သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းခြင်းတွင် သာသနာရေးအကြံပေးအဖွဲ့ ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သက်ပြီး အရှက်ပြေလုပ်ခြင်းဖြစ်သည်ဟု ရွှေည၀ါဆရာတော် ဦးပညာသီဟက ဇွန် ၁၉ ရက်တွင် ဝေဖန်လိုက်သည်။
“ဒါမျိုးက အရှက်ပြေ ထလုပ်တာပေါ့။ လူကြီးလူကောင်းဆိုရင် ကိုယ့်အမှားကို တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ ၀န်ချတောင်းပန်ရဲရမယ်”ဟု ရွှေည၀ါဆရာတော်က မိန့်သည်။
ထို့ပြင် ရွှေည၀ါဆရာတော်က ယခုကဲ့သို့ ဖွဲ့စည်းခြင်းသည် သံဃာတော်များကို ထပ်မံချုပ်ကိုင်နိုင်ရန် လူပုဂ်္ဂိုလ်များပါဝင်သည့် အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဝေဖန်သည်။
ဖွဲ့စည်းလိုက်သည့် သာသနာရေး အကြံပေးအဖွဲ့တွင် အငြိမ်းစားသာသနာရေးဝန်ကြီး ဗိုလ်ချုပ် သူရဦးမြင့်မောင်ကို အဖွဲ့ခေါင်းဆောင်နှင့် လက်ရှိ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်ဖြစ်သည့် အငြိမ်းစား သံအမတ်ကြီး ဦးစိန်ဝင်းအောင်ကို အဖွဲ့ဝင်အဖြစ် ပြည်ထောင်စုအစိုးရက ခန့်အပ်လိုက်ခြင်းဖြစ်သည်။ “အံ့မောင်ကြီး မရှိမှ သာသနာတော် သန့်ရှင်းမှာမို့လို့ ကြိုဆိုပါတယ်”ဟု ဦးဝီရသူက မိန့်သည်။
ယခုက္စိ္စနှင့်ပတ်သက်၍ သာသနာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်းက “ဘာမှ ထင်မြင်ချက် မပေးလိုပါဘူး။ သာသနာရေးဝန်ကြီးဌာနနဲ့ ဆိုင်မဆိုင်လည်း မသိပါဘူး။ အရင်ကသာသနာရေးက ဗိုလ်ချုပ်မြင့်မောင်ပဲဆိုတော့ သူက သာသနာရေးကို ကောင်းကောင်းသိပြီးသား ဖြစ်လို့ ကောင်းမှာပါ”ဟု ဆိုသည်။



Myanmar Kyat Converter
8:43 PM
New Lover

Posted in:
0 မှတ်ချက်ပေးရန်:
Post a Comment