ကဆုန်လပြည့်နေ့က ဆိုရှယ်မီဒီယာ ပေါ်တွင် မန္တလေးတိုင်း ၀န်ကြီးချုပ်မှ ကုသိုလ်ဘုရား ရင်ပြင်တော်ပေါ် ဖိနပ်စီး သည်ဟု အငြင်းပွား ဖွယ်ဓာတ်ပုံများ ပျံ့နှံ့လာခြင်း ကိစ္စနှင့် ပက်သက်ကာ ရင်ပြင်ပေါ်သို့ တက် ရောက် ခဲ့ခြင်းမရှိကြောင်း ၀န်ကြီးချုပ်ကိုယ်ရေး အရာရှိမှ တဆင့် မေ ၁၄ရက်နေ့က ပြောသည်။
‘ ဘုရားပုရိဝုဏ်အပြင်ဘက်မှာ ဖွင့်ပွဲလုပ်တာ၊ ဂေါပကအဖွဲ့က ဘုရားထဲက ထွက်လာတာမို့ သူတို့က ဖိနပ်မ ပါဘူး၊ ရင်ပြင်ပေါ်ကို ဖိနပ်နဲ့တက်တာ မဟုတ်ဘူး၊ မယုံလို့၊ မရောက်ဘူးလို့ သွားကြည့်ခြင်တယ်ဆိုရင် ၀န်ကြီးချုပ်ဦးရဲမြင့်က စရိတ် ထုတ်ပေးမယ်လို့ ပြောပါတယ်၊ ကတ္တရာ လမ်းပေါ်မှာကောဇော ခင်းထားတာဖြစ်ပါတယ်၊ ပုရ၀ုဒ်အတွင်းမှာ လုံးဝမဟုတ်ပါဘူး ’ ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ဖြေရှင်းချက်များအပြင် အဆိုပါပွဲသို့တက်ရောက်ခဲ့သော မန္တလေးအခြေစိုက်သတင်းသမားတစ်ဦးက ဘုရားပုရိဝုဏ်အပြင်ဘက် မုခ်ဦးအရှေ့တွင် ပြုလုပ်ခြင်းဖြစ်ပြီး ဘုရားဝင်းအတွင်းမဟုတ်ကြောင်း အတည်ပြု ပြောကြားသည်။
အဆိုပါနေ့က ဆိုရှယ်မီဒီယာပေါ် ၀န်ကြီးချုပ်ဦးရဲမြင့် ဘုရားရင်ပြင်ပေါ်တွင် ဖိနပ်စီးသည်ဟူသော ဓာတ်ပုံနှင့် အတူ ပဲခူးရွှေမောဓောဘုရားရင်ပြင်တော်ပေါ်သို့ အစိုးရကားများ တက်ရောက်လာသည့် ဓာတ်ပုံများထွက် ပေါ်လာခဲ့ပြီးနောက် အငြင်းပွားစရာများဖြစ်ပေါ်ခဲ့ရာ Facebook သုံးစွဲသူအချို့က နိုင်ငံရေးထိုးနက်ချက်တစ် ခုဖြစ်နိုင်ကြောင်းဓာတ်ပုံများအောက်များတွင် ၀င်ေ၇ာက်မှတ်ချက်ပေးခဲ့သည်။
ဝန်ကြီးချုပ်ရဲမြင့်၏ ဓာတ်ပုံသည် မေ၈ရက်နေ့က မန္တလေးမြို့မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားအ ပြင်ဘက်တွင် စိုက်ထူသည့် ယူနက်စကိုကမ္ဘာ့မှတ်တမ်းအမွေအနှစ် ပါဝင်သည့် အထိမ်းအမှတ်ကျောက်စာ စိုက် ထူခြင်းအခမ်းအနားပုံဖြစ်ပြီး ပဲခူးမြို့ ရွှေမော်ဓောဘုရားရင်ပြင်ပေါ်သို့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုး ရအဖွဲ့ ယာဉ်တန်းများ တက်ရောက်ခဲ့သည့် ဓာတ်ပုံများလည်း ထွက်ပေါ်ခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်၊ ပြည်ထောင်စုယဉ်ကျေးမှု ဒုဝန်ကြီး ဒေါ်စန္ဒာခင်၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝန်ကြီးများတက်ရောက်ခဲ့သည်။
မင်းမင်းလတ် , အောင်သန့်ခိုင်
Mandalay News Agency




Myanmar Kyat Converter
8:07 PM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment