Tuesday, June 3, 2014

ဘန်ကောက်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ လိုက်တမ်းပြေးတမ်းကစားသကဲ့သို့ ဖြစ်နေ


စစ်ဘက်ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုများကိုတားဆီးရန် ဘန်ကောက်မြို့ဈေးဝယ်ခရိုင်တစ်ခုတွင် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များ နေရာယူထားသည်ကို ဇွန်လ ၁ ရက်က တွေ့ရစဉ် (Athit Perawongmetha/REUTERS)
လူအင်အားနည်း သော်လည်း အာဏာသိမ်းမှု ဆန့် ကျင်သော ဆန္ဒပြပွဲများကို တား ဆီးရန် အင်အားပြခြင်းအဖြစ် ဇွန်လ ၁ ရက်က ဘန်ကောက်မြို့ လမ်းမများတွင် စစ်ကားများ အ ကူအညီဖြင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ ၀င် ထောင်ပေါင်းများစွာ ချထား ကြောင်းသိရသည်။
ယခုအခါ အာဏာပိုင်များ နှင့် ဆန္ဒပြသူများကြား လိုက်တမ်း ပြေးတမ်းကစားသကဲ့သို့ ဖြစ်လာ သော ဘန်ကောက်မြို့တွင် ငြိမ်း ချမ်းစွာ ဆန္ဒပြသူအုပ်စုတစ်စု သည် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင် များနှင့် လမ်းပိတ်ဆို့ထားမှုများကို ရှောင်ရှား၍ စီးပွားရေးအချက်အ ချာနေရာတွင် ဆန္ဒပြခဲ့ကြသည်။
အဓိက ဈေးဝယ်စင်တာ တစ်ခုနှင့် ချိတ်ဆက်ထားသည့် လျှောက်လမ်းတစ်ခုတွင် စုဝေး နေသော ဆန္ဒပြသူအချို့ကို ဖမ်း ဆီးထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ မေလ ၂၂ ရက်တွင် နိုင်ငံတော်အာဏာ မသိမ်းယူမီ နှစ်ရက်အလိုက စစ်ဘက်ဆိုင်ရာ အကြီးအကဲ ပရာယွတ်ချန်အိုချာ ကြေညာထားသည့် စစ်အုပ်ချုပ် ရေး ဥပဒေအရ ထိုင်းနိုင်ငံတွင် လူငါးဦးထက်ပိုသော နိုင်ငံရေး ဆိုင်ရာ စုဝေးမှုများကို တားမြစ် ထားသည်။
သို့သော် အရပ်သားအစိုးရ ကို ပရာယွတ်ဖြုတ်ချလိုက်ချိန်မှ စ၍ ဘန်ကောက်မြို့တွင် နေ့စဉ် နေ့တိုင်း ဆန္ဒပြပွဲ အသေးစားများ ဖြစ်ပွားခဲ့သည်။
ဇွန်လ ၁ ရက် နေ့လယ်က ဘန်ကောက်မြို့ထဲရှိ ဈေးဝယ် စင်တာတစ်ခုအနီးတွင် လူပေါင်း နှစ်ဒါဇင်ခန့် စုဝေးဆန္ဒပြခဲ့ကြ သည်ဟု အေအက်ဖ်ပီသတင်း ထောက်တစ်ဦးက ပြောသည်။
ဘန်ကောက်မြို့တစ်ဝန်းရှိ နေရာရှစ်နေရာတွင် စစ်သားများ နှင့် ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ခန့်ချထား သည်ဟု အမျိုးသားရဲတပ်ဖွဲ့ ဒုတိ ယအကြီးအကဲ မွမ်ပမ်မွန်က စော စောပိုင်းတွင် ပြောကြားခဲ့သည်။
ဘန်ကောက်မြို့တွင် ဆန္ဒ ပြပွဲတစ်ပွဲသာရှိပြီး ဆန္ဒပြသူအ ချို့ ဖမ်းဆီးထားသည်ဟု ၎င်းက ပြောကြားသော်လည်း ဆန္ဒပြသူ မည်မျှဖမ်းထားကြောင်း အသေး စိတ်ပြောကြားခြင်း မရှိပေ။
—Ref: AFP

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons