လူအလုပ်လူလုပ် ခွေးအလုပ်ခွေးလုပ်ပါ မင်းသား ဝေဠုကျော်
ဒီနေ့တော့ အာဇာနည်နေ့မှာ မင်းသားဝေဠူကျော် အကြောင်းပြောချင်ပါတယ်.
DVB သတင်းထောက်ကဒ် နင်ပြခိုင်းတဲ့အတွက် နင်လို ကြက်ခြေနီအင်္ကျီ ဝတ်ပြီး မတန်မရာ သတင်းထောက်ကဒ်ပြခိုင်းတဲ့ လုပ်ရပ်ကို ခွေးအလုပ် ခွေးလုပ်လိုက်တယ်လို့ပဲပြောချင်တယ်
လူပါးဝလို့ အာဇာနည်ကုန်းပေါ်မှာ ပြောခဲ့လိုက်ပါတယ်.
အာဇာနည်ကုန်းမှာ ကြက်ခြေနီ အင်္ကျီဝတ်ပြီး ပြည်သူတွေကို အော်နေတဲ့
အကောင်ကို ကျမကဒီနေရာကနေ အသိပေးတယ်
MPC မှာ သမ္မတနဲ့ တွေ့ပြီး လက်ဆွဲနှုတ်ဆက် ဧက ၂၀ကျော် မြေရပြီး မေမြို့မှာ အနုပညာစင်တာဆောက်ခွင့်ရတာနဲ့ ခွေးလိုလာမကိုက်နဲ့
ဒေါ်စုနဲ့တွေ့ရင် အမေဆိုပြီး ကုန်းကန့်တော့
သမ္မတနဲ့တွေ့တော့ အဘဆိုပြီး ဘောမ
မီဒီယာကိုတွေ့တော့ ခွေးလိုလာမကိုက်နဲ့ နင့်ကိုသနားတယ်
သမိုင်းရှိမှ သွေးရှိမှ လူပါးဝပါ.
နေ့လည် ၁၁နာရီလောက်မှာ မိုးသည်းလာတဲ့အတွက် ပြည်သူတွေမဝင်ရလို့ ရုန်းရင်းဆန်ခတ်ဖြစ်နေလို့ အာဇာနည်ကုန်းအတက်မယ့်လမ်းမှာ ကျမရဲ့ သတင်းထောက်ကဒ် ကြိုးပြတ်သွားပြီး ပျောက်သွားခဲ့ပါတယ်.
အဲ့ဒီအတွက် လုံခြုံရေးရဲ ဝန်ထမ်းကောင်းတဲ့ လူငယ်တစ်ချို့ က ကျမကို ပြန်တွေရင် ဖုန်းဆက်မယ်လို့ ကူညီပါတယ်.
ကျမ အာဇာနည်ကုန်းပေါ်ရောက်ချိန်မှာ ပြည်သူတွေတန်းစီ တက်နေ ပုံ ၊ အလေးပြုနေပုံတွေကို ရိုက်ကူးနေတာပါ.
မင်းသားဝေဠုကျော်က ကြက်ခြေနီအင်္ကျီနဲ့ ပြည်သူတွေကို အလေးပြု ပြီး ပြန်ဆင်းဖို့ စိတ်မရှည်စွာအော်နေပါတယ်.
ကျမ သူ့ကို မင်းသားမှန်း မမှတ်မိသေးပါဘူး
ပြည်သူတွေနောက်တစ်သုတ်မတက်မှီမှာ ကျမတို့ ရုံးက DVB စတူဒီယို အခန်းမှာ လုပ်တဲ့ မောင်လေး ၂ယောက်က ဒီနေ့နားရက်ဖြစ်လို့ သက်သက်လာပြီး အလေးပြုပါတယ် ကျမကလည်း တကိုယ်လုံးမိုးရေတွေရွှဲနေလို့
နှစ်တိုင်း ရေရွှဲပြီး ပြန်ခဲ့ရတာကြောင့် အမှတ်တရ ပုံလေး ရိုက်ဖို့ ကျမ မောင်လေး ၂ယောက်ကို အကူအညီတောင်းချိန်မှာ
မင်းသားဝေဠုကျော်က ကျမကို ခင်ဗျား ဆင်းပါတဲ့
ကျမ က သတင်းရိုက်ကူးနေတဲ့ သူပါလို့ ပြောတော့
မင်းသားဝေဠုကျော်က ကြက်ခြေနီအင်္ကျီ ဝတ်ထားပြီး ကျမကို သတင်းထောက်ကဒ် ပြပါတဲ့
ကျမလည်း အဲ့အထိကောင်းကောင်းဖြေပါတယ်
ကျမ ကဒ် လူတွေနဲ့တိုးပြီး ပျောက်သွားတယ် ကိုဝေဠုရေ လို့ ပြောတော့
အဲ့ဒါတော့မတတ်နိုင်ဘူးတဲ့ ဆင်းပါတဲ့
အဲ့တော့မှ ကျမလည်း
နင်ရုပ်ကို ငါတို့အမြဲရိုက်လာတဲ့ DVB သတင်းထောက်
ဒီနေရာမှာ ငါက လာလိမ်စရာမလိုဘူး
နင်က န ဝ တ ထက်တောင်ကြောက်ဖို့ ကောင်းနေတဲ့ မင်းသားဝေဠုကျော်ပါလား
လို့ပြောပြီး ကျမအလုပ် ကျမဆက်လုပ်ခဲ့တယ်
အမှန်ကျမကို လုံခြုံရေး ရဲဝန်ထမ်းတွေကတောင် ကူညီနေတာပါ.
သူလို့ အကောင် ကြက်ခြေနီအင်္ကျီဝတ်ထားပြီး သတင်းထောက်ကဒ်ပြပါ
ဆိုလို့
လုပ်ပိုင်ခွင့်ဘာများရှိလို့ သူ့လိုအကောင်က မီဒီယာကို လာစော်ကားတာလဲ
MPC မှာ သမ္မတနဲ့ အနုပညာရှင်တွေ တွေ့ချိန် မှာ မီဒီယာတွေ ဆန္ဒပြခဲ့တာကို
ဒီအကောင်က လာညှိုးသလို လုပ်တဲ့အတွက် ကျမက လည်း အာဇာနည်ကုန်းမှာလည်း တန်အောင်ပြောခဲ့တယ်.
Facebook ကနေလည်း သိအောင်ပြောပါတယ်
Lay Lay Mon

0 မှတ်ချက်ပေးရန်:
Post a Comment