===========================
ကဲ ကျွန်မဘယ်ပျောက်နေလဲဆိုပြီး မေးနဲ့တစ်ဖုံ ချက်ဘောက်ကတသွယ် လာလာမေးကြတဲ့ သတင်းချစ်သူစာဖတ် ပရိတ်သတ်ကြီးရဲ့ ဘော်ဘော်အပေါင်းကို မင်္ဂလာပါ လို့ ဦးစွာ နူတ်ဆက်လိုက်ပါတယ်
အမှန်တော့ကျွန်မက အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး မင်္ဂလာပါဆိုတဲ့စကားလုံးကို ဗီယက်နမ်လိုပြောချင်ခဲ့တာပါရှင် ...အကြောင်းစုံကိုပြန်ထောက်လိုက်တော့ ခုလည်းဗီယက်နာမ် လိုပြောလို့မရတော့မဲ့ အနေအထားတွေက ဆိုက်လာပြန်တော့လဲ အရပ်ကတို့ရေ ကယ်ကြပါအုံးလို့ ရင်ဘတ်ကြီးကိုထုထုပြီး ငိုရမဲ့ အနေအထားမျိုး .....ငိုချင်နေတယ်ဆိုတာထက် ကျွန်မလူသတ်ချင်လာပြီလို့ ခပ်ကြမ်းကြမ်းအသုံးနှုန်းနဲ့ပြောလိုက်ရင် လွန်ရာများကြတော့မလား ....ဘယ်နှယ်ရှင် ကျွန်မမှာမျှော်တလင့်လင့်နဲ့ လစာများတိုးတော့မလား အလုပ်တွေများချဲ့တော့မလားဆိုပြီးနေတိုင်းစိတ်ကူးနဲ့တွေးပြီး နေ့တိုင်းပျော်ရွှင်ခဲ့ရတာလေ ကဲကြည့်စမ်းခုတော့ လုပ်ပုံတွေေ-ာက်တလွဲတွေ ...လစာကြတော့ ဒရိုင်ဘာတွေတိုးပြီး အင်ဂျင်နီယာတွေကြတော့ ဖြစ်သလိုပြစ်ထားတော့ခံရခက်တာပေါ့ရှင်....
နောက်တစ်လလောက်စောင့်ကြည့်ပါ JD တွေ လုပ်နေပါတယ် ..ဖလိုးချက်တွေဆွဲနေပါတယ် ဆိုတာတွေနဲ့ နှစ်သိမ့်မနေနဲ့တော့ရှင် ..အဲလိုနှစ်သိမ့်နေရင် အမှန်တကယ်အားကိုးအားထားရတဲ့ တန်ဖိုးရှိလူတွေ ဆုံးရှုံးရတော့မယ် ..ကျွန်မပြောနေတာတွေက အရှုးချီးပန်းပြီး တောင်စဉ်ရေမရ ပြောနေတာမဟုတ်ဘူးနော် လက်ရှိဖြစ်ပေါ်နေနဲ့ အနေအထားတွေ ခင်းကျင်းပြသနေတာ ....ကြည့်လိုက်ကြပါအုံးဒီလထဲမှာ လူတော်လူကောင်းလေးတွဲ ရဆိုင်း ဆိုလား ရီဆိုင်း ဆိုလားတင်လိုက်ကြတာမှ အများသား ဘယ်နှယ်ရှင် အဲဒိလို အဖြစ်အပျက်တွေက အမှန်ဆို ဖြစ်မလာသင့်တဲ့ အဖြစ်မျိုး ခုကြည့် IE ကြီးတစ်ယောက်တောင် စာတင်လိုက်ပြန်ပြီဆိုဘဲ ...ဘယ်သူတွေဘာပြောပြောကျွန်မကတော့ လူဟောင်းတွေကို တကယ်နှမြောမိတယ်...
အင်းပြောရမယ်ဆို စကားတွေကရှည်လျားနေတော့မယ်...ကိုယ်ဆီမှာရှိတဲ့ လူတွေကို happy ဖြစ်အောင်မထားဘူး နောက်လာမဲ့ မျိုးဆက်သစ်လေးတွေကိုတော့ Job Fair လုပ်ပြီးတောင်ခေါ်လိုက်သေးတယ် ။လမ်းကြုံတုန်းပြောလိုက်ချင်တာက အပြင်မှာရှိတဲ့ NA တို့ NP တို့ NE နဲ့ IE လို လူတွေက မလောက်လေးမလောက်စား မတောက်တစ်ခေါက်လစာလေးနဲ့ လာပြီးလုပ်ပေးပါ့မလားရှင် အင်း..ဒါကတော့ လူကြီးတွေကိုယ်စားတွေးမိပြီးရင်လေးရတဲ့ ကျွန်မအဖြစ်အပျက်ပါ ရှင်.......
တကတည်းမှဘဲ စ လုံးကိုများ လူသွားခေါ်ရသတဲ့ ကိုယ့်ရှိတဲ့လူတောင် လောက်ငအောင် မပေးမကျွေးနိုင်ဘဲ အဲမှာရှိတဲ့သူတွေက လာပါလိမ့်မယ် အားကျီးကျီး.....ဥပမာပေးရရင် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစာတဲ့အဖြစ်မျိုးဖြစ်နေတာပေါ့ရှင့် ....။ အထက်ကပုဂ္ဂိုလ်ကြီးများကလဲ သူတို့တွေက ဆယ်သိန်း ဆယ်ငါးသိန်းလောက်ရနေတော့ ဖင်ပိတ်ပြီး စမ်းချင်ရာစမ်းမောင်ဘဂျမ်းကြီးကိုဖြစ်ပြီး ရေငုံနုတ်ပိတ်နေကြတာတော့ ဒီနေရာမှာ ငါဆိုရင် ဆိုတဲ့စာနာစိတ်လေးထားပြီး ရှက်တတ်မယ်ဆိုရင် လဲသေလို့တောင်ရတယ်ရှင်တို့ရယ်...
ဝန်ထမ်းတွေက လစာမတိုးလို့စိတ်ညစ်နေကြပါတယ်ဆိုမှ ပျော်စရာတွေကတဖြည်းဖြည်းပျက်သုန်းလာတယ်။
ဝန်ထမ်းတွေစိတ်ထဲမှာ ဖြစ်နေတာလေးတစ်ခု ကိုကျွန်မသေချာပြောပြနိုင်တာ တစ်ခုရှိတယ် အဲဒါဘာလဲဆိုတော့....ငါတို့တွေကတော့ လစာမကောင်းပေမဲ့ကော်နက်ရှင်ကောင်းကောင်းလေးတော့သုံးနိုင်တယ်ဟဲ့ဆိုပြီးကြိတ်ပြီးပျော်နေကြတာ အသေချာပါဘဲ......မြေကြီးလက်ခတ်မလွဲသေချာပြောပြနိုင်တယ် ။ ကဲခုတော့ကြည့် ကြပါဦး ဟိုအပေါက်ကပိတ် ဒီအပေါက်ကဆို့နေ ဒီကြားထဲ ခရုတိုက်လို့ နဂါးကိုက်ပြီး ဆိမီဝေးဆိုတဲ့ ပလပ်စတစ်လား ဖိုက်ဘာလားအဲကြိုးက ပြတ်တော့ ပိုဆိုး ...ကံဆိုးတွေထဲက ကံကောင်းတာက လုပတ် တယ်ဆိုလား (ကျွန်မကတော့ တက်ကနီကယ်တွေ သိပ်မသိတော့ ဆိုလားတွေနဲ့ဘဲပြောနေရတာပေါ့လေ) ပိတ်နေတဲ့အပေါက်တွေ ခဏတာ ဟောင်းလောင်းကြီးပွင့်သွားပါရော.....
ပြောစရာတွေကလည်းကုန်ကိုမကုန်နိုင်ပါဘူးရှင် ....
ဘယ်နယ် တယ်လီကွန်းဖြစ်မှ လစာတိုးမှာလိုလို ဘာလိုလို ထွက်စာတင်မှ ခေါ်ညှိပြီးတိုးပေးတာလိုလိုဘာလိုနဲ့ တယ်လည်းဂွ ကျတဲ့ လူတွေပါလား
ခုလည်းကြည့်ဘာတဲ့ ရုံးသစ်မှာဆို တစ်သိန်းကိုးသောင်းတဲ့ အဲဒါက ကျွန်မကိုဘယ်သူမှမပြောဘူးနော်
ကျွန်မကိုေ-ာက်မြင်ကပ်ပုဒ်မနဲ့ ကန်ထုတ်လိုက်တဲ့ YTP Affairs က ကြည့်လို့သိရပါတယ်ရှင်...
မဟုတ်တာတွေလုပ်ထားတဲ့သူတွေဆိုတော့ ကျွန်မဘယ်သူဘယ်ဝါပါဆိုပြီး ပရိုဖိုင်အမှန်မတင်တဲ့ ပုဒ်မနဲ့တရားစွဲပြီး နယ်နှင်ဒါဏ်ပေးခံခဲ့ရတဲ့ကျွန်မအဖြစ်ကလဲ တကယ်ကိုရယ်စရာ အကောင်းသား ကိုယ်တိုင်ကရော ပွင့်လင်းမြင်သာမှုတွေနဲ့ အလုပ်လုပ်ကြပါရဲ့လား အကြီးအကဲဂုဏ် နာယကဂုဏ် တွေနဲ့ရောပြည့်စုံကြပါရဲ့လားလို့ မေးလိုက်စမ်းချင်ပါဘိ....
ဒါတွေပြောရင် ဒေါတွေပါလာလွန်းလို့ ပါရှင်...
မပြီးဆုံးသေးတဲ့ဇာတ်လမ်းလေးလည်း မေ့နေကြမှာစိုးလို့ ပြောပြလိုက်ချင်တယ် မှတ်မိကြတယ်မဟုတ်လား
5, 1 ကိစ္စလေ လေကြီးမိုးကြီးအပြောကြီးကြီးနဲ့ ဘာမှပြောင်းလဲမလာဘူး မယုံရင်သွားကြည့်လိုက်ကြပါဦး အရပ်ကတို့ရေ ပြောင်းလဲတာလေးတွေတော့ရှိတာပေါ့ လေ ဆိုင်းဘုတ် အသစ် ဆေးသုတ်ဖြစ်ပြီး ကြမ်းခင်းပြောင်းကာ ရတ်တိုက် အစုတ်နဲ့ TV ဆိုဖာ တိုးလာပါသည် ဘယ်ချိန် အခန်းပြင်မည်နည်း ဆိုတာမျိုးလေးပေါ့ရှင်...
အားလုံးခြုံကြည့်ရင်တော့ မုဒုံစောင်ကအနွေးဆုံး ဆိုတာမျူိုးပေါ့နော်...ခုလည်း အားလုံးခြုံကြည်ရင် လက်ရှိ CEO အရိပ်သည်သာအနွေးဆုံး ဆိုတာမျူိုးလေး(CEO အားအသလွှတ်ဖားခြင်း) ဘယ်တော့မှဖြစ်လာမလဲ ဆိုပြီး ဆွဲလက်စ ဖလိုးချက်အမြန်ပြီးမြောက် လစာတိုးခန်းရောက်ရပါစေလို့ ရှင်တော်ဘုရားမှာ ဆုံးတောင်းနေရတော့မှာပါဘဲရှင်
မှတ်ချက်။ ။ ယခုလကုန်လစာတိုးမည်မထင်
(အထက်ပါ အရေးအသားများသည် ကျွန်မသတင်းချစ်သူ၏ ကယောင်ချောက်ခြား အတွေးများကို ပုံဖော်ကြည့်ချင်းသာ ဖြစ်ပါသည်။ထိုအကြောင်းရာများနဲ့အလားတူသော အဖြစ်အပျက်ကိစ္စများရှိပြီး တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်တော်မှုကြပါကုန်)
0 မှတ်ချက်ပေးရန်:
Post a Comment