လွန်ခဲ့သော တစ်နှစ်ကျော်တွင်
ဖြစ်ပွားခဲ့သော ပြည်နဝဒေးတံတားအောက်မှ စုံတွဲတစ်တွဲအား လုယက်သတ်ဖြတ်မှု
ကျူးလွန်သူများအား ဥပဒေနှင့် အညီ ဖော်ထုတ် ဖမ်း ဆီး အရေးယူနိုင်ရေးသည်
ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဓိကတာဝန်သာဖြစ်ကြောင်း
တပ်မတော်မှအရာ ရှိကြီးတစ်ဦးက Popular News သို့ ပြော သည်။
ပြည်ခရိုင်၊ ပြည်မြို့ နဝဒေးတံတားအောက်
တပ်မတော်သားသုံးဦးပါဝင်ပတ်သက်နေသည့် လူသတ်မှုကို တစ်နှစ်ပြည့်သည်အထိ
တရားခံမဖော်ထုတ်ပေး နိုင်သဖြင့် တ ရားခံအမြန်ဖော်ထုတ်အရေးယူပေးရန်
ဆန္ဒပြတောင်းဆိုသွားမည်ဟု ပြည်မြို့နေ
လူ့အခွင့်အရေးကူညီလှုပ်ရှားသူတစ်ဦးဖြစ်သည့် မင်းမင်းဆိုသူမှ
ပြောကြားကြောင်း၊ နဝဒေးတံတားအလွန်၌ ခလရ (၇၅) မှ
စစ်သည်သုံးဦးအနက်နှစ်ဦးကိုဖမ်းမိပြီး တစ်ဦးလွတ်မြောက်သွားခဲ့သည်။
ဖမ်းဆီးရမိသည့် စစ်သည်နှစ်ဦးကို တပ်မှပြန် လည်ခေါ်ေ ဆာင်သွားပြီး
အချုပ်ချထားသည်ဟုဆိုကာ ယခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်း ကို
ဧပြီ ၂၇ ရက်နေ့၌ မဇ္ဈိမဝက်ဘ်ဆိုက်တွင် ရေခဲ (ပြည်) ဆို သူ က
ရေးသားထားမှုအပေါ် အထက်ပါအရာရှိက တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
သက်သေအထောက်အထားများအရ နဝဒေးတံတားအောက်
လူသတ်လုယက်မှုဖြစ်စဉ်တွင် စစ်သည်သုံးဦး ပြစ်မှုကျူးလွန်ခြင်း
မရှိကြောင်းကိုလည်း တပ်မတော် တာ ဝန် ရှိသူများက ၂၉.၄.၂ဝ၁၃ ရက် နေ့တွင်
ပြည်မြို့နေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင်သက်ဆိုင်ရာ
နယ်ဘက်အဖွဲ့ အစည်းများ၊ မြန်မာ နိုင် ငံရဲ တပ်ဖွဲ့မှ တာဝန်ရှိသူများကို
အထောက်အထားဖြင့်ရှင်းလင်းပြောဆိုခဲ့ ပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။ ထို့အပြင်
ယင်းအရာရှိက အမှု မှန်ပေါ်ပေါက်ရေးနှင့် ပြစ်မှု ကျူးလွန် သူများ အား
ဥပဒေနှင့်အညီ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးသည် ပြည်ထဲရေးဝန်ကြီးဌာနနှင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဓိကတာဝန်သာဖြစ်ပြီး မြို့ခံ ပြည် သူ လူထုနှင့်
တပ် မတော်သည် လိုအပ်သည့်ဘက်မှသာ ဝိုင်းဝန်းကူညီ
ဆောင်ရွက်ပေးရမည်ဟုဆက်ပြောကြားသည်။
အခင်းဖြစ်ပွားပြီး တစ်နှစ်ကျော်လာသည်အထိ
ယင်းအမှုမှာ ပြည်ရဲစခန်းတွင် အမှုဖွင့်ထားရုံသာရှိပြီး
စွဲချက်မတင်နိုင်သေးသည်ကို ပဲခူးတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးက
အတည်ပြုပေးထားသည်။ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
တာဝန်ရှိသူတစ်ဦးက ”ဒီအမှုကို ရဲတပ်ဖွဲ့ဌာနချုပ်က စီအိုင်ဒီ
မှုခင်းအထူးရဲတပ်ဖွဲ့ကို လွှဲပြောင်း လို က်ပြီြး ဖစ်ပါတယ်။ ဒီတော့
အမှုရဲ့အနေအထားကို ကျွန်တော်တို့ဘာမှ မသိရသေးပါဘူး”ဟု Popular News သို့
ပြောသည်။
ပြည်မြို့ဒေသခံတစ်ဦးလည်းဖြစ်၊
တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သူ ရှေ့နေဦးမြင့်အေးက ”တာဝန်ရှိသူတွေက
မဖော်နိုင်ရင်တော့ ဒီအရေးကို တက်ကြွ လှုပ်ရှား သူေ တွ နဲ့ကာယကံရှင်တွေ
ဒေါသထွက်ကြမှာပဲ”ဟု ပြောကြားခဲ့သည်။ ယင်းအမှုကို
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က စစ်ဆေးဆဲအမှုတစ်ခုဟုသာ ဖြေဆိုပြီး အသေး
စိတ် ကို ထုတ်ဖော်ပြောကြားမှု မပြုခဲ့ပေ။ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်
၎င်းအမှုနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ စစ်ဆေးချက်ဆောင်ရွက်ချက်များကို
အလျဉ်းသင့်သလို ထု တ်ပြန်သင့်ပါကြောင်း လည်း ပြည်ထဲရေးဝန်ကြီးဌာန၏ အဓိက
တာဝန်သာဖြစ်ကြောင်း တပ်မတော်အရာရှိက ပြောကြားပါသည်။
၎င်းအမှုသည် ခလရ (၇၅)မှစစ်သည်
သုံးဦးနှင့်လုံးဝသက်ဆိုင်မှု မရှိကြောင်းကို တပ်မတော်မှ
တာဝန်ရှိသူအဆင့်ဆင့်က လုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းစစ်ဆေး ရေးခုံရုံး ၂
ကြိမ် ဖွဲ့စည်းစစ်ဆေးခဲ့ပြီး ဖြစ် ကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးကို
မဆောင်ရွက်ဘဲ စစ်သည်သုံးဦးပေါ်တွင်သာ မမှန်မကန် စွပ်စွဲပြောဆိုနေမှုများသည်
လုံးဝတရား မျှ တမှုမရှိသည့်အပြင် အမှန်တကယ်ကျူးလွန်သူများအတွက်လည်း ဥပဒေကို
လက်တစ်လုံးခြား ရှောင်တိမ်း နိုင်သည်ဟုထင်မှတ်သွားနိုင်ကြောင်း ၎င်းအရာရှိက
ထပ်ေ လာင်းပြောကြားခဲ့သည်။
ပြည်မြို့ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးဝင်းမြင့်က ”သက်ဆိုင်ရာအာဏာပိုင်တွေရှိပါတယ်။ သူတို့ကို
ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ မေးကြည့်တဲ့အခါမှာ စစ်ဆေးနေပါတယ် လို့
ဖြေပါတယ်။ ဒါကို ကျွန်တော်က ဘဝင်တော့ မကျဘူးပေါ့ဗျာ။ ဒီလောက် နှစ်ကြာနေတော့
အမှုမှန်ပေါ်သင့်တာပေါ့” ဟု ပြောသည်။ အခင်းဖြစ် ပွား စဉ်
အသက်မသေဘဲရှင်ကျန်ရစ်ခဲ့သည့် အမျိုးသမီးငယ်ကမူ အမှုမှန်ပေါ်ပေါက်ရေးကို
မျှော်လင့်နေပါကြောင်း Popular News သို့ ဖြေ ကြားထားသည်။
0 မှတ်ချက်ပေးရန်:
Post a Comment