Tuesday, June 24, 2014

ထူးခြားတဲ့ကြော်ငြာ


ကျိုက်ထိုမြို့နယ် တနေရာမှာ လွန်ခဲ့တဲ့ရက်ပိုင်းက တွေ့ရတဲ့ ကြော်ငြာ ဖြစ်ပါတယ်။ နယ်မြေဒေသ အေးချမ်းသာယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စည်းကမ်းချက်များလို့ ခေါင်းစဉ် တပ်ထားတာပါ။ ဗုဒ္ဓဘာသာ အမျိုးသမီးများ ဘာသာခြားယူရင် ဒဏ်ငွေ သိန်း ၅ဝ ဆောင်ရမယ် တဲ့။ အမျိုးသားတွေ ယူရင်တော့ ဘယ်လို ဒဏ်ရိုက်မယ် ဆိုတာကိုတော့ ဖော်ပြမထားပါ။ လောင်းကစား၊ ခိုးမှု၊ အရက်သောက်မှုတွေအတွက် ဒဏ်ငွေက ၅ သိန်းလို့ ဖော်ပြထားပါတယ်။ အမျိုးသမီးများ ဘာသာခြားယူမှုထက် ဒဏ်ကြေး ဆယ်ဆ သက်သာနေတာ တွေ့ရပါလိမ့်မယ်။ ဘယ်အဖွဲ့ ဘယ်ဌာနက ထုတ်ပြန်တဲ့ စည်းကမ်းချက်လဲ ဆိုတာကိုတော့ မသိရပါ။ ဒီကြော်ငြာဟာ ဒေသတချို့မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထင်ဟပ်နေပါတယ်။ ဒီလိုကြော်ငြာမျိုး ဘယ်လောက် ရှိမယ် ဆိုတာ မသိရပါ။ အကဲဖြတ်နိုင်ဖို့ ကြော်ငြာပုံကို ဖော်ပြလိုက်ပါတယ်။

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons