Tuesday, May 20, 2014

ဒုပါချုပ်နှင့် ပါမောက္ခနေရာ ၃၀ ခန့် အပြောင်းအလဲပြုလုပ်


  ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီအစည်း အဝေး၏ သဘောတူဆုံးဖြတ်ချက် ဖြင့် တက္ကသိုလ်၊ ကောလိပ်များမှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ ရာထူးနေရာ ၃၀ ခန့်ကို ပြောင်း လဲတာဝန်ပေးအပ်လိုက်သည်။

မန္တလေးတက္ကသိုလ်နှင့် ရန် ကုန်တက္ကသိုလ်တို့၏ ပါမောက္ခ ချုပ်ရာထူးကို ဧပြီလတွင် ပြန် တမ်းထုတ်ပြန်၍ ပြောင်းလဲပြီး နောက် ယခုလတွင် ဒုတိယပါမောက္ခချုပ်များအား နေရာရွှေ့ ပြောင်းခြင်းဖြင့် ပါမောက္ခများအား ဒုတိယပါမောက္ခချုပ်ရာထူးတိုးမြှင့်ပေးခြင်းတို့ ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။

‘‘အရင်တုန်းကလည်း ရာ ထူးအပြောင်းအလဲတွေရှိပေမယ့် ဒီလောက် မများဖူးဘူး။ ဒီတစ်ခါရာထူး အပြောင်းအလဲ တော် တော်များတယ်’’ ဟု ပညာရေးဝန် ကြီးဌာန အရာထမ်းတစ်ဦးက ပြောသည်။

 တက္ကသိုလ် အဆင့်မြင့် ရာထူး အပြောင်းအလဲတွင် ဒုတိ ယပါမောက္ခချုပ်ရာထူးနှင့် ကော လိပ်ကျောင်းအုပ်ရာထူး ပူးတွဲ ထမ်းဆောင်စေသော တာဝန်ပေး အပ်မှုများ ပါဝင်လာခြင်းသည် ထူးခြားမှုဖြစ်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ ဆ ရာတစ်ဦးက ဆိုသည်။

‘‘တက္ကသိုလ်တစ်ခုမှာ ဒုတိ ယပါမောက္ခချုပ် တာဝန်ထမ်း ဆောင်စေသလို ကောလိပ်တစ်ခု မှာလည်း ကျောင်းအုပ်ကြီးအနေ နဲ့ ခန့်ထားတယ်။ အဲဒီတော့ ဘယ် ကျောင်းကို ဖွံ့ဖြိုးတိုးတက်အောင် အဓိက ဆောင်ရွက်မလဲဆိုတာ မေးစရာဖြစ်နေတယ်’’ ဟု အ ထက်ပါ ဆရာက  ပြောကြားသည်။

မန္တလာကောလိပ်မှ ကျောင်း အုပ်ကြီး ဒေါက်တာဝင်းဆွေအားရွှေဘို တက္ကသိုလ်၏ ဒုတိယပါ မောက္ခချုပ် တာဝန် ပူးတွဲထမ်း ဆောင်စေသလို မိတ္ထီလာစီးပွား ရေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာတင်တင်ထွေး (၂)အားရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်နှင့် အမျိုး သားစီမံခန့်ခွဲမှု ပညာကောလိပ် ၏ ကျောင်းအုပ်ကြီးအဖြစ် ပူးတွဲ ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ရန်ကုန်နှင့် မန္တလေးမြို့များ ရှိ ဒုတိယပါမောက္ခချုပ်သုံးဦးနှင့် ကျောင်းအုပ်ကြီးတစ်ဦးကိုလည်း နယ်မြို့ရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး ထိုသို့ ပြောင်းရွှေ့လိုက်ခြင်းသည် ပြစ်ဒဏ်ပေးသည့် သဘော သက် ရောက်ကြောင်း အထက်ပါ တက္က သိုလ်ဆရာက ဆိုသည်။

‘‘ကျွန်တော်တို့ဆီမှာက မြို့ ပေါ်ကနေ ရာထူးတူ ရွှေ့ပြောင်း တယ်ဆိုရင် ပြစ်ဒဏ်ပဲ။  နယ် တက္ကသိုလ်ကနေ  ရန်ကုန်က တက္ကသိုလ်ပို့တယ်ဆိုရင် ရာထူး တိုးပေးတာပါပဲ’’ ဟု ၎င်းက ဆို သည်။

ပညာရေးဝန်ကြီးဌာနသည် တက္ကသိုလ်၊ ကောလိပ်များ၏ အဆင့်မြင့် ရာထူးနေရာများကို ပြောင်းလဲခဲ့သည့်အပြင် အဆင့် မြင့်ပညာဦးစီးဌာန (အထက်မြန် မာပြည်)နှင့် (အောက်မြန်မာပြည်) တို့၏ အဆင့်မြင့်ရာထူးနေရာများ ကိုလည်း ဖြည့်ဆည်းခန့်အပ်ခဲ့ ကြောင်း သတင်းရရှိသည်။

Author: နေလင်းထွန်း
7Day Daily

ရန်ကုန်မြို့ စီးပွားရေးတက္ကသိုလ်ရှေ့တွင် ကျောင်းသူ၊ ကျောင်းသားများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons