မကွေးမြို့အတွင်းရှိ နေရာအချို့တွင် ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ ရာထူးမှ နုတ်ထွက်ပေးရန် စာရေးသားဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း သတင်း
ရရှိသည်။
မကွေးမြို့အတွင်းရှိ လူစည်ကားရာနေရာများ၊ အဆောက်အအုံအချို့၏ နံရံများနှင့် ကြော်ငြာဆိုင်းဘုတ်များတွင် ‘ဘုန်းမော်ရွှေ မကွေးတိုင်းမှ နုတ်ထွက်ပေး’ဟု ရေးသားထားပြီး ၀န်ကြီးချုပ်အား ရာထူးမှ ဆင်းပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းစာရေးသားဆန္ဒထုတ်ဖော်မှုမှာ မေလ ဒုတိယပတ်အတွင်း စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အာဏာပိုင်များက လိုက်လံဖျက်ပစ်နေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။
ဝန်ကြီးချုပ် နုတ်ထွက်ပေး ရေးစာရေးသား လှုံ့ဆော်သူများသည် အများပိုင်နေရာများတွင်လည်း ရေးသားမှုများ ပြုလုပ်ခဲ့ ကြောင်း၊ စာရေးသားမှုများပြုလုပ်ခဲ့သည့် လက်သည်တရားခံကို စုံစမ်းလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိက 7Day မှ ဖုန်းဖြင့် မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ယောက်ကိုမျှ ဖမ်းဆီးအရေးယူမှုမပြုထားသေးကြောင်း အဆိုပါအရာရှိက ပြောသည်။
ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုအနည်းဆုံး ၀န်ကြီးချုပ်အဖြစ် သတင်းမီဒီယာများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ ဝေဖန်မှုကို တောက်လျှောက်ခံခဲ့ရသူ လည်းဖြစ်သည်။
သူ၏ ၀န်ကြီးချုပ်သက်တမ်းအတွင်း သတင်းမီဒီယာများကို တရားစွဲဆိုခြင်း၊ စာပေဟောပြောပွဲများနှင့် ဆန္ဒထုတ်ဖော်ပွဲများကို ပိတ်ပင်ခြင်းများကြောင့်လည်း ဝေဖန်ခံခဲ့ရသူလည်း ဖြစ်သည်။ ဝေဖန်မှုများရှိနေသော်လည်း ဦးဘုန်းမော်ရွှေလက်ထက်တွင် မကွေးမြို့နယ်သည် နိုင်ငံတော်သမ္မတက ပေးအပ်သည့် ၂၀၁၄ အတွက် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့နယ်ဆု ရရှိခဲ့သည်။
7DayNews Daily



Myanmar Kyat Converter
1:18 AM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment