ကိုယ့်ကိုယ်ကိုယ် နေအိမ်အကျယ်ချုပ်ချတဲ့ ဦးခင်ညွန့်
Thursday, April 24, 2014

ဦးဝင်းတင် ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး သူ ဘယ်လိုပြောမလဲ ဆိုတာကို သိရဖို့ သတင်းသမား တချို့က သူ့အိမ်ကို သွားကြတာပါ။
သူ အိမ်ထဲက ထွက်မလာတော့ သူ့ကော်ဖီဆိုင်ထဲ ထိုင်စောင့်သူစောင့်။ သူ့ပန်းချီပြခန်းထဲဝင်ငေးသူ ငေးကြ။
စုံစမ်းကြည့်တော့ ဦးခင်ညွန့် အပြင်ဘက်မထွက်၊ အိမ်ပေါ်ကနေ အိမ်အောက်မဆင်းတာ သုံးရက်လောက်တော့ ရှိပြီ တဲ့။
အင်း.... ကျန်းမာရေးမကောင်းလို့ အပြင်မထွက်တာ ဖြစ်နိုင်သလို - ဦးဝင်းတင်နာရေးနဲ့ ပတ်သက်ပြီး သူ့ဆီ လာမေးတာတွေကို ရင်မဆိုင်ချင်လို့ အိမ်ထဲမှာပဲနေတာလည်း ဖြစ်နိုင်ပေတာပဲ။
သမ္မတကြီးရဲ့ ပြောရဲဆိုရဲရှိသူ ဦးရဲထွဋ်တောင် ဦးဝင်းတင် နာရေးနဲ့ ပတ်သက်ပြီး တစုံတခု ပြောသေးတာပဲ၊ သူက ဘာများ အိမ်ထဲမှာ နေနေရသလဲ ဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။
ဦးရဲထွဋ် ပြောဆိုတာတွေကို ဒီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ http://blog.irrawaddy.org/2014/04/blog-post_5366.html မှာ ကြည့်ပါ။ အင်း... ဦးရဲထွဋ်ကြီးက ပြောရဲဆိုရဲရှိသူ ဆိုတော့ ပြောရဲဆိုရဲပေမပေါ့လို့ ဖြေရမယ် ထင်ပါတယ်။
ဒါကတော့ ဦးခင်ညွန့် ကိုယ့်ကိုယ်ကိုယ် နေအိမ်အကျယ်ချုပ်ချနေသလား ဆိုတဲ့ အယူအဆအကြောင်း ရေးထားတာပါ။
အပိုင်း ၁ ဆိုပါစို့။
မနက်ဖြန် အပိုင်း ၂ ကို ဒီဘလော့မှာ ဆက်လက် ရေးသားပါဦးမယ်။
ဖြစ်နိုင်ချေတွေ၊ အကြံပြုချက်တွေ ထည့်သွင်း ရေးသား ဖြစ်မယ် ထင်ပါတယ်။
ဧရာဝတီ Facebook



Myanmar Kyat Converter
8:54 PM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment