ဖမ်းဆီးခံရသောတရားမဝင်မြန်မာလုပ်သားများနှင့် ၎င်းတို့၏ ကလေးငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ − မန်းမျိုးမြင့်မီဒီယာ)
ထိုင်းနိုင်ငံမဲဆောက်မြို့၊
ဘန့်ဆောင်ခွဲရပ်ကွက်တွင် နေထိုင်သော တရားမ၀င် မြန်မာနိုင်ငံသားများကို
ထိုင်းနိုင်ငံ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေး တို့က ၀င်ရောက်ဖမ်းဆီးရာ
တရားမ၀င်နေထိုင်သည့် မြန်မာ လုပ်သား ၁၆၃ ဦး ဖမ်းဆီးခံရ ကြောင်း
သတင်းရရှိသည်။
ဇွန်လ ၃ ရက် နံနက်တွင် မဲဆောက်မြို့၌ နေထိုင်သော တရားမ၀င်မြန်မာနိုင်ငံသားများ ကို ထိုင်းစစ်တပ်နှင့် လူဝင်မှုကြီး ကြပ်ရေးဌာနတို့က ၀င်ရောက် ဖမ်းဆီးရာ တရားမ၀င်နေထိုင် သည့် မြန်မာအမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၅၉ ဦးနှင့် ကလေးငယ် ၅၅ ဦးတို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးခံရသော တရားမ၀င် မြန်မာနိုင်ငံသားများ ၏ မှတ်တမ်းများကို သေချာစိစစ် ၍ ပြန်လည်ပို့ဆောင်သွားမည်ဟု မြန်မာနိုင်ငံသားများအား ဖမ်း ဆီးရာတွင် ပါဝင်သော အရာရှိ တစ်ဦးက ပြောကြားသွားခဲ့ ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေး ဖွံ့ဖြိုးတိုး တက်ရေး ဖောင်ဒေးရှင်း FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် ကပြောသည်။
‘‘အားလုံးပေါင်း ၁၆၃ ဦးဖမ်းဆီးခံရပါတယ်။ ပြန်ပို့မယ်လို့ တော့ပြောတယ်။ ခုဖမ်းဆီးထား တဲ့ တရားမ၀င်မြန်မာတွေကို စေ ခိုင်းတဲ့ ပိုင်ရှင်တွေကို အရေးယူ မယ်လို့ ပြောသွားပါတယ်’’ ဟု ဦး ထူးချစ်ကပြောသည်။

0 မှတ်ချက်ပေးရန်:
Post a Comment