
အိန္ဒိယဝန်ကြီးချုပ် မာန်မိုဟန်ဆင်း မှ ဒေါ်အောင်ဆန်းစုကြည် အားအမှတ်တရ ထူးခြား မြင့်မြတ်သော လက်ဆောင်မွန် အဖြစ် ပေးအပ်ခဲ့သောမဟာ ဗောဓိညောင်ပင်အား ကျော်သူ ပရဟိတသာသနာပြုအဖွဲ့ မှလာမည့် မေလ (၁၃) ရက်နေ့(ကဆုန်လပြည့်နေ့ )၌ ပြည်မြို့ ရှိ ပရဟိတအောင်တော်မူစေတီတော်ကြီးတည်ထားရန် ဆောင်ရွက်နေသည့် ပရဟိတတောင်ကုန်းတော်ပေါ်၌ မြေချ စိုက်ပျိုးမည်ဖြစ်ကြောင်းသိရသည်။
ယင်း ဗောဓိညောင်ပင်မှာအိန္ဒိယနိုင်ငံသို့ မှရန်ကုန်မြို့သို့ ဒေါ်အောင်ဆန်းစုကြည်က ပင့်ဆောင်လာခဲ့ပြီး ပခုက္ကူဆရာတော်ကြီး(အနိစ္စဆရာ တော်ကြီး)ထံ လှူဒါန်း ခဲ့ခြင်းဖြစ်ကာ ဆရာတော်ကြီးပျံလွန်တော်မမူမီက"ဟို …နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ လူကြီးကိုသွားပေးလိုက်ပါ" ဟူ၍ မိန့် မှာခဲ့ခြင်းကြောင့်ပရဟိတလု ပ်ငန်းများဆောင်ရွက်နေသူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူထံ ဆရာတော်ကြီး ၏တပည့်ဒါယကာများက ဆရာတော်ကြီး၏ မိန့်ကြားချက်အတိုင်း ဗောဓိညောင်ပင်ပေါက်အား ပင့်ဆောင်အပ်နှံခဲ့ခြင်းဟုသိရသည်။
မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံရှိ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များ အားလုံးကိုယ်စားတည်ထားကိုးကွယ်မည့် "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေ တီတော်"ကြီးအား နာရေး ကူညီမှု အသင်း(ရန်ကုန်)သို့ လှူဒါန်းထားကြသော အလှူရှင်များ၏ အလှူငွေအား လုံးဝ (လုံးဝ) အသုံးပြု မည်မဟုတ်ကြောင်း၊ ပရဟိတစိတ် ဓာတ်ရှိသော၊ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့်သုံးနေကြသော အလှူရှင်များ၊ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များမှ သီးခြားလှူဒါန်းသော သာသနာပြု အလှူ ငွေဖြင့်သာ တည်ထားကိုးကွယ်မည်ဖြစ်ကြောင်းလည်း ဦးကျော်သူကဆိုပါသည်။
အဆိုပါ "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေ တီတော်"တည်မည့်တောင်ကုန်းတော်မှာပြည်မြို့  ရွှေ ဘုံသာမုနိ ဘုရားနှင့် ဖိုးဦးတောင်စေတီတော်မြတ်အြ ကား၌တည်ရှိသည်။
Popular Myanmar News Journal



Myanmar Kyat Converter
1:42 AM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment