Friday, June 20, 2014

ဦးဆန်းဆင့်ကို ရမည်းသင်းထောင် ပို့၍ မိသားစုအား နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိ

 

ဦးဆန်းဆင့်ကို ရမည်းသင်းထောင် ပို့၍ မိသားစုအား နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိ World Myanmar June 20, 2014 မြန်မာသတင်း No Comment တာဝန်မှ ရပ်စဲ၍ တရား စွဲဆိုခြင်းခံထားရသော သာသနာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဆန်းဆင့်ကို ရမည်းသင်း ထောင်သို့ ဇွန်လ ၂၀ ရက်တွင် ပို့ဆောင်လိုက်ပြီဖြစ်ကာ ၀န်ကြီး ဟောင်း၏ မိသားစုအား နေအိမ် အကျယ်ချုပ်ထားရှိကြောင်း သ တင်းရရှိသည်။ အထူးစုံစမ်းစစ်ဆေးရေးဦး စီးဌာန (စစစ) က တရားလိုပြု လုပ်ကာ အမှုဖွင့်တရားစွဲဆိုထား သည့် ကိစ္စရပ်နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ထိုကဲ့သို့ ခေါ်ဆောင်သွားသည်ဟု သိရှိရ ကြောင်း ဦးဆန်းဆင့်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ Image and video hosting by TinyPic ‘‘ရမည်းသင်းထောင်ကို ပို့ လိုက်တယ်လို့ သိရပါတယ်။ သူ တစ်ဦးတည်းပါပဲ။ မိသားစုက တော့ နေအိမ် အကျယ်ချုပ်ရှိနေ ပါတယ်’’ ဟု ၎င်းက ဆိုသည်။ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦး ဆန်းဆင့်သည် ဘုရားတည်ရာ တွင် နိုင်ငံပိုင်ငွေများ အလွဲသုံးစား ပြုသည်ဟုဆိုကာ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်း မြို့မရဲစခန်း၌ ပုဒ်မ ၄၀၉/၁၀၉ ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။ ပုဒ်မ ၄၀၉ မှာ ပြစ်ဒဏ်ထင်ရှားလျှင် ထောင်ဒဏ် ဆယ်နှစ်မှတစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်ပြီး ပုဒ်မ ၁၀၉ မှာ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲသည့်ကိစ္စတွင် မဟာသန္တိသုခပြဿနာမှာ အကြောင်းတစ်ခုအနေဖြင့်ပါဝင်သော်လည်း ပြည် ထောင်စုဝန်ကြီး တစ်ဦး၏ တာဝန်များကို ကျော်လွန်လုပ်ဆောင် သည့်အတွက် ဖြစ်သည်ဟု နိုင်ငံ တော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။ ‘‘တချို့ဟာတွေဆိုရင် သမ္မ တကြီး မှာကြားတာတွေကို ကျော် လွန်ပြီး လုပ်တာမျိုးထိ ရှိတယ်။ သတင်းမပို့ဘဲနဲ့ပေါ့။ သမ္မတကြီး က သာသနာရေးဝန်ကြီးအနေနဲ့ မဟနရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အ ထည်ဖော်နိုင်အောင် တစ်ဖက်က လည်း ဟိုဘက်နဲ့ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီး အနေနဲ့ရော၊ ဆရာဒကာ အနေနဲ့ရော ၀င် ရောက်ဖြေရှင်းဖို့ ပြောခဲ့တာပါ။ ဒါပေမဲ့ အဲဒီကိစ္စအပြင် တခြားကိစ္စတွေမှာ ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေက ပါဝင်ပတ်သက်နေသူတွေကြားထဲမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှု ဖြစ်စေတယ်’’ ဟု ဦးရဲထွဋ်က ဦးဆန်းဆင့်အား အရေးယူထားသည့် အကြောင်းရင်းကို ဇွန် ၂၀ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင်မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။ မလွှဲမရှောင်သာ၍သာ အ ရေးယူဆောင်ရွက်ရခြင်းဖြစ်ပြီး ယခင်ကတည်းက အကြိမ်ကြိမ် ပြောကြားခဲ့ပြီးဖြစ်သည်ဟု ဦးရဲထွဋ်က ပြောကြားသည်။ ဦးဆန်းဆင့်အား ယခုကဲ့သို့ အမှုဖွင့်စွဲဆိုကာ ရာထူးမှ ရပ်နား လိုက်သည့်အတွက် ၀န်ထမ်းများ အကြား စိတ်မကောင်းမှုများ ဖြစ် ပေါ်နေပြီး ဦးဆန်းဆင့်အနေဖြင့် ၀န်ကြီးတာဝန် ထမ်းဆောင်စဉ် တွင် မှန်ကန်မျှတစွာ ဆောင်ရွက် ခဲ့မှုအတွက် လုပ်ငန်းများ ဆောင် ရွက်ရာတွင် အဆင်ပြေချောမွေ့ ခဲ့ကြောင်း သာသနာရေးဝန်ကြီး ဌာနမှ ၀န်ထမ်းအချို့က ပြော ကြားသည်။ ‘‘အိပ်မက်လိုပဲဗျာ။ တကယ် ထင်မထားဘူး။ တရားကို နတ် စောင့်ပါတယ်။ ဥက္ကဋ္ဌကြီးက ဒီလို အလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာ ယုံတယ်ဆို တာထက် ပိုပြီး ယုံပါတယ်။ တ ကယ်ကို မှန်ကန်တဲ့သူပါ။ ဒီလို ဖြစ်သွားတဲ့အတွက် စိတ်မကောင်း တာထက်ကို လူမှန်တစ်ယောက် လုပ်ကြံခံရတယ်လို့ မြင်ပါတယ်’’ ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။ သာသနာရေး ပြည်ထောင်စု ၀န်ကြီးတာဝန်မှ ရပ်စဲမှုပြုလိုက် ပြီး အဂတိလိုက်စားမှုဖြင့် အမှု ဖွင့်အရေးယူမှုအပေါ် ပြည်သူများ အကြား ဝေဖန်မှုများ ရှိနေသည်။ ဦးဆန်းဆင့်သည် ဧရာဝတီ တိုင်းဒေသကြီး ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရပြီး တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင် မြှောက်ခံခဲ့ရသူ ဖြစ်သည်။ ထို့နောက် သာသနာရေးဝန် ကြီးဌာန ယခင်ပြည်ထောင်စုဝန် ကြီး သူရဦးမြင့်မောင် အနားယူ ပြီးနောက် ၂၀၁၃ ဖေဖော်ဝါရီလ တွင် သာသနာရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရကာ ၀န်ကြီး အဖြစ် တစ်နှစ်နှင့် လေးလခန့် တာ ၀န်ထမ်းဆောင်ခဲ့ရပြီး ယခုနှစ် ဇွန်လ ၁၉ ရက်တွင် ပြည်ထောင် စုဝန်ကြီးတာဝန်မှ ရပ်စဲခံလိုက်ရ ခြင်းဖြစ်သည်။ လစ်လပ်လျက်ရှိသော သာ သနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် လက်ရှိသာသနာရေး ဒုဝန်ကြီး ဦးစိုးဝင်းအား ခန့်ထားနိုင်ရန်အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ဇွန်လ ၂၀ ရက်တွင် သ၀ဏ်လွှာပေးပို့ခဲ့သည်။ 7Day Daily

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons