
Parade မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ ဒီလိုပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ သမ္မတကတော်ကလည်း ကလေးတွေကို အလုပ်ပင်ပင်ပန်းပန်း လုပ်ရာကနေ ရရှိလာတဲ့ အကျိုးအမြတ်မျိုးကို ခံစားစေချင်တယ်လို့ ပြောလိုက်ပါတယ်။ သူတို့ကို အလုပ်လည်းရှာပေး၊ အချိန်တန်တော့ လစာပေးတဲ့ ချက်လက်မှတ်လေးက အသင့်ရောက်လာဆိုတဲ့ သဘောတရားဟာ သူတို့ဘဝကို ရုန်းကန်လှုပ်ရှားတတ်အောင် လုပ်ပေးရာ မရောက်ဘူး။ ဒီလို ဖန်တီးပေးတာဟာ မမျှတဘူးလို့ သမ္မတကလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သမ္မတရော သမ္မတကတော်တို့ပါ သာမန်ဝင်ငွေသာရတဲ့ အလုပ်တွေနဲ့ ဘဝကိုစတင်ခဲ့ကြရတာ ဖြစ်ပါတယ်။ သမ္မတအိုဘားမားကိုယ်တိုင် တစ်ချိန်က ရေခဲမုန့်ရောင်းတဲ့သူ၊ ဆေးသုတ်သမားနဲ့ စားပွဲထိုးအလုပ်တွေ စုံအောင် လုပ်ဖူးတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
သမ္မတကတော် မစ်ချဲလ်ကလည်း သူ အထက်တန်းကျောင်း နောက်ဆုံးနှစ်မှာ စာအုပ်ချုပ်တဲ့အလုပ် လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီအချိန်က သူဟာ ၁၆ နှစ်သမီးပဲရှိပါသေးတယ်။ အလုပ်ပေါ်အလေးထား လုပ်ပြီး ရတာလေးနဲ့ လောက်အောင်သုံးခဲ့ရတယ်လို့ ပြန်ပြောပါတယ်။ ဒါကြောင့်လည်း ဘဝမှာ ခြိုးခြံချွေတာစွာနဲ့ နေထိုင်တတ်ခဲ့တယ်လို့ ဆိုတယ်။
သမ္မတက “ကျွန်တော် ငွေတောင်းခံလက်မှတ်တွေ လိုက်ပေးရတဲ့အလုပ်၊ ကုန်စုံဆိုင် အလုပ်သမား၊ ပန်းကန်ဆေး စတဲ့ အလုပ်တွေ လုပ်ခဲ့ရတယ်။ မစ်ချဲလ်လည်း ရေချိုးခန်း သန့်ရှင်းရေး အလုပ်သမား လုပ်ခဲ့တာပဲ” လို့ပြောခဲ့တယ်။
0 မှတ်ချက်ပေးရန်:
Post a Comment