
-
CPJ လို့ ခေါ်တဲ့ စာနယ်သမားများ အကာအကွယ်ပေးရေးကော်မတီက သမ္မတဦးသိန်းစိန်ကို တနင်္လာနေ့ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ထားပါတယ်။
စာထဲမှာ အဖမ်းခံထားရတဲ့ ယူနတီဂျာနယ်ဝိုင်းတော်သားတွေအကြောင်းလည်း ဖော်ပြထားတာ တွေ့ရမှာပါ။
သူတို့တွေဟာ ထောင်ဒဏ် ၁၄ နှစ်စီ ကျခံရနိုင်တဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကို ပြည်သူ့ လွှတ်တော်က အတည်ပြု ထားပြီးပြီ၊ သမ္မတ လက်မှတ်ထိုးဖို့ ကျန်နေတယ်၊ ဒီဥပဒေကို လက်မှတ်မထိုးဖို့လည်း သမ္မတကို တိုက်တွန်းထားပါတယ်။
Committee to Protect Journalists
https://cpj.org
အစိုးရ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အများရဲ့ ယုံကြည်မှုရဖို့ ဆိုရင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကို အတည်မပြုဖို့ လိုအပ်မယ်လို့ စာရဲ့ အဆုံးသတ်မှာ တိုက်တွန်းထားပါတယ်။
စာနယ်ဇင်းသမားတွေကို အနိုင်ကျင့်၊ ခြိမ်းခြောက်၊ ထောင်ထဲပို့မယ့် ဥပဒေတွေကိုလည်း ဖျက်သိမ်းဖို့ လိုအပ်တယ်လို့လည်း ရေးထားပါတယ်။
နယူးယောက်မြို့အခြေစိုက် CPJ ရဲ့ မူရင်းစာကို http://www.cpj.org/2014/03/passage-of-burma-media-bill-would-reverse-free-pre.php မှာ ဖတ်ရှုနိုင်ပါတယ်။
0 မှတ်ချက်ပေးရန်:
Post a Comment