Saturday, June 28, 2014

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် မြန်မာ-တရုတ် သဘောတူညီချက် စာချုပ်များ လက်မှတ်ရေးထိုး


===================
===================
သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် ဇွန် ၂၇ ရက်က တရုတ်နိုင်ငံ၌ မြန်မာ-တရုတ် သဘောတူညီချက်များကို သမ္မတနှင့်အတူ လိုက်ပါသွားသော ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနမှတစ်ဆင့် သတင်းထုတ်ပြန်သည်။
သမ္မတဦးသိန်းစိန်နှင့် အဖွဲ့သည်
တရုတ်နိုင်ငံပေကျင်းမြို့သို့ ဇွန် ၂၇ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီတွင် ရောက်ရှိခဲ့ပြီး တရုတ်သမ္မတ ရှီကျင်ပင်းက ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို မြ§င့်တင်နိုင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍ မြှင့်တင်နိုင်ရေး၊ စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာအကူ အညီပေးရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးအပ်ရေး၊ အာဆီယံ-တရုတ်ဆက်ဆံမှု တိုး မြှင့်ရေးနှင့် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သဘောတူညီမှုစာချုပ်များ လက်မှတ်ရေးထိုးပွဲကို Hebei Room တွင် ဆက်လက်ကျင်းပရာ မြန်မာ-တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်များ ရှေ့မှောက်၌ မြန်မာ- တရုတ် ယဉ်ကျေးမှုစင်တာ အပြန်အလှန် ထူထောင်မှုဆိုင်ရာ နားလည်မှု သဘောတူညီချက်၊ ယဉ်ကျေးမှု အမွေအနှစ် အဆင်မြှင့်တင်ရေးနှင့် ပူးပေါင်းရှာဖွေဖော်ထုတ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံစီမံချက်အတွက် ဖြစ်နိုင်စွမ်းလေ့လာမှုနှင့် နည်းပညာတက္ကသိုလ် (ရတနာပုံ)Cyber City အတွက် လိုအပ်သည့်ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ ပစ္စည်းများ အကူအညီပေးရေး နားလည်မှုစာချွန်လွှာတို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်တို့က ဌာနဆိုင်ရာဝန်ကြီးများနှင့် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြကြောင်း သိရသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတသည် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး West Hall ၌ ကျင်းပသည့် တရုတ်နိုင်ငံသမ္မတ၏ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်အမျိုးသား ပြည်သူ့ကွန်ကရက်ဥက္ကဋ္ဌ မစ္စတာကျန်တဲကျန်းအား ထိုနေ့ညနေ ၄ နာရီတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေပြုရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံမှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
============
Eleven Media Group

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons