Thursday, November 6, 2014

ရတနာပုံဝဘ်ပေါ်တယ် ဘာလဲ ...ဘယ်လဲ...?


================================
အေးချမ်းသာယာပြီးခေတ်မီဖွံဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီအနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးအပိုင်းမှာ ဘက်စုံကဏ္ဍစုံကနေပြီး ၀ိုင်းဝန်းအကောင်ထည်ဖော်တည်ဆောက်ရွက်လျှက်ရှိပါတယ်။ဒီကနေ့ခေတ်အခါ ကာလကလည်း သတင်းအချက်အလက်နဲ့နည်းပညာခေတ်လို့ဆိုရလောက်အောင် နိုင်ငံတော်ရဲ့ ဖွံဖြိုးမှုဖြစ်စဉ်တွေမှာ သတင်းအချက်အလက်နဲ့ မီဒီယာ မောင်းနှင်အားဟာ အခန်းဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်ပါသက်ပြီး အဓိကသြဇာလွှမ်းမိုးလာတာကိုလဲသတိထားမိကြမှာဖြစ်ပါတယ်။ယခုလို ICT ဏ္ဍ ဖွံဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ဦးဆောင်ချမှတ်ခံ့တဲ့ စီမံကိန်းတွေအနက် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ နယ် မန္တလေးပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ်(27) မှာရှိတဲ့ ရတနာပုံမြို့သစ်စီမံကိန်းလည်းအပါဝင်ဖြစ်ပါတယ်။ အခြားစီမံကိန်းတွေနဲ့မတူခြားနားတဲ့အချက်ကတော့ စီမံကိန်းဧက တစ်သောင်းရှိတဲ့ရတနာပုံမြို့သစ်ကို Cyberနည်းပညာ မြို့တော်ကြီး အဖြစ်သတ်မှတ်ပြီး ရည်ရွယ်တည်ဆောက်ကာ နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပြီး အသိအမှတ်ပြု အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြပါတယ်။ အဓိက အဆောက်အအုံကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲံပါတယ်။ ရတနာပုံတယ်လီပို့ Company ဟာ ISP Service အပြင် အခြားသော ၀န်ဆောင်မှုလုပ်ငန်းများနှင့် ရတနာပုံဝဘ်ပေါ်တယ် လို့အမည်ရတဲ့ မြန်မာပြည်ရဲ့ ပထမဦးဆုံး ၀ဘ်ပေါ်တယ် သတင်းအချက်အလက်နဲ့နည်းပညာများကို ပြည်သူလူထုထံအရောက်ပို့ဆောင်ပေးခဲ့သော သတင်းများတင်ပေးခဲ့ပါတယ်။ အိမ်နီးခြင်းနိုင်ငံများမှာလည်း မိမိတို့၏ဘာသာစကားဖြင့် ကိုယ်ပိုင်ဝဘ်ပေါ်တယ်များတည်ထောင်ထားခဲ့သလို မြန်မာပြည်မှာ မြန်မာဘာသာစကားဖြင့် တည်ထောင်လိုက်တဲ့ သတင်းဌာန တစ်ခုလည်းဖြစ်ပါတယ်။ အခုတော့ဒီ ၀ဘ်ပေါ်တယ်ဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်မတတ်ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ သတင်းအချက်အလက်နဲ့နည်းပညာတွေ ဖြန့်ဖြူးရာ ၀ဘ်ပေါ်တယ်မှာကိုယ်ပိုင် သတင်းဆိုတာတွေကိုမတွေ့ရဘဲ သူတစ်ပါးသတင်းဆိုဒ်နဲ့ ဂျာနယ်တွေကနေ ကော်ပီယူပြီး တင်နေလိုက်ကြတာဟာ ၀ဘ်ပေါ်တယ် လူကြီးတွေအဖို့ ရှက်တတ်ရင်လဲသေလို့တောင်ရတယ်လို့ ပြောရမလိုဖြစ်နေပါပြီ။ ထူခြားသော ဖြစ်စဉ်များသတင်းများကို လည်း အချိန်နဲ့တပြေးညီမတင်နိုင်ကိုယ်ပိုင်သတင်းထောက်လဲမရှိ ကော်ပီကူးယူနေသော သတင်းဌာနတစ်ခု ဟန်ပြမျှသာဖြစ်ပြီး လုပ်စားဖို့ရန် ဆက်လက်ထားရှိနေအုံးမည်ဆိုလျှင် မကြာမီအချိန်ကာလတစ်ခုတွင် ၀ဘ်ပေါ်တယ်၏ ကျဆုံးမှု တစ်ခု သေချာဖြစ်ပေါ်လာရန်အလားအလာရှိနေပါတယ်ရှင်။
ဒါကြောင့် ၀ဘ်ပေါ်တယ်အနေဖြင့် ဘယ်လိုရှေ့ဆက်သွားဖို့လမ်းစဉ်တွေရှိပါလဲ ဆိုတာကို သိချင်လွန်းတာကြောင့် …၀ဘ်ပေါ်တယ် ဘာလဲ ဘယ်လဲ လို့သာ မေးလိုက်ချင်ပါတော့တယ်ရှင်

မှတ်ချက်။ ။ ၀ဘ်ပေါ်တယ်သတင်းထောက်တွေ ကိုယ်ပိုင်သတင်းလိုက်ပြီး သတင်းတင်နိုင်တဲ့နေ့ ပိုစ့်ကို ပြန်ဖြုတ်ပေးပါမည်။
သတင်းချစ်သူ

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons