Friday, April 25, 2014

ချိတ်ပိတ်ခံထားရသော ဦးဝင်းတင်အခန်း အစိုးရက ပြန်ပေးမည်ဟုဆို




 နိုင်ငံရေးလုပ်သဖြင့် နေထိုင်ခွင့်ပိတ်သိမ်းခံခဲ့ရသည့် သတင်းစာဆရာကြီး ဦးဝင်းတင်၏အခန်းကို ၎င်းဆုံးပါးသွား သော်လည်း ကျန်ရစ်သူမိသားစုအား ပြန်လည်ပေးအပ်သွားရန် စီစဉ်ထားကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဦးယုခိုင်ကပြောသည်။

ယခင်ကဦးဝင်းတင်  နေထိုင်ခဲ့သည့် လမ်းမတော်မြို့နယ်၊ လမ်းသစ်အိမ်ရာအား အစိုးရကအသစ်ပြန်လည်တည်ဆောက် ပေးပါက ၎င်းအတွက် အခန်းတစ် ခန်းပေးသွားရန် ဌာနမှ စီစဉ်ထား ပြီးဖြစ်ကြောင်း ၎င်းကပြောကြားသည်။

‘‘ကျန်ခဲ့တဲ့ မိသားစုတွေ ရှိ ရင် ခံစားခွင့်ရမှာဖြစ်တဲ့အတွက် အခန်းတစ်ခန်းပေးမှာပါ။ နှစ်က အရမ်းကြာနေပြီဆိုတော့ ပိုင်ဆိုင် မှုအတွက် ဌာနမှာ ရှိသေးတဲ့ စာ ရွက်စာတမ်းတွေပြန်ပြီး ကူရှာပေးပါမယ်’’ဟု ဦးယုခိုင်ကဆိုသည်။ သို့သော် ဦးဝင်းတင်မှာ အိမ်ထောင်မပြုသည့်အတွက်သား၊ သမီးများမရှိ၍ အနီးစပ်ဆုံး လူများကို ပေးအပ်မည်ဟု ၎င်းကဆိုသည်။

အစိုးရသစ်လက်ထက်တွင် ရန်ကုန်မှ အိမ်ရာအဟောင်း ၁၃ ခုကို ပြန်လည်တည်ဆောက်ရန် လျာထားရာတွင် ယင်းအိမ်ရာ အဟောင်းများကို အသစ်ပြန် လည်တည်ဆောက်ပါက ပြီးခဲ့ သည့် အစိုးရလက်ထက်က နေ ထိုင်ခွင့်ပိတ်သိမ်းခံခဲ့ရသည့် နိုင်ငံ ရေးသမားများအား  ပြန်လည်နေရာ ချထားပေးမည်ဟုအစိုးရက စီစဉ်ထားသည်။

အခန်းပြန်ပေးရန် စီစဉ်ထား သူများထဲတွင် ယခုလက်ရှိသက် ရှိထင်ရှားနေထိုင်သူအများစုဖြစ် ပြီး ဦးဝင်းတင်မှာမူ ပြီးခဲ့သည့် ဧပြီ ၂၁ ရက်က ဆုံးပါးသွားသဖြင့် ဌာနက ၎င်း၏ ကျန်ရစ်သူမိသားစု အား အခန်းပေးအပ်သွားမည်ဟုဆိုသည်။ ဦးဝင်းတင်သည် ၎င်းနေ ထိုင်ရာ လမ်းသစ်အိမ်ရာတွင် နေ ထိုင်စဉ် နိုင်ငံရေးလှုပ်ရှားမှုများ ၌ ပါဝင်သဖြင့် ၁၉၈၈ ခုနှစ်တွင် အခန်းပိတ်သိမ်းခံခဲ့ရပြီး ဦးဝင်း တင်လည်း ထောင်သွင်းအကျဉ်း ကျခံခဲ့ရသည်။

ရန်ကုန်တွင် ၁၉၈၈ ကာလ က ပြည်သူ့အိမ်ရာများ တွင် နေထိုင်သည့်နိုင်ငံရေးလှုပ်ရှားသူ များကို သက်ဆိုင်ရာက ကျန်ရှိသည့် မိသားစုကို အချိန် ခြောက်လမှ တစ်နှစ်အတွင်း အချိန်ပေးကာ ဖယ်ရှားပိတ်သိမ်းခဲ့ကြောင်း ကိုယ်တိုင်အခန်းပိတ်သိမ်းခံရသူ များကပြောသည်။

ဦးဝင်းတင်ကဲ့သို့ ပြည်သူ အိမ်ရာများတွင် နေထိုင်စဉ် နိုင်ငံ ရေးလှုပ်ရှားမှုများ၌ ပါဝင်သ ဖြင့် အိမ်ရာတွင် နေထိုင်ခွင့် ပိတ် သိမ်းခံရသူများအနေဖြင့်လည်း ဌာနသို့ လာရောက်ဆက်သွယ် လာပါက အခန်းတစ်ခန်းပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

7day daily

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons