
ရန်ကုန်၊ မတ် ၂၉
၁၂.၂.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ
ဒေါ်----၏ သမီးဖြစ်သူသည် ၎င်းအလုပ်လုပ်ကိုင်သော အထည်ချုပ်
စက်ရုံသို့ အလုပ်ဆင်းရန်ထွက်သွားရာမှ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် စုံစမ်းရှာဖွေနေခဲ့ပြီး ၂၀.၂.၂၀၁၄ ရက်နေ့တွင် လှိုင်သာယာမြို့မရဲစခန်း၌ လူပျောက် တိုင်တန်းထားရှိခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ ပျောက်ဆုံးနေရာမှ ၁၃.၃.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင်
ဒေါ်----ထံသို့ သမီးဖြစ်သူ ပြန်လည်ရောက်ရှိလာသဖြင့် မေးမြန်းခဲ့ရာ သမီးဖြစ်သူသည် အဆိုပါနေ့က လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာ
ဘုရားပွဲသို့သွားရောက်စဉ် လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်နေ ဒေါ်စိုး၏
မွေးစားသားဖြစ်သူ ဗိုက်ပူနှင့်တွေ့ရှိပြီး ချစ်ကြိုက်ကြောင်းပြောဆိုကာ
ခေါ်ဆောင်သွားသဖြင့်လိုက်ပါသွားခဲ့ကြောင်း၊ ဗိုက်ပူနှင့် သားမယားအဖြစ်
(၄)ရက်ခန့် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ ထို့နောက် ဗိုက်ပူမှဒေါ်စိုးထံတွင်
ရောင်းစားခဲ့ကြောင်း၊ ဒေါ်စိုးမှ ၎င်း၏သားအရင်းဖြစ်သူ ဗိုက်ပူဆိုသူနှင့် ထပ်မံပေါင်းသင်းနေထိုင်စေပြီး ပြည့်တန်ဆာအဖြစ်လုပ်ကိုင်စေခဲ့ကြောင်း၊
ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရာတွင် တစ်နာရီလျင် အခကြေးငွေ
(၄၀၀၀)ကျပ်ရရှိသော်လည်း လုပ်အားခငွေကို ဒေါ်စိုးမှ မပေးခဲ့ကြောင်း
တို့ကို သမီးဖြစ်သူမှပြောပြသဖြင့် သိရှိခဲ့ရကြောင်းနှင့် ယင်းသို့ ကျူးလွန်ခဲ့
ကြသူ ဒေါ်စိုးနှင့် ၎င်း၏မွေးစားသား ဗိုက်ပူ၊ သားအရင်း ဗိုက်ပူတို့(၃)ဦးကို အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။
ထိုသို့တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၃၉၃/၂၀၁၄၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄/၃၂ ဖြင့် အမှုဖွင့်
ကာ ဒေါ်စိုးနှင့် ၎င်း၏ မွေးစားသား ဗိုက်ပူ၊ သားအရင်း ဗိုက်ပူတို့ကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police



Myanmar Kyat Converter
2:29 AM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment