Saturday, March 29, 2014

အရပ် ၇ပေ နဲ့ ၂ လက်မရှိတဲ့ ရာဇ၀တ်သားတစ်ယောက်ဟာ အကျဉ်းထောင်မှာရှိတဲ့ အိပ်ရာကုတင်ထက် အရမ်းကြီးနေလို့ ထောင်ကနေလွှတ်ပေးခဲ့ရပါတယ်။
အသက် ၂၃ နှစ်အရွယ် လူထွားကြီး ဂျုဒ်မက်ဒ်ကက်ဖ် ဟာ အကျဉ်းသားဝတ်စုံတွေနဲ့ လည်း မတော်တဲ့အတွက် ထောင်အပြစ်ဒဏ်ကလွှတ်ပေးဖို့ တရားသူကြီးက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ရာဇ၀တ်မှုအမြောက်အများကို ၀န်ခံထားတဲ့ မက်ဒ်ကက်ဖ်ဟာ Klinefelter လို့ ခေါ်တဲ့ ကြီးထွားမှုဖြစ်စဉ် မမှန်တဲ့ရောဂါကို ခံစားနေရသူပါ။
လူထွားကြီးမက်ဒ်ကက်ဖ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက သူ့ ကိုယ်လုံးကြီးနဲ့ ယှဉ်မယ်ဆိုရင် တော်တော်ရယ်စရာပါ။ မက်ဒ်ကက်ဖ်ဟာ အပြစ်မရှိတဲ့အမျိုးသမီးတစ်ယောက်ကို လေသေနတ်နဲ့ ပစ်ပြီး ခြောက်လှန့် ခဲ့တဲ့အမှု၊ ခရစ်စမတ်လက်ဆောင်တွေ ခိုးယူခဲ့မှု နဲ့ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ အစည်းရုံးကို လာဘ်ထိုး ထားတဲ့ငွေတွေကို ခိုးယူခဲ့မှုရယ်ကြောင့် အမှုရင်ဆိုင်နေရတာပါ။
အချုပ်ထဲမှာ ၇၅ ရက်ကြာနေထိုင်ခဲ့ပြီးနောက် မက်ဒ်ကက်ဖ်ကို ချမှတ်ထားတဲ့ထောင်ဒဏ်ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။ မက်ဒ်ကက်ဖ်တစ်ယောက် အချုပ်ခန်း ထဲနေထိုင် ခဲ့စဉ်ကလည်း သူ့ ရဲ့ ကြီးမားလွန်းတဲ့ခန္ဓာကိုယ်ကြီးနဲ့ တော်တဲ့ အကျဉ်းသားဝတ်စုံနဲ့ ကုတင် တွေမရှိလို့ သူ ဒုက္ခရောက်ခဲ့ရပါသေးတယ်။
မက်ဒ်ကက်ဖ်ဟာ အရပ် ၇ပေ၂လက်မ ရှိပေမယ့် ကလေးတစ်ယောက်ရဲ့ ဥာဏ်ရည်မျိုးသာရှိတယ်လို့ လည်း သိရပါတယ်။
Ref: Mirror.co.uk
Trend Myanmar



Myanmar Kyat Converter
4:22 AM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment