ရန်ကုန် သြဂုတ် ၁၉
ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် နေ့စဉ်နှင့် အမျှ ယာဉ်တိုက်မှု အသေးနှင့် ယာဉ် မတော်တဆ မှုများရန်ကုန်မြို့ အနှံအပြား ဖြစ်ပေါ်လျှက်ရှိရာ အဆိုပါ ယာဉ်တိုက်မှုများတွင် လူထိခိုက် ဒဏ်ရာ ရရှိမှု မရှိပဲ ကားပျက်စီးမှုသာ ဖြစ်ပေါ်သော အမှု အများစုသည် ယာဉ်မောင်းများ အချင်းချင်း ညှိနှိုင်း၍ အခင်းဖြစ်နေရာမှ လမ်းရှင်းရာ နေရာမော်တော်ယာဉ်အား နေရာရွှေ့ပြောင်း ယူသွား တတ်ကြပြီး ယာဉ်မောင်း အချင်းချင်း ဖြစ်စေ၊ ယာဉ်ထိန်း အကူအညီ ရယူ၍ ဖြစ်စေ မှားသည့် ယာဉ်ဘက်မှ လျှော်ကြေးငွေ ပေးချေသော ညှိနိုင်းမှု မျိုးဖြင့်သာ ဖြေရှင်းသွားတတ်ကြသည်။
ယာဉ်ထိန်းဘက်မှလည်းရုံးပြင်ပတွင်ညှိနှိုင်းမှုမပြေလည်ပါကအမှုဖွင့်ရခြင်း၊အမှုတည်ဆောက်ရခြင်း၊ တရားရုံးတင်စစ်ဆေးရခြင်း၊သက်သေထွက်ဆို ပေးရခြင်း အစရှိသည့် အလုပ်များဖြင့် ရှုပ်ထွေး ရတတ်ခြင်း တို့ကြောင့် ရုံးပြင်ပ တွင်သာ ပြေလည် ကြေနပ်သွားသည်အထိညှိနှိုင်း ဆောင်ရွက်ပေးသည့် နည်းလမ်းဖြင့်သာ အများအားဖြင့် ဖြေရှင်းပေးတတ်ကြပေသည်။ (သက်ဆိုင်ရာ ရုံးရှိ တာဝန်ကျ ယာဉ်မှုစစ်သို့ ဖုန်းဆက် အကြောင်းကြားခြင်း မရှိပေ။)
ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်တွင် ယနေ့ နေ့လည် (၁၂း၄၃) အချိန်က ဝေဇယန္တာ လမ်းမကြီးမှ လေးဒေါင့်ကန် လမ်းမကြီး (စံပြဈေးဘက်သို့) ချိုးကွေ့သော ကွေ့ကြောတွင် ယာဉ်သုံးစီး ဆင့်ကဲ တိုက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် အရှေ့ဆုံးမှ အတိုက်ခံရသော Toyota corolla van ကားသည် ကားနောက်ပိုင်း ဘန်ဘာပိန်ချိုင့် သွားခဲ့သော်လည်း အလုပ်ရှုပ်မည် ဆိုသောကြောင့် လျှောကြေးငွေ မယူဘဲ မောင်းသွားခဲ့ပြီး နောက်မှန်များကွဲပြီး နောက်ဖုံး ပိန်ချိုင့်သွားသော AA/9897 Probox Taxi ကားနှင့် Dyna Container ကားတို့သာညှိနှိုင်း ဖြေရှင်းဆောင်ရွက်သွားခဲ့ကြောင်း တွေ့ရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
0 မှတ်ချက်ပေးရန်:
Post a Comment