
လူ တစ်ယောက်ရဲ့ အဆင့် အတန်းကို သူ့ရဲ့ ပညာ အရည်အချင်း နဲ့ မခွဲသလို ရင့်ကျက်မှုကိုလည်း အသက်အရွယ်နဲ့ မခွဲခြား ပါ။
သူတစ်ဦး တစ်ယောက်၏ ဆင်ခြင်တုံ၊ ကိုယ်ချင်းစာတရား တရားနှင့် သဘောထား ကြီးမြတ်မှု တို့က သာ အဆင့်အတန်းကို ခွဲခြား သွားပေးခြင်း ဖြစ်သည်။ ငွေကြေးဖြင့် ရရှိသော ဂုဏ်ပကာသန ကို ပိုင်ဆိုင် သူ ဝန်းကျင် တွင် ယင်း ငွေ နှင့် ဂုဏ်ကို လိုချင်သူ၊ အထင်ကြီး သူများသာ ဝန်းရံပြီး ယင်း အရာများ မရှိတော့ သည့် အခါ ထိုသူ အားလုံး ပျောက်ကုန် လိမ့် မည်။
ခိုးဖွက် ဖျက်စီး၍ မရသော အတတ်ပညာ မြင့်မားမှု၊ ကောင်း မွန် မြင့်မြတ်သော အကျင့် စာရိတ္တနှင့် စိတ်ထား၊ သဘောထား ကြီးခြင်း တို့က မည်သည့် အခြေ အနေ ရောက်ရောက် ပျက်ဆီး မသွား တတ်သော ဂုဏ်နှင့် ဝါ ဖြစ်ပြီး ရွှေငွေ၊ စည်းစိမ် အစရှိသဖြင့်တို့က အလိုအလျောက် ခြံရံ ကုန်သည်။
ဖိုးသူတော်(www.phothutaw.com)
Credit : innewsmyanmar



Myanmar Kyat Converter
1:54 AM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment