တောင်ဥက္ကလာပမြို့နယ် ဥက္ကလာပ စေတီတော်တွင် မတ်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က စိတ်ကြွဆေးပြားများ ရောင်းချနေသော ပန်းထိမ်ဆရာ တစ်ဦးထံမှ တန်ဖိုးငွေကျပ် ၆၂ သိန်းခွဲခန့်ရှိ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
လှိုင်သာယာမြို့နယ် (၁၈) ရပ်ကွက် ဗိုလ်တာရာလမ်းတွင် နေထိုင်သူ ပန်းထိမ်ဆရာ ဦးမြင့်လှကို ဥက္ကလာပ ဘုရားရင်ပြင် မြောက်ဘက်မုခ် အနီးတွင် နယ်မြေခံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကြိုတင်သတင်း ရရှိထားသဖြင့် ကြိုတင် စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“တောင်ဥက္ကလာ (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူ စစ်ဆေးခဲ့တာ။ WY ဆေးပြား တစ်ထောင်ကျော်ကို သူ့လွယ်အိတ်ထဲက ဖမ်းဆီးရမိခဲ့တယ်။ လတ်တလော သူနဲ့ပတ်သက်ပြီး စိတ်ကြွဆေးပြား ရောင်းချသူနဲ့ သုံးစွဲသူတွေရဲ့ ကွင်းဆက်တွေကို ဆက်လက် စုံစမ်းနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ပန်းထိမ်ဆရာထံမှ တန်ဖိုးငွေကျပ် ၆၂ သိန်းခွဲခန့်ရှိသော ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၆ ထုပ်၊ ဆေးပြား ၅၀ ပါ တစ်ထုပ်၊ စုစုပေါင်းဆေးပြား ၁၂၅၀ နှင့်အတူ လက်ကိုင်ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း၊ ပန်းထိမ်ဆရာကို တောင်ဥက္ကလာပ မြို့မရဲစခန်းမှ (ပ) /၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
ဖိုးသူတော်(Phothutaw.com)
Credit To : The Voice Weekly



Myanmar Kyat Converter
1:52 AM
New Lover

Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment