Tuesday, August 5, 2014

သိုင်းလောကမှ အနားယူတော့မည့် YTP သိုင်းမင်းသမီးလေး

==========================================================
"လက်ရှိမြန်မာနိုင်ငံသိုင်းလောကအခြေအနေ" သိုင်းလောကထဲတွင် သိုင်းသမားကြီး MPT သည် နာမည်အကြီးဆုံးဖြစ်သည့် သူဆီသို့ အူရီဒူး နှင့် တယ်လီနော ဆိုသောသိုင်းသမားနှစ်ဦး ယှဉ်ပြိုင်မည်ဟုကြွေးကြော်ကာ ရောက်လာခဲ့သည်။ MPT သည်ပြုံးပြုံးကြီနှင့်လက်ခံလိုက်သည်။ သူသည်ခေသူတော့မဟုတ်ပေ။ တစ်ခေတ်တခါက သိုင်းလောကတွင် ၁၅ သိန်းသိုင်းဖြင့် နာမည်ကြီးခဲ့ဖူးသူဖြစ်သည်။နောက် ၅ သိန်းသိုင်း ၂ သိန်းသိုင်းတို့ဖြင့်အောင်မြင်ခဲ့ပြီး ယခု ၁၅၀၀သိုင်း ဆိုသည့်နာမည်တစ်လုံးဖြင့် ရပ်တည်နေခဲ့သူဖြစ်သည်။ သကောင့်သားနှစ်ဦးကတော့ အင်တာနက်မြန်နှုန်းမြင့်သိုင်း Video Call ဝန်ဆောင်မှု့အကောင်းဆုံးပေးသိုင်း တို့ကိုတတ်မြောက်ထားပြီး MPT ကိုယှဉ်ပြိုင်ခြင်းဖြစ်သည်။ လက်ရှိ MPT ၏နာမည်အကြီးဆုံး အဝိုင်းလည်သိုင်းကို အနိုင်ယူမည်ဟု ကြွေးကြော်ထားသည်။ ယခုချိန်ထိ MPT သိုင်းသမားကြီးတုတ်တုတ်မလှူပ်သေးပေ။ ဒါလည်းအကြောင်းရှိသည်။ သူသည် ဂျပန်သိုင်းသမားကြီးနှင့် သွေးသောက်ညီအစ်ကို ဖွဲထားသည်။ အားလုံးကိုကျော်ဖြတ်မည့် အဆင့်မြင့်သိုင်းပညာကို တိတ်တိတ်လေးသင်ယူလျက်ရှိသည်။ အူရီဒူးကသူ၏ အင်တာနက်မြန်နှုန်းမြင့်သိုင်းကို မကြာသေးမီကမှကစားပြထားသည်။ သို့ သော် MPT ၏ အဝိုင်းလည်သိုင်းကို မကျော်နိင်သေးပေ။ နိင်ငံရေးစကားဖြင့်ပြောရသော် MPT သိုင်းသမားသည် လူထု ထောက်ခံမှုကိုနှစ်ပေါင်းများစွာ ခံယူထားသုဖြစ်၍ဖြစ်သည်။ သိုင်းလောကသားများကြားတွင်တော့ သူ့လူကိုယ်ဘက်သား ကိုယ်လူသူဘက်သားများ ပေါ်ထွန်းနေခဲ့ပြီးဖြစ်သည်။ တချို့ကတော့ အူရဒူး၏ အင်တာနက်မြန်နှုန်းမြင့်သိုင်းကို ကြိတ်သဘောကျနေကြသည်။ MPT ကတော့ ဒီသိုင်းကိုသူတတ်မြောက်ထားတာကြာပီဖြစ်သော်လည်း ထုတ်မပြသေးကြောင်း အထောက်တော်များမှတဆင့်သိခဲ့ရသည်။ တယ်လီနောကတော့ ဂူအောင်းသိုင်းကျင့်နေသဖြင့် ထွက်မလာသေးပေ။ သူတို့သုံးဦးသား၏ယှဉ်ပြိုင်မှုကို စောင့်ကြည့်နေသူတစ်ဦးကိုတော့သူုတို့ သတိမပြုမိပေ။ သူကား MEC ပင်ဖြစ်သည်။ ဓနအင်းအာတောင့်တင်းခိုင်မာသော သိုင်းသမားတစ်ဦးလည်းဖြစ်သည်။ ၁၅၀၀ သိုင်းကို စတင်တီထွင်ခြဲ့ပီး ယခု လက်ရှိ ငါခေါ်သူမကြား သူခေါ်ငါမကြား သိုင်းဖြင့်နာမည်ကြီးသူဖြစ်သည်။ သိုင်းလောကတွင်တော့ ထိုလေးဦးယှဉ်ပြိုင်မှုကို မြေစာပင်အဖြစ်ခံ၍ ကြည့်ရမည့်အနေအထားရှိသည်။သိုင်းလောကစိန်ခေါ်ပွဲကြီးနီကပ်လာပြီ မည်သူကအနိုင်ရမည်ဆိုသည်ကိုတော့ ပရိတ်သတ်ကဆုံးဖြတ်ပေးလိမ့်မည်။ ထိုသိုင်းလောကသား၏အလယ်တွင် မရှိကိုအရှိ လုပ်ပြီးခပ်တည်တည်လုပ်နေသော အမျိုးသမီးသိုင်းလောကမှ ချီးကြူထောပနာခံနေသော YTP သည်လည်း အများသူငါ သိုင်းပြိုင်ပွဲများ ကစားနေချိန်တွင် ထမီချုံပြီးလက်သီးပြသလျှက်ရှိရာ ဘယ်သူကိုချဉ်းကပ်ရမည်မသိ ရှိနေပေသည်။ သိုင်းလောကတို့၏ကြားရသော သတင်းတွင် YTP သိုင်းမင်းသမီးလေးမှာ မိမိတို့လက်ရှိလေ့ကျင့်ထားသော အတတ်ပညာများအား သိုင်းလောကသားတို့ လက်သို့ထိုးအပ်မည်ဟုသတင်းထွက်ပြီး ခေတ်၏ ရေပန်းအစားဆုံး mobile သိုင်းလောကတွင်းသို့ ခြေစုံပြစ်ဝင်ရန် နေမနားညမအား အကြံထုတ်လျှက်ရှိပေသည်။ ထိုသို့ကြံစည်စိတ်ကူးမျိုးမှာ ကြောက်ခမန်းလိလိစွန့်စားခန်းပြီး ဖြစ်နေပေလိမ့်မည်။YTP သိုင်းမင်းသမီးလေး၏ အကွက်များကားအင်မတန်မှ အကွက်ရွေ့တော်သည်ကို YTP သိုင်းလောကသားများအသိပင်ဖြစ်ကြလေရာ YTP သိုင်းလောကသားတို့ စာဝတ်နေရေးကိုတောင်အကွက်ေ၇ွှ့ထားသဖြင့် လက်ရုံးအားကိုးရသော သိုင်းမင်းသမီးတို့ ထွက်ခွာကြတော့မည်မှာ ........လက်တွေ့ မြင်တွေကြရပေတော့သည်။ .....
သိုင်းလောကသားများ၏ မကြားရဘူးသော အကွက်များမှာ ... စောက်ဆန်းကြီး Driver =50000 တိုး စောက်ရှက်ကွဲ.......Engineer =5000 တိုး သိုင်းကွက်များဖြစ်နေပေတော့သည်....
မကြာမီ YTP သိုင်းမင်းသမီင်္းလေးသည် သိုင်းလောကမှအနားယူပြီး မြို့မေတ္တာခံယူတော့မည် ဖြစ်သည်ကို ကျွန်မ မြင်နေမိပေပြီ။
သတင်းချစ်သူ

Thursday, July 24, 2014

ကြက်ခြေနီ အရာရှိတစ်ဦးအား ဆဲဆိုခဲ့သည့် DVB မှ သတင်းထောက် လေးလေးမွန်အား DVB သတင်းဌာနမှ ပြင်းထန်စွာ သတိပေးခဲ့

Image and video hosting by TinyPic
အာဇာနည်နေ့က လုံခြုံရေးကဒ်မပါ၍ စစ်ဆေးမေးမြန်းခဲ့သော ကြက်ခြေနီတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရုပ်ရှင်သရုပ်ဆောင် ဝေဠကျော်အား DVB သတင်းထောက် လေးလေးမွန်မှ ၄င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခဲ့မှုကြောင့် ပြည်သူအများက ပြစ်တင်ဝေဖန်ခဲ့ကြပြီး ယခုအခါ ၄င်း၏ သတင်းဌာနဖြစ်သော
DVB သတင်းဌာနကပါ ထိုကဲ့သို မပြုလုပ်ရန်နှင့် ၄င်းရေးသားခဲ့သည်များကို ပြန်လည်ဖျက်ပစ်ရန် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အပျိုစစ်စစ် အပျိုရည် ရောင်းရန်ရှိသည်

ခမာဘာသာစကားနဲ့ ရေးထားတဲ့ သူ့ဆိုင်နာမည်ကို ဘာသာပြန်လိုက်ရင် “ရွေ့လျားလက်သည်းအလှပြင် ဆိုင်”လို့ ဆိုနိုင်ပါလိမ့်မယ်။ အသက် ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ ဗန်းနစ်အိုင်းဟာ ဒီဆိုင်ရဲ့ ပိုင်ရှင်ပါပဲ။ သူ့ဆိုင်က သိပ်ကြီးကြီးမားမားမဟုတ်။ စက်ဘီးတစ်စီးနောက်မှာ လက်သည်းအလှပြင် ပစ္စည်းတွေနဲ့၊ အသားလှ ဆီဘူးတွေထည့်ထားတဲ့ အိတ်တစ်လုံး၊ ဒါပါပဲ။ ဖနွမ်းပင်မြို့ရဲ့ လမ်းကြိုလမ်းကြားနဲ့ မြစ်ကမ်းဘေးက ရပ် ကွက်တွေထဲ စက်ဘီးနဲ့လျှောက်ပတ်ပြီး လက်သည်းအလှပြင်မယ့် ဖောက်သည်ရှာရတာပါ။
Image and video hosting by TinyPic
လွန်ခဲ့တဲ့သုံးနှစ် ဗန်းနစ်အိုင်း ရွာကတက်လာတုန်းက ဖနွမ်းပင်မြို့ပေါ်မှာ ဆံပင်နဲ့ မိတ်ကပ်အလှပြင်ဆိုင် တစ်ဆိုင်ဖွင့်မယ်ဆိုတဲ့ အိပ်မက်တစ်ခု ရှိခဲ့ပါတယ်။
“ဒါပေမဲ့ ကျွန်မအိပ်မက်ကို ကျွန်မမိသားစုက အကောင်အထည်ဖော်ခွင့်မပေးနိုင်ပါဘူး။ ရှာလိုက်ရင် ညစ် ညစ်ပတ်ပတ်

Wednesday, July 23, 2014

ချစ်သူစုံတွဲဘ၀ကနေ လင်မယားဘ၀ပြောင်းဖို့ အဆင်သင့်ဖြစ်ပြီလား (အိမ်ထောင်ပြုမည့်သူများဖတ်ရန်)

Image and video hosting by TinyPic
လူငယ်တွေကြားက HIV ကာကွယ်ရေး အသိဟာ အင်မတန် အားနည်းသေး တယ်လို့ မထင်ဘူးလား။
လူငယ်တွေမှာ HIV ကာကွယ်ဖို့ အတွက် အသိပညာလို့ ပြောတော့ တကယ်တမ်းပြောရင် ဟိုအရင်ကထက် စာရင်အသိပညာက ဒီလောက်ကြီး မနိမ့်တော့ဘူး။ အဲဒီတော့ အသိပညာ ဗဟုသုတ Level  ကို စစ်ကြည့် လိုက်လို့ ရှိရင် သာမန်လောက်ကို သိတယ်ဆိုတဲ့ အနေအထားက ၈ဝ ရာခိုင်နှုန်းကျော် ရှိတယ်။ ဒီထဲမှာ ထဲထဲဝင်ဝင် ဂဃနဏ သိတယ်ဆိုတာ

Saturday, July 19, 2014

Android ဖုန်း ကိုင်သူတိုင်း ဖတ်ဖြစ်အောင် ဖတ်ပေးပါ…

10475591_824996780851402_2828473556372866192_n
Custom Rom က ဘယ်ဖုန်း အတွက် ပဲ ဖြစ် ဖြစ် ဘယ် လောက် ကောင်း တဲ့ rom ပဲ ဖြစ် ဖြစ် error အနည်း အများ ရှိ ကြပါတယ် ။ Android သုံး တဲ့ သူ တော်တော် များ များ က နောက် ဆုံး ဗားရှင်း သုံးချင် ကြ ပါ တယ် ။အများ စု က official မထွက် တော့ 2.3 Gb & 4.0 ics & 4.1 jb တင် ချင် ကြ တော့ custom rom

ဟဲ့ ဝေဠုကျော် ငါ့နာမည် လေးလေးမွန် ပါ.

Kyawko Kokyaw's photo.သတင်းအမှန်အကန်ဟုတ်မဟုတ်တော့မသိပါ။ လူသိများနေသောကြောင့်ပြန်လည်ဝေငှလိုက်ခြင်းသာဖြစ် သည်။ သတင်းထောက်ကို ကြက်ခြေနီဖြစ်သူကသူမ မလိုလားသောမေးခွန်းများမေးလို့ ပြန်လည်တုံ့ပြန် ထားခြင်းဖြစ်သည်။ လူမှုရေးလုပ်ငန်းများလုပ်နေသော မင်းသားဝေဠုကျော် အားရိုင်းစားစွာတိုက်ခိုက်ရေးသားထားခြင်းအတွက်တော့စိတ်မကောင်းဖြစ်မိပါတယ်

Wednesday, July 16, 2014

လကုန်ရက်မှာ ရတက်ပွေ

အပေါင်ဆိုင်က တစ်ရက်စွန်းလည်း တစ်လအတိုးပေးရတာ ဒီနေ့လခထုတ်မရဘဲ တစ်ရက် ကျော်သွားပြီတက်သွားတဲ့အတိုး ကို ဘယ်သူပေးမှာလဲ’’

‘‘အခုငှားနေတဲ့အိမ်က စာ ချုပ်ပြည့်သွားလို့ လကုန်တဲ့နေ့ နောက်ခြောက်လစာပိုက်ဆံပေး ပြီး စာချုပ်ထပ်ချုပ်ရတော့မှာ။ဒီနေ့ပိုက်ဆံပါမသွားရင် တခြား အိမ်ငှားကို တင်တော့မှာ ဒီနေ့ လစာကထုတ်မရ။ ဘယ်လိုလုပ်ရ မှန်းကိုမသိတော့ဘူး’’

ညအမှောင်ကို ပြည်သူ့ရဲတို့ ဘာကြောင့်ကြိုက်

မဟာသန္တိသုခမှသံဃာများကို ဖမ်းဆီးခေါ်ဆောင်လာပြီးနောက် လုံခြုံရေးပေးနေသည့် ရဲတပ်ဖွဲ့ဝင်များ [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]
မှုခင်းဖြစ်စဉ်များတွင်သာမဟုတ် နိုင်ငံအနှံ့ဖြစ်ပွားနေသည့် ပြဿနာများ၌ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ပြီးဖြေရှင်းရာတွင် ညအမှောင်ကို ရွေးချယ်ဆောင်ရွက်ခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ မည်သည့်အတွက်ကြောင့် ညအချိန်ကို ရွေးချယ်အသုံးပြုကြသနည်း။ သံသယရှိသူ လွတ်မြောက်သွားမည် စိုးရိမ်သောကြောင့်လား (သို့မဟုတ်) ပြန်လည်ရန်ပြုတိုက်ခိုက်မည် စိုးသောကြောင့်လား။ မည်သည့်အကြောင်းပြချက်ရှိပါစေ ရဲတပ်ဖွဲ့က အလိုရှိနေသော သံသယရှိသူနေထိုင်သည့် ပတ်ဝန်းကျင်ကို ညအချိန်ဝင်ရောက်စီးနင်းသောကြောင့် အချို့ပြဿနာများမှာ မလိုအပ်ဘဲ ပို၍ကြီးသွားရသည်။

ဖေ့စ်ဘွတ်ခ်ကို စတင်ကိုင်တွယ်ခြင်း

ဦးဝီရသူနှင့်ပတ်သက်၍ ဆန့်ကျင်ထားသည့် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတစ်ခုကို ကြည့်ရှုနေသူတစ်ဦး (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဇွန်လဆန်းပိုင်းက မန္တလေးမြို့မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ချိန်မှာ မြန်မာနိုင်ငံ၏ လူသုံးအများဆုံး လူမှုကွန်ရက်စာမျက်နှာဖြစ်သော Facebook အား ညပိုင်းအသုံးပြုခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နှစ်ရက်ခန့် ပိတ်ထားခဲ့သည်။

Tuesday, July 15, 2014

ဇုန်ကား စတင်အပ်နှံခွင့်ပြုသောနေ့တွင် ကားစလစ်ဈေး ပြုတ်ကျ

ပြည်တွင်းစက်မှုဇုန်ထုတ်ကားများကို ဇူလိုင် ၁၄ ရက်မှစတင်၍ ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းသည့်အစီအစဉ်ဖြင့် အပ်နှံခွင့်ပြုရာ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကညနရုံးသို့ ဇုန်ထုတ်ကားများ လာရောက်အပ်နှံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
စက်မှုဇုန်ထုတ်ကားများ ကို ယာဉ်အိုယာဉ်ဟောင်းစနစ်ဖြင့်   စတင်အပ်နှံခွင့်ပြုသောနေ့တွင် ကားစလစ်ဈေးနှုန်းများ ပြုတ်ကျ သွားကြောင်း ကားဝယ်ရောင်း ဈေးကွက်မှ သတင်းရရှိသည်။

Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons