Friday, June 6, 2014

တောင်ကြီးမြို့အတွင်း လိုင်စင်မဲ့ကားများ ရောင်းဝယ်ဖောက်ကား စီးနှင်းမှု ပြည်နယ်အစိုးရမှ မျက်ကွယ်ပြု


  ရှမ်းပြည်တောင်ပိုင်း ပြည်နယ် အစိုးရရုံးစိုက်ရာ မြို့ဖြစ်တဲ့ တောင်ကြီးမြို့ ပေါ်မှာ တရားမ၀င် လိုင်စင်မဲ့ ကားတွေ တစ်နေ့တစ်ခြား ပိုမိုများပြား လာတယ်လို့ ဒေသခံ အရပ်ဖက် လူ့ အဖွဲ့အစည်းတွေ ကပြော ပါတယ်။

ဒီလို များပြားလာတဲ့ လိုင်စင်ကား တင်သွင်းလာမှုတွေ ၊ ရောင်းဝယ်ဖောက်ကား နေမှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများက မျက်ကွယ်ပြုပြီးတော့ ၄င်းတို့ ကိုယ်တိုင် လိုင်စင်မဲ့ ၀စ်တောက် ကားတွေ စီးနှင်း နေကြတယ်လို့ ဒေသခံ လိုင်စင်ကား အရောင်းအ၀ယ်လုပ်နေသူ ဦးညိုလေး က ခုလို ပြောပါတယ်။

ဒါတွေ ဘယ်က၀င်လည်း  တရားဝင်လမ်းမတွေပေါ်ကပဲဝင်တယ်၊ ဆပ်ကြေးကောက်တယ်၊ လိုင်းကြေးပေးတယ် ဆို လွတ်ပေးလိုက်တာပဲ ၊ဒါတွေ ရောင်းဝယ်လုပ်နေကြတော့ တကယ့် လိုင်စင် ကားအရောင်းအ၀ယ်လုပ်နေတဲ့ ကျနော်တို့ က နှစ်နာလာတယ် ၊ စားဝတ်နေရေး ခက်ခဲလာတယ် ၊ သွားတိုင်လည်း ဘာမှ မထူးပါဘူး ၊သူတို့ မော်တော်ပီကယ် အကြီးစားတွေ လည်း လိုင်စင်မဲ့ကားတွေ စီးနေကြတာပါပဲ ဟု ဒေသခံ လိုင်စင်ကား အရောင်းအ၀ယ်လုပ်နေသူ ဦးညိုလေး က ခုလို
ပြောပါတယ်။

သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ဖမ်းင်္ဆီးအရေးယူခြင်းမရှိသလို  အခြားဌာန ဆိုင်ရာများ ၊ ရဲမင်းကြီး တူမ ကိုယ်တိုင် လိုင်စင်မဲ့ ကားစီးနှင်းလျက်ရှိပြီး ယဉ်ထိန်းရဲ တပ်ဖွဲ့မှ ဖမ်းဆီး အရေးယူခဲ့သည့်အတွက် ပြီးခဲ့တဲ့ မေလ အစောပိုင်းက ယာဉ်ထိန်းရဲ (၅၀) ကျော် ဖြုတ်ခံရတယ်လို့ ဒေသခံ ကားပွဲစားများက ပြောပါတယ်။

ညည ဆိုရင် လမ်းသရဲ ဆန်ဆန် ပြိုင်ကားတွေ စူဌာမုနိ ဘုရားပေါ်မှာ ဝေါ၀ူးမောင်းနေကြတယ်၊ ချာတိတ်လေးတွေ ဒါကို လည်း မျက်ကွယ်ပြုနေကြတယ် တိုက်မိရင်လည်း မောင်းပြေးကြတာ ခဏခဏပါပဲ ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောပါတယ်။

တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက် ရှိပြီး လိုင်စင်မဲ့ ကားအရေအတွက် အစီး ၃သိန်းကျော်ခန့်ရှိကာ အဓိက အရောင်းအ၀ယ်ပြုရာနေရာများမှာ မြို့မ ရပ်ကွက် ၊ ချမ်းမြသာစည် ရပ်ကွက် ဆိုင်ကယ် ပွဲစားတန်းအနီးတို့ မှာဖြစ်တယ်လို့ ဒေသခံ ကားသမားများက ပြောပါတယ်။

ဧပြီ ၂၄ ရက်ကလည်း တောင်ကြီးမြို့ ပစောက်ကွေ့ အနီးမှာ တရားလွတ်တော်ရှေ့နေ သား နဲ့ သူ့ကောင်မလေး စီးနှင်းလာတဲ့ လိုင်စင်မဲ့ကား မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကားကိုထားကာထွက်ပြေး သွားတာကို ယာဉ်ထိန်းရဲတွေ သိပေမဲ့ ရေငုံနှုတ်ပိတ်နေတယ်လို့  ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူ အသိုင်းအ၀ိုင်းက သိရပါတယ်။

  စိုင်းဝီရ(တောင်ကြီး)

BY THIT HTOO LWIN

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons