ရန်ကုန်၊ မဇ္ဈိမ။ ။
စီးပွားရေးတက္ကသိုလ်အတွင်းပြုလုပ်ရန် စီစဉ်ထားသည့် ဒုတိယအကြိမ်မြောက်
လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ဆုရ ဇာတ်ကားများ ပြသမည့် ပွဲသို့
၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်
ဦးမင်းကိုနိုင် တက်ရောက်ခြင်းကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ခွင့်မပြု၍ ဖျက်သိမ်းလိုက်သည်ဟု စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသား လူ့အခွင့်အရေး ကာကွယ်ရေးတာဝန်ခံ ဦးဟန်ထူးခန့်ပိုင်က ဇူလိုင်လ ၂ရက်တွင် မဇ္ဈိမကို ပြောသည်။
ဆုရရှိခဲ့သည် ရုပ်ရှင်ကား ၉ ခုကို ရန်ကုန်၊ စီးပွားရေးတက္ကသိုလ်တွင်
ဇူလိုင်လ ၂ရက်က ပြသရန် စီစဉ်ထားခြင်းဖြစ်သည်။ "ဒီကားတွေထဲမှာ
မင်းကိုနိုင်ဆုဆိုပြီး ရထားတဲ့ကားပါတယ်။ အဲဒီအတွက် ကိုမင်းကိုနိုင်ကို
ဖိတ်တယ်၊ သူကလည်း လက်ခံတယ် ဒီပွဲလုပ်ဖို့ကိုလည်း လေးရက်လောက်ကြိုပြီး
ခွင့်ပြုချက် တောင်းထားပြီးသား အားလုံးခွင့်ပြုတယ်၊ ဒါပေမယ့်
ဦးမင်းကိုနိုင် တက်ရောက်ခြင်းကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ခွင့်မပြု၍ ဖျက်သိမ်းလိုက်သည်ဟု စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသား လူ့အခွင့်အရေး ကာကွယ်ရေးတာဝန်ခံ ဦးဟန်ထူးခန့်ပိုင်က ဇူလိုင်လ ၂ရက်တွင် မဇ္ဈိမကို ပြောသည်။
ကိုမင်းကိုနိုင်ကို ဘာကြောင့် ကျောင်းထဲ ပေးမဝင်ဘူး၊ ဒီဟာတွေဖြစ်မြောက်အောင် လုပ်လာတဲ့ တကယ့်လူကြီးတွေမပါတော့ ဘာအနှစ်သာရမှမရှိတော့ဘူးလို့ ယူဆလို့ ကျောင်းသာတွေအစုံရောက်ပြီးမှ ပွဲကိုဖျက်လိုက်ရတယ်"ဟု ဦးဟန်ထူးခန့်ပိုင်က ဆိုသည်။
ယင်းသို့ ပြသရန် စီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနှင့် ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးက တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များတွင် ဆုရ ရုပ်ရှင်ဇာတ်ကားများ ပြသရန် စီစဉ်ထားပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဦးဆုံးပြုခြင်းဟု ပြောသည်။
"တက္ကသိုလ်တွေမှာ ပြခွင့်ရဖို့ကို ကျောင်းသားတွေကို လုပ်ခိုင်းပြီးတော့ ပြသတာကိုတော့ ကျွန်တော်က လိုက်ပြီးလုပ်ပေးတာပါပဲ။ ကိုမင်းကိုနိုင်ကို ခွင့်မပြုတာကိုတော့ ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ အနေနဲ့ မသိပါဘူး"ဟု မင်းထင်ကိုကိုကြီးက ဆိုသည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးကမူ ကျောင်းသားများအကြား ပညာဗဟုသုတရရှိရန် ရုပ်ရှင်ကားများ ပြသခွင့်ပြုသော်လည်း တက္ကသိုလ်ဝင်းအတွင်း ကျောင်းနှင့်မသက်ဆိုင်သည့် အဖွဲ့အစည်းများ ဝင်ရောက်ရန်ကိုမူ ခွင့်မပြုနိုင်ဟု မဇ္ဈိမကိုပြောသည်။
"ကျွန်မတို့အနေနဲ့ ရုပ်ရှင်ပြမယ်ဆိုတာကို ခွင့်ပြုပါတယ်။ ဒါပေမယ့် ကျောင်းထဲကို တစ်ခြား အဖွဲ့အစည်းတွေက လာရောက်တာကိုတော့ လက်မခံပါဘူး။ ဘယ်သူဘယ်ဝါရယ်လို့ဆိုပြီး ခွင့်မပြုတာ မဟုတ်ပါဘူး။ ဘယ်ဖိအားကြောင့်မှလည်း မဟုတ်သလို ကျောင်းသားတွေကိုလည်း အရောင်မဆိုးစေချင်လို့ပါ။ နောက်တစ်ခုက ကျောင်းသားတွေကိစ္စဆိုရင် ကျောင်းက တာဝန်ယူနိုင်တယ် တစ်ခြားအဖွဲ့တွေပါလာတဲ့ ဒါကို ခွင့်မပြုနိုင်တာပါ"ဟု ဒေါ်ခင်နိုင်ဦးကပြောသည်။
ဒုတိယအကြိမ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ဝဇီရာရုံနှင့် ဂျန်းရှင်းစကွဲယားတို့တွင် ဇွန် ၁၅ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည်။ ထို့နောက် ဇွန် ၁၉ ရက်တွင် ရှန်ဂရီလာဟိုတယ်တွင် ဆုပေးပွဲ ကျင်းပခဲ့ပြီး အောင်ဆန်းစုကြည်ဆု၊ ဦးဝင်းတင်ဆု၊ မင်းကိုနိုင်ဆု၊ မတ်၁၃ဆု၊ Vaclav Havel Library ဆု၊ Peter Wintonick ဆုတို့အပါအဝင် ပြည်တွင်း၊ အာဆီယံနှင့် နိုင်ငံတကာ ကဏ္ဍသုံးရပ် အတွက် ဆုများ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်ပွဲတော်သို့ ပြည်တွင်းရုပ်ရှင် ၃၂ ကား၊ အာဆီယံရုပ်ရှင် ၉ကား၊ နိုင်ငံတကာ ရုပ်ရှင်၂၆ကား စုစုပေါင်း ၆၇ကား ပါဝင်ပြသခဲ့သည်။



Myanmar Kyat Converter
9:02 PM
New Lover

Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment