Friday, June 27, 2014

ပြောင်းလဲခြင်းတွေနဲ့အတူ အညာစယောပါ ရှင်



ဒီတပါတ်တော့ မင်္ဂလာပါရှင် လို့ နုတ်မဆက်တော့ဘူးနော်
ကျွန်မက ခုရက်ပိုင်း ကိုရီးယားဇာတ်လမ်းတွဲတွေ အမြဲကြည့်ဖြစ်နေလို့လားမသိပါဘူးကိုရီးယားဇာတ်လမ်းတွဲတွေထဲကလိုဘဲ အညာစရော ဆိုလား အညှာဆယော ဆိုလား အဲလိုဘဲနုတ်ဆက်လိုက်တော့မယ်နော်
ကဲဒါကြောင့် မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတို့ရေ 
အညာစယော ပါနော်
ကျွန်မလေ ဒီနေ့ဒီချိန်ထိ မြန်မာတေးသံရှင် အဆိုတော်ကြီးဒေါ်မာမာအေးကို အရမ်းသဘောကြမိလို့လားမသိပါဘူး
အဆိုတော်ကြီးဒေါ်မာမာအေးလိုပါဘဲ…နိုင်ငံခြားအသံလွှင့်ဌာနတစ်ခု ကထုတ်လွှင့်ခဲ့တဲ့ ပြောပြစရာတွေလည်းတစ်ပုံကြီးကျန်သေးတယ် အစီအစဉ်ကို တော်တော်လေးသဘောကြမိတယ်..ခု ကျွန်မမှာလည်း

အဆိုတော်ကြီးလိုပါဘဲ ပြောပြစရာတွေတစ်ပုံကြီးကျန်သေးတဲ့ထဲက ဒီတပါတ်တာအတွင်းစုမိဆောင်းမိ တွေးမိတာလေးတွေကိုပြောပြလိုက်ချင်တာက ဒီလိုပါတဲ့ရှင်
ခုတစ်လော ရုံးတော်ကြီးမှာက တော်တော်လေး အပြောင်းအလဲတွေဖြစ်နေတယ်ဆိုတာပါဘဲ ။အပြောင်းအလဲဆိုတာကတော့ သာမန်ပြောင်းလဲမှုလေးတွေပါဘဲ 
အဲဒိပြောင်းလဲမှုလေးတွေကနေ ပြောင်းလဲမှုကြီးတွေဖြစ်သွားနိုင်တာမို့လို့ ပြောပြမိတာပါရှင်….
လွန်ခဲ့တဲ့(၂)ပါတ်လောက်က မောင်မောင်ချမ်းဆိုသူ တစ်ယောက် ပိုစ့်တင်တဲ့ကိစ္စက ရုံးတော်ကြီးရဲ့Hot New လို့ဆိုရလေမလားဘဲ …ဒီလိုပိုစ့်တင်ပြီးနောက်ပိုင်းပြောင်းတော့ပြောင်းလဲသွားတယ် ဒါပေမဲ့ခုချိန်ထိ 5 -1 ဆိုတာကြီးက မတောက်တခေါက် ဆေးသုတ် သန့်ရှင်းရေးလုပ်တာလေးနဲ့ စတေကာကပ်တာလောက်ဘဲ ပြောင်းလဲလာခဲ့ရတာပေါ့ သူတို့ပြောပြောနေတဲ့ လူကြီးမင်းက ပြုပြင်ခ သိန်း (၃၀) အကုန်ကြခံမယ်ဆိုဘဲ လာကြည့်လိုက်ကြတာလဲ တစ်ပါတ်တွင်း ဟိုဘက်ရုံးနဲ့ ဒီဘက်အဆောင်ချောင်းပေါက်မတတ်ပါဘဲ …ခုတော့လည်း ဂျာအေးသူ့အမေရိုက်ဆိုသလို မုန့်လုံးကိုစက္ကူ ကပ်သွားပြန်ရောပါဘဲလားရှင်။
ခုလည်းကြည့်လေ သူငယ်ချင်းမိတ်ဆွေတွေ ဖွဘုတ်ပေါ်မှာ တက်နေတာတွေတွေ့တွေ့နေရတာ တော်တော်လေး စိတ်နှလုံးမချမ်းမြေ့ဘွယ်ရာတွေလေ စားခွက်လုတယ်တို့ ဦးနှောက်ဖောက်စားတယ်လို့ဆိုတာတွေပေါ့ ကိုကိုချမ်းတစ်ယောက် နေရာပျောက်မှာကြောက်ပြီး ၀ိုးတိုးဝါးတား တွေလုပ် မနက်စောစောစီးစီး ရုံးကိုလာ ဟိုလူနဲ့စကားပြော ဒီလူနဲ့စကားပြော မယောင်ရာဆီလူးပြီး ကိုသြော်ဒနစ်တာ ဆိုလား ဘာဆိုလား အဲဒိနေရာကို ၀င်ချင်နေပြန်ပြီတဲ့ 5-1 ကိုပြေးပြေးပြီး ကယောင်ချောက်ချားနဲ့ စေတနာနဲ့ပါကွာလို့ ပြောသွားတာ 5-1 က မောင်တော် နှမတော်တွေက လက်ခံပြီး စကားတောင်ပြန်မပြောလို့ စောက်ရှက် ဗြန်းဗြန်းကွဲပြီး ပြန်ထွက်လာခဲ့ ရတာ ရက်ပိုင်းအတွင်းရှိသေးတယ်လို့ သိရတာပါဘဲရှင်။ ဒါက ပြောင်းလဲလာတာ တစ်မျိုးပေါ့လေ…
နောက်တစ်ခုက လေပြောရအုံးမယ်ရှင့်သိလား.. အရင်တစ်ပါတ်က စင်္ကပူ ကို ဒေသစာရီ ခရီးကြွချီတော်မှုကြတာလေ …. ဒီဝိုင်/ဒီဝိုင် ဒပါးမန့်ဟတ်တွေ ပါသွားဆိုပါဘဲ…အဲ မေးစရာတစ်ခုရှိလာတာက 
ဒီဝိုင်/ဒီဝိုင် ဒပါးမန့်ဟတ်တွေသွားလာကြတဲ့ခရီးစဉ်မှာ အမျိုးသမီးတစ်ဦးတည်းကိုကွက်ကြားမိုးရွားပြီးချန်ထားခဲ့လေတော့ေ-ာက်မြင်ကဒ်ပုဒ်မဆိုတာ သေချာသလောက်ပါဘဲ ဒါမဟုတ်ရင်လည်း တက်ကနီကယ် သမားအချင်းချင်း ကျွတ်ကျဲ သွားကြတာ ထင်ပါတယ်ရှင်…… အဲဒါတော့ ကိုယ်ပိုင်ဥာဏ်နဲ့သုံးသပ်ရင် ကလေးအစခွေးတောင် သိနိုင်ပါတယ်တဲ့ရှင်…
အဲဒါကလည်း ပြောင်းလဲခြင်းတစ်မျိုးမဟုတ်ပေဘူးလား ရှင်………….?
ကျန်သေးတယ်ရှင့် ပြောရအုံးမယ် …ကား ဒရိုင်ဘာတွေ ထွက်ကြ ပြောင်းကြတာ တော်တော်လေး များလာပြီနော်…အရင်ကလို အနေအစားမချောင်တော့တာလား ဒါမမဟုတ် ရောင်းစရာတာရာတွေကုန်သွားတာလား သို့တည်းမဟုတ်..အခြင်းခြင်း ဝေစုမညီမျှဘဲ အလုပ်လုပ်ရတဲ့သူက ပိုလုပ်ရတယ် မလုပ်ဘဲနဲ့ လစာထုတ်တဲ့သူတွေရှိတယ် ဆိုပြီးတွက်ကပ် ပြီး ပြောင်းပြေးသွားကြတာ ဖြစ်နိုင်ကောင်းပါရဲ့ရှင် 
စကားမစပ် ပြောချင်တာတစ်ခုကလေ ဒရိုင်ဘာနဲ့ အင်ဂျင်နီယာ လစာက တော်တော်လေး နီးစပ်ပြီးမကွာခြားတာ ဘာကြောင့်လဲရှင် သိရင်ပြောပေးကြပါအုံးလား…..ရုံးတော်ကြီးမှာ အလုပ်လုပ်နေကြတဲ့ အင်ဂျင်နီယာတွေကလေ ဘွဲ့ ဒီဂရီတစ်ခုရအောင် အချိန်တွေပေးပြီး ပေးဆပ်ခဲ့ကြရတယ်လေ…ဒီလိုပါဘဲ ဒရိုင်ဘာတွေလဲ ပေးဆပ်ခဲ့ကြရတာတော့ ရှိကောင်းရှိမှာပေါ့ ဒါပေမဲ့လစာပေးတာကြတော့ ဒရိုင်ဘာက 120000 အင်ဂျင်နီယာက 130000 ဆိုတာကို CEO ကြီးနဲ့ Chair Man သိဖို့ နီးစပ်ရာကနေ သတင်းပေးပို့လိုက်ကြပါလား…..ရှင် ။ 
ရုံးကပေးနေတဲ့လစာနဲ့ လုံလောက်လို့ အလုပ်လုပ်နေတာ အဆင်ပြေလို့လုပ်နေတာ လို့ ပြောတဲ့သူကတော့ ရူးကြောင်ကြောင်နဲ့ ဂေါက်သီးမို့လို့ အဲဒိလိုပြောတာလို့ မှတ်ယူရမှာပေါ့ရှင်
တကယ်တော့လေ ဒီတစ်ပါတ်အတွင်း ထွက်စာတင်တဲ့လူတွေများနေတယ်ဆိုတာ ပြန်လည်းသုံးသပ်မိဟန်မတူဘူး ထင်တယ်နော်….
ကျွန်မလေ ပြောစရာတွေကများလွန်းလို့ ဘယ်လိုပြောရမှာမှန်းတောင်မသိတော့ဘူးရှင် တကယ်တော့ အဲဒိသတင်းတွေက ရုံးတော်ကြီးက လူကြီးတွေသိအောင် ကျွန်မက ကိုယ်တိုင်ပြောချင်ခဲ့တာပါရှင်
ဒါပေမဲ့ ရှင်တို့ ပြောပြောနေတဲ့ YTP Affairs က နေကျွန်မကို အနီကဒ်ပြလိုက်လို့ ကျွန်မဘ၀က ဘေးထိုင်ဘုပြောရုံက လွဲပြီး မတတ်နိုင်တော့တဲ့သနားစရာ ဘ၀လေးပါရှင်…
ပြောလက်စနဲ့တစ်ခါတည်းပြောလိုက်ချင်တာကလေ ကျွန်မကို YTP Affairs က အနီကဒ်နဲ့ထုတ်လိုက်ရုံနဲ့ ကျွန်မ ရဲ့ပြောပြစရာတွေတစ်ပုံကြီးရှိသေးတယ် အစီအစဉ်က ရပ်တန့်သွားမယ်လို့မထင်လိုက်နဲ့နော်…ကျွန်မကလေ ပြောပြလို့ရတဲ့လူတွေ ကျွန်မရဲ့ Friend တွေ လက်မခံချင်လောက်အောင်ကို များနေတယ်ဆိုတာ ကျွန်မ အကောင့်မှာ ကြည့်လိုက်ရင် သဘောပေါက်ထားဖို့ လိုတယ်ရှင့်..အင်းဒီလိုပါဘဲလေ ကျွန်မက YTP Affairs ကနေအလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာခဲ့ရတဲ့ ပယောဂကတော့ YTP Affairs က Admin ကိုကိုကြောင့်လား ဘေးက အမှောင့်ပယောဂ ကြောင့်လားဆိုတာ ကာယကံရှင်တွေကိုယ်တိုင်နဲ့ ဘုရားသခင်ကလွဲပြီးဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူးရှင်..
အဲဒိအကြောင်းတရားကလဲ ပြောင်းလဲလာခြင်းတစ်မျိုးမဟုတ်ပေဘူးလားရှင့်
နိဂုံးစကားအမှာပါးချင်တာလေးတစ်ခုကတော့လေ ကိုယ်ကိုယ်တိုင်က အမှန်တရားနဲ့ ပွင့်လင်းမြင်သာ ထင်သာမြင်သာ အလုပ်လုပ်မယ်ဆိုရင် လူလူခြင်း အကြောက်တရားကင်းရှင်းမယ်ဆိုတာ မှတ်သားထားဖို့လိုတယ် လို့ပြောကြားရင်းနဲ့ ဒီတစ်ပါတ်တော့

ပြောင်းလဲခြင်းတွေနဲ့အတူ အညာစယောပါ ရှင်
သတင်းချစ်သူ

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons