Thursday, June 26, 2014

ဘယ်မောင်းနှင့်ညာမောင်း ကားတင်သွင်းခွင့်မူဝါဒ ကသောင်းကနင်းကြောင့် အခက်ကြုံရ


ဘယ်မောင်း၊ ညာမောင်း တင်သွင်းခွင့်ပါမစ် မူဝါဒပြောင်းလဲမှုများကြောင့် ကားတင်သွင်းသည့်ကုမ္ပဏီများ အခက်အခဲကြုံ တွေ့နေရကြောင်း ဟွန်ဒိုင်း ကိုရီးယားကား တင်သွင်းသည့် ကုမ္ပဏီဒါရိုက်တာတစ်ဦးက ပြောသည်။
 ”ဘယ်မောင်းတွေ လုပ်နေရာ ကနေ ညာမောင်းပြန်ခွင့်ပြုလိုက် တော့ ဘယ်မောင်းစာချုပ်တွေ ဒုက္ခ ရောက်ကုန်ရော၊ ဘယ်မောင်းတင် သွင်းတာက စာချုပ်နဲ့ဆိုတော့ မယူ လို့မရတော့ဘူး။ မြန်မာတွေက
လည်း ဂျပန်ကားပဲကြိုက်ကြတယ်။ ညာမောင်းလည်းပြန်ခွင့်ပြုရော၊ ဘယ်မောင်းဖြစ်တဲ့ ကိုရီးယား၊ တရုတ်ကားတွေ ဝယ်မယ့် သူမရှိဖြစ် ရော၊ တိကျတဲ့မူဝါဒမရှိတော့ လုပ်ရ တာ ခက်ခဲတယ်။ ကိုယ်စားလှယ် ယူထားရတဲ့ကုမ္ပဏီတွေဒုက္ခရောက်  ကုန်တာပေါ့”ဟု အထက်ပါပုဂ္ဂိုလ် ကပြောသည်။
ယခင်က ဘယ်မောင်းသာ တင်သွင်းခွင့်ပြုသည့် မူဝါဒကြောင့် ကားကုမ္ပဏီများမှာ ဘယ်မောင်း ထုတ်လုပ်သည့် ကိုရီးယားနှင့် တရုတ်နိုင်ငံများမှ ကားများအား ကိုယ် စားလှယ်ယူကာ တင်သွင်းကြ ပြီး ကားအိုကားဟောင်းလဲလှယ်ရေး အစီအစဉ်အရ ၂ဝ၁၁ခုနှစ် စက်တင် ဘာမှစတင်ကာ ညာမောင်းပြန် လည်တင်သွင်းခွင့်ပြုလိုက်ြ ခင်းကြောင့် ဘယ်မောင်းစာချုပ်ဖြင့် တင်သွင်း ထားသူများ အခက်အခဲကြုံတွေ့ရ ခြင်းဖြစ်ကြောင်း ၄င်းထံမှ သိရသည်။ ”ညာမောင်းတင်သွင်းခွင့်က ရော တကယ်တည် ငြိမ်မှုရှိလား၊ တည်ငြိမ်မှုရှိမယ်ဆိုရင် ဂျပန်ကုမ္ပ ဏီတွေနဲ့ စာချုပ်ချုပ်လုပ်ကိုင်ဖို့ရှိ တယ်။ ဂျပန်ဘက်ကလည်း ရင်းနှီး မြှုပ်နှံဖို့ ဝင်လာချင်တယ်။ အခုတော့ မလုပ်ရဲဖြစ်ေ နတယ်”ဟု ၄င်းက ပြောသည်။ ကားဝယ်ရောင်း ကိုယ်စား လှယ်တစ်ဦးက ”ကားတင်သွင်း တာက ဘယ်နှစီးယူမယ်ဆိုတဲ့ စာချုပ် နဲ့ လုပ်ရတာ။ ကားကိုသင်္ဘောတင် ပြီ ဆိုရင် မြန်မာနိုင်ငံရောက်ဖို့ သုံးလ လောက်ကြာတယ်။ အဲဒီကြာတဲ့ နှစ် လသုံးလအတွင်းမှာ မူဝါဒပြောင်းလဲ သွားရင်ဘာဆက်လုပ်ရမလဲ”ဟု ပြောသည်။၂ဝ၁၄ ခုနှစ်တွင် ညာမောင်း တင်သွင်းခွင့် အပြီးသတ်ရပ်ဆိုင်း မည်ဟူသောသတင်းများ ထွက်ပေါ် နေပြီး အဆိုပါသတင်း၏ ခိုင်မာမှု ကိုမည်သူမျှ မခန့်မှန်းနိုင်ဖြစ်နေရ ကြောင်း၊ ကားတင် သွင်းသည့် လုပ် ငန်းအားရပ်ဆိုင်းကာ အခြေအနေစောင့်ကြည့်နေကြသည့် ကုမ္ပဏီများ ရှိနေကြောင်း ၄င်းထံမှ သိရသည်။ကားတင်သွင်းသည့် ကုမ္ပဏီ များအနေဖြင့် ဘယ်မောင်းဖြစ်စေ၊ ညာမောင်းဖြစ်စေ တင်သွင်းခွင့်မူဝါဒ ကိုတိကျစွာချမှတ်ပေးစေလိုကြောင်း ၄င်းတို့က ပြောသည်။
ဝေယံမိုးမြင့် 

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons