======================================================
အားလုံးဘဲ မင်္ဂလာပါ ဦးစွာပဏာမအနေနဲ့ဂါရ၀ပြုလိုက်ပါတယ်ရှင်
မင်္ဂလာပါလို့ မပြောချင်ပေမဲ့လည်း ပြောလိုက်ရတာကတော့ ခုဒီချိန်ကာလဟာဆိုရင် ၀ါလကင်းလွတ်သီတင်းကျွတ်ဆိုတဲ့အချိန်လေးဖြစ်လို့ မင်္ဂလာဆောင်ကြမဲ့ ကိုကိုမမ ညီ ညီမ များ အပျိုကြီး လူပျိုကြီးများ ကို အထူးရည်ရွယ်ပြီး မင်္ဂလာပါလို့ ပြောပြီး မင်္ဂလာပါ ဆောင်ကြပါလို့ ပြောချင်ပါတယ်.... အင်းပြောသာပြောရတယ် ..သီတင်းကျွတ်တဲ့ ကာလတွေက နှစ်တော်တော်များများကိုကျော်ဖြတ်ပြီးသော်လည်း လိုတာမရ ရတာမလို ဖြစ်တဲ့ သူတွေကိုလဲ မင်္ဂလာပါလို့ ဂါရ၀ပြုလိုက်ပါရစေ....စိတ်အရင်းခံစေတနာမှန်နဲ့ပြောရရင် အဲလို လိုတာမရ ရတာမလိုတဲ့ အပျိုကြီး တွေ လူပျိုကြီးတွေကို သိပ်မုန်းတာဘဲ မေမေရယ်လို့ ပြောပြစ်လိုက်ချင်တယ်...သိကြတယ် မဟုတ်လား အဲလိုလူတွေက တော်တော်လေးကို ကပ်သီးကပ်သပ် ကိုယ်ကောင်းစားဖို့ ဘို့တစ်ဘို့တည်းကို ဘဲ ကြည့်တတ်ကြလွန်းလို့ ပါ ။ဒါပေမဲ့ အားလုံးကိုမပြောလိုပါဘူး ဘုရာဟောတရားတော်ပါဠိအထာကထာအရ "ကေစိ" သဒ္ဒါ ထည့်သုံးရမှာပေါ့ရှင်.....
အင်းဒါနဲ့ ပြောရဦးမယ်ရှင့် ရှင်တို့တွေအလုပ်လုပ်တဲ့ နေရာမှာ အဆင်ပြေအောင်ဆိုပြီး နောက်ဆိုရင် ဗီယက်နာမ်စာတွေ ဘာတွေသင်ထားကြတော့နော်...ဒီလောက်ပြောရင် သဘောပေါက်မှာပါ....ဦးသုမင်္ဂလလေသံနဲ့ပြောရရင် ...ဘာစာသင်ရမှာလဲဟေ့ ပရိတ်သတ်ကြီး ......ဗီယက်နာမ် စာပါဘုရား...... ကဲ ရှင်းရော ရှင်းရဲ့လား သဘောကောပါရဲ့လား...... အဲလိုလေးပေါ့ရှင်......
နို့စကားမစပ်....10 လပိုင်းကုန် လစာတွေတိုးတော့မယ်ဆိုဘဲ ...အဲဒါရော ဘာသတင်းအစအနလေးတွေကြားမိကြပါသတုန်းသတင်းချစ်သူပရိတ်သတ်ကြီးရဲ့ ။ ။ ....ကျွန်မ မြင်တာ သိတာ ကြားနေရတာတွေ ကို ပြောပြလိုက်ချင်တယ်ရှင် ...အိုက်တင်ခံမနေတော့ပါဘူးလေ..ပြောစရာရှိပြောရမှာဘဲ.....ပြီးမှတော့စိတ်မဆိုးကြလေနဲ့ စောစောစီးစီ တော့ကြိုပြောထားမယ်နော် တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါလို့ ......
အဖြစ်က ဒီလိုရှင့် ရှင်တို့ ရုံးတော်ကြီးမှာလေ ပြိတ္တာတွေ ကြီးစိုးပြီး သောင်းကျန်နေတယ်ဆိုတဲ့သတင်းလေ ...ပြိတ္တာ ကရိုးရိုးပိတ်တာမဟုတ်ဘူးနော် ဧရာမ ပြိတ္တာ ကြီး .....ဆိုလိုရင်က ဒီလိုပါ .ရှင်..... ဘယ်နှယ်ရှင် ရုံးကလစာတိုးဘို့ကိစ္စလေးတွေကိုပြောချင်တာပါ လတွေသာကုန်ကုန်သွားတယ် ဒုံရင်း က ဒုံရင်း အတိုင်းလစာထုတ်ထုတ်နေကြရတာလေ...ကဲကြည့် ခု 10 လပိုင်းကုန်တော့မယ် လစာအသံလေးတွေ ဟိုတစ်စ ဒီတစ်ဖုံ ပြောဆိုနေကြလေရဲ့ ...အဲအဆိုးဆုံးက ကိုယ်အိပ်ကပ်ထဲက စိုက်ပေးရတာမဟုတ်ဘဲ လူတစ်ယောက်ရဲ့ အရည်အချင်း ကိုကြည့်ပြီး လူကြီးတွေက လစာတိုးပေးပါတယ် ရှေ့မှာ ပြိတ္တာကြီးက ခံနေလေတော့ ဘာဖြစ်သွားမယ်ထင်လဲ ရှင်.....အားလုံးသိကြပါတယ်ရှင် ...ရှက်တတ်ရင် လဲသေဖို့သာ ကောင်းပါတော့တယ်.။ ဆက်ပြောရအုံးမယ်ရှင့် ရုံးတော်ကြီးမှာလေ.....CNO ,ANO အစရှိတဲ့ Department တွေအသီးသီးရှိကြလေရဲ့
လက်ရှိ ၀န်ထမ်းဝင်ထွက် စာရင်းကို ကြည့်လိုက်ရင် CNO က အ၀င်မရှိ အထွက်စာရင်းတွေများနေတယ်ဆိုတာ သတိပြုမိကြရဲ့လား CEO ဆိုတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်ကြီးရော သတိများထားမိပါလေစ ... အင်းပြောရမှာတော့အားနာပါတယ်ရှင် ပြောလက်စနဲ့ ဆုံးအောင်ပြောလိုက်ချင်လို့ပါ .. အင်တာဗျုးဖို့ ခေါ်ထားတဲ့ ဟို ပု၈္ဂိုလ်ကြီးကလည်း လေဘဲ ရှိတယ် ...ခုဆိုဘယ်လောက်ကြာနေပြီလဲ ရောက်နေတာ .....ပြောချင်တာက ဘယ်သူဘဲဖြစ်ဖြစ်ပါ CEO ဘဲ ဖြစ်ဖြစ် BOD ဘဲဖြစ်ဖြစ် အောက်ခြေကိုဆင်းပြီးလေ့လာကြည့်စေချင်ရုံသက်သက်ပါ ဘယ်လိုတွေဖြစ်နေလဲ ဆိုတာကိုပေါ့......သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း ကိစ္စကြီးငယ်တစ်ခုရှိလာရင် လက်မှတ်လေးထိုးပေးလိုက်တာနဲ့ မပြီးဘူးနော် နောက်ဆက်တွဲဘာတွေထပ်ဖြစ်လာလဲဆိုတာလေးတွေကိုပါ ထပ်ပြီး သုံးသပ်သင့်တယ်
အရင့်အရင်ကာလ သာဓကလေးတွေ ရှိခဲ့လို့ပါ တခြားတော့ဟုတ်ပါဘူး နိုင်ငံခြားသွားရမဲ့လူတွေ မသွားလိုက်ရဘဲ ကွက်ပျောက်ရိုက်ပြီး ဂွင်ကျော်သွားတဲ့ကိစ္စတွေပေါ့ လူသိနည်းပေမဲ့ ကျွန်မကတော့ အစအဆုံးသိလိုက်ရတယ်ရှင့်.... အဲဒါဘူ့လက်ချက်လို့ ထင်လဲလို့ မေးရင် ပြိတ္တာကြီးတွေပေါ့ရှင်ဘယ်သူရှိအုံးမလဲ ...
အင်းဒီပုံစံတိုင်းဆက်သွားနေရင်တော့ ကိုနက်ဝက်ကြီးတကယ်ရင်လေးမိတယ်ရှင်....ကျွန်မက စိတ်ပူပေးမိရုံသက်သက်ပါတကယ်လက်တွေအလုပ်တွေက အဲလောက်မလွယ်လှပါဘူး.. စိတ်ထဲထင်လိုက်မိတာတစ်ခုတော့ရှိတယ်ရှင် သတင်းတွေဂျာနယ်တွေမှာ လေပြေသွေးနေတဲ့ HOD အသစ်ကြီးလက်ထက်ရောက်မှ နည်းပညာ သမားတွေ ကျဆုံးခန်းဝင်နေရတယ်ဆိုတာ မဟုတ်မှ လွဲရော မင်းသားမက ရလို့ ပတ်မကြီးဓါးနဲ့ထိုးဖောက်နေသူများရှိလေရော့သလားဆိုပြီးတော့ ထင်လိုက်မိတာပါ... HOD တို့  CEO တို့ BOD က မောင်မင်းကြီးသားများကလည်း ငြိမ်ငြိမ်ထိုင်မနေဘဲ အောက်ခြေကိုဆင်း လေ့လာသင့်ပြီလို့ တိုက်တွန်းပြောပြချင်ပါတယ်ရှင့်.......
ပြောမယ်သာပြောရ လူဆိုတာကလဲ ပြောရခက်သားရယ်...အသက်လေးဘာလေးကြီးလို့ တရားလေးဘာလေးများသဘောပေါက်မယ်ထင်ထားတာ လားလားမှ သဘောမပေါက်တဲ့ သူတွေက ဒုနဲ့ဒေး ပါကလား ကျွန်မကိုယ်တိုင်တောင် တရာမရနိုင်သေးတော့ အဲလိုဘဲ သူများအတင်းတွေ ထိုင်ပြီးရေးနေရတာကိုသာကြည့်ကြပေတော့ ပရိတ်သတ်ကြီးရေ......
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
ဝဋ်မှာအမြဲ ငရဲမှာအပ .....
G_2.7= 200000 Ks ဒီလကုန်ရင် မြင်ရပေလိမ့်မည်။
သတင်းချစ်သူ

0 မှတ်ချက်ပေးရန်:
Post a Comment