
ဓာတ်ပုံ- ငြိမ်းဇော် /ဧရာဝတီ
ဒီ လမ်းဘေးအနှိပ်သည်တွေကတော့ ချင်းမိုင်မြို့က Sunday Market မှာ တွေ့ရတာပါ။ ဒါ့အပြင် ချင်းမိုင်မြို့ ထဲ လူစည်ကားတဲ့ ဝန်းကျင်တွေမှာလည်း လမ်းဘေးအနှိပ်သည်တွေကို တွေ့ရတတ်ပါတယ်။
လက်ပြခေါ်နေတဲ့ သူတွေက မိနစ် ၃၀ ကို ဘတ် ၇၀ နှုန်း ( ၂၁၀၀ ကျပ်) နဲ့ တနာရီကို ဘတ် ၁၄၀ ( ၄၂၀၀ ကျပ်) နှုန်းနဲ့ အနှိပ်ခံမယ်သူတွေကို ဖိတ်ခေါ်နေတတ်တဲ့ ချင်းမိုင်မြို့ Sunday Market မှာ ဒီအနှိပ် သည်တွေကို ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားတွေအတွက် လက်တဲ့စမ်းချင်စရာ တခုပါ။
ချင်းမိုင်မြို့ Sunday Market ဆိုတာ ရက်သတ္တ တပတ်မှာ တနင်္ဂနွေတရက်တည်းမှာ သာ ချင်းမိုင်မြို့ တာဖဲ ဂိတ် အနီးဖွင့်လှစ်ထားတဲ့ လမ်းလျှောက်ညဈေး ဖြစ်ပါတယ်။
လမ်းဘေး အနှိပ်သည်တွေလည်း ဝင်ငွေ ဖြောင့်ကြပါတယ်။ Sunday Market အပြင် စနေ ဈေး လို့ ခေါ် တဲ့ ဈေးတွေနဲ့ ကုန်တိုက်ကြီးတွေ၊ လူစည်ကားတဲ့နေရာတွေမှာလည်း လမ်းဘေးအနှိပ်သည်တွေက ဝန်ဆောင်မှုပေးကြပါတယ်။
Sunday Market မြင်ကွင်းနဲ့ လမ်းဘေး အနှိပ်သည်တို့ရဲ့ ဘဝဖြတ်သန်းမှု ပုံရိပ်လွှာတွေကို ဧရာဝတီက
ဖော်ပြပေးလိုက်ပါတယ်။









ငြိမ်းဇော်~
ဧရာဝတီ
0 မှတ်ချက်ပေးရန်:
Post a Comment