ဆရာတော်ဦးဝီရသူ၏ Wirathu အမည်ဖြင့်အသုံးပြု လျက်ရှိသည့် ဖေ့စ်ဘွတ်ခ်စာမျက်
နှာမှာ ယခုလ ၂၃ရက်က ဟတ် ကာအချို့၏
တိုက်ခိုက်မှုကြုံခဲ့ရ၍ အကောင့်အသစ်ပြုလုပ်လိုက်ရ
ကြောင်း သတင်းရရှိသည်။
မူလအကောင့်ဟောင်းကို ယခုလ ၂၂ရက်၌ ဟက်ခံလိုက် ရသည့်အတွက် ၎င်းကိုယ်တိုင်နေ့ စဉ်ပုံမှန်ရေးတင်နေကျဖြစ်သည့် တစ်နေ့တာလုပ်ဆောင်ချက်များ နှင့်အခြားသော ရေးသားနေကျအ ကြောင်းအရာများအား‘Wira Thu (၀ီရသူ) အမည်ဖြင့်အကောင့်သစ် ပြုလုပ်ကာ ပြန်လည်သုံးစွဲနေ ကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။
‘‘အရင်အကောင့်ဟောင်းက သူငယ်ချင်း ငါးထောင်ပြည့်သွား လို့ဆိုပြီး Like ပေ့ခ်ျလုပ်ထားတာ။ အဲဒီပေ့ခ်ျကပါ အခုဟက်ခံလိုက် ရတော့ သုံးမရတော့ဘူး။ အ ကောင့်သစ်မှာ လူများလာမှပဲ Like ပေ့ခ်ျထပ်လုပ်တော့မယ်’’ဟု ဆရာတော်ကမိန့်ကြားသည်။
ဆရာတော်အနေဖြင့် ဖေ့စ် ဘွတ်ခ် လုံးဝအသုံးမပြုတော့ ကြောင်း အစိုးရသတင်းစာများ တွင် ထည့်သွင်းထားသည်ဟူ သော ကြော်ငြာဖြတ်ပိုင်းတစ်ခု လည်းဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့လျက် ရှိပြီး ယင်းကြေညာချက်မှာလုပ် ကြံဖန်တီးထားခြင်းသာ ဖြစ် ကြောင်း၊ ဆရာတော်အနေဖြင့် အစိုးရသတင်းစာတွင် ကြေညာခြင်းများလုံးဝမပြုလုပ်ခဲ့ကြောင်းမိန့်ကြားသည်။
ဆရာတော်ဦးဝီရသူက ၎င်းကိုယ်တိုင် သုံးသည့် ဖေ့စ်ဘွတ်ခ်အကောင့်မှာ မျိုးချစ်စိတ်များ၊ ဇာတိမာန်များ ပေါ်ပေါက်လာအောင် လေ့ကျင့်ပေးသည့် လေ့ကျင့်ရေးကွင်းကြီးဖြစ်သောကြောင့် ယင်းကွင်းကြီးအား မည်သည့်အချိန်တွင်မှ အပျက်ခံမည်မဟုတ်ကြောင်း၊ ၎င်းကိုယ်တိုင်အသက်နှင့်ခန္ဓာ ရှိနေသည့်အချိန်တစ်လျှောက်လုံး ဖေ့စ်ဘွတ်ခ်၌ စာများတင်သည့် အလေ့အထ မည်သို့မျှရပ်တန့်သွားမည်မဟုတ်ကြောင်း ထည့်သွင်းမိန့်ကြားသည်။
7 Day News Daily




Myanmar Kyat Converter
8:42 PM
New Lover
Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment