ရေချိုးနေစဉ် ကျည်ထိမှန်၍ သေဆုံးခဲ့သော မညိမ်းမ၏ ရုပ်အလောင်းကိုကြည့်၍ ပူဆွေးစွာငိုကြွေးနေသော မိခင်နှင့် မိသားစုဝင်များကို စစ်တွေဆေးရုံတွင် မတ်လ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)
စစ်တွေမြို့၌ ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားခဲ့စဉ် အသက် (၁၁)နှစ်အရွယ်မိန်း ကလေးတစ်ဦး သေနတ်ကျည် ဆန်ထိမှန်၍ သေဆုံးခဲ့ရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အရာရှိ တစ်ဦးက အတည်ပြုပြောကြား ခဲ့သည်။
ယင်းမိန်းကလေးသည် စစ် တွေမြို့ရွာကြီးမြောက်ရပ်ကွက်မှ မညိမ်းမဆိုသူဖြစ်ပြီး ရုန်းရင်းဆန် ခတ်ဖြစ်သည့်နေရာတွင်မရှိဘဲ နေအိမ်၌ရေချိုးနေစဉ် မလှမ်း မကမ်းရှိရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားရာနေရာမှ မိုးပေါ်ထောင် ခြောက်လှန့်ပစ်ခတ်သောကျည် ဆန် မတော်တဆထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါအရာရှိက ဆိုသည်။
မတ်လ ၂၈ ရက်ညနေ ၃ နာရီကပြုလုပ်ခဲ့သော မညိမ်းမ၏ အသုဘကို တာဝန်ယူဆောင်ရွက် ပေးခဲ့သော
စစ်တွေ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးထွန်းလှိုင်က ‘‘ဆေးရုံမှာမနေ့က ညနေပိုင်းကတည်းက ဆုံးသွားတာပါ။ ဒီကိစ္စက ရဲတပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူး။ မတော်တဆ ဖြစ်သွားတယ်ဆိုတာလည်း လူထုကိုရှင်းပြခဲ့ပါတယ်။ အခု အေးအေးဆေးဆေးဖြစ်သွားပြီ’’ဟုပြောသည်။
မတ်လ ၂၆ ရက်ညမှစတင်၍ စစ်တွေမြို့တွင် အိုင် အင်န်ဂျီအိုတစ်ခုမှ နိုင်ငံခြားသူဝန် ထမ်းတစ်ဦးက သာသနာ့အလံကို မဖွယ်မရာလုပ်သည်ဟု သတင်း များ ထွက်ပေါ်ရာမှ တစ်ဆင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သေ နတ်အကြိမ်ကြိမ်မိုးပေါ်ပစ်ဖောက်၍ လူစုခွဲခဲ့ရသည်။
မညိမ်းမသည် မတ်လ ၂၇ ရက်ညနေတွင် နေအိမ်၌ သေနတ်ကျည်ဆန် ထိမှန်သွားကာ ဆေးရုံတွင်သေဆုံးခဲ့၍ နာရေးကူညီမှုအသင်း အကူအညီဖြင့် သင်္ဂြိုဟ်လိုက်ကြောင်း စစ်တွေမြို့မိမြို့ဖဦးသန်းထွန်းက ဆိုသည်။
ယင်းမိန်းကလေး၏အသုဘ သို့ ရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိ အဖွဲ့အစည်းများက ငွေကြေးကူ ညီပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိသည်။
မညိမ်း မသေဆုံးခဲ့ရခြင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲ ရန်မိုးပေါ်ထောင်ပစ်သော ရော်ဘာကျည်ဆန်မှာ အရာဝတ္ထု တစ်ခုနှင့်ထိ၍ လမ်းကြောင်း ပြောင်းထိမှန်ခြင်းဖြစ်နိုင်ကြောင်း ဦးထွန်းလှိုင်ကဆက်လက်ပြော သည်။ မတ်လ ၂၆ ရက်ညမှ စတင်၍ နှစ်ရက်တာဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် စစ်တွေမြို့တွင် ကုလ အပါအဝင် အိုင်အင်န်ဂျီအိုရုံး၊ နေအိမ် ၃၀ခန့် ဖျက်ဆီးခံခဲ့ရပြီး နိုင်ငံခြားသား များအပါအဝင် အိုင်အင်န်ဂျီအိုဝန် ထမ်း ၇၀ ကျော်ကို ဘေးကင်းရာ တွင် လုံခြုံရေးဖြင့်ထားကာ ရန် ကုန်မြို့သို့ ပို့ဆောင်ခဲ့ရသည်။
7 Day New

Myanmar Kyat Converter
9:37 PM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment