ဧပြီလ ၂၃ရက်၊ ၂၀၁၄ခုနှစ်
(၂၂-၄-၂၀၁၄) ရက်နေ့ ည(၁၉း၃၀)နာရီအချိန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း အသွားလမ်း မိုင် ၂၈/၆-၂၈/၇ ကြားတွင် - Express မော်တော်ယာဉ် (ပြည်ဖြိုးအောင် ရန်ကုန်-ချောက် ယာဉ်လိုင်း)၊ ယာဉ်အမှတ် - ၅ဂ/၄၂၈၀၊ ယာဉ်မောင်း ဦးဝင်းကို ( ၄၈ ) နှစ် (ထွက်ပြေးတိမ်းရှောင်) မောင်းနှင်လာသောယာဉ်သည် ယာဉ်အင်ဂျင်ခန်း ၀ါယာရှော့ဖြစ်ပြီး မီးလောင်မှုကြောင့် ပေါက်ကွဲသံကြားရစဉ် ဆင်းကြည့်ရာမှ မီးလောင်ကျွမ်းနေကြောင်း သိရှိရ၍ ယာဉ်ပေါ်ပါသူအားလုံး အချိန်မီ ယာဉ်ပေါ်မှ ဆင်းနိုင်ခဲ့ပြီး ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းသွားခဲ့သော ယာဉ်မတော်တမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။
အဆိုပါယာဉ်ပေါ်တွင် ကျား(၁၇)ဦး၊ မ(၂၁)ဦး၊ သံဃာတော်(၄)ပါး၊ စုစုပေါင်း (၄၂)ဦး လိုက်ပါလာခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါ။ မီးလောင်ကျွမ်းမှု သတင်းရရှိစဉ် အမှတ်(၃)လမ်းဆုံ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များ အမြန်လမ်းပြုပြင် ထိန်းသိမ်းရေးအဖွဲ့ လမ်းပိုင်းတာဝန်ခံအင်ဂျင်နီယာအဖွဲ့များမှ အမြန်ဆုံးသွားရောက်ပြီး မီးငြိမ်းသတ်ခြင်း၊ ကယ်ဆယ်ရေး
လုပ်ငန်းများ ဆောင်ရွက်ခြင်းများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။
Yangon-Mandalay Expressway






Myanmar Kyat Converter
9:08 PM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment