Sunday, July 6, 2014

မြစ်ဆုံလမ်းလျှောက်ရာတွင် ဦးဆောင်သူများကို ငွေကြေးအလွဲသုံးစားပြုမှုဖြင့် ပါဝင်သူများက တရားစွဲမည်



မြစ်ဆုံစီမံကိန်းအပြီးတိုင် ရပ်တန့်စေရေးအတွက် ရန်ကုန်မှ ဧရာဝတီမြစ်ဆုံသို့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့်သူများက ခေါင်းဆောင်သည့် လူသုံးဦးကို ငွေကြေးအလွဲသုံးစားမှု၊ အများပိုင်ပစ္စည်း အလွဲသုံးစားမှုတို့နှင့် တရားစွဲဆိုသွားမည်ဟု
မြစ်ဆုံလမ်းလျှောက်ကော်မတီမှအဖွဲ့ဝင် ကိုသီဟအောင်က ပြောသည်။

မြစ်ဆုံလမ်းလျှောက်အဖွဲ့ကော်မတီက ဦးဆောင်ပြီး ၂၀၁၄ ခုနှစ် မတ် ၂၃ရက်မှ မေ ၂၅ ရက်ထိ လူအင်အား ၈၀ ကျော်ဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ထိုဆန္ဒပြပွဲအတွက် အလှူရှင်များ၏ ထောက်ပံ့ငွေကို မြစ်ဆုံလမ်းလျှောက်အဖွဲ့ ကော်မတီခေါင်းဆောင်တို့က အလွဲသုံးစားလုပ်ထားသည်ဟု ၎င်းက ဇူလိုင်လ၆ရက်၊ ကြည့်မြင်တိုင်မြို့နယ်၊သာဓုကျောင်းတိုက်တွင် ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောခဲ့သည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီးရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်စဉ်ကလည်း နိုင်ငံရေး
အကျဉ်းသား ဟောင်းအဖွဲ့ချုပ်မှ ဦးရဲထွဋ်ခေါင်း ဦးစီးအဖွဲ့သည် တည်းခိုနေထိုင်ရာ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ မန္တလေးကျောင်းတိုက်အတွင်း အရက်သေစာသောက်စားမူးယစ်ပြီး အချင်းချင်းခိုက်ရန် ဖြစ်ပွား မှုကြောင့် ကျောင်းထိုင် ဆရာတော်မှ မောင်းထုတ်ခဲ့ရသေးသည်။

“အားလုံးကို ဆန္ဒထုတ်ဖော်ပွဲပြီးမှ သိကြတာပါ။ ဒါကြောင့် တရားစွဲဖို့လုပ်တာပါ”ဟု ကိုသီဟအောင်က ပြောသည်။

ခေါင်းဆောင်သုံးဦးကို ခုနှစ်ရက်အတွင်း လာရောက်ရှင်းလင်းရန် အကြောင်းကြားထားပြီး
၎င်းတို့ကို မဇ္ဈိမက ဆက်သွယ်သော်လည်း မရခဲ့ပေ။

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons