Friday, May 9, 2014

ဆုပန်ထွာရဲ့ စေ့စပ်ပွဲ ကန့်ကွက်ခြင်း နောက်ဆက်တွဲ ကြေညာချက်


ဆုပန်ထွာ၊ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို ကန့်ကွက်ခဲ့သူ ဒေါ်မဉ္စူအောင်က အခု မေ လ ၉ ရက်နေ့ ထုတ် ကြေးမုံသတင်းစာမှာ ကိုဥက္ကာကျော်ရဲ့ ရှေ့နေတွေက မယဉ်ကျေးတဲ့ အသုံးအနှုန်းတွေနဲ့ သတိပေး ကြေညာချက်ကို တုံ့ပြန်တဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 



 ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ၊ ဓာတ်ပုံ- ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ်

သတင်းစာပါ ကြေညာချက်ကို ခင်ပွန်းဖြစ်သူရဲ့ စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခြင်းရဲ့ နောက်ဆက်တွဲ 
ဖြေရှင်းချက်လို့ အမည်တပ်ကာ ရေးသားထားပါတယ်။ သားဖြစ်သူရဲ့ ကျန်းမာရေးအတွက် အမေရိကန် 
ပြည်ထောင်စုကို ရောက်နေတဲ့ ဒေါ်မဉ္စူအောင်ရဲ့ ရှေ့နေများက .. 

ဦးဥက္ကာကျော်၏ ရှေ့နေတွေဟာ ပညာတတ်မဆန်ပဲ ယဉ်ကျေးမှု မရှိစွာဖြင့် ကွာရှင်း ပြတ်စဲပြီး …. မိန်းမ ဟူ၍ ကျွန်ုပ်၏ အမှုသည်အား ရည်ညွှန်းသုံးနှုန်းခဲ့ပြီး မွေးရာပါ ကျန်းမာရေးချို့တဲ့နေသူ သားဖြစ်သူရဲ့ ကိစ္စ ကို တစုံတရာ ရှင်းလင်းခြင်း မရှိပါဘဲ သားသမီး အုပ်ထိမ်းမှု ခွင့်ပြု ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနဲ့ သား
ဖြစ်သူရဲ့ ကျန်းမာရေး ကုသရန် နိုင်ငံခြား တိုင်း ပြည်မှာ မိခင်တဦးအနေနဲ့ ဘယ်လောက် အခက်အခဲဖြစ်
နေ မယ်ဆိုတာကို မသိကျိုးကျွံပြုနေတာဟာ ဖခင်တဦးရဲ့ တာဝန်မဲ့ရာကို ပြသနေတာဖြစ်တယ် လို့ 
ရေးသားဖော်ပြထားပါတယ်။ 

ဆက်ပြီး ရေးသားထားတာက ဆုပန်ထွာနဲ့ စေ့စပ်ကြောင်းလမ်း ကိစ္စ မြန်မာ ဂေဇက်မှာ ကိုဥက္ကာကျော်ကို CEO of Vape City လို့ ပြောထားပြီး နောက်ကျတော့ Vape City ဟာ ဆုပန်ထွာပိုင်ဆိုင်တယ်ဆိုတာ စိတ်မဝင်စားကြောင်း ပြောပြီး အဲဒီ လို ထည့်သွင်း ထပ်ပြောတာဟာ ကြိုတင်စဉ်းစား ချင့်ချိန်မှု မရှိပဲ ကြေ ညာ ခဲ့တာလို့လည်း ဆိုပါတယ်။ 

ဒီအပြင် ကိုဥက္ကာကျော်ဟာ အမေရိကန် နိုင်ငံသားဖြစ်ပြီး ဒေါ်မဉ္စူအောင် က မြန်မာနိုင်ငံသားဖြစ်ကာ သူတို့ ၂ ဦး မြန်မာ နိုင်ငံမှာ လက်ထပ်ခဲ့တယ်လို့ဆိုပါတယ်။ မွေးရာပါ ကျန်းမာရေး ချို့တဲ့နေသူ သားတဦး မိခင် ဒေါ်မဉ္စူအောင်ကို ဘယ် အတွက်ကြောင့် ကွာရှင်းချင်သနည်းလို့လည်း မေးခွန်းထုတ်ထားသလို အမေရိကန် တရားရုံးကလည်း ကွာရှင်းခွင့် ဒီဂရီ ချမှတ်ထားခြင်းမရှိပါကြောင်း အခိုင်အမာ အထောက်အ ထားဖြင့် ကြေညာလိုက်ပါတယ်လို့လည်း ရေးသားထားပါတယ်။ 

အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား တရားရုံးရဲ့ အခု ၂၇. ၁. ၂ဝဝ၄ ရက်နေ့ ကြေညာချက်မှာ ကိုဥက္ကာကျော်က လက်ထပ်ထိမ်းမြားခြင်းကို ရပ်စဲခြင်း မဟုတ်တဲ့ အကြောင်း လက်မှတ်ရေးထိုးထား တယ် လို့လည်း ဒေါ်မဉ္စူအောင်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံသား အမျိုးသမီးကို လင်မယား ကွာရှင်းလိုရင် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အိမ်ထောင်
ရေး ပြစ်မှု ရှိမှသာ ကွာရှင်းခွင့် ရှိပြီး အဲဒီလို ကွာရှင်းခွင့် ရအောင် မြန်မာနိုင်ငံ တရားရုံးမှာ တရားစွဲဆို
တောင်းခံရန်ဖြစ်တယ်လို့ ဖော်ပြပြီး တရားဝင်တည်မြဲနေတဲ့ လင်ခန်းမယားခန်းအတွက် ဒေါ်မဉ္စူအောင်က ကိုဥက္ကာကျော်ကို တရားစွဲဆိုမှာတော့ မဟုတ်ဘူး လို့လည်း ရေးထားပါတယ်။ 

တကယ်လို့ တရားဝင် ကွာရှင်းလိုချင်ရင် မြန်မာနိုင်ငံ တရားရုံးတခုခုမှာ တရားစွဲဆို ကွာရှင်းခွင့်တောင်း မယ်ဆိုရင် ဒေါ်မဉ္စူအောင်ကလည်း တရားရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ သူ့ရဲ့ ရှေ့နေတွေက တဆင့် 
ကြေးမုံသတင်းစာ ကြေ ညာချက်မှာ ဖော်ပြထားပါတယ်။ 

 ဒေါ်မဉ္စူအောင်ရဲ့  မေလ ၉ ရက်နေ့ ကြေးမုံသတင်းစာပါ ကြေညာချက်



အိမ့်သံစဉ် ~

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons