခေါင်းဆောင် ပညာရေးအကြံပေးအဖွဲ့ (၅) ဒေါက်တာကျော်ရင်လှိုင် ပညာရေးအကြံပေးအဖွဲ့ အဖွဲ့ဝင် (၆) ဦးတင်ထွဋ်ဦး (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်) အဖွဲ့ဝင် စီးပွားရေးအကြံပေးအဖွဲ့
အမိန့်အရ
ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့
နိုင်ငံရေးအကျဉ်းသား မရှိသလောက် ဖြစ်နေပြီဟု သမ္မတဦးသိန်းစိန်ပြော
နိုင်ငံရေး လုပ်ငန်းစဉ်များတွင် နိုင်ငံသားအားလုံး ပါဝင်ရန်အတွက်
နိုင်ငံရေး အကျဉ်းသားများအား ပြန်လည်လွှတ်ပေးခဲ့ပြီး လက်ရှိအချိန်တွင်
နိုင်ငံရေး အကျဉ်းသား မရှိသလောက်ဖြစ်နေပြီဟု နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က ပြောသည်။ ဇွန် ၇ ရက်က ပဲခူးတိုင်းဒေသကြီး ရွှေမော်ဓောဘုရား
ယာဉ်ရပ်နားကွင်းတွင် ပြုလုပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်
လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနား၌ ယခုကဲ့သို့ ပြည်သူများအား
ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဦးသိန်းစိန်က “ဒီကနေ့ ပြောကြမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ
ဦးသိန်းစိန်က “ဒီကနေ့ ပြောကြမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ
Posted in: သတင်းဒ်ါအောင်ဆန်းစုကြည်၏မွေးနေ့ မန္တလေးတိုင်း မြို့နယ်အသီးသီးတွင် ကျင်းပ
မန္တလေး၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၉နှစ်ပြည့် မွေးနေ့ပွဲကို ဇွန်လ ၁၉ရက် နံနက်
၁ဝနာရီက မန္တလေးမြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင်
ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်၊ ခရိုင်၊ တိုင်းတို့မှ ပါတီဝင်များ တက်ရောက်ခဲ့ပြီး မန္တလေးအတွင်းရှိ မြို့နယ် အသီးသီးတွင်လည်း မွေးနေ့ပွဲ့ကို ကျင်းပခဲ့သည်။ ထို့ပြင် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အသင်းများကလည်း မွေးနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းလောင်းလှူခြင်းနှင့် သွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။
Posted in: သတင်းယာဉ်စီးခပိုကောက်၍ တိုင်ကြားခံရသည့်ကားကို တစ်ရက်သုံးသောင်းဖြတ်မည်
ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့်
ယာဉ်လိုင်းများအားလုံး ခရီးစဉ်အလိုက် သတ်မှတ်နှုန်းထားဖြင့်
ကောက်ခံခြင်းမပြုလျှင် တိုင်ကြားမှုရှိပါက အရေးယူသွားမည်ဟု ရန်ကုန်တိုင်း
(မ.ထ.သ ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဇွန် ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

“တက်တာနဲ့ နှစ်ရာတောင်းတဲ့ကား နံပါတ်သာမှတ်ပြီး ကျွန်တော်တို့ကို ဖုန်းဆက်တိုင်ပါ။ နေ့တိုင်းတိုင်ရင် နေ့တိုင်း အဲ့ဒီကားဆီက တစ်ရက်ကို သုံးသောင်းဖြတ်ပေးမယ်။ ဒါဆိုသူတို့ ပိုမတောင်းရဲတော့ဘူး။ တိုင်တဲ့နံပါတ်ထပ်တဲ့ ကားပိုင်ရှင်တွေကို ခေါ်ပြီး ဆွေးနွေးရမယ်။ နောက်မတောင်းအောင်" ဟု ဦးလှအောင်က ဆိုသည်။
Tuesday, June 17, 2014
မလေးရှား လေယာဉ် MH-370 စက်ချို့ယွင်းခဲ့ခြင်း မရှိဟုဆို

Posted in: သတင်းရန်ကုန်မိုး တစ်ပြိုက်နှစ်ပြိုက် အမှိုက် နဲ့ရေလျှံ ကတိုက်ကရိုက်
မြေသင်းနံ
မွေးမွေးလေးနှင့် အရောက် လာမည့် မိုးကို လူအားလုံး အပူကြားကနေ မျှော်နေမိ
ခဲ့ကြပေမည်။ သို့ရာတွင် ရန်ကုန်သားတို့ အဖို့ကမူ မိုးနှင် အတူ မြောင်းရေ
လျှံမှု ကို နဖူးတွေ့ ဒူးတွေ့ ကြုံနေကြ ရသည် မို့ မပျော်သလို ပျော်သလို။
မိုးရွာသည်နှင့် မျှ မြောင်းရေက တစ်ဆောင်းလုံး တစ်နွေလုံး၏ အညစ် အကြေး
တို့နှင့်အတူ လမ်း မထွက်သို့ သွန်အံတက်လာရာ အချို့နေရာတွင် မိုးဦးကို
ဒူးလယ်ပေါင်လယ် ရေထဲ ကြိုဆိုခဲ့ရသည်က
လုပ်ချင်တာလုပ်ခွင့် ရှိသော တိုင်းပြည်
ထိုတိုင်းပြည်သည်လုပ်ချင် တာ လုပ်ခွင့်ရှိသော တိုင်းပြည်ဖြစ် သည်။ထိုတိုင်းပြည်တွင်ရှိသော သူ များသည် ကိုယ်လုပ်ချင်သည်များကို လွတ်လပ်စွာလုပ်ခွင့်ရှိကြသည်။
ဆန္ဒပြချင်သူက ဆန္ဒပြခွင့်ရှိ သည်။ ဖမ်းချင်သူက ဖမ်းချင်သလို ဖမ်းခွင့်ရှိသည်။
ကျူးကျော်သူက ကျူးကျော်ချင် သလို ကျူးကျော်ခွင့်ရှိသည်။ မြေ သိမ်းချင်သူက သိမ်းချင်သလို သိမ်း ခွင့်ရှိသည်။
သစ်ပင်စိုက်သူက စိုက်ချင် သလို စိုက်ခွင့်ရှိသည်။ သစ်ပင်ခုတ် သူက သစ်တောပြုန်းတီးသည်အထိ ခုတ်ခွင့်ရှိသည်။
ငတ်သေသူများ ငတ်သေခွင့်ရှိ သလို၊ ချမ်းသာသူများ စိတ်ကြိုက် ချမ်းသာခွင့်ရှိသည်။
Posted in: ဆောင်းပါးဒါ ဖတ်ပြီးမှ ဂျပန်သွားအလုပ်လုပ်ပါ

စက်မှုနည်းပညာထွန်းကားသော ဂျပန်နိုင်ငံက
မြန်မာနိုင်ငံမှ အလုပ်သမားခြောက်သောင်းခေါ်ယူမည်ဟု ကြေညာထားသည်။ ယခင်က
ဂျပန်သို့ သွားမည်ဆိုလျှင် သိန်းေ ပါင်းများစွာပေးခဲ့ရပြီး အလုပ်သမားများ
ငွေလိမ်ခံခဲ့ရသည့် ပြဿနာများလည်း ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် ဂျပန်သို့
အေဂျင်စီများမှ တစ်ဆင့် အလုပ်သမား စေလွှတ်မှုကို ဝန်ကြီးဌာနက ကြီးကြပ်၍
မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ် (MOEAF)
မှထိန်းကျောင်းပို့လွှတ် မည်ဖြစ်ရာ ဂျပန်သို့ သွားလိုသူများ အ တွက်
(MOEAF) ဥက္ကဋ္ဌ ဦးမင်းလှိုင်နှင့် မေးမြန်းတင်ပြလိုက်ပါသည်။
လက်ရှိ
ဂျပန်ကနေ မြန်မာလုပ်သားခြောက်သောင်းကို ခေါ်ယူမယ်ဆိုတဲ့အစီအစဉ်ကလည်း
ရှိနေတော့ ဒီကနေ ဂျပန်သွားဖို့ စိတ်ဝင်စားတဲ့ လူတွေအတွက် ဘာတွေပြင်
ဆင်ထားသင့်လဲဆိုတာကို ပြောပြပေးပါရှင်။
ဂျပန်ကိုသွားမယ်ဆိုရင်တော့ ပထမဦးဆုံး
Passport လုပ်ရမယ်။ နောက်ပြီးတော့ အဓိကအရေးကြီးတာ ဂျပန်ဘာသာစကားပေါ့။
ဂျပန်ဘာသာ စကားကို နာရီနှစ်ရာ သင်ကြားရမယ်။ ပြီးတော့
မူးယစ်ဆေးဖြတ်ရာတွင် အစိုးရထံ မှတ်ပုံတင်ရမည့်ပုဒ်မ ပယ်ဖျက်မည်

လူငယ်များကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများ တစ်နေ့တစ်ခြားမြင့်တက်လာလျက်ရှိသည်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ဆေးစွဲသူများကို နိုင်ငံတ ကာသဘောတူစာချုပ်များ၊ စံနှုန်း များတွင် ပါရှိသည့်အတိုင်း တန်း တူဆေးကုသခွင့်အရ လွတ်လပ် စွာ ဆေးကုသခွင့်ပေးမည်ဖြစ်ပြီး ယခုတည်ဆဲဥပဒေတွင် ကန့်သတ်ထိန်းချုပ်မှုများမှာ ခေတ်နှင့်မဆီ လျော်ခြင်းကြောင့် ပယ်ဖျက်မည် ဟု ရဲမှူးကြီးကပြောသည်။
‘‘ဆေးဖြတ်ချင်ရင် ရွာသာ ကြီး စိတ်ကျန်းမာရေးဆေးရုံနဲ့ ၀က်ထီးကန် လူငယ်ပြုပြင်ပျိုး ထောင်ရေးဌာနတို့မှာ ဖြတ်မယ့်သူက မှတ်ပုံတင်ရတယ်။
သံတော်ဆင့်ဂျာနယ်တွင်ဖော်ပြမှုနှင့်ပတ်သက်၍ အလိုတော်ပြည့်ဆရာတော်စာနယ်ဇင်းကောင်စီသို့ တိုင်ကြား
ဇွန်လ ၁၄ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်တွင် သန္တိသုခကျောင်းတော်နှင့် ပတ် သက်၍ အလိုတော်ပြည့်ဆရာ တော်ဘုရားကြီး၏ ပြောကြား ချက်ဟု ဖော်ပြထားချက်မှာ ဆရာတော်ဘုရားက အမှန်တကယ်ပြောဆိုခဲ့ခြင်းမရှိဘဲ ရေးသားထားခြင်းဖြစ်သည့်အတွက် ယင်းဂျာနယ်အား ခေါ်ယူသတိပေးဆုံးမရန် အလိုတော်ပြည့်ဆရာတော်ကြီးက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသို့ စာပေးပို့တိုင်ကြားထားကြောင်း သတင်းရရှိသည်။
‘‘အတွဲ ၃အမှတ် ၁၄မှာရေး ထားတဲ့ ကိစ္စဟာတော်တော်မဆီ လျော်တဲ့ကိစ္စဖြစ်တယ်။ ဘုန်းကြီး ဘာမှမပြောဆိုဘဲနဲ့ ဘုန်ကြီးမိန့် ကြားတဲ့သဘော ရေးထားတာ တွေ့ရတယ်။ ရေးတဲ့နေရာမှာ ဘုန်းကြီးသိက္ခာကျအောင် အ ကွက်ကျကျနဲ့ မျက်နှာဖုံးကနေကြံ့ခိုင်ရေးစာအုပ်ကို သူကပ်လို့ ဘုန်းကြီးကြည့်ပါတယ်။ ဘယ်အ ချိန် ဖမ်းပြီးဓာတ်ပုံရိုက်သွားမှန်းမ သိဘူး။ မင်းသား၊ မင်းသမီးနဲ့နိုင်ငံ ရေးပါတီများ မဟာသန္တိသုခကို ၀င်ရှုပ်နေတာဆိုပြီး ဘုန်းကြီး ပြောတယ်လို့ရေးတယ်။ သူ့စိတ် နဲ့သူ ထင်ရာရေးပြီးတော့ ဘုန်း ကြီးကို ဓားစာခံ လုပ်လိုက်တာပဲ။ ဘုန်းကြီး တော်တော်စိတ်မချမ်း မသာ ဖြစ်ရတယ်။ ဒီကောင်လေး ဟာ တစ်ကြိမ်မဟုတ်ဘူး။ အရင် ဒုသမ္မတ ၀ါဆိုသင်္ကန်းလာကပ် တုန်းကလည်း တစ်ကြိမ်လုပ်ကြံ ပြီးရေး ထားတယ်’’ဟု အလိုတော်ပြည့် ဆရာတော်ဘုရားက သံတော်ဆင့်နှင့်ပတ်သက်၍ ဇွန်လ၁၅ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မိန့်ကြားခဲ့ကြောင်း DVB သတင်းဌာနကဖော်ပြသည်။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီယာယီသို့ တိုင်ကြား သော ဆရာတော်၏စာထဲတွင် မဟာသန္တိသုခအရေးနှင့်ပတ်သက်သောရေးသားဖော်ပြမှုများသည် ဆရာတော်က မိန့်ကြားခဲ့ခြင်းမရှိသလို ဆရာတော့်ထံလာရောက် လျှောက်ထားခြင်းလည်းမရှိကြောင်း၊ သံတော်ဆင့်၏ အယ်ဒီတာချုပ် ဒကာကျော်စွာဝင်းသည် ၎င်းစီစဉ်ထုတ်လုပ်ထားသော ကြံ့ခိုင်ရေးစာအုပ်ကို ဆရာတော့်ထံလာရောက်ဆက်ကပ်စဉ် ၎င်းသဘောနှင့် ဓာတ်ပုံရိုက်ယူသွားပြီး အများအထင်အမြင်လွဲမှားအောင်သတင်းတွင် တွဲစပ်အသုံးပြုထားသည်ဟု ဖော်ပြထားသည်။
Posted in: သတင်း“ကမ္ဘာ့ဖလားကို မသွားနိုင်တဲ့ အတွက် ကျနော်တို့ကို ခွင့်လွှတ် နားလည်ပေးကြပါ”

မြန်မာနိုင်ငံခြင်းလုံး
အဖွဲ့ချုပ် (MCF) ဥက္ကဋ္ဌ ဦးစိုးနိုင် (ဝဲ) နှင့် အာရှခြင်းလုံး အဖွဲ့ချုပ်
တွဲဖက်အတွင်းရေးမှူး ဦးပြည့်စုံမြင့် (ညာ) တို့ကို အခမ်းအနားတခုမှာ
အတူတွေ့ရစဉ် (ဓာတ်ပုံ – Asian Chinlone Federation / Facebook)
Posted in: အင်တာဗျူးမဟာသန္တိသုခအရေး သမ္မတဦးသိန်းစိန် ဘာမှမတတ်နိုင်

စတက်ခါစကဲ့သို့ မဟုတ်ဘဲ သမ္မတ၏ အုပ်ချုပ်ကိုင်တွယ်မှု အပေါ် အများနှစ်ခြိုက်မှု ကျဆင်းနေသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
“သမ္မတ အနေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်အပေါ် ကျော်လွန်ပြောလို့မရဘူး။ နှစ်ဖက်ညှိနှိုင်းဆွေးနွေးဖို့ ဒကာ တဦးအနေနဲ့ပဲ လျှောက်ထားလို့ရမှာ၊ ဝင်ရောက်စွက်ဖက်လို့မရဘူး။ နိုင်ငံတော်သံဃမဟာနာယကရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်လိမ့်မယ်”ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ် က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၀ ရက်က ကမ္ဘာအေးမြို့နယ်၊ သာသနာရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး၏ သာသနာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဟုဆိုသူ ဦးအံ့မောင်အား သမ္မတဦးသိန်းစိန်နှင့် သမ္မတရုံးကို ကိုယ်စားပြု၍ ရှင်းလင်းပွဲသို့ တက်ရောက်ရန် တာဝန်ပေးထားခြင်း မရှိကြောင်းနှင့် သမ္မတ အပါအဝင် သမ္မတရုံးသည် အဆိုပါ
ပွဲသည် ပတ်သက်မှုမရှိကြောင်းလည်း ဦးရဲထွဋ်က ဆိုသည်။
သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူ တဦးကမူ “သမ္မတက သမ္မတ ကိစ္စ လုပ်မှာပေါ့။ အုပ်ချုပ်ရေးအဖွဲ့တွေမှာလည်း လုပ်သင့်လုပ်ထိုက်တာတွေရှိတယ်။ ဒီကိစ္စကို သမ္မတ ခိုင်းသလားဆိုတော့ ကျုပ်တို့ ဘယ်လိုဖြေမလဲ၊ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့စကား အားလုံးသည် သာသနာရေးဝန်ကြီးဌာနက ပြောလိုတဲ့ အာဘော်ပဲ”ဟု ဧရာဝတီ၏ မေးမြန်းမှုကို ဖြေသည်။
Posted in: သတင်း၂၀၁၅ အလွန် ဒေါ်အောင်ဆန်းစုကြည်ကို မျှော်ကြည့်ခြင်း

NLD
ပါတီ ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မျှော်လင့်ချက်
ဆက်ထားရှိထားပြီး ပုဒ်မ ၅၉ (စ) ပြင်ဆင်နိုင်ဖို့ ဆက်ကြိုးစား မယ်လို့
ဆိုပါတယ် (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၃ ၊ နိုင်ငံတော် အကြီးအကဲ ပြဋ္ဌာန်းချက် တခုဖြစ်တဲ့ ပုဒ် မ ၅၉ (စ) ဆိုတာ နိုင်ငံတော် သမ္မတ ဖြစ်ခွင့်ရှိရေး အရည်အချင်း သတ်မှတ်ပြဋ္ဌာန်းချက် ဖြစ်ပါတယ်။
ပုဒ်မ ၅၉ (စ) မှာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရမည့် သူသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော် လည်းကောင်း၊ ထို တရားဝင် သားသမီး တဦးဦး၏ ဇနီးနှင့် ခင်ပွန်းသည် နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေး များ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရလို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ ၅၉ (စ) မပြင်ဖို့ ဆုံးဖြတ်လိုက်တာမို့ လာမယ့် ၂၀၁၅ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရရင်တောင် နိုင်ငံခြားသား သား ၂ ဦးရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ ရာထူး ဘယ်လိုမှ မရယူနိုင်တော့ပါဘူး။ ဒါပေမယ့် NLD ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မျှော်လင့်ချက် ဆက်ထားရှိထားပြီး ပုဒ်မ ၅၉ (စ) ပြင်ဆင်နိုင်ဖို့ ဆက်ကြိုးစားမယ်လို့ ဆိုပါတယ်။
NLD ပါတီနဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)
တို့အပါအဝင် ဒီမိုကရေစီ အင်အားစုတွေက လာမယ့် ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အခက်ခဲဆုံးဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကြိုးပမ်းနေချိန်မှာ ပုဒ်မ ၅၉ (စ) မပြင်ဆင်ဖို့ ဆုံးဖြတ် ချက် ထွက်လာတာမို့ ပုဒ်မ ၄၃၆ လည်း ပုဒ်မ ၅၉ (စ) လိုပဲ မပြင်ဆင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာ နိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိလာပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ဖွဲ့စည်းပုံ ပြင်ဆင်ရန် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအရသာ လုပ်ဆောင်သင့်တယ်လို့ ပြောဆိုထားမှုဟာလည်း ပုဒ်မ ၄၃၆ ကိုလည်း ပြင်ဆင်လိုစိတ်



Myanmar Kyat Converter
9:38 PM
New Lover










