Friday, June 20, 2014

၄၈ ယာဉ်လိုင်းက စက်ဘီးတွန်းလာသူကို နောက်မှဝင်တိုက်ပြီး မောင်းပြေး

ရန်ကုန်၊ မဇ္ဈိမ။          ။ ရန်ကုန်-အင်းစိန်လမ်းမပေါ်ရှိ လမ်းလယ်ကျွန်းဘေးမှကပ်၍ စက်ဘီးတွန်းလာသူကို ၄၈ အထူးယာဉ်လိုင်းမှ ယာဉ်တစ်စီးက နောက်မှ ဝင်တိုက်ခဲ့ပြီး မောင်းနှင်ထွက်ပြေး သွားသည့်ဖြစ်စဉ်တစ်ခု မေ ၁၇ ရက်၊ နံနက် ၈ နာရီခွဲဝန်းကျင်က လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု လှိုင်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲတပ်သားတစ်ဦးက မဇ္ဈိမကို ပြောသည်။
18j1
"တိုက်သွားတုန်းက ကျွန်တော့်ကားက အဲ့ဒီ ၄၈ ကားနောက်မှာ တိုက်ပြီး မသိသလိုဘဲ မောင်းသွားတာ။ ၄၈ ကားက ၂၂၆ ကားကို ကျော်ရင်းနဲ့ တိုက်မိသွားတာ။ တိုက်ပြီး စက်ဘီးတွန်းလာတဲ့သူကို နောက်ဘီးနဲ့လည်း ကြိတ်မိသွားသေးတယ်" ဟု လှိုင်မြို့နယ် သံလမ်းမှတ်အနီးရှိ တက္ကစီဂိတ်မှ မျက်မြင်တွေ့ရှိခဲ့သည့် တက္ကစီမောင်းသမားတစ်ဦးက ဆိုသည်။
ဖြစ်ပွားပုံမှာ ရန်ကုန်-အင်းစိန်လမ်းမအတိုင်း သမိုင်းဘက်မှ လှည်းတန်းဘက်သို့ မောင်းနှင်လာသည့် ၄၈ အထူးယာဉ်သည် ဘာတာ မှတ်တိုင်မှ စတင်ထွက်လာသည့် ၂၂၆ ယာဉ်ကို ကျော်တက်ရာ လမ်းအလယ်တွင် စက်ဘီးတွန်းနင်းလာသည့် ကိုကျော်သူရဆိုသူကို နောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် ကိုကျော်သူရမှာ ယာချိုစောင်းနှင့် ယာခြေသလုံးတို့တွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသော်လည်း မျက်မြင်တွေ့ရှိသူများက ၄၈ ယာဉ်၏ နောက်ဘီးဖြင့် ပေါင်ရင်းကို ကြိတ်မိခဲ့သည်ဟု ပြောဆိုကြသည်။

0 မှတ်ချက်ပေးရန်:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons