Tuesday, August 5, 2014

သိုင်းလောကမှ အနားယူတော့မည့် YTP သိုင်းမင်းသမီးလေး

==========================================================
"လက်ရှိမြန်မာနိုင်ငံသိုင်းလောကအခြေအနေ" သိုင်းလောကထဲတွင် သိုင်းသမားကြီး MPT သည် နာမည်အကြီးဆုံးဖြစ်သည့် သူဆီသို့ အူရီဒူး နှင့် တယ်လီနော ဆိုသောသိုင်းသမားနှစ်ဦး ယှဉ်ပြိုင်မည်ဟုကြွေးကြော်ကာ ရောက်လာခဲ့သည်။ MPT သည်ပြုံးပြုံးကြီနှင့်လက်ခံလိုက်သည်။ သူသည်ခေသူတော့မဟုတ်ပေ။ တစ်ခေတ်တခါက သိုင်းလောကတွင် ၁၅ သိန်းသိုင်းဖြင့် နာမည်ကြီးခဲ့ဖူးသူဖြစ်သည်။နောက် ၅ သိန်းသိုင်း ၂ သိန်းသိုင်းတို့ဖြင့်အောင်မြင်ခဲ့ပြီး ယခု ၁၅၀၀သိုင်း ဆိုသည့်နာမည်တစ်လုံးဖြင့် ရပ်တည်နေခဲ့သူဖြစ်သည်။ သကောင့်သားနှစ်ဦးကတော့ အင်တာနက်မြန်နှုန်းမြင့်သိုင်း Video Call ဝန်ဆောင်မှု့အကောင်းဆုံးပေးသိုင်း တို့ကိုတတ်မြောက်ထားပြီး MPT ကိုယှဉ်ပြိုင်ခြင်းဖြစ်သည်။ လက်ရှိ MPT ၏နာမည်အကြီးဆုံး အဝိုင်းလည်သိုင်းကို အနိုင်ယူမည်ဟု ကြွေးကြော်ထားသည်။ ယခုချိန်ထိ MPT သိုင်းသမားကြီးတုတ်တုတ်မလှူပ်သေးပေ။ ဒါလည်းအကြောင်းရှိသည်။ သူသည် ဂျပန်သိုင်းသမားကြီးနှင့် သွေးသောက်ညီအစ်ကို ဖွဲထားသည်။ အားလုံးကိုကျော်ဖြတ်မည့် အဆင့်မြင့်သိုင်းပညာကို တိတ်တိတ်လေးသင်ယူလျက်ရှိသည်။ အူရီဒူးကသူ၏ အင်တာနက်မြန်နှုန်းမြင့်သိုင်းကို မကြာသေးမီကမှကစားပြထားသည်။ သို့ သော် MPT ၏ အဝိုင်းလည်သိုင်းကို မကျော်နိင်သေးပေ။ နိင်ငံရေးစကားဖြင့်ပြောရသော် MPT သိုင်းသမားသည် လူထု ထောက်ခံမှုကိုနှစ်ပေါင်းများစွာ ခံယူထားသုဖြစ်၍ဖြစ်သည်။ သိုင်းလောကသားများကြားတွင်တော့ သူ့လူကိုယ်ဘက်သား ကိုယ်လူသူဘက်သားများ ပေါ်ထွန်းနေခဲ့ပြီးဖြစ်သည်။ တချို့ကတော့ အူရဒူး၏ အင်တာနက်မြန်နှုန်းမြင့်သိုင်းကို ကြိတ်သဘောကျနေကြသည်။ MPT ကတော့ ဒီသိုင်းကိုသူတတ်မြောက်ထားတာကြာပီဖြစ်သော်လည်း ထုတ်မပြသေးကြောင်း အထောက်တော်များမှတဆင့်သိခဲ့ရသည်။ တယ်လီနောကတော့ ဂူအောင်းသိုင်းကျင့်နေသဖြင့် ထွက်မလာသေးပေ။ သူတို့သုံးဦးသား၏ယှဉ်ပြိုင်မှုကို စောင့်ကြည့်နေသူတစ်ဦးကိုတော့သူုတို့ သတိမပြုမိပေ။ သူကား MEC ပင်ဖြစ်သည်။ ဓနအင်းအာတောင့်တင်းခိုင်မာသော သိုင်းသမားတစ်ဦးလည်းဖြစ်သည်။ ၁၅၀၀ သိုင်းကို စတင်တီထွင်ခြဲ့ပီး ယခု လက်ရှိ ငါခေါ်သူမကြား သူခေါ်ငါမကြား သိုင်းဖြင့်နာမည်ကြီးသူဖြစ်သည်။ သိုင်းလောကတွင်တော့ ထိုလေးဦးယှဉ်ပြိုင်မှုကို မြေစာပင်အဖြစ်ခံ၍ ကြည့်ရမည့်အနေအထားရှိသည်။သိုင်းလောကစိန်ခေါ်ပွဲကြီးနီကပ်လာပြီ မည်သူကအနိုင်ရမည်ဆိုသည်ကိုတော့ ပရိတ်သတ်ကဆုံးဖြတ်ပေးလိမ့်မည်။ ထိုသိုင်းလောကသား၏အလယ်တွင် မရှိကိုအရှိ လုပ်ပြီးခပ်တည်တည်လုပ်နေသော အမျိုးသမီးသိုင်းလောကမှ ချီးကြူထောပနာခံနေသော YTP သည်လည်း အများသူငါ သိုင်းပြိုင်ပွဲများ ကစားနေချိန်တွင် ထမီချုံပြီးလက်သီးပြသလျှက်ရှိရာ ဘယ်သူကိုချဉ်းကပ်ရမည်မသိ ရှိနေပေသည်။ သိုင်းလောကတို့၏ကြားရသော သတင်းတွင် YTP သိုင်းမင်းသမီးလေးမှာ မိမိတို့လက်ရှိလေ့ကျင့်ထားသော အတတ်ပညာများအား သိုင်းလောကသားတို့ လက်သို့ထိုးအပ်မည်ဟုသတင်းထွက်ပြီး ခေတ်၏ ရေပန်းအစားဆုံး mobile သိုင်းလောကတွင်းသို့ ခြေစုံပြစ်ဝင်ရန် နေမနားညမအား အကြံထုတ်လျှက်ရှိပေသည်။ ထိုသို့ကြံစည်စိတ်ကူးမျိုးမှာ ကြောက်ခမန်းလိလိစွန့်စားခန်းပြီး ဖြစ်နေပေလိမ့်မည်။YTP သိုင်းမင်းသမီးလေး၏ အကွက်များကားအင်မတန်မှ အကွက်ရွေ့တော်သည်ကို YTP သိုင်းလောကသားများအသိပင်ဖြစ်ကြလေရာ YTP သိုင်းလောကသားတို့ စာဝတ်နေရေးကိုတောင်အကွက်ေ၇ွှ့ထားသဖြင့် လက်ရုံးအားကိုးရသော သိုင်းမင်းသမီးတို့ ထွက်ခွာကြတော့မည်မှာ ........လက်တွေ့ မြင်တွေကြရပေတော့သည်။ .....
သိုင်းလောကသားများ၏ မကြားရဘူးသော အကွက်များမှာ ... စောက်ဆန်းကြီး Driver =50000 တိုး စောက်ရှက်ကွဲ.......Engineer =5000 တိုး သိုင်းကွက်များဖြစ်နေပေတော့သည်....
မကြာမီ YTP သိုင်းမင်းသမီင်္းလေးသည် သိုင်းလောကမှအနားယူပြီး မြို့မေတ္တာခံယူတော့မည် ဖြစ်သည်ကို ကျွန်မ မြင်နေမိပေပြီ။
သတင်းချစ်သူ

0 မှတ်ချက်ပေးရန်:

Post a Comment

Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons